#Local_News
Published 24 December 2025

▪️ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်ရှိလွယ်ဆမ်ဆုန်တောင်တက်လမ်းတွင် ယာဉ်တစ်စီး ဘရိတ်ပေါက်တိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

▪️ ၂၃.၁၂.၂၀၂၅ ရက်နေ့၊ ညနေ၆နာရီ အချိန်ခန့်က ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းနယ်မြေ၊ လွယ်ဆမ်ဆုန်တောင်တက်လမ်း မိုင်းဆတ်ဘက်မှ တာချီလိတ်သို့ မောင်းနှင်လာသော MITSUBISHI CANTER FUSOအမျိုးအစား(၆)ဘီး(အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါယာဉ်တိမ်းမှောက်မှုအားမိုင်းဆတ်ခရိုင်မီးသတ်စခန်းမှ ကရိန်းယာဉ်(၁)စီး၊ မိုင်းဆတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မိုင်းတွမ်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၃)ဦး စုစုပေါင်း(၆)ဦးအနက်၊ မ(၂)ဦး(‌ေ-သဆုံး)ခဲ့ပြီး ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိုင်းဆတ်မြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times