ဒေါက်တာညီလတ်
မကြာသေးမီက ဖြစ်ပေါ်လာသော ပထဝီနိုင်ငံရေး တိုးတက်မှုများသည် အမေရိကန် နိုင်ငံခြား ရေးမူဝါဒ တွင် သိသာထင်ရှားသော ပြန်လည်ချိန်ညှိမှုတစ်ခုကို ညွှန်ပြနေသည်။ ယခင်က အကြမ်းဖက် သမားများ သို့မဟုတ် အစွန်းရောက်များဟု သတ်မှတ်ခဲ့ဖူးသော အဖွဲ့အစည်းများကို ဝါရှင်တန်မှ ပင်မရေစီး ကြောင်းထဲသို့ သွတ်သွင်းရန် သို့မဟုတ် တရားဝင်မှုပေးရန် ကြိုးပမ်းလာပုံရသည်။ ဤလမ်း ကြောင်းကို ကွဲပြားသော ဒေသနှစ်ခုဖြစ်သည့် ဆီးရီးယားနိုင်ငံ၏ အာဆတ်အလွန် အကူးအပြောင်း ကာလနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးဟာကွက် အခြေအနေတို့တွင် ထင်ရှားစွာ တွေ့မြင်နေရသည်။
၁။ ဆီးရီးယားအပြောင်းအလဲ - Hayat Tahrir al Sham (HTS) ကို ပုံမှန်အဖြစ် သတ်မှတ်ခြင်း
အာဆတ်အစိုးရပြိုလဲသွားပြီးနောက် ဒမတ်စကပ်မြို့ကို အစိုးရဆန့်ကျင်ရေး အဖွဲ့များက သိမ်းပိုက် လိုက်ချိန်တွင် အမေရိကန်သည် Hayat Tahrir al Sham (HTS) နှင့် ယင်း၏ ဆက်ဆံရေးကို အခြေခံကျကျ ပြောင်းလဲရန် ဆန္ဒရှိကြောင်း အရိပ်အယောင် ပြသခဲ့သည်။ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနသည် HTSအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုကို ပြန်လည် သုံးသပ်မည်ဟု ကြေညာခဲ့ပြီး ဆီးရီးယားအပေါ် ချမှတ်ထားသော "ဆီဇာ အက်ဥပဒေ (Caesar Act) ပိတ်ဆို့မှုများ" ကို ဆိုင်းငံ့ရန် စဉ်းစားနေသည်။
"တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး လမ်းစ" ကို အထောက်အကူပြုရန် ကြိုးပမ်းမှုအဖြစ် အိမ်ဖြူတော်က ဖော်ပြသော ဤခြေလှမ်းတွင် အမေရိကန် ခေါင်းဆောင်ပိုင်းနှင့် ဆီးရီးယား ခေါင်းဆောင်များအကြား အထင်ကရ တွေ့ဆုံမှုများ အပါအဝင် အဆင့်မြင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများ ပါဝင်သည်။ ဝေဖန်သူများကမူ ဤလုပ်ရပ်သည် ပြိုင်ဘက် အင်အားကြီးနိုင်ငံများကို တန်ပြန်ရန်အတွက် ပထဝီ နိုင်ငံရေး အကျိုးစီးပွားကို ရှေ့ရှုကာ စစ်သွေးကြွကွန်ရက်တစ်ခုကို ပြန်လည်ထူထောင်ပေးခြင်း ဖြစ်သည် ဟု ရှုမြင်ကြပြီး၊ ယခင်က အကြမ်းဖက်စာရင်းဝင် အဖွဲ့အစည်းတစ်ခုကို နိုင်ငံတော်ယန္တရားထဲ သို့ ထိရောက်စွာ ပေါင်းစည်းပေးလိုက်ခြင်းဟု သုံးသပ်ကြသည်။
၂။ တောင်အာရှ လောင်းကြေး - ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ္မစ်များနှင့် ထိတွေ့ဆက်ဆံခြင်း
အလားတူ မဟာဗျူဟာတစ်ခုသည် တောင်အာရှတွင်လည်း ဖြစ်ပေါ်နေသည်။ ၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ် အုံကြွမှုအပြီးတွင် ဝါရှင်တန်သည် သဘောထားတင်းမာသော အစ္စလာမ္မစ်ပါတီများ၊ အထူးသဖြင့် Jamaat-e-Islami (JeI) နှင့် Islami Andolan Bangladesh (IAB) တို့နှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ခဲ့သည်။ ဤထိတွေ့ဆက်ဆံမှုများတွင် JeI ခေါင်းဆောင်များနှင့် သံတမန်ရေးရာ တွေ့ဆုံမှုများ ပါဝင်သကဲ့သို့၊ ယခင်က မီးလောင်ရာလေပင့် လှုံ့ဆော်ပြောဆိုမှု သမိုင်းကြောင်းရှိခဲ့သောJeI ခေါင်းဆောင် Shafiqur Rahman (ameer) အား အမေရိကန်ဗီဇာ ထုတ်ပေးခြင်းတို့လည်း ပါဝင်သည်။
လေ့လာ သုံးသပ်သူများက ဤကဲ့သို့ "ပင်မရေစီးကြောင်းထဲ သွတ်သွင်းခြင်း" သည် အကြမ်းဖက်မှုနှင့် ဂိုဏ်းဂဏစွဲ အစွန်းရောက်မှု သမိုင်းကြောင်းရှိသော အင်အားစုများကို တရားဝင်မှု ပေးရာရောက်သည်ဟု ငြင်းခုံကြပြီး၊ ဘင်္ဂလားပင်လယ်အော်ရှိ တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် လိုအပ်သော အကျိုးတူ ပူးပေါင်းသူများ (Stakeholders)အဖြစ် ယင်းတို့ကို ရှုမြင်နေခြင်းဖြစ်သည်ဟု သုံးသပ်ကြ သည်။
မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်အပေါ် သက်ရောက်မှု
ဤမူဝါဒပြောင်းလဲမှု၏မတည်ငြိမ်စေသော အကျိုးသက်ရောက်မှုများသည် မြန်မာနိုင်ငံအတွက်၊ အထူး သဖြင့် ရခိုင်ပြည်နယ်ရှိ မငြိမ်မသက်ဖြစ်နေသော အခြေအနေကို ပိုမိုရှုပ်ထွေးစေမည့် အန္တရာယ် ရှိနေ သည်။ အမေရိကန်၏ သံတမန်ရေးရာ လက်ခံမှုကို ရရှိထားသော အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အစ္စလာမ္မစ် အစုအဖွဲ့များ အားကောင်းလာခြင်းသည် မြန်မာနိုင်ငံအတွက် တိုက်ရိုက် လုံခြုံရေး ခြိမ်း ခြောက်မှုများကို ဖြစ်ပေါ်စေလာနိုင်သည်။
သူပုန်ထလမ်းကြောင်းများ ပြန်လည်အသက်ဝင်လာခြင်း
အဓိက စိုးရိမ်ရသည့်အချက်မှာ Jamaat-e-Islami သို့မဟုတ် IABလွှမ်းမိုးမှုရှိသော ဒါကာအစိုးရ တစ်ရပ် သည် ဘင်္ဂလီကိစ္စနှင့်ဆက်နွယ်သော သူပုန်ထလမ်းကြောင်းများ(insurgency pathways) ကို ပြန်လည် အသက်သွင်းလာနိုင်ခြင်းပဲ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ရခိုင်ပြည်နယ်သည် ကာလကြာရှည် ပဋိပက္ခဖြစ်ပွားရာ ဗဟိုချက် (flashpoint) ဖြစ်ခဲ့သည်။ ဘင်္ဂလား ဒေ့ရှ်တွင် အစ္စလာမ္မစ် နိုင်ငံရေး သမားများ အာဏာရ လာခြင်းသည် နယ်စပ်ဖြတ်ကျော် အစွန်း ရောက်ဝါဒ ဖြန့်ဖြူးခြင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက် လှုပ်ရှားနေသော အစွန်းရောက် ကွန်ရက်များ အားကောင်းလာစေရန် အခြေအနေပေးသော ဝန်းကျင်တစ်ခုကို ဖန်တီးပေးနေသည်။
ပထဝီနိုင်ငံရေးအရ ဝိုင်းပတ်ပိတ်ဆို့မှုနှင့် မတည်ငြိမ်မှု
အမေရိကန်၏ မဟာဗျူဟာသည် ဒေသတွင်း၌ "ပိုမိုကျယ်ပြန့်သော ပထဝီနိုင်ငံရေးလုပွဲ" တစ်ခုကို ဖန်တီး နေသည်ဟုဆိုကြသည်။ဝါရှင်တန်သည် ဩဇာလွှမ်းမိုးမှုကို ထိန်းသိမ်းရန် ဤအဖွဲ့များနှင့် ထိတွေ့ဆက်ဆံနေစဉ်တွင် တူရကီအပါအဝင် အခြားသော နိုင်ငံများသည်လည်း ဤအစ္စလာမ္မစ် လှုပ်ရှားမှုများနှင့် ဆက်ဆံရေး တည်ဆောက်လျက်ရှိသည်။
မြန်မာနိုင်ငံအတွက်မူ ဤအခြေအနေသည် နယ်စပ်ဒေသအား ပြိုင်ဘက် နိုင်ငံခြားအကျိုးစီးပွားများ၏ ကစားကွင်းအဖြစ်သို့ ရောက်ရှိသွားစေနိုင်သည်။ ဘင်္ဂလားဒေ့ရှ်တွင် ပါကစ္စတန်ထောက်လှမ်းရေး (ISI)အတွက် မဟာဗျူဟာမြောက် နေရာပြန်လည်ရရှိလာနိုင်ခြင်းသည် အကြမ်းဖက်မှု တန်ပြန်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုရှုပ်ထွေးစေပြီး မြန်မာနိုင်ငံဘက်သို့ ကူးစက်လာမည့် မတည်ငြိမ်မှုများကို မီးထိုးပေးသကဲ့သို့ ဖြစ်စေနိုင်သည်။
အခြေအနေ အဘယ်ကြောင့် ပိုမိုရှုပ်ထွေးလာသနည်း
အမေရိကန်၏ "ထိတွေ့ဆက်ဆံခြင်းမှတဆင့် အစွန်းရောက်မှုကို လျှော့ချခြင်း (moderation through engagement)" ဟူသော သီအိုရီ တစ်နည်းအာဖြင့်ဆိုရလျှင် အစ္စလာမ္မစ်များကိုနိုင်ငံရေးလမ်းကြောင်းထဲ ဆွဲခေါ်ခြင်းဖြင့် ထိုသူတို့အားအစွန်းရောက်မှု လျော့ကျစေသည်ဟူသော ယုံကြည်ချက်က ကျဆုံးနိုင်ခြေ ရှိခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာရသည်။
ကမ္ဘာ့ဖြစ်ရပ်ဟောင်းများ၏ သင်ခန်းစာ- လက်ရှိ အမေရိကန်၏ မဟာဗျူဟာသည် အီဂျစ်၊ လစ်ဗျားနှင့် ယီမင်တို့တွင် ဖြစ်ခဲ့ဖူးသော ကျရှုံးမှုများကို ထပ်ဟပ်နေသည်။ ထိုစဉ်က အမေရိကန်သည် အစ္စလာမ္မစ် အစုအဖွဲ့များနှင့် ထိတွေ့ဆက်ဆံခဲ့သော်လည်း ဒီမိုကရေစီ ဖြစ်ထွန်းမလာဘဲ နိုင်ငံရေး အစိတ်စိတ်အမွှာမွှာ ဖြစ်ခြင်း သို့မဟုတ် အစွန်းရောက် အစိတ်အပိုင်းများ ပိုမိုအားကောင်းလာခြင်းသာ ဖြစ်ခဲ့သည်။
ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်း- ဒီမိုကရေစီ ဘက်စုံဝါဒကို ဆန့်ကျင်သော အစုအဖွဲ့များကို အားပေးခြင်းအားဖြင့် အမေရိကန်သည် အိန္ဒိယနိုင်ငံ (အနောက်ဘင်္ဂလားနှင့် အာသံ) ရှိ "အစွန်းရောက် ကွန်ရက်များ" ကို မီးထိုးပေးရာ ရောက်နိုင်ပြီး လူနည်းစု အသိုင်းအဝိုင်းများအပေါ် ဖိအားများ တိုးလာ စေကာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား ပဋိပက္ခများကိုဖန်တီးပေးနိုင်သည်။
နိဂုံး
နိဂုံးချုပ်အနေဖြင့် ဆီးရီးယားရှိ အကြမ်းဖက်စာရင်းတွေ ဖယ်ရှားပေးခြင်းနှင့် ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ္မစ် ပါတီများကို တရားဝင်မှု ပေးခြင်းအားဖြင့် အမေရိကန်သည်ဒေသများကို မတည်မငြိမ် ဖြစ်စေသော ကွန်ရက်များကို မရည်ရွယ်ဘဲ (သို့မဟုတ် မဟာဗျူဟာအရ) အားပေးရာ ရောက်နေကြောင်း တွေ့ရှိရ သည်။ မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွက် ဤအခြေအနေ သည် ဘင်္ဂလားပင်လယ်အော်ရှိ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုအသစ်ကြောင့် နယ်စပ်ဖြတ်ကျော် သူပုန် ထမှုများ တကျော့ပြန် ဖြစ်လာနိုင်သည့် အန္တရာယ်များကို လမ်းဖွင့်ပေးသလို ရှိနေကြောင်းသုံးသပ်တင်ပြ ရပါသည်။
ကိုးကား-
1.Why Washington’s Bangladesh gamble could ignite a new Islamist surge in South Asia ( First Post)
2.US mulls removing Syria's Hayat Tahrir al Sham from its terror list (TRT World)
3.Iraqi spy chief warns of remerging threat from ISIS as its ranks swell ( The Washington Post)
#World_Health
Published 09 February 2026
■ ခန္ဓာကိုယ်အလေးချိန် အများစုက ရေဓာတ်တွေဖြစ်ပြီး ခန္ဓာကိုယ်အပူချိန် ထိန်းညှိခြင်း၊ အဆစ်အမြစ် ချောမွေ့စေခြင်း၊ အာဟာရများ သယ်ဆောင်ခြင်း၊ တစ်ရှူးများ အိစက်စေခြင်း၊ အညစ်အကြေးစွန့်ခြင်း စတာတွေကို ကူညီပေးပါတယ်။
■ နေ့စဉ် ရေ ၃ လီတာသောက်ပေးပါက အထူးသဖြင့် ရာသီဥတုပူတဲ့နေရာတွေမှာ အကျိုးကျေးဇူးတွေ ပေးနိုင်တယ်လို့ FISICO အစားအသောက်နှင့် အလှအပဆေးခန်း တည်ထောင်သူ ဗီဒီချော်လာက ပြောပါတယ်။
■ ရေဓာတ်လုံလောက်တဲ့အခါ အသားအရေ စိုစွတ်စေပြီး အစာကြေလွယ်ခြင်း၊ ဝမ်းပုံမှန်သွားခြင်းတို့ ရရှိစေနိုင်ပါတယ်။
■ ဒါ့အပြင် ကျောက်တည်နိုင်ခြေ လျော့နည်းပြီး အခြားသော အညစ်အကြေးများလည်း စွန့်ပစ်ပေးပါတယ်။
■ တစ်နေ့ကို ၃ လီတာဆိုရာမှာ အခြေအနေတွေအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
■ ရာသီဥတုအတန်အသင့်ရှိပြီး အထိုင်များတဲ့သူအတွက်ဆိုရင် ၃ လီတာက များနိုင်ပါတယ်။
■ ရေဓာတ်များလွန်းရင်လည်း သွေးထဲမှာ ဆိုဒီယံနဲ့ အီလက်ထရိုလိုက်တွေ နည်းသွားနိုင်ပြီး ဆဲလ်တွေ ဖောင်းတင်းလာကာ ဖိအားများလာသဖြင့် စိတ်ရှုပ်ထွေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားတက်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်းတို့ပင် ဖြစ်နိုင်ပါတယ်။
■ ချွေးထွက်နည်းသူတွေ၊ ကျောက်ကပ်ပြဿနာရှိသူတွေမှာလည်း ရေများများသောက်ပါက အတွင်းအင်္ဂါတွေကို ဖိအားများစေပါတယ်။
■ ခန္ဓာကိုယ်ကသာ တကယ်လိုအပ်တယ်ဆိုရင် တစ်လလောက် နေ့တိုင်း ရေ ၃ လီတာသောက်ခြင်းက စွမ်းအင်ပိုရစေကာ အစာခြေခြင်း ကျောက်ကပ်ကျန်းမာရေးတို့ကို ထောက်ကူပေးပြီး အသားအရေနဲ့ စိတ်အခြေအနေတို့ကို တိုးတက်စေပါတယ်။
■ ဒါကြောင့် ခန္ဓာကိုယ်လိုအပ်ချက်အတိုင်း ထိန်းညှိသောက်သုံးပေးဖို့က အရေးကြီးပါတယ်။
Source: Indian Express
#World_Health
Published 09 February 2026
■ ခန္ဓာကိုယ်မှာ အစားအစာပြတ်လာရင် မခံမရပ်နိုင်ဖြစ်လာပြီး ဒါကို "ဆာလောင်စိတ်ကြောင့် ဒေါသထွက်ခြင်း" လို့ အောက်စ်ဖို့ဒ်အင်္ဂလိပ်အဘိဓာန်မှာ ဖော်ပြထားပါတယ်။
■ ဒါပေမဲ့ ဆာလောင်စိတ်က လူတွေရဲ့ စိတ်အခြေအနေအပေါ် သက်ရောက်ပုံတွေကို သုတေသန မလုပ်ထားကြပါဘူး။
■ ဒါကြောင့် လူတွေ ဆာလောင်တဲ့အခါ ဘယ်လိုမျိုး တုံ့ပြန်တတ်ကြလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
■ တိရိစ္ဆာန်တွေဆိုရင် ဆာလောင်တဲ့အခါ လှုပ်ရှားတက်ကြွလာကြပြီး သူတို့ပတ်ဝန်းကျင်ကိုကျော်ပြီး ရှာဖွေတတ်ကြပါတယ်။
■ လူတွေမှာ စွမ်းအင်ပမာဏ၊ ဆာလောင်စိတ်နဲ့ စိတ်အခြေအနေတို့ကြား ဆက်စပ်မှုကို သိရဖို့ လူပေါင်း ၉၀ ကို တစ်လကြာအောင် ဂလူးကို့စ်စောင့်ကြည့်ခဲ့ပါတယ်။
■ ဂလူးကို့စ်က ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် အဓိကစွမ်းအင်ရင်းမြစ် ဖြစ်ပါတယ်။
■ ပါဝင်စမ်းသပ်ခံသူတွေကို စမတ်ဖုန်းများဖြင့် တစ်နေ့နှစ်ကြိမ် စိတ်အခြေအနေ စစ်ဆေးခဲ့ပါတယ်။
■ လူတွေက ဆာလောင်တယ်လို့ သိရှိတဲ့အခါမှာ စိတ်အခြေအနေ ပိုဆိုးရွားလာကြပါတယ်။
■ စွမ်းအင်ပမာဏကို ပိုမိုတိကျစွာ သိရှိသူတွေကတော့ စိတ်အခြေအနေ ဆိုးရွားတာမျိုး သိပ်မဖြစ်ကြပါဘူး။
■ လူတစ်ဦးရဲ့ စွမ်းအင်နဲ့ စိတ်အခြေအနေကြား အပိုင်းအခြားမှာ ပိုမိုထိန်းသိမ်းနိုင်သူတွေက စိတ်အနေအထားကို တည်ငြိမ်အောင် ထိန်းထားနိုင်တာ တွေ့ရပါတယ်။
■ ဒါက အရေးပါပြီး စိတ်အခြေအနေ ပြောင်းလဲခြင်းကြောင့် ဆုံးဖြတ်ချက်အမှားတွေ၊ ဆိုးရွားတဲ့ အပြုအမူတွေ ရုတ်တရက် ပြုလုပ်တတ်ကြလို့ပါ။
■ ဆာလောင်စိတ်က စိတ်အခြေအနေကို သက်ရောက်နိုင်တယ်ဆိုပေမယ့် စွမ်းအင်ပမာဏကို ဂရုစိုက်ခြင်းဖြင့် ဒေါသထွက် အမှားပြုလုပ်ခြင်းတို့ကို ထိန်းချုပ်စေနိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express.
#World_Health
Published 08 February 2026
■ ဆီးရဲ့အနံ့က မကောင်းဘူးဆိုပေမယ့် အက်ဆစ်လိုအနံ့မျိုး အမြဲတမ်းရနေရင်တော့ စိုးရိမ်ရပါတယ်။
■ ဒါဟာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာဖြစ်နိုင်ပြီး ဆီးသွားစဉ်ပူစပ်ခြင်း၊ မကြာခဏ ဆီးသွားလိုခြင်းတို့ ခံစားရတတ်ကြောင်း မွမ်ဘိုင်း ဇန်အန်နက်ဇ်အထူးကုဆေးရုံမှ ကျောက်ကပ်အထူးကု ဒေါက်တာ အဒစ်ယာနာယက်က ပြောပါတယ်။
■ ဒါတွေအပြင် ဆီးချို၊ ကျောက်ကပ်ရောဂါများ အချိန်မီကုသဖို့ လိုလာပြီဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။
■ ဒေါက်တာ ပရာဒိရောင်ကလည်း ရေဓာတ်ခန်းခြောက်ခြင်း၊ ကြက်သွန်ဖြူ၊ ဗိုက်တာမင်ဖြည့်စွက်ဆေးတွေကြောင့် ဆီးအနံ့ပြင်းတတ်တယ်လို့ ရှင်းပြပါတယ်။
■ ကော်ဖီ၊ အယ်ကိုဟောတို့ပင် ဆီးကို ခဏတာအနံ့ပြင်းစေတတ်ပါတယ်။
■ ဟော်မုန်းပြောင်းလဲခြင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ် မီးယပ်သွေးဆုံးချိန်တို့မှာလည်း ဆီးအနံ့ပြောင်းလဲတတ်သလို အချို့သော ဆေးဝါးတွေကြောင့်လည်း အနံ့ပြင်းစေနိုင်ပါတယ်။
■ ဆီးလမ်းကြောင်းထဲ ဘက်တီးရီးယားဝင်ကာ ပိုးတွေပွားလာသဖြင့် ရောင်ရမ်းခြင်းတွေဖြစ်တဲ့အခါ ဆီးအနံ့ပြင်းထန်တတ်ပါတယ်။
■ ပုံမှန်ဆီးဆိုရင်တောင်မှ အပြင်ဘက်မှာ ကြာရှည်ရှိနေရင် အနံ့ဆိုးဖြစ်ပေါ်လာပါတယ်။
■ ဆီးအနံ့ပြင်းတဲ့အပြင် ဆီးကျဉ်ခြင်း၊ ဖျားနာခြင်း၊ ဆီးအရောင်ပြောင်းခြင်းတို့ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါပြီ။
■ ရေဓာတ်ပြည့်ဝအောင်နေဖို့က အရေးကြီးပြီး စားသောက်ပုံစံကိုလည်း ဂရုပြုသင့်ပါတယ်။
■ သာမန်အားဖြင့်တော့ ဆီးအနံ့ပြောင်းလဲတာက ဖြစ်တတ်ပေမယ့် အခြားလက္ခဏာတွေပါ ကြာရှည်လာရင်တော့ အချိန်မီကုသဖို့ လိုအပ်နိုင်ပါတယ်။
Source: Indian Express.
#World_Health
Published 08 February 2026
■ အရွက်သုပ်တွေ၊ ဒိန်ချဉ်တွေ၊ ကွေကာတွေ၊ "သဘာဝထုတ်ကုန်"လို့ အမည်တပ်ထားတဲ့ စားစရာတွေမှာတောင် သကြားတွေ ပါဝင်နေပါတယ်။
■ ဒါပေမဲ့ ဒီအစားအစာတွေစားလို့ လုံးဝမချိုတာက ပြဿနာဖြစ်နေပါတယ်။
■ လူတွေက သကြားဆိုတာ အချိုဓာတ်လို့ ယူဆကြပေမယ့် အခုဆိုရင် သကြားကို အစားအစာ ထိန်းသိမ်းဖို့၊ အရောင်အဆင်းကောင်းဖို့၊ အနံ့အရသာကောင်းမွန်ဖို့ အသုံးပြုလာကြကြောင်း ပြည်သူ့ကျန်းမာရေး အာဟာရပညာရှင် ဒေါက်တာ မိုင်ယာရိန်းနိုးက ပြောပါတယ်။
■ ထုတ်ကုန်တွေမှာ သကြားကို ပစ္စည်းအမျိုးမျိုးအဖြစ် ခွဲခြားဖော်ပြလာကြပြီး တစ်ခုချင်းစီဆိုရင် ဘေးမဖြစ်စေပေမယ့် စုပေါင်းလိုက်ရင် ပမာဏအများကြီး ဖြစ်သွားပါတယ်။
■ ဥပဒေများအတိုင်း အမှတ်တံဆိပ်တွေမှာ ဖော်ပြထားပေမယ့် စားသုံးသူတွေအတွက်တော့ သကြားမလျော့သွားပါဘူး။
■ စာတွေထဲမှာ အော်ဂဲနစ်၊ ဂလူတင်မပါဝင်ခြင်း၊ အဆီနည်းခြင်းဆိုတဲ့ အမှတ်အသားတွေ ပါဝင်ရင် ပိုကောင်းကြတယ်လို့ ယူဆနေကြပါတယ်။
■ တကယ်တမ်း အဆီမထည့်တဲ့အခါ အနံ့အရသာ ထိန်းသိမ်းနိုင်ဖို့ သကြားက ဈေးအပေါဆုံး၊ အလွယ်ကူဆုံး ဖြစ်နေပါတယ်။
■ သကြားစားတာများလွန်းရင် ဝိတ်တက်ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်း၊ အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောအန္တရာယ်တို့နဲ့ ဆက်စပ်နေပါတယ်။
■ ဒီလိုစားစရာတွေကို ဘယ်လိုစစ်ဆေးမလဲဆိုရင် ထည့်သွင်းသကြားရဲ့ ဂရမ်ကို စစ်ဆေးခြင်း၊ သကြားမျိုးကွဲအမျိုးမျိုးကို ရှာဖွေခြင်း၊ အမှတ်တံဆိပ်အမျိုးမျိုး နှိုင်းယှဉ်ကြည့်ခြင်း၊ အဆင့်ဆင့်ထုတ်လုပ်မှုအနည်းဆုံး စားစရာများ ဦးစားပေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
■ စားစရာတစ်ခုမှာ ထည့်သွင်းသကြား ၅ ဂရမ်ထက်ပိုများရင် မရွေးချယ်သင့်တော့ပါဘူးလို့ ဒေါက်တာရိန်းနိုးက အကြံပြုသွားပါတယ်။
Source: India Today.
ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးအတွက် တရုတ်ရုပ်သံ CGYN က မြင်းနှစ်ကိုဂုဏ်ပြုတဲ့အနေနဲ့ အထူးဗီဒီယိုအတိုလေးတစ်ခု တင်ဆက်ထားပါတယ်။
#Asia_News
Published 07 February 2026
#တရုတ်နှစ်သစ်ကူး #CGTN
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 07 February 2026
■ အိုမန်ရဲ့ ကြားဝင်စေ့စပ်မှုဖြင့် အီရန်ဟာ အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ အစကောင်းခဲ့ပြီး ဆက်လက်ဆွေးနွေးဖို့ရှိကြောင်း အီရန်ထိပ်သီးသံတမန်တစ်ဦးက သောကြာနေ့မှာ ပြောပါတယ်။
■ အိုမန်မြို့တော် မွတ်စ်ကက်မှာ နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီက အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်၊ အမေရိကန်သမ္မတရဲ့ သားမက် ဂျရတ်ကုရှ်နာတို့နဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး နျူကလီးယားအရေးကိုပဲ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
■ နှစ်ဖက်စလုံးက နျူကလီးယားအငြင်းပွားမှုကို သံတမန်ရေးဖြင့် ဖြေရှင်းရန် အသင့်ဖြစ်နေတဲ့သဘော မြင်ရပြီး အမေရိကန်က အီရန်ရဲ့ ဒုံးကျည်ထောက်ပံ့မှုတွေနဲ့ ပြည်သူအပေါ် ဆက်ဆံရေးတို့ကို အဓိကထား ဆွေးနွေးချင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောထားပါတယ်။
■ အီရန်ဘက်က သံတမန်ကတော့ အီရန်ဟာ ယူရေနီယံ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ငြင်းခုံနေပါတယ်။
■ ဒေါ်နယ်ထရမ့်ကတော့ အီရန်ကို ဖိအားပေးတဲ့အနေနဲ့ အီရန်ဆီကနေ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကုန်ပစ္စည်းများဝယ်ယူတဲ့ နိုင်ငံတွေရဲ့ တင်ပို့ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်ဖို့ အမိန့်ထုတ်ထားပါတယ်။
■ ဒါတွေက အီရန်နဲ့ စွမ်းအင်၊ သတ္တုများ၊ ရေနံဓာတုများ ကုန်သွယ်နေတဲ့ နိုင်ငံတွေကို နှောင့်ယှက်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
■ အီရန်က ယူရေနီယံထုတ်လုပ်လိုတဲ့ဆန္ဒကို အချို့သောအပေးအယူတွေနဲ့ ညှိနှိုင်းလိုနေပြီး ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ရေး၊ အီရန်အနီး စစ်ရေးဖြန့်ကျက်မှုတွေ လျှော့ချရေး စတဲ့အခြေအနေတွေ ဖြစ်ပါတယ်။
■ အမေရိကန်စစ်တပ် တည်ရှိမှု၊ လေကြောင်းတိုက်ခိုက်မှုများ အပြန်အလှန် ခြိမ်းခြောက်မှုတို့ကြောင့် ဒေသတွင်း ပဋိပက္ခဖြစ်လာမှုကို စိုးရွံ့နေကြပါတယ်။
Source: Reuters
Page 127 of 1238