#World_Science
Published 24 March 2026
■ ကမ္ဘာပေါ်က လူပေါင်း ၁.၄ ဘီလီယံခန့် သွေးတိုးရောဂါ ရှိနေတဲ့အချိန်မှာ အတွေ့အကြုံ နှစ် ၂၀ ရှိတဲ့ နှလုံးအထူးကု ဒေါက်တာ ဆန်ဂျေဘိုရာဂျ်က အချိန်တခဏအတွင်း သွေးပေါင်ကျစေမယ့် နည်းလမ်းကို မျှဝေသွားပါတယ်။
■ သွေးပေါင်ချိန်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခုက အသက်ရှူခြင်းကို ထိန်းချုပ်ခြင်းဖြစ်တယ်လို့ အင်စတာဂရမ်မှာ ဖော်ပြသွားပါတယ်။
■ WHO ဖော်ပြချက်အရ သွေးတိုးက တိတ်တဆိတ် အန္တရာယ်ပေးနေပြီး ကမ္ဘာတဝှမ်းမှာ အရွယ်မတိုင်ခင် သေဆုံးမှုတွေ ဖြစ်စေပါတယ်။
■ ဒီရောဂါနဲ့ ပတ်သက်ရင် အာရုံကြောစနစ်ကို သိပ်ပြီးမမြင်ကြဘူးလို့ ဒေါက်တာ ဘိုရာဂျ်က ပြောပါတယ်။
■ ဒေါက်တာက "သွေးပေါင်ချိန်တက်လာတယ်ဆိုရင် ကော်ဖီသောက်တာတွေ ဘာတွေမလုပ်ဘဲ အသက်ရှူခြင်းကို ထိန်းချုပ်လိုက်တယ်" လို့ ရှင်းပြပါတယ်။
■ ဒီနည်းလမ်းက အဆုတ်နဲ့ နှလုံးကြား ဆက်စပ်မှုကို အခြေခံတာဖြစ်ပြီး အရင်ဆုံး နှာခေါင်းကနေ ၄ စက္ကန့်ကြာအောင် အသက်ရှူရပါတယ်။
■ ဒီနောက် ၆ စက္ကန့်မှ ၈ စက္ကန့်အတွင်း ဖြည်းဖြည်းချင်း အသက်ရှူထုတ်ကာ ဒီပုံစံအတိုင်း ၂ မိနစ်ကြာအောင် ထပ်ခါထပ်ခါ ပြုလုပ်ပေးရပါမယ်။
■ အချိန်ကြာကြာ အသက်ရှူထုတ်တာဟာ သွေးကြောတွေ တင်းမာမှုပြေလျော့စေပြီး မိနစ်ပိုင်းအတွင်း အပေါ်သွေးကျဆင်းစေနိုင်ပါတယ်။
■ ဒီနည်းလမ်းကို ပုံမှန်လေ့ကျင့်ပေးရင် အပေါ်သွေး ၅ - ၁၀ မီလီမီတာမာကျူရီခန့် ကျဆင်းစေတယ်လို့ လေ့လာချက်အများအပြားမှာ တွေ့ရှိထားပါတယ်။
■ အိမ်မှာ လိုက်လုပ်ချင်သူတွေကို အကြံပြုထားတာက ၂ မိနစ်လေ့ကျင့်ခန်းကို ပုံမှန်လေး ပြုလုပ်ပြီး အချက်အလက်အခြေအနေကို စောင့်ကြည့်တိုင်းတာဖို့ ဖြစ်ပါတယ်။
Source: Hindustan Times.