#World_Science
Published 24 March 2026
■ အိန္ဒိယမှ အာကာသကုမ္ပဏီတွေဟာ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ဟိုက်ဒရာဘက်အခြေစိုက် Skyroot Aerospace အာကာသယာဉ်ကုမ္ပဏီဟာဆိုရင် အင်ဂျင်စမ်းသပ်မှုကြီးတစ်ခု ပြုလုပ်ခဲ့ပါတယ်။
■ အိန္ဒိယအမျိုးသားသိပ္ပံနေ့မှာ Skyroot Aerospace က Dhawan-III လို့ အမည်ပေးထားတဲ့ အလွန်အေးခဲ ဒုံးပျံအင်ဂျင်ကို လွှတ်တင်ခဲ့ပါတယ်။
■ ဒီအင်ဂျင်က အရည်အောက်ဆီဂျင်နဲ့ အရည်ဖွဲ့သဘာဝဓာတ်ငွေ့တို့ အသုံးပြုကာ ပတ်ဝန်းကျင်အတွက် ပိုမိုသန့်စင်ပြီး ထိရောက်မှုရှိတဲ့ လွှတ်တင်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ကာ ၁၄၅ စက္ကန့်ကြာ စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့ပါတယ်။
■ ပင်လယ်မျက်နှာပြင်လယ်ဗယ်မှာ ၂.၃ ကီလိုနယူတန်ပင့်တင်အားဖြင့် လွှတ်တင်ခဲ့ပြီး လေဟာနယ်ထဲမှာ ၂.၈ ကီလိုနယူတန် ရှိခဲ့ပါတယ်။
■ ပြင်းထန်လွန်းတဲ့ အပူချိန်နဲ့ ဖိအားတို့ကို ထိန်းသိမ်းနိုင်တဲ့ စူပါအလွိုင်း Inconel ကနေ 3D အပြည့်ဒီဇိုင်းဖော်ထားပါတယ်။
■ ဒီဒုံးပျံတွေဟာ အင်ဂျင်ပိတ်နိုင်သလို ပြန်လည်နှိုးထနိုင်ပြီး SpaceX ကလိုမျိုး ပြန်လည်သုံးစွဲနိုင်တဲ့ ယာဉ်တွေအတွက် မရှိမဖြစ် အရေးပါပါတယ်။
■ အလွန်အေးခဲ အရည်အောက်ဆီဂျင်နဲ့ သဘာဝဓာတ်ငွေ့လောင်စာ အသုံးပြုထားပြီး စမ်းသပ်မှုအတွင်း ၂ မိနစ်ကျော်မှာ တည်ငြိမ်စွာ လောင်ကျွမ်းခဲ့ပါတယ်။
■ မီးတောက်ပုံစံက လျှပ်စစ်ပြာအရောင်ဖြင့် Mach စိန်ပုံသဏ္ဍာန်တွေရှိပြီး သာမန်တွန်းကန်မီးတောက်တွေထက် ပတ်ဝန်းကျင် ပိုမိုသန့်ရှင်းစေသလို အကုန်အကျလည်း သက်သာစေနိုင်ပါတယ်။
■ Skyroot အောင်မြင်မှုက အိန္ဒိယကို ကမ္ဘာ့အလယ်မှာ အာကာသနည်းပညာနဲ့ ပတ်သက်ပြီး စောင့်ကြည့်စရာ ဖြစ်လာပါတယ်။
Source: India Today.