#World_News
Published 24 March 2026

■ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့တိုင်းပြည်ဟာ နျူကလီးယားလက်နက်များ ထုတ်လုပ်ရေးကနေ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ကြုံးဝါးလိုက်ပါတယ်။
နျူကလီးယားရပ်တည်ချက်က ပြန်ပြင်လို့မရတော့ဘူးလို့ ဆိုလိုက်ပြီး ဒါဟာ နိုင်ငံရေးဆိုတာထက် သတိပေးချက်နဲ့ ပိုတူနေပါတယ်။

■ မြောက်ကိုရီးယား ထိပ်သီးဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့ တိုင်းပြည်ရေးရာကော်မရှင်ရဲ့ အကြီးအကဲအဖြစ် ပြန်လည်ခန့်အပ်ခံရပြီး နောက်တစ်ရက်မှာပဲ ကင်မ်ဂျုံအန်းက အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

■ အမေရိကန်၊ အစ္စရေးလ်နဲ့ အီရန်စစ်ပွဲကြားမှာ ပါဝင်ပတ်သက်ခွင့် မရမှာကို ကင်မ်ဂျုံအန်း စိုးရိမ်နေတဲ့ အကြောင်းအရာတွေ အင်တာနက်မှာ ထွက်ပေါ်နေပါတယ်။

■ နျူကလီးယားစွမ်းအား မြှင့်တင်ဖို့ တိုက်တွန်းထားပြီး နျူကလီးယားပိုင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်သွားဖို့အပြင် ရန်လိုလာတဲ့သူတွေကို ခုခံသွားဖို့ကိုလည်း ဆက်လက်ပြင်ဆင်နေတယ်လို့ ကင်မ်ဂျုံအန်း ပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေ ဖော်ပြထားပါတယ်။

■ ပြည်သူ့သမ္မတဖွဲ့စည်းပုံမှ ယုံကြည်ပေးအပ်ထားတဲ့ ဝတ္တရားများနဲ့အညီ ကိုယ်တိုင်ကာကွယ်ခွင့် နျူကလီးယား အတိုင်းအတာများကို ဆက်လက်ချဲ့ထွင်သွားမယ်လို့ ပြောပါတယ်။

■ မြောက်ကိုရီးယား နျူကလီးယားစွမ်းရည် ပိုင်ဆိုင်ခြင်းက လုံးဝတရားမျှတမှုရှိတယ်လို့လည်း ဆိုပါတယ်။

■ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့အတွက် နျူကလီးယားတပ်တွေကို အသင့်အနေအထား ပြင်ထားတယ်လို့ သေချာပြောသွားပါတယ်။

■ မိန့်ခွန်းကြာကြာ ပြောကြားခဲ့ရာမှာ ကာကွယ်ရေး၊ နျူကလီးယား ပေါ်လစီကစလို့ အမေရိကန် တောင်ကိုရီးယားတို့နဲ့ ဆက်ဆံရေး စီးပွားရေးတို့အထိ ကင်မ်ဂျုံအန်း ပြောသွားပါတယ်။

Source: WION