-တရုတ်စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန နိုင်ငံခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန ညွှန်ကြားရေးမှူးချုပ် Jin Ke)

ယခုနှစ် မတ်လတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ပထမအကြိမ် ခေါင်းဆောင်များအစည်းအဝေး၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အရေးကြီးသော မှတ်တိုင်သစ်တစ်ခုသို့ ရောက်ရှိခဲ့ပြီး အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု "ဗားရှင်း ၂.ဝ" အဆင့်သစ်သို့ တရားဝင် ကူးပြောင်း ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပထမအကြိမ် ခေါင်းဆောင်များ အစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ဦးစားပေး ကဏ္ဍများအဖြစ် သတ်မှတ်ခဲ့ချိန်မှစ၍ လန်ချန်း-မဲခေါင် ၆ နိုင်ငံမှ စိုက်ပျိုးရေး ဌာနများသည် "တူညီသောမြစ်ရေကို သောက်သုံးရသူများ၊ ကံကြမ္မာချင်း ဆက်စပ်နေကြသည်" ဟူသော စိတ်ဓာတ်ကို အခြေခံပြီး ဒေသတွင်း "ရိက္ခာအိုး" (စားနပ်ရိက္ခာဖူလုံရေး) ကို ခိုင်မာအောင် လက်တွဲ တည်ဆောက်ခဲ့ကြပြီး လယ်သမား သန်းပေါင်းများစွာ၏ ဝင်ငွေကို တိုးပွားလာစေရန် ဆောင်ရွက်ခဲ့ကြသည်။ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုကို လန်ချန်း-မဲခေါင် ယန္တရား၏ "လှပသောပြယုဂ်" တစ်ခု ဖြစ်လာစေရန် အတူတကွ  လက်တွဲ ဆောင်ရွက်ခဲ့ပြီး အေးအတူပူအမျှ လန်ချန်း-မဲခေါင် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက် ပံ့ပိုးကူညီပေးခဲ့ပါသည်။

ယန္တရားဖြင့် ဦးဆောင်ခြင်း - " အဆင့်မြင့်မဟာဗျူဟာမြောက်ဒီဇိုင်း" မှသည် "စနစ်တကျ ပေါင်းစည်း ဆောင်ရွက်မှု" ဆီသို့

ပူးပေါင်းဆောင်ရွက်မှုသည် တည်ငြိမ်ပြီး ရေရှည်တည်တံ့ခိုင်မြဲကာ ယန္တရားသည်လည်း "ပင် တိုင်အခြေခံအုတ်မြစ် " တစ်ခုကဲ့သို့ပင် ဖြစ်သည်။ လွန်ခဲ့သည့်  ဆယ်စုနှစ် အတွင်း လန်ချန်း -မဲခေါင် ၆ နိုင်ငံသည် ခေါင်းဆောင်များအစည်းအဝေးမှ ချမှတ်ထားသော မဟာ ဗျူဟာမြောက် မူဘောင် အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခဲ့ပါသည်။ မဟာ ဗျူဟာမြောက် စီမံကိန်းများက လမ်းညွှန်ပေးခြင်း၊ စီမံကိန်း အကောင်အထည်ဖော်မှုများက ထောက်ပံ့ပေးခြင်းနှင့် ယန္တရားဆိုင်ရာပလက်ဖောင်းများ တည်ဆောက်ခြင်းတို့ဖြင့် ဆက်နွှယ် နေသည့်  တစ်နေ့ထက်တစ်နေ့ ပိုမိုပြည့်စုံကောင်းမွန်လာသော ပူးပေါင်းဆောင်ရွက်မှု ကွန်ရက်တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ လန်ချန်း-မဲခေါင် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ငန်းအဖွဲ့၊ လန်ချန်း-မဲခေါင် စိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှု ဗဟိုဌာန၊ ကွမ်ရှီးဌာနခွဲနှင့် သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက် တည်ထောင်ခဲ့ပြီး "ဗဟိုဌာန + ဌာနခွဲ + ကျွမ်းကျင် မှုဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေး" ဟူသော ထောက်ပံ့မှုစနစ်တစ်ခုကို ဖော်ဆောင် နိုင်ခဲ့သည်။ လန်ချန်း-မဲခေါင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သုံးနှစ်တာ လုပ်ငန်းစီမံချက်   (၂၀၂၀-၂၀၂၂) နှင့် ငါးနှစ်တာလုပ်ငန်းစီမံချက်   (၂၀၂၃-၂၀၂၇) တို့ကို အဆင့်ဆင့် အတည်ပြုနိုင်ခဲ့ခြင်းသည် ပူးပေါင်းဆောင်ရွက်မှုအတွက် ရှင်းလင်း ပြတ်သားသော "  တည်ဆောက်ရေးပုံစံများ" ကို ရေးဆွဲနိုင်ခဲ့သည်။     "လန်ချန်း-မဲခေါင် အသီးအပွင့်များရိတ်သိမ်းခြင်း" စီမံကိန်းအစုအဖွဲ့ (LMC Bumper Harvest Projects)နှင့် "လန်ချန်း-မဲခေါင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် (Lancang–Mekong Agricultural Cooperation "Hundred, Thousand, Ten Thousand” Action Plan)တို့ကို    ဆက်လက် အကောင်အထည်ဖော်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကိုလည်း စဉ်ဆက်မပြတ် တိုးချဲ့နိုင်ခဲ့သည်။ ယင်းတို့သည် လန်ချန်း-မဲခေါင် စိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှုကို ဘက်စုံ၊ ကဏ္ဍစုံနှင့် နယ်ပယ်ကျယ်ကျယ်ပြန့်ပြန့်ဖြင့်  ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်သို့ ကူးပြောင်းနိုင်ရန် တွန်းအားပေးခဲ့ပါသည်။

နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု - "မျိုးကောင်းမျိုးသန့် မွေးမြူခြင်း" မှသည် "စမတ် နည်းပညာဖြင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း"ဆီသို့

နည်းပညာ မျှဝေခြင်းသည် လန်ချန်း-မဲခေါင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု၏ ထူးခြားသော လက္ခဏာ တစ်ခု ဖြစ်ပါသည်။ လန်ချန်း-မဲခေါင် ရန်ပုံငွေမူဘောင်အောက်တွင် ရာနှင့်ချီသော အသေးစားနှင့် အလတ်စား စိုက်ပျိုးရေးစီမံကိန်းများကို အကောင်အထည် ဖော်ခဲ့ပြီး မျိုးကောင်းမျိုးသန့်များ  မြှင့်တင်ခြင်းမှသည် အထွက်နှုန်း အဆမတန် တိုးတက် လာခြင်းအထိ လည်းကောင်း၊ နည်းပညာဆိုင်ရာ ပုံစံသစ်များ တီထွင်ဖန်တီးခြင်းမှသည် ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးပွားလာခြင်းအထိ လည်းကောင်း ဆောင်ရွက်နိုင်ခဲ့ကြရာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှု ခိုင်မာအားကောင်းစေရန် ကူညီပေးခဲ့ပါသည်။ ဓာတု ကင်းစင်သော စပါးအထွက်နှုန်း တိုးတက်ရေး နည်းပညာစမ်းသပ်မှုစီမံကိန်းကြောင့် ဒေသ တွင်း စပါးအထွက်နှုန်း ၂၅% တိုးတက်လာခဲ့ပြီး အရည်အသွေးမြင့် ဓာတုကင်းစင် စပါးမျိုးစေ့ ရွေးချယ်ခြင်းနှင့် နည်းပညာပေါင်းစပ်မှု စီမံကိန်းသည် မျိုးစေ့ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မော်လီကျူးမျိုးပွားခြင်း (Molecular Breeding) အဆင့်သို့ ရောက်ရှိစေခဲ့သည်။ "စပါး - ပဲ - ဆီထွက်သီးနှံ" သီးလှည့်စိုက်ပျိုးနည်းစနစ်သည် မြန်မာနိုင်ငံအတွက် အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးပြုနိုင်မည့် လမ်းစဉ်သစ်ကို ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့သည်။ လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မှုသည် "ဒစ်ဂျစ်တယ်နှင့် စမတ်နည်းပညာ" ဆီသို့ ကူးပြောင်း နေပြီဖြစ်ရာ စမတ်လယ်ယာမြေများ တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို တည်ငြိမ်စွာ တွန်းအားပေးလျက်ရှိသည်။ ထိုင်းနိုင်ငံရှိ စမတ်ဒူးရင်းခြံ၊ ကမ္ဘောဒီးယားရှိ စမတ်ငါးလုပ်ငန်းနှင့် မြန်မာနိုင်ငံရှိ ရာသီဥတုနှင့် ကိုက်ညီသော စမတ် စိုက်ပျိုးရေး စမ်းသပ်ချက်များသည် ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း မှုအတွက် စံနမူနာများ ဖြစ်လာခဲ့ပြီး အဆိုပါ အောင်မြင်မှုများကို ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံတွင် စံပြဖြစ်ရပ်များအဖြစ် ထည့်သွင်း ဖော်ပြခြင်း ခံခဲ့ရပါသည်။

ပြည်သူ့အကျိုးပြု လုပ်ငန်းများ - " သေးငယ်သော်လည်း ထိရောက်မှုရှိသောစီမံကိန်းများ" မှသည် "စက်မှုလုပ်ငန်းစုကြီးများ" အထိ

လန်ချန်း-မဲခေါင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် တိကျပြီးအဆင့်မြင့်သော နည်း ပညာများကိုသာမက လက်တွေ့ကျပြီး ပြည်သူတို့၏လူမှုစီးပွားဘဝ အကျိုးပြုရေးကိုလည်း ပိုမို အလေးထား ဆောင်ရွက်ခဲ့ပါသည်။ မဲခေါင်မြစ်ဝှမ်းနိုင်ငံများသည် သဘာဝပတ်ဝန်းကျင် ကောင်းမွန်ပြီး သယံဇာတ ပေါကြွယ်ဝကာ ရော်ဘာ၊ ပီလောပီနံ၊ ကြံ၊ ငရုတ်ကောင်းနှင့် အပူပိုင်း သီးနှံများ စသည့် ထူးခြားသော သီးနှံများမှာ သိသာထင်ရှားသည့် အားသာချက်များ ရှိကြသည်။ ထို့ကြောင့်  သေးငယ်သော်လည်း ထိရောက်မှုရှိသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း (Small yet Smart livelihood project)  အမြောက်အများ  ပေါ်ထွက်လာခဲ့ပြီး မျိုးစေ့ထုတ်လုပ်ခြင်း၊ အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးခြင်း၊ စက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးရိတ်သိမ်းခြင်း၊ ပြုပြင်ထုတ်လုပ်မှုနည်းပညာနှင့် စက်ကိရိယာများ တီထွင်ခြင်း စသည့် ကွင်းဆက်တစ်ခုလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပံ့ပိုးပေးခဲ့သည်။ ၎င်းသည် ဒေသတွင်း၌ စံချိန်စံညွှန်းမီ ထုတ်လုပ်မှုစနစ်များ တည်ထောင်နိုင်စေရန်၊ ထုတ်ကုန်များ၏ တန်ဖိုး မြှင့်တင်ရန်၊  ပြည်သူများ၏  လူမှုစီးပွားဘဝနှင့် စက်မှုကဏ္ဍ  ဖွံ့ဖြိုးတိုးတက်မှုကို တစ်ပြိုင်နက်တည်း မြှင့်တင်ရန် ကူညီပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် "စပါးနှင့် ငါး တွဲဖက်မွေးမြူရေးစနစ်" သည် "ရေတစ်မြောင်းထဲ နှစ်မျိုးသုံး၊ လယ်တစ်ကွက်ထဲ နှစ်မျိုးရိတ်သိမ်း"  ဟူသော ဂေဟစနစ်အခြေပြု ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နည်းလမ်းသစ်ကို ဖော်ဆောင်ပေးခဲ့သည်။ လာအိုနိုင်ငံရှိ ရော်ဘာနည်းပညာ စံပြ စီမံကိန်းသည် ဒေသခံများ၏ ဝင်ငွေတိုးပွားမှုကို တွန်းအားပေးနိုင်ခဲ့ပြီး ကမ္ဘောဒီးယားရှိ စမတ် ငါးလုပ်ငန်း၊ ငရုတ်ကောင်းနှင့် ဖာလာ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကိုလည်း ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စံနမူနာများအဖြစ် ရွေးချယ်ခံခဲ့ရပါသည်။

နှစ်ဦးနှစ်ဖက် အကျိုးရှိသော စီးပွားရေးနှင့် ကုန်သွယ်ရေး   - " ထုတ်လုပ်ကုန်သွယ်မှု" မှသည် "တန်ဖိုးကွင်းဆက် မြှင့်တင်ခြင်း" သို့

ကုန်သွယ်မှု လွယ်ကူချောမွေ့ခြင်းသည် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်း ဆောင်ရွက်မှု၏ "စစ်ဆေးမှုကျောက်စာ"ပင် ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် မဲခေါင် ငါးနိုင်ငံအကြား စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၄.၅၆ ဘီလီယံ အထိ ရှိလာခဲ့ပြီး ၂၀၁၆ ခုနှစ် ပထမအကြိမ် ခေါင်းဆောင်များအစည်းအဝေး ကျင်းပချိန်နှင့် နှိုင်းယှဉ်ပါက တရုတ်နိုင်ငံမှ မဲခေါင်ငါးနိုင်ငံထွက် စိုက်ပျိုးရေးထွက်ကုန် တင်သွင်းမှုသည် ၂၂၂% တိုးတက်လာခဲ့သည်။ ထိုင်းနိုင်ငံမှ ထွက်ရှိသော ဒူးရင်းသီး စုစုပေါင်း ရောင်းအား၏ ၇၃% ကို  တရုတ်ဈေးကွက်တွင် ရောင်းချနိုင်ခဲ့ပြီး   ဗီယက်နမ်နိုင်ငံ၏ ဆန် တင်ပို့မှု စုစုပေါင်း၏ ၃၀% ကျော်မှာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်း ဖြစ်ကာ လာအိုနိုင်ငံမှ ငှက်ပျောသီး များသည်လည်း တရုတ်-လာအို ရထားလမ်း အပြည်ပြည်ဆိုင်ရာ အအေးခန်း ကုန်တင်ရထားဖြင့် တရုတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် "နည်းပညာက ဦးဆောင်ပြီး လုပ်ငန်းရှင်များက နောက်မှလိုက်ပါခြင်း" ဟူသော ပုံစံသည်  သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်ကုန်အထိ တရုတ် နိုင်ငံ၏ မဲခေါင်ငါးနိုင်ငံအတွင်း စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆.၀၅ ဘီလီယံအထိ ရှိလာခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၄၆.၃% တိုးတက်လာခဲ့သည်။ နယ်စပ် ဖြတ်ကျော် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ထူးခြားသော စိုက်ပျိုးရေး ထွက်ကုန်များ၏ တန်ဖိုးမြှင့်တင်ရန်အတွက် အရေးပါသော လမ်းကြောင်းတစ်ခု ဖြစ်လာသည်။ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံမှ သစ်သီးဝလံများ  တာရှည်ခံ နည်းပညာနှင့် ပြုပြင်ထုတ်လုပ်ခြင်း နည်းပညာများ၊ စက်ကိရိယာများနှင့် ရင်းနှီးမြှုပ်နှံ မှုများကို ရယူကာ အခြောက်ခံသစ်သီးပြားများ၊ သစ်သီးဝိုင်များနှင့် သစ်သီးရှာလကာရည်  ကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန်များကို ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြင့် သစ်သီးဝလံနှင့် ဟင်း သီးဟင်းရွက်  ထွက်ကုန်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ထိရောက်စွာ မြှင့်တင် နိုင်ခဲ့ ပါသည်။

အနာဂတ်မျှော်မှန်းချက် - "လန်ချန်း-မဲခေါင် စိုက်ပျိုးရေး ၂.၀ ဗားရှင်း" ကို အရည် အသွေးမြင့်မားစွာ တွန်းအားပေးဆောင်ရွက်ခြင်း

လက်ရှိတွင် လန်ချန်း-မဲခေါင် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုသည် အဘက်ဘက်မှ အကျိုးကျေးဇူးများစွာ ထပ်ဆင့်ရရှိနိုင်သည့် အရေးကြီးသော အခွင့်အလမ်းကောင်းများကို ရရှိ ပိုင်ဆိုင်နေပြီဖြစ်ပါသည်။   တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်း စတင်ခြင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) မှ အကျိုးအမြတ်များ  စဉ်ဆက်မပြတ် ထွက်ပေါ်လာခြင်းနှင့် ဒစ်ဂျစ်တယ် စီးပွားရေး၊  အစိမ်းရောင် စီးပွားရေးစသည့် ထွန်းသစ်စ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လာခြင်းတို့သည် ပူးပေါင်းဆောင်ရွက်မှု အတွက် အရည်အသွေး မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်သို့ ကူးပြောင်းရန် အားကောင်းသော တွန်းအားများ ဖြစ်စေပါသည်။ ဒေသတွင်းနိုင်ငံများသည် သိပ္ပံနည်းကျ တီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးပြု၍ စိုက်ပျိုးရေးကဏ္ဍကို ပြောင်းလဲရန် ခိုင်မာသော ဘုံသဘောတူညီချက်များ ရှိကြသည်။ လန်ချန်း-မဲခေါင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် ထုတ်လုပ်မှုကဏ္ဍရှိ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု၊ ပတ်ဝန်းကျင်နှင့်ကိုက်ညီသောထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုကုန်သွယ်ရေး တို့ပါဝင်သော လုပ်ငန်းကွင်းဆက်တစ်ခုလုံး ဆိုင်ရာ နက် ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအထိ တိုးချဲ့လုပ်ဆောင်နေပါသည်။ ၎င်းသည်   ပိုမိုပါဝင်နိုင်ခွင့်ရှိသော၊ ခိုင်မာအားကောင်းသော ၊  ရေရှည်တည်တံ့သော နှင့်  ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဒေသတွင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ်ကို တည်ဆောက်ရန်အတွက်လည်း ရည်ရွယ်ပါသည်။

လန်ချန်း-မဲခေါင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် ပူးပေါင်းဆောင်ရွက်မှု အဆင့် အတန်းကို ဆက်လက် မြှင့်တင်သွားမည်ဖြစ်ပြီး အဓိကကျသော ကိစ္စရပ်များတွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေခြင်း မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းမှုနှင့် စံချိန်စံညွှန်းများ ဖလှယ်ခြင်းတို့ကို   တိုးမြှင့်သွားမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်စိုက်ပျိုးရေးနှင့် အစိမ်းရောင် စိုက်ပျိုးရေးနယ်ပယ်များတွင် ဒေသတွင်းဆိုင်ရာ စည်းမျဉ်းများနှင့် စံချိန်စံညွှန်းများကို ဦး ဆောင်  သတ်မှတ်သွားမည်ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာ မောင်းနှင်အားကို ပိုမို နက်ရှိုင်း စေပြီး စားနပ်ရိက္ခာဖူလုံရေး၊ ထူးခြားသော  ဒေသထွက်လုပ်ငန်းများနှင့် စမတ်စိုက်ပျိုးရေး ကဲ့သို့သော အဓိကနယ်ပယ်များကို အာရုံစိုက်ကာ စံပြစီမံကိန်းများကို တည်ဆောက် သွားမည် ဖြစ်သည်။ တစ်ဦးတည်းမူပိုင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မှသည် ပူးတွဲ သုတေသနပြုခြင်း၊  စံချိန်စံညွှန်းများ အတူတကွ သတ်မှတ်ခြင်းနှင့် အမှတ်တံဆိပ်များ ပူးတွဲ အသုံးပြုခြင်းစသည့် အသိပညာနှင့် အကျိုးအမြတ်များကို အတူတကွ မျှဝေ ခံစား နိုင်သည့် ပုံစံသို့ ကူးပြောင်းသွားမည်ဖြစ်သည်။ ကဏ္ဍစုံပါဝင်သော စီးပွားရေးနှင့် ကုန်သွယ်မှု  မြှင့်တင်ရေး ပလက်ဖောင်းတစ်ခုကို တည်ဆောက်ပြီး လန်ချန်း-မဲခေါင် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန၏ အခန်းကဏ္ဍကို အပြည့်အဝ အသုံးချကာ နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ တည်ဆောက်သွားမည်ဖြစ်ပြီး ဒေသထွက် ထူးခြားသော စိုက်ပျိုးရေး ထွက်ကုန်များကို အရည်အသွေးမြင့်မားသော၊ တန်ဖိုး မြင့်မားသောနှင့် အမှတ်တံဆိပ် ခိုင်မာသော  ထုတ်ကုန်များအဖြစ်သို့ ရောက်ရှိအောင် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်သည်။

လန်ချန်း-မဲခေါင် မြစ်တစ်စင်းတည်းက ခြောက်နိုင်ငံကို ပံ့ပိုးပေးနေသကဲ့သို့  ဆယ်စုနှစ် တစ်ခုကြာ အစွမ်းကုန် ကြိုးပမ်းအားထုတ်မှုများမှ   အခန်းကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ် ပေးခဲ့ပြီဖြစ်သည်။ အနာဂတ်သို့ မျက်နှာမူလျက် လန်ချန်း-မဲခေါင် ၆ နိုင်ငံသည် စိုက်ပျိုးရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ စားနပ်ရိက္ခာဖူလုံမှုကို အတူတကွ ကာကွယ် စောင့်ရှောက်ရန်နှင့် စက်မှုကဏ္ဍ ကြီးပွားထွန်းကားမှုကို အတူတကွ မြှင့်တင်ရန်အတွက် လက်တွဲဆောင်ရွက်သွားကြမည်ဖြစ်သည်။ ပိုမိုမြင့်မားသော ပူးပေါင်းဆောင်ရွက်မှုဖြင့် အေးအတူ ပူအမျှ လန်ချန်း-မဲခေါင် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးကာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အောင်မြင်မှု မှတ်တိုင်သစ်များကို ဆက်လက်ရေးထိုးသွားမည်ဖြစ်ပါသည်။