#World_Health
Published 03 February 2026
■ ဗိုက်တာမင်-ဘီ၁၂ နဲ့ ပတ်သက်လို့ ဖြည့်စွက်ဆေးတွေဟာ သက်သက်လွတ်လား မလွတ်လားဆိုတဲ့အကြောင်း လူတွေရှုပ်ထွေးနေကြပါတယ်။
■ သိပ္ပံနည်းပညာရှုထောင့်ကကြည့်ရင် ဗိုက်တာမင်-ဘီ၁၂က တိရိစ္ဆာန်တစ်ရှူးကနေ လာတာမဟုတ်ပါဘူးလို့ အာဟာရပညာရှင် ပါလက်နက်ပေါက ပြောပါတယ်။
■ ဖြည့်စွက်ဆေးတွေမှာ အသုံးပြုတဲ့ ဗိုက်တာမင်-ဘီ၁၂ က ဘက်တီးရီးယား အချဉ်ဖောက်ခြင်းကနေ ရရှိတာဖြစ်ပြီး ဘက်တီးရီးယားမျိုးနွယ်တွေက ဗိုက်တာမင်ကို ထုတ်လုပ်ပေးကာ လူတွေသုံးစွဲဖို့ သန့်စင်ရပါတယ်။
■ ဒါကြောင့် အသားတွေ၊ အင်္ဂါတွေ၊ တစ်ရှူးတွေ မပါဝင်ဘဲ ဘီ၁၂ မော်လီကျူးတွေဟာ သက်သက်လွတ်သဘော ဖြစ်နေပါတယ်။
■ သဘာဝအားဖြင့်တော့ ဗိုက်တာမင်-ဘီ၁၂ကို နို့ထွက်ပစ္စည်းများ၊ ငါး၊ အသားတို့မှာ တွေ့ရပြီး တိရိစ္ဆာန်တွေက ဘီ၁၂ ထုတ်လုပ်တဲ့ ဘက်တီးရီးယားကို စားသုံးခြင်း ဒါမှမဟုတ် အူလမ်းကြောင်းထဲမှာ ထုတ်လုပ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
■ အပင်အရွက်တွေမှာတော့ ဘီ၁၂ သဘာဝအတိုင်း မပါဝင်ဘဲ သက်သက်လွတ်သမားတွေမှာ ဘီ၁၂ ချို့တဲ့တတ်တာ ဖြစ်ပါတယ်။
■ ဒါကြောင့်ပဲ ဘီ၁၂ ဖြည့်စွက်ဆေးတွေဟာ သက်သက်လွတ်မဟုတ်ဘူးလို့ ယူဆစရာ ဖြစ်လာပါတယ်။
■ သုံးစွဲသူတွေအနေနဲ့ ဆေးဝယ်တဲ့အခါ သက်သက်လွတ်ဆေးတောင့်လို့ ရေးထားတဲ့ အမှတ်အသားတွေကို ဖတ်ရှုသင့်ပါတယ်။
■ အိန္ဒိယမှာ ဘီ၁၂ ချို့တဲ့မှု အဖြစ်များကြပြီး သွေးအားနည်းခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်းတို့လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာကြပါတယ်။
Source: India Today.
#World_Health
Published 03 February 2026
■ ညအိပ်တဲ့အခါ အသက်ရှူထုတ်ခြင်း၊ ချွေးထွက်ခြင်း၊ ဇီဝဖြစ်စဉ်တို့ကြောင့် ရေဓာတ်တွေ ဆုံးရှုံးပြီး အီလက်ထရိုလိုက်တွေ လျော့နည်းသွားပါတယ်။
■ ထိုအခါမှာ ရိုးရိုးရေသောက်တတ်ကြပြီး အချို့ဆိုရင် ဆားအနည်းငယ်ပါ ထည့်သောက်ကြပါတယ်။
■ ဆားထည့်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ရေဓာတ် ပြန်ဖြည့်နိုင်တဲ့ ဆိုဒီယံနဲ့ သတ္တုဓာတ်တွေ ရရှိစေတယ်လို့ မွမ်ဘိုင်းစင်ထရယ်မှ ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာ ဟန်နီဆက်ဗ်လာက ပြောပါတယ်။
■ ဆိုဒီယံနဲ့ ပိုတက်ဆီယံတို့က အာရုံကြောအချက်ပို့စနစ်တွေ၊ ကြွက်သားလှုပ်ရှားမှုတွေ၊ သွေးလှည့်ပတ်မှုတွေအတွက် မရှိမဖြစ် အရေးကြီးကာ ဒါတွေချို့တဲ့ပါက ပင်ပန်းနွမ်းနယ်ခြင်း၊ ထိုင်းမှိုင်းခြင်းတို့ ခံစားရတတ်ပါတယ်။
■ ဆားအနည်းငယ်ဖြင့် အစာခြေအင်ဇိုင်းများ၊ အစာအိမ်အက်ဆစ်တို့ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးကာ အူလမ်းကြောင်း ပြင်ဆင်စေပါတယ်။
■ အစာခြေစနစ် ချောမွေ့ပါက မနက်စာစားပြီးနောက် လေဖောတာမျိုး လျော့နည်းစေပြီး အူလမ်းကြောင်း လှုပ်ရှားစေပါတယ်။
■ အရည်တွေကို ခန္ဓာကိုယ်အနှံ့ ပျံ့စေပြီး မျက်နှာဖောင်းအစ်တာတွေ၊ ခြေလက်တို့မှာ ဖောရောင်တာတွေ လျော့နည်းစေပါတယ်။
■ အဓိကက သင့်တင့်ရုံ စားဖို့ဖြစ်ပြီး သွေးတိုး၊ ကျောက်ကပ်ပြဿနာ ရှိသူတွေကတော့ သတိပြုသင့်ပါတယ်။
■ ပမာဏနည်းနည်းကို ဖြည်းညင်းစွာ သောက်သင့်ပြီး ခန္ဓာကိုယ်ဘယ်လိုတုံ့ပြန်လဲဆိုတာကို စောင့်ကြည့်ရပါမယ်။
■ သေချာဂရုစိုက်ကျင့်သုံးရင် ရေဓာတ်ထိန်းသိမ်းခြင်း၊ အစာခြေခြင်း၊ စွမ်းအင်တို့ကို ထောက်ကူပေးနိုင်ပါတယ်။
Source: Indian Express
အင်ဒိုနီးရှား အနောက်ဂျာဗာပြည်နယ်မှ ပါဆီယာလန်ဂူရွာမှာ မြေပြိုခြင်းကြောင့် သေဆုံးသူစာရင်း ၅၀ အထိ တိုးမြင့်လာပြီး အယောက် ၃၀ ကိုတော့ သိရှိထားပြီလို့ ဒေသခံရဲတွေဆိုပါတယ်။
#Asia_Disaster
Published 02 February 2026
#အင်ဒိုနီးရှား #အနောက်ဂျာဗာပြည်နယ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 02 February 2026
■ အီရန်ခေါင်းဆောင်အကြီးအကဲ အယာတိုလာအလီခါမနီက အီရန်ကို ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို ဖြစ်လာပါက ဒေသတွင်းပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ သတိပေးလာပါတယ်။
■ အမေရိကန်ဟာ ထိုဒေသနားတဝိုက် တပ်အင်အားတွေ ဆက်လက်တိုးမြှင့်နေတာ ဖြစ်ပါတယ်။
■ အမေရိကန်တွေသာ စစ်ပွဲစတင်လိုက်မယ်ဆိုရင် ဒေသတွင်းစစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ခါမနီက တက်စ်နင်သတင်းဌာနကို ပြောသွားပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ အမှန်တကယ် ဆွေးနွေးမှုများ ပြုလုပ်နေပြီး လက်ခံနိုင်စရာတစ်ခုခု ရရှိလာမယ်လို့ မျှော်လင့်နေပါတယ်။
■ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီက အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူညီချက် ရရှိဖို့ ယုံကြည်နေကြောင်း CNN ကို ပြောထားပါတယ်။
■ ထရမ့်က အီရန်နျူကလီးယားအရေးအပေါ် ဝင်ရောက်စွက်ဖက်ဖို့ ခြိမ်းခြောက်ထားပါတယ်။
■ အာရက်ချီက အမေရိကန်ကို ညှိနှိုင်းရေးမိတ်ဖက်အဖြစ် ယုံကြည်မှုကျဆင်းလာပေမယ့် ဒေသတွင်းနိုင်ငံတွေနဲ့ အပြန်အလှန်ပေးပို့မှုတွေကနေ အမေရိကန်နဲ့ အကျိုးပြုဆွေးနွေးမှုများ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။
■ အမေရိကန်ဟာ အီရန်အနီးမှာ စစ်ရေးအင်အား ဖြန့်ကျက်ထားပြီး USS အေဘရာဟမ်လင်ကွန်းသင်္ဘောလည်း ပါဝင်ပါတယ်။
■ အီရန်တိုက်ခိုက်ခံရပါက ကမ္ဘာ့ရေနံကုန်သွယ်ရေးလမ်းကြောင်းကြီး တစ်ခုဖြစ်တဲ့ Hormuz ရေလက်ကြားကို ပိတ်ပစ်ဖို့ အီရန်က ခြိမ်းခြောက်နေပါတယ်။
■ အီရန်မှာ ဓာတ်ငွေ့ယိုစိမ့်မှုများကြောင့် ပေါက်ကွဲမှုများ ဖြစ်နေရာ လူတွေထိတ်လန့်နေရပါတယ်။
■ အီရန်အနေနဲ့ နျူကလီးယားလုပ်ငန်းများ ရပ်ဆိုင်းဖို့နဲ့ ဆန္ဒပြသူများကို ဖိနှိပ်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်က အလိုရှိနေပါတယ်။
Source: BBC
#World_Health
Published 2 Feb 2026
■ တစ်နေ့ကို ၅ မိနစ်ခန့် ပိုအိပ်ခြင်း၊ ၂ မိနစ်ခန့် ခပ်မြန်မြန်လမ်းလျှောက်ခြင်း လှေကားတက်ခြင်းတို့ဖြင့် အသက်တစ်နှစ် ပိုရှည်စေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
■ တစ်နေ့ကို ဟင်းသီးဟင်းရွက် တဝက်ပါအောင် စားသုံးပေးရင်လည်း အိပ်စက်မှု၊ လှုပ်ရှားမှု အဆိုးရွားဆုံးသူတွေမှာတောင် အသက်တစ်နှစ် ပိုရှည်စေတယ်လို့ လူပေါင်း ၆ သောင်းကို ၈ နှစ်ခန့် လေ့လာခဲ့ရာမှာ တွေ့ရှိခဲ့ပါတယ်။
■ အိပ်ချိန် ၇ နာရီ - ၈ နာရီခန့်အိပ်ခြင်း၊ မိနစ် ၄၀ ကျော် ပြင်းထန်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ကျန်းမာရေးညီညွတ်စွာ စားသုံးခြင်းတို့ဖြင့် ကျန်းမာရေးကောင်းမွန်စွာ နေထိုင်ရသလို အသက် ၉ နှစ်ကျော်လောက် ပိုရှည်စေနိုင်ကြောင်း eClinicalMedicine မှာ ဖော်ပြထားပါတယ်။
■ အိပ်စက်ချိန်၊ ကိုယ်လက်လှုပ်ရှားခြင်း၊ စားသောက်မှုပုံစံထိန်းသိမ်းခြင်းတို့ ပေါင်းစပ်ကျင့်ကြံခြင်းက တစ်ခုချင်း ပေါင်းတာထက် သက်ရောက်မှုပိုများကြောင်း ယူကေ၊ ဩစတြေးလျ၊ ချီလီ၊ ဘရာဇီးလ်တို့မှ သုတေသနအဖွဲ့က ဖော်ပြပါတယ်။
■ ဒါ့အပြင် တစ်နေ့ကို ၅ မိနစ်ခန့် ပိုပြီးလမ်းလျှောက်ပေးပါက အသက်ဆုံးပါးနိုင်ခြေကို ၁၀ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ပါတယ်။
■ တစ်နေ့ကို ဇိမ်ခံထိုင်ချိန် မိနစ် ၃၀ ခန့်လျှော့ချခြင်းဖြင့်လည်း အသက်ဆုံးပါးနိုင်ခြေ ၇ ရာခိုင်နှုန်းလောက် လျော့ကျစေတယ်လို့ အချက်အလက်တွေ တွေ့ရပါတယ်။
■ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုပုံစံကို အနည်းငယ်မျှပင် အပြုသဘောဆောင် ပြောင်းလဲခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူး အမျိုးမျိုး ရနိုင်တယ်ဆိုတဲ့ အထောက်အထား တွေ့နေရပါတယ်။
■ ဒီတွေ့ရှိချက်တွေဟာ တစ်ဦးတစ်ယောက်စီအတွက် ရည်ရွယ်တာမဟုတ်ဘဲ လူအားလုံးအတွက် ခြုံငုံထားတဲ့ အကျိုးကျေးဇူးတွေသာ ဖြစ်တယ်လို့ သတိပေးထားပါတယ်။
Source: NDTV
#World_Health
Published 2 Feb 2026
■ သက်ကြီးတွေမှာ အဆင့်ဆင့်ထုတ်လုပ်စားစရာများ လျှော့ချစားသုံးပါက ကျန်းမာရေးအတွက် ညီညွတ်မျှတစေပြီး ခန္ဓာကိုယ်တွင်းဖြစ်စဉ်များ တိုးတက်စေပါတယ်။
■ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေကို စက်ရုံထုတ်နည်းပညာများ၊ တာရှည်ခံဆေးများဖြင့် ထုတ်လုပ်ထားပြီး မုန့်ထုပ်များ၊ အသင့်စားအသားများ ပါဝင်ပါတယ်။
■ ဒါတွေကို များများစားရင် ကျန်းမာရေးဆိုးကျိုးဖြစ်စေတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။
■ လေ့လာချက်ထဲမှာ အဝလွန်ခြင်း၊ ဇီဝကမ္မဖြစ်စဉ်ရောဂါများ ရှိနေတဲ့ အသက် ၆၅ နှစ်နဲ့အထက် အမေရိကန်တွေကို အဆင့်ဆင့်ထုတ်လုပ်စားစရာ ပါဝင်မှုနည်းတဲ့ စားသောက်ပုံစံ ၂ မျိုးကို ၈ ပတ်စီ စားသုံးစေခဲ့ပါတယ်။
■ စုစုပေါင်း ၄၃ ဦးမှာ ၃၆ ဦးက လေ့လာချက်မှာ အပြည့်ပါဝင်ခဲ့ပါတယ်။
■ စားသုံးစေတဲ့ စားစရာတွေဟာ အမေရိကန် စားသောက်မှုပုံစံလမ်းညွှန်ချက်များနဲ့ ကိုက်ညီပြီး ကယ်လိုရီတွေ၊ အာဟာရဓာတ်ပမာဏတွေကတော့ အလားတူပဲ ဖြစ်ပါတယ်။
■ ထိုကာလအတွင်း စမ်းသပ်ပါဝင်သူတွေဟာ အဆင့်ဆင့်ထုတ်လုပ်စားစရာများ အလွန်နည်းပါးစွာ စားရသဖြင့် ကယ်လိုရီနဲ့ ကိုယ်အလေးချိန် လျော့နည်းစေခဲ့ပါတယ်။
■ ဒါ့အပြင် အင်ဆူလင် ကောင်းစွာအလုပ်လုပ်နိုင်ပြီး ဇီဝဖြစ်စဉ်တွေကို အထောက်အကူပြုမယ့် ဟော်မုန်းတွေ ထွက်စေခဲ့ပါတယ်။
■ ဒီလေ့လာချက်က သက်ကြီးရွယ်အိုတွေမှာ ကျန်းမာစွာ အိုမင်းလာဖို့က အရေးကြီးပုံကို ထောက်ပြနေပါတယ်။
■ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေ လျှော့စားခြင်းဖြင့် နာတာရှည်ရောဂါတွေကို လျှော့ချကာကွယ်နိုင်မလားဆိုတာကို လေ့လာချက်ကြီးကြီးမားမား ပြုလုပ်ဖို့ လိုပါသေးတယ်။
■ ဒါပေမဲ့ ဒီလိုစားစရာတွေ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်ပုံတွေကို လူတွေ နားလည်သိရှိစေဖို့ကတော့ အခက်အခဲတွေ ရှိနေပါတယ်။
Source: The Conversation.
၁။ အဓိက ပြဿနာ
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ကုလသမဂ္ဂ၏ ဘဏ္ဍာရေးစနစ် လုံးဝပြိုလဲသွားနိုင်ကြောင်း အရေးပေါ် သတိပေးလိုက်ပါပြီ။ လက်ရှိအခြေအနေမှာ အဖွဲ့ဝင်နိုင်ငံတွေဆီက ရဖို့ရှိတဲ့ အကြွေး (အဖွဲ့ဝင်ကြေး) မှာ ဒေါ်လာ ၁.၅၇ ဘီလီယံ အထိ စံချိန်တင် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
၂။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ
ပထမအချက်က အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲပါ။ အမေရိကန်သမ္မတထရမ့် လက်ထက်မှာ ကုလသမဂ္ဂကို ပေးသွင်းရမယ့် အဖွဲ့ဝင်ကြေးတွေကို ဖြတ်တောက်ထားတာ သို့မဟုတ် ဆိုင်းငံ့ထားတာက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ အမေရိကန်က စုစုပေါင်း ဒေါ်လာ ၄.၆ ဘီလီယံခန့် ပေးရန် ကျန်ရှိနေပါတယ်။ဒေါ်လာ ၁.၅၇ ဘီလီယံ ဆိုတာက "ပုံမှန်အသုံးစရိတ်" ထဲကို အဖွဲ့ဝင်နိုင်ငံတွေ ပေးသွင်းဖို့ ကျန်နေတဲ့ အကြွေးပါ။
ဒုတိယအချက်ကတော့ ကုလသမဂ္ဂ ရဲ့ ခေတ်မမီတော့တဲ့ စည်းမျဉ်းများ:လို့ ဂူတာရက်စ် တင်စားခဲ့တဲ့ ကုလသမဂ္ဂ၏ ဘတ်ဂျက်စည်းမျဉ်းများပဲဖြစ်ပါတဘ်။ အဲဒီစည်းမျဉ်းတွေအရ အဖွဲ့ဝင်နိုင်ငံတွေဆီကနေ ပိုက်ဆံအမှန်တကယ် မရသေးပေမယ့်လည်း ပိုလျှံငွေတွေကို ပြန်ပေးရမည့် စည်းမျဉ်းတွေကြောင့် ငွေသားပြတ်လပ်မှု (Liquidity Crisis) အခြေအနေကို ပိုမိုဆိုးရွားစေနေတာဖြစ်ပါတယ်။
၃။ ဘာတွေဖြစ်လာမလဲ
ဖြစ်လာမယ့် အကျိုးဆက်ကြီးတစ်ခုက လုပ်ငန်းတွေရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ တကယ်လို့ အကြွေးတွေမပေးတော့ဘူးဆိုရင် ၂၀၂၆ ဩဂုတ်လမှာ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်ကို ပိတ်ပစ်ရနိုင်ဖွယ်ရှိတဲ့အပြင် စက်တင်ဘာမှာ ကျင်းပမယ့် အထွေထွေညီလာခံကိုလည်း ဖျက်သိမ်းရနိုင်ပါတယ်။
နောက်တစ်ခုက ကမ္ဘာတစ်ဝှမ်းရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းတွေ ပြီးတော့ လူသားချင်းစာနာမှု အကူအညီများ ပေးနေတဲ့ လုပ်ငန်းတွေ အားလုံး ရပ်တန့်သွားနိုင်ပါတယ်။
၄။ဘာလုပ်ရမလဲ
ဂူတာရက်စ်က အဖွဲ့ဝင်နိုင်ငံတွေကို အဖွဲ့ဝင်ကြေးများကို အချိန်မီ အပြည့်အဝ ပေးသွင်းဖို့တော့ဆော်ဩနေပါတယ်။ပြီးတော့ ကုလသမဂ္ဂရဲ့ ငွေကြေးစီမံခန့်ခွဲမှု စည်းမျဉ်းများကို အကြီးအကျယ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုထားပါတယ်။ အချိန်မီပါ့မလားဆိုတာကတော့ စိုးရိမ်တကြီးစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
Source : Reuters and Agencies
Page 130 of 1238