#World_Health
Published 19 March 2026
■ ပင်ပန်းတဲ့အခါ ဖိစီးတဲ့အခါ မျက်လုံးညောင်းတဲ့အခါ အလိုလိုနေရင်း မျက်လုံးပွတ်မိတတ်ကြပါတယ်။
■ တစ်နည်းနည်းနဲ့တော့ နေလို့ထိုင်လို့ ကောင်းသွားတတ်ပါတယ်။
■ ဒါက ဘေးအန္တရာယ်မရှိဘူး ထင်ရပြီး မျက်နှာပြင်အောက်မှာ နောက်ထပ် ဖြစ်ပျက်တာတွေ ရှိပါတယ်။
■ မျက်လုံးကို ဖိပွတ်တဲ့အခါ မျက်လုံးအိမ်တဝိုက်မှ အာရုံကြောမျှင်တွေ လှုံ့ဆော်ပေးပြီး ဦးနှောက်သို့အချက်ပြကာ မျက်လုံးညောင်းခြင်း၊ ခြောက်သွေ့ခြင်း၊ နေရခက်ခြင်းတို့ကို သက်သာစေပါတယ်။
■ ခဏတာ ပွတ်ပေးလိုက်ရင် မျက်ရည်စီးဆင်းမှု ကောင်းစေသဖြင့် မျက်လုံးခြောက်သွေ့ခြင်းကို စိုစွတ်စေပြီး အမှုန်အမွှားတွေ ဖယ်ရှားနိုင်တယ်လို့ မျက်လုံးအထူးကု ဒေါက်တာ ပူရန်ဒရာဘာဆင်က ပြောပါတယ်။
■ မျက်ခွံနဲ့ တစ်ရှူးတွေကို ညင်သာစွာဖိအားပေးသဖြင့် မျက်လုံးတွေ ညောင်းညာနေတဲ့အခါ ကျေနပ်မှုရစေပါတယ်။
■ မျက်လုံးပွတ်ခြင်းက အဓိကအာရုံကြောမကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဗေးဂတ်စ်နာ့ဗ်ကို လှုံ့ဆော်ပေးပြီး နှလုံးခုန်နှုန်းလျော့စေကာ စိတ်တည်ငြိမ်မှု ခံစားရစေပါတယ်။
■ ဒါကြောင့် မျက်လုံးပွတ်လိုက်ရင် စိတ်ခံစားမှုအပိုင်းမှာ သက်သာရာရစေတဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။
■ ဒါပေမဲ့ မကြာခဏ အားပြင်းပြင်း ပွတ်နေမိရင် မျက်လုံးရှေ့က မျက်ကြည်လွှာ ပါးလွှာထိခိုက်နိုင်ပြီး အမြင်အာရုံ ယိုယွင်းစေနိုင်ပါတယ်။
■ ဒါ့အပြင် သွေးကြောငယ်လေးတွေ ပျက်စီးနိုင်ပြီး နီမြန်းတာတွေ ရောင်ရမ်းတာတွေ ဖြစ်နိုင်သလို လက်တွေမှာ ဘက်တီးရီးယားတွေ ဖုန်တွေ သယ်ဆောင်တာကြောင့် မျက်လုံးရောဂါပိုးဝင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Source: Indian Express