#WorldHealth
Published 27 April 2022
အမျိုးသမီးဆယ်လီအနုပညာရှင်တွေကြား လက်သည်းရှည်ထားခြင်းခေတ်စားလာပေမယ့် လက်သည်းရှည်တွေအောက်မှာ ဘက်တီးရီးယားနဲ့မှိမျိုးစိတ်အချို့ ခိုအောင်းနေနိုင်ကြောင်း ဇီဝဗေဒပညာရှင်တစ်ဦးက သတိပေးလိုက်ပါတယ်။
ဝါရှင်တန်ဒီစီရှိ အမေရိကန်တက္ကသိုလ်မှ ဇီဝဗေဒပညာရှင်ဒေါက်တာ'ဂျက်ဖရေးကပ္ပလန်'က လက်သည်းရှည်တွေဟာ မျက်စိနဲ့မမြင်ရတဲ့ပိုးမွှားတွေအတွက် ခိုလှုံရာနေရာများဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
နေ့စဉ်ထိတွေ့နေရတဲ့ပစ္စည်းတွေကနေ ကျွန်ုပ်တို့လက်သည်းတွေမှာ ဘက်တီးရီးယားပိုးမွှားတွေရှိနေနိုင်ပါတယ်။
ဒီပိုးမွှားတွေက အန္တရာယ်မဖြစ်စေတတ်ပေမယ့် ရောဂါပိုးကူးစက်ဝင်ရောက်ပြီဆိုရင်တော့ ဖောရောင်ခြင်း၊ နာကျင်ခြင်း၊ လက်သည်းထူခြင်းများ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါ့အပြင် ပိုးသတ်ဆေးယဉ်ပါးတဲ့ Steph aureus ပိုးမွှားဟာ အရေပြားရောဂါကူးစက်မှုဖြစ်ပွားနိုင်ပြီး လက်သည်းရှည်တွေအောက်မှာ ခိုအောင်းနေထိုင်ပါတယ်။
"လက်သည်းတွေအောက်မှာတွေ့ရတတ်တဲ့ ဘက်တီးရီးယား ၃၂ မျိုးနဲ့ မှိုကပ်ပါးမျိုး ၂၈ မျိုးတွေ့ရှိခဲ့ကြပါတယ်" လို့ 'ကပ္ပလန်'က USA Today ကိုပြောကြားခဲ့ပါတယ်။
လက်သည်းရှည်အစစ်တွေရော လက်သည်းတုတွေရော ဂျယ်လက်သည်းအမျိုးအစားတွေအားလုံးမှာ ဘက်တီးရီးယားတွေပိုမှို ပေါက်ဖွားနေနိုင်ပါတယ်။
လက်သည်းမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားလို့မရပါဘူး။ လက်သည်းကုတ်ခြင်း၊ လက်သည်းကိုက်ခြင်း၊ နှာခေါင်းနှိုက်ခြင်း၊ လက်ချောင်းစုပ်ခြင်းတို့ဖြင့် ဘက်တီးရီးယားက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာနိုင်ပါတယ်။
ဘက်တီးရီးယားတွေစုပြုံလာတဲ့အခါ ရောဂါကူးစက်မှုဖြစ်လာစေပြီး ပြင်းထန်တဲ့အခြေအနေတွေမှာ လက်သည်းပုံပျက်ခြင်းအထိ ဖြစ်တတ်ပါတယ်။
ကယ်ရိုလိုင်းနားတောင်ပိုင်းမှာ လက်သည်းအလှဆင်ပညာရှင်'ကေလာနယူးမန်း'ကတော့ ပရော်ဖက်ဆာတွေရဲ့ပြောကြားချက်ကို သဘောမတူခဲ့ဘဲ လက်သည်းတွေအောက်မှာ ပိုးမွှားနေထိုင်နိုင်ချေနည်းတယ်လို့ ဆိုခဲ့ပါတယ်။
"လက်သည်းရှည်ထားတဲ့သူတွေက သူတို့လက်သည်းကို ဘယ်လိုထိန်းသိမ်းရမလဲ သန့်ရှင်းရမလဲဆိုတာ သိကြပါတယ်။ လက်သည်းအလှပြင်ဖို့အတွက် ၆၀ ဒေါ်လာလောက်သုံးစွဲတဲ့သူတွေက လက်သည်းကိုသေချာသန့်ရှင်းအောင်မထားဘူးဆိုတာ ဖြစ်နိုင်ပါ့မလား" လို့ ထောက်ပြလိုက်ပါတယ်။
နာမည်ကြီးအဆိုတော် Cardi B နဲ့ Billie Eilish တို့က သူတို့ရဲ့လက်သည်းရှည်များကို ထင်သာအောင် ဓာတ်ပုံအရိုက်ခံခဲ့ကြပါတယ်။
ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က ပိုးမွှားတွေမခိုအောင်းနိုင်အောင် လက်သည်းရှည်မထားဖို့ အကြံပြုထားပြီး လက်သည်းအလှပြင်ပစ္စည်းတွေကိုလည်း မသုံးခင်နဲ့အသုံးပြုပြီးတိုင်း ပိုးသတ်သန့်စင်ဖို့ မှာကြားလိုက်ပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 27 April 2022
စမတ်လက်ပတ်နာရီများဝတ်ဆင်ခြင်းဖြင့် ကိုဗစ်ရောဂါလက္ခဏာအခြေအနေများကို ခြေရာခံစောင့်ကြည့်နိုင်မှာဖြစ်ပြီး ရောဂါဆိုးရွားခြင်းရှိ/မရှိဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း မီချီဂန်တက္ကသိုလ်မှသုတေသီများက Cell Reports ဂျာနယ်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။
သူတို့ရဲ့စမ်းသပ်လေ့လာမှုမှာ နှလုံးခုန်နှုန်းအပေါ်အခြေခံပြီး အချက် ၆ ချက်ဖြင့် ရောဂါအခြေအနေကို စောင့်ကြည့်လေ့လာတာဖြစ်ပါတယ်။
အဆိုပါနည်းလမ်းဖြင့် အခြားရောဂါများကိုလည်း ခွဲခြားသိရှိနိုင်သလို ကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုနည်းပါးတဲ့နေရာတွေမှာ ရောဂါဖြစ်ပွားမှုများကို ရှာဖွေသိရှိစေနိုင်မှာဖြစ်ပါတယ်။
စမ်းသပ်မှုပြုလုပ်ခဲ့ရာမှာ ကိုဗစ်လူနာတွေရဲ့နှလုံးခုန်နှုန်းက ရောဂါလက္ခဏာစတင်ပေါ်ပေါက်ပြီးနောက် နှလုံးခုန်နှုန်းမြန်ဆန်လာပြီး ချောင်းဆိုးလက္ခဏာရှိသူတွေဟာ အခြားသူတွေထက် နှလုံးခုန်နှုန်းသိသိသာသာမြန်ဆန်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
သင်္ချာပရော်ဖက်ဆာနဲ့ ဆေးသိပ္ပံနဲ့ဇီဝနည်းပညာသုတေသနပရော်ဖက်ဆာဖြစ်သူ 'ဒန်နီယယ်လ်ဖော်ဂျာ'က ဒီတွေ့ရှိချက်တွေကို အသေးစိတ်ရှင်းပြခဲ့ပါတယ်။
"ကိုဗစ်ရောဂါက ဇီဝဆိုင်ရာလုပ်ငန်းဆောင်တာများကို နှောင့်နှေးစေပါတယ်။ လှုပ်ရှားမှုအပေါ်မူတည်ပြီး နှလုံးခုန်နှုန်းတုန့်ပြန်မှုပြောင်းလဲခြင်း၊ အခြေခံနှလုံးခုန်နှုန်းပြောင်းလဲခြင်း၊ စိတ်ဖိစီးမှုလှုံ့ဆောင်ခြင်းများ ဖြစ်ပေါ်လာစေပါတယ်။ ကျွန်တော်တို့က ခန္ဓာကိုယ်အလုပ်လုပ်ပုံဇီဝကမ္မဖြစ်စဉ်များကို သိရှိနားလည်ပြီး သင်္ချာနည်းပညာတွေဖြင့် လက်ပတ်နာရီပစ္စည်းတွေကနေ အချက်အလက်တွေပိုမိုသိရှိပါတယ်" လို့ ရှင်းပြပါတယ်။
အဆိုပါ အတိုင်းအတာအချက်အလက်တွေက လူနာတွေရဲ့ကျန်းမာရေးအခြေအနေကို တိတိကျကျ တွက်ချက်ပေးနိုင်ကြောင်း မီချီဂန်တက္ကသိုလ်မှသုတေသီများကတွေ့ရှိခဲ့ကြပါတယ်။
လူတစ်ဦးရဲ့ ခန္ဓာကိုယ်တွင်း နေ့ညပုံမှန်လည်ပတ်မှုကို ခန့်မှန်းတွက်ချက်ကြည့်ရာမှာ ကိုဗစ်ရောဂါလက္ခဏာစတင်ပေါ်ပေါက်ပြီးနောက် နှလုံးခုန်နှုန်းမြန်လာခြင်း၊ ချောင်းဆိုးဝေဒနာရှိသူတွေမှာ နှလုံးခုန်ပိုမြန်ခြင်း၊ ကိုဗစ်ရောဂါကူးစက်သူတွေမှာ ခန္ဓာကိုယ်တွင်းနေ့ညပုံမှန်လည်ပတ်မှု ချို့ယွင်းလာခြင်း၊ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ အက်ဒီနိုဆင်းဟော်မုန်းမြင့်တက်လာခြင်းကြောင့် ပုံမှန်အခြေခံနှလုံးခုန်နှုန်းအပြောင်းအလဲဖြစ်ခြင်းတိုကိုပါ တွေ့ရှိခဲ့ကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#WorldPolitics
Published 26 April 2022
ဖိလစ်ပိုင်အာဏာရှင်ဟောင်း'ဖာဒီနန်မားကိုစ်'ရဲ့သားဖြစ်သူဟာ မေလ ၉ ရက်နေ့သမ္မတရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုပါက လက်ရှိအာဏာရနေတဲ့'မားကိုစ်'မျိုးဆက်တွေဆက်လက်အာဏာတည်မြဲနေဦးမှာဖြစ်ပါတယ်။
#Yangon_Media_Group
Published 26 April 2022
၁၁၉နှစ်ရှိ ကမ္ဘာ့အသက်အရှည်ဆုံး ဂျပန်အဘွားအို ကွယ်လွန်သွားပြီးနောက် အသက် ၁၁၈နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံမှ ခရစ်ယာန်သီလရှင် စစ္စတာ အင်ဒရေးဟာ ကမ္ဘာ့အသက်အရှည်ဆုံးလူသားဖြစ်လာပါတယ်။
အသက်အရှည်ဆုံးဖြစ်ရတာ ဂုဏ်ယူစရာကောင်းပေမယ့် ဒီဂုဏ်ထူးပေးခဲ့တဲ့ အခြးသူတစ်ဦးဦးကို သူပြန်ပေးချင်တယ်လို့ စစ္စတာ အင်ဒရေးကပြောပါတယ်။
Source AFP
Published 26 April 2022
တွစ်တာကို ဘယ်သူကပဲ ပိုင်ပိုင် ဘယ်သူပဲလည်ပတ် လည်ပတ် အရေးမကြီးပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေရဲ့ အရှိန်အဝါနှင့်ပတ်သက်လို့တော့ စိတ်ပူကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ အီလွန် မတ်ခ်က တွစ်တာကို ဒေါ်လာ၄၄ ဘီလျံပေးဝယ်ဖို့သေချာသွားပြီးနောက် ဘိုင်ဒင်က အခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
Source AFP
Published 26 April 2022
ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်ဟု ယုံကြည်ရတဲ့ ဂျပန်အဘွားအိုတစ်ဦးဟာ တနင်္လာနေ့က အသက်၁၁၉နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ ဂျပန်ရုပ်သံ NHKက သတင်းထုတ်လွှင့်သွားပါတယ်။
ကိန်းတာနာကာလို့ ခေါ်တဲ့ အဲဒီအဘွားအိုဟာ ၁၉၀၃ခုနှစ် ဇန်နဝါရီ (၂)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီနှစ်ဟာ ရိုက်ညီအစ်ကိုဟာ သူတို့ရဲ့မော်တာတပ်လေယာဉ်ပျံတစ်စီးကို ပထမဆုံးမောင်းနှင့်ပျံသန်းကြည့်တဲ့ နှစ်ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်က တာနာကာကို ဂင်းနက်ကမ္ဘာ့မှတ်တမ်းက အသက်အကြီးဆုံး အသက်ရှင်နေထိုင်သည့် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အဘွားဟာ ဂျပန်နိုင်ငံ အနောက်ပိုင်း ဖူကူအိုကာရှိ ဆေးရုံတစ်ရုံမှာ အသက်အရွယ်ကြီးရင့်လို့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ အဘွားရဲ့ဘဝတလျောက် ချောကလက်နှင့် အမြှပ်ထတဲ့အရည်တွေကို နှစ်သက်တယ်လို့လည်း NHK က ပြောပါတယ်။
ဂျပန်နိုင်ငံဟာ ခပ်မြန်မြန်အသက်အရွယ်ကြီးရင့်သူတွေရဲ့ လူဦးရေဟာ လျော့ပါးလာနေပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာအထိ အသက်တစ်ရာတန်းလူဦးရေ ၈၆၁၅၀ ဦးရှိပြီး (၁၀) ဦးမှာ (၉)ဦးဟာ အမျိုးသမီးတွေဖြစ်ပါတယ်။
Source Reuters


#DailyNews
Published -26 April 2022
၁။ ရှေးဟောင်းဘုရားစေတီများရှိရာမွန်ပြည်နယ်၏အကြီးဆုံးထုံးကျောက်ဂူကို သွားရောက်လေ့လာခွင့် ပိတ်မထား။
၂။ Tourist Visa ဖွင့်ပေးဖို့ကျန်ရှိနေသေး၍ ပုဂံကို နိုင်ငံခြားသားဧည့်သည်မဝင်သေး။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဖိလစ်ပိုင်အာဏာရမင်းဆက်များက နိုင်ငံ့အုပ်ချုပ်ရေးပိုင်းကိုချုပ်ကိုင်ခြယ်လှယ်ထား...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1098 of 1180