#World_Science
Published 7 September 2022
အသုံးပြုပြီးသား စွန့်ပစ်ပလတ်စတစ်ဗူးတွေကနေ စိန်ကျောက်ပြုလုပ်နိုင်မယ့်နည်းလမ်းကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါပြီ။
ဒီနည်းပညာဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို လျှော့ချလာနိုင်ပြီး ပြန်လည်ထုတ်ယူမယ့် နာနိုစိန်(အလွန်သေးငယ်သော စိန်မှုန့်)များကို အကျိုးရှိတဲ့နေရာတွေမှာ အသုံးပြုနိုင်မှာပါ။
ကယ်လီဖိုးနီးယားရှိ SLAC National Accelerator ဓာတ်ခွဲခန်းမှသုတေသီများက နက်ပ်ကျွန်းဂြိုဟ်နဲ့ ယူရေးနပ်စ်ဂြိုဟ်တို့မှာ ဖြစ်ပေါ်တဲ့ စိန်မိုးရွာသွန်းတဲ့ဖြစ်စဉ်အတိုင်း ပုံဖော်သွားဖို့ ရည်မှန်းထားပါတယ်။
ဒီဂြိုဟ်တွေမှာ အပူချိန်ဒီဂရီဆဲလ်စ်းယပ်စ်ထောင်ပေါင်းများစွာ ရှိနေပြီး ကမ္ဘာမြေပေါ်မှ လေထုဖိအားထက် အဆသန်းပေါင်းများစွာပိုများပါတယ်။
ဒီအခြေအနေတွေကနေ ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်းပြိုကွဲစေပြီး ကာဗွန်အစိတ်အပိုင်းတွေကို စိန်များဖြစ်တဲ့အထိ ဖိအားပေးလိုက်ရပါတယ်။
သိပ္ပံပညာရှင်တွေက ဟိုက်ဒရိုကာဗွန်ဖြစ်တဲ့ ပိုလီအက်သလင်းတဲရပ်သာလိတ်(PET) ကို စွမ်းအားမြင့်လေဆာပစ်ကာ စိန်တည်ဆောက်ပုံများ ဖြစ်ပေါ်လာတာကို တွေ့ရှိခဲ့ကြပါတယ်။
စိန်ဖြစ်ပေါ်မှုအတွက် PET က ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်တိုကြား ဟန်ချက်ညီအောင် ပြုလုပ်ပေးကြောင်း ရော့စတော့ခ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ဒိုမီနစ်ခရော့စ်'က ပြောပြပါတယ်။
၂၀၁၇ ခုနှစ်တုန်းက SLAC အဖွဲ့က ပိုလီစတိုင်ရင်းကို လေဆာပစ်ပြီး စိန်မိုးရွာခြင်းဖြစ်စဉ်ကို ပထမဆုံးအောင်မြင်စွာ ပုံဖော်နိုင်ခဲ့ပါတယ်။
နက်ပ်ကျွန်းနဲ့ ယူရေးနပ်စ်ဂြိုဟ်တို့မှာ နာနိုစိန်ဖြစ်တည်မှုအပေါ် မည်သည့်အရာများက သက်ရောက်နေသလဲဆိုတာကို သိပ္ပံပညာရှင်များက သိချင်နေခဲ့ကြပါတယ်။
SLAC က စွမ်းအားမြင့်လေဆာဖြင့် အပူချိန် ၆ ထောင်ဒီဂရီဆဲလ်စီးယပ်စ်ရရှိအောင် အသုံးပြုခဲ့ကြပါတယ်။
အဲဒီကနေ ပလတ်စတစ်ပစ္စည်းအပေါ်ကို အလွန်တိုတောင်းတဲ့ စက္ကန့်ပိုင်းအတွင်း လေထုဖိအား အဆသန်းပေါင်းချီတဲ့ ဖိအားမျိုးပေးလိုက်ပါတယ်။
အိတ်စ်ရေးအလင်းယိုင်နည်းလမ်းဖြင့် အသုံးပြုကာ အက်တမ်တွေကနေ စိန်လေးတွေဖြစ်ပေါ်လာပုံနဲ့ အချိန်တိုအတွင်း ဘယ်လောက်ကြီးမားတဲ့အထိ ဖြစ်လာသလဲဆိုတာကို စောင့်ကြည့်ခဲ့ကြပါတယ်။
အောက်ဆီဂျင်ရဲ့သက်ရောက်မှုက ကာဗွန်နဲ့ဟိုက်ဒရိုဂျင်ပြိုကွဲမှုကို မြန်ဆန်စေပြီး နာနိုစိန်များဖြစ်ပေါ်လာပုံကို အားပေးပါတယ်။
ဓာတ်ခွဲခန်းထဲမှာထုတ်လုပ်တဲ့ စိန်တွေထက် နက်ပ်ကျွန်းဂြိုဟ်နဲ့ ယူရေးနပ်စ်ဂြိုဟ်တို့က စိန်တွေက ကာရက်သန်းနဲ့ချီရှိနိုင်ကြောင်း ခန့်မှန်းရပါတယ်။
စိန်ဖြစ်ပေါ်မှုအတွင်း အောက်ဆီဂျင်ပါဝင်တာကြောင့် အခြားဂြိုဟ်တွေမှာလည်း သူတို့အခြေအနေနဲ့သူတို့ စိန်တွေဖြစ်ပေါ်နေနိုင်ပါတယ်။
အခုအချိန်မှာတော့ နာနိုစိန်တွေရရှိဖို့ ကာဗွန်အများအပြားနဲ့ စိန်တွေကိုဖောက်ခွဲပစ်ရပြီး အရွယ်အစားမတူညီကြတဲ့ နာနိုစိန်တွေဖြစ်ပေါ်လာကာ ကိုင်တွယ်ရခက်ခဲပါတယ်။
အခုလေ့လာနေတဲ့ လေဆာနည်းပညာကတော့ အခြားနည်းလမ်းများထက် ပိုမိုမြန်ဆန်ပြီး ထိန်းချုပ်ရလွယ်ကူကာ ပိုမိုသန့်စင်တဲ့နာနိုစိန်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 7 September 2022
အူထဲရှိ အဏုဇီဝပိုးတွေဟာ အိပ်စက်ပုံမမှန်ခြင်း၊ ခရီးပန်းခြင်း၊ အစားအစာမှတဆင့် ကူးစက်တဲ့ရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ဖွယ်ရှိပြီး ဓာတုကုထုံးရလာဒ်များကို တိုးတက်ကောင်းမွန်စေနိုင်ဖွယ်ရှိကြောင်း ဗာဂျီးနီးယားဆေးပညာတက္ကသိုလ်မှ သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
ဗာဂျီးနီးယားတက္ကသိုလ်မှ ဒေါက်တာ'ရှောင်မော'နဲ့ ဒေါက်တာ'ဂျေဆန်ပါပင်'တို့ဦးဆောင်တဲ့ သုတေသီအဖွဲ့က ကွန်ပျူတာစနစ်ဖြင့် ပုံဖော်ကာ အူထဲက ပိုးမွှားလေးတွေက အူလမ်းကြောင်းဆဲလ်များရဲ့ လည်ပတ်ပုံကို တိုက်ရိုက်သက်ရောက်နေခြင်းကို ကြည့်ရှုခဲ့ကြပြီး Gastroenterology ဂျာနယ်မှာ စနေနေ့က ဖော်ပြခဲ့ပါတယ်။
အူထဲက ဘက်တီးရီးယားများဖြစ်တဲ့ E. plexicaudatum ၊ Pseudoflavonifactor နဲ့ P. goldsteinii တို့က အက်ဆစ်များထုတ်လွှတ်ကာ အူနံရံတွေဆဲလ်တွေ အလုပ်လုပ်ဆောင်စေပြီး ဆဲလ်လည်ပတ်ပုံကို ပြန်လည်စတင်ပေးပါတယ်။
အက်ဆစ်တွေက ၂၄ နာရီကာလတလျှောက် ဇီဝလိုအပ်ချက်များအရ ဒီလုပ်ဆောင်ချက်တွေကို ဖွင့်ချည်ပိတ်ချည် ပြုလုပ်ပေးပါတယ်။
ဒီလုပ်ငန်းစဉ်တွေ အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အခါ အူရောင်ခြင်း၊ ဝမ်းလျှောခြင်း၊ ပြည်တည်ခြင်း၊ အဝလွန်ခြင်းနဲ့ အခြားကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်ပါတယ်။
အခုလေ့လာချက်အသစ်က ဆရာဝန်တွေအနေနဲ့ အူထဲရှိအဏုဇီဝပိုးမွှားများကို ပစ်မှတ်ထားပြီး ရောဂါဘယများနဲ့ ခရီးပန်းခြင်းဝေဒနာတို့ကို ကာကွယ်စေနိုင်ကာ ကျန်းမာရေးကောင်းမွန်လာစေရန် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
ကွန်ပျူတာစနစ်ကိုအသုံးချပြီး ဘယ်ဇီဝဖြစ်စဉ်ပစ္စည်းတွေက ခန္ဓာကိုယ်တစ်နေ့တာလည်ပတ်မှုအတွက် အရေးကြီးဆုံးဖြစ်မလဲဆိုတာကို သုတေသီများသိရှိနိုင်မှာဖြစ်ပါတယ်။
"ဇီဝဗေဒဆိုတာက အချက်အလက်အလွန်များပြားစွာလိုအပ်ပြီး ကွန်ပျူတာစနစ်ဖြင့် အဏုဇီဝနဲ့ လူသားတွေရဲ့ ဇီဝကမ္မစနစ်တွေကို နားလည်နိုင်ရန် အသုံးပြုဖို့လိုအပ်ပါတယ်၊ ဒီစနစ်တွေနဲ့ ရှုပ်ထွေးလှတဲ့ ဇီဝအချက်အလက်တွေကို သိရှိအောင်ပြုလုပ်ပေးပြီး လူတွေမသိနိုင်သေးတဲ့အရာတွေကိုတောင် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်" လို့ ဒေါက်တာ'ပါပင်'က ဆိုပါတယ်။
တိုးတက်လာတဲ့ ကွန်ပျူတာသိပ္ပံအချက်အလက်များကို အသုံးချနိုင်ရင် ဇီဝဆေးသုတေသနလောကက အလွန်အလားအလာရှိပါတယ်လို့ ပြောပြခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Rights
Published 6 September 2022
ချီလီနိုင်ငံမှ အာဏာရှင်ဟောင်း'အော်ဂတ်စ်တိုပီနိုချက်'လက်ထက်က ချမှတ်ခဲ့တဲ့ လက်ရှိအခြေခံဥပဒေဖွဲ့စည်းပုံအရ ရေဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် ထာဝရခွင့်ပြုခဲ့ပါတယ်။
#Yangon_Media_Group
Published 6 Sept 2022
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်မှာ ၆.၈ပြင်းအားအဆင့်ရှိတဲ့ ငလျင်ကြီး စက်တင်ဘာ ၅ ရက် မနက်က လှုပ်ရှားသွားတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ဝန်ထမ်း ၆၅၀၀ကျော်ကို ငလျင်ဒဏ်ခံရတဲ့ဒေသတွေကို စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောပါတယ်။
တနင်္လာနေ့ မနက်အကူး ဘေဂျင်းစံတော်ချိန် ည၁၂နာရီ ၅၂ မိနစ်မှာ အဲဒီငလျင်ကြီးဟာ လူဒင်းခရိုင်မှာ လှုပ်ရှားခဲ့တာဖြစ်တယ်လို့ တရုတ်ငလျင်ကွန်ယက်စင်တာကသိရပါတယ်။
ငလျင်ကြောင့် ယခုထက်ထိ သေဆုံးသူပေါင်း ၆၅ ဦးရှိပြီဖြစ်ပါတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ၃၇ ဦးဟာ ဂန်ဇီတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဖြစ်ပြီး ကျန် ၂၈ ဦးက ရှီမီယန်ခရိုင် ယန်းအန်မြို့က ဖြစ်ကြပါတယ်။
စီချွမ်းက ငလျင်ကယ်ဆယ်ရေးဌာနချုပ် က အထွေထွေလေကြောင်းသုံး ရဟတ်ယာဉ်လေးစီးနှင့် ဒရုန်းကြီးနှစ်စီးကို လူဒင်းနှင့် ရှီမီယမ်ဒေသတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ပေးပို့ခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ ဒေသဆိုင်ရာအစိုးရတွေဟာ ဗဟိုအစိုးရ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ရဟတ်ယာဉ်ကြီးတွေနှင့် အကြီးစားယန္တယားတွေကို လူဒင်းမှာရှိတဲ့ ငလျင်ကြောင့်ဖြစ်လာတဲ့ အတားအဆီးကန်တွေ ဆီစေလွှတ်ဖို့ ဆောင်ရွက်နေကြပါတယ်။
လူဒင်းက ဒီတာအိုမြို့မှာ ငလျင်ကြောင့် မြေပြိုကျမှုတွေဖြစ်ပြီး လမ်းတွေပျက်စီးခဲ့ရတဲ့အတွက် သွားလာမှုတွေ ရပ်တန့်ခဲ့ကြရပါတယ်။ အဲဒါကြောင့် ဒေသခံတွေလည်း ပိတ်မိနေပါတယ်။
ဒေသခံ မီးသတ်ဌာနဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့နေရာတွေဆီချက်ခြင်းသွားရောက်ပြီး ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်နေကြပါတယ်။
ယခုအင်္ဂါနေ့ မနက်၁၁နာရီ ၅၀ အထိ စီချွမ်းပြည်နယ် သစ်တောမီးသတ်ဌာနဟာ ဒဏ်ရာရသူ (၆)ဦးအပါအဝင် လူ ၁၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Source: CCTV+
#Sichuan_Province
#China_Earthquake
#China
Published 6 Sept 2022
အမေရိကန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှုဟာ ဆယ်စုနှစ်လေးခုအတွင်း အမြင့်မားဆုံးအခြေအနေသို့ ရောက်ရှိနေပါတယ်။ အဲဒီအခြေအနေကို လျော့ပါးစေဖို့ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန်က ငွေကြေးဖောင်းပွမှုလျှော့ချရေး အက်ဥပဒေကို ဩဂုတ်လ ၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။
အမေရိကန်ရဲ့ ၂၀၂၂ ခုနှစ် ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေဟာ
ပြည်တွင်းစွမ်းအင်ထုတ်လုပ်မှုတွင် ရင်းနှီးမြုပ်နှံပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးကုန်ကျစရိတ်များကိုလျှော့ချနေစဉ်လိုငွေပြမှုနှင့် ငွေကြေး ဖောင်းပွမှု ကို လျှော့ချနိုင်ဖို့ ပုံစံချရေးဆွဲထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအက်ဥပဒေဟာ အမေရိကန်ရှိ အိမ်ထောင်စုတွေအပေါ် အခက်အခဲများဖြစ်ပေါ်စေလျက်ရှိတဲ့ ဈေးနှုန်းမြင့်တက်မှုကို အမှန်တကယ်ထိန်းညှိပေးနိုင်မလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
သမ္မတ ဂျော့ဂ်ျ ဒဗလျူ. ဘုရှ်ရဲ့ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ နောက်ပိုင်းမှာ CBO ရဲ့ ဒါရိုက်တာဖြစ်လာခဲ့သူ ဒေါဂလက်စ် ဟို့ဇ်-အီကင်က ‘ကျန်းမာရေးစောင့်ရှောက်မှုရဲ့ ထောက်ပံ့ပေးမှုဟာ ဆေးဝါးအချို့ရဲ့ ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်မှာဖြစ်ပေမယ့်လည်း ဆေးဝါးအသစ်များရဲ့ ဖွံ့ဖြိုးတိုးတက်မှုများကိုတော့ နှောင့်နှေးစေဖွယ်ရှိနေပြီး၊ ဆေးဝါးကုမ္ပဏီများမှာ ရင်းနှီးမြှုပ်နှံမှုအသစ်များကို လျော့ကျစေနိုင်တယ်’ လို့ စောဒကတက်ထားပါတယ်။
ဥပဒေမှာ အားနည်းချက်တွေလည်းရှိနေပြီး ဓာတ်ငွေ့နဲ့ အစားအစာဈေးနှုန်းများ မြင့်တက်မှု၊ ငှားရမ်းခနဲ့ စားသောက်ဆိုင် အစားအစာဈေးနှုန်းများ မြင့်တက်မှုတို့ကိုတော့ တိုက်ရိုက်ကိုင်တွယ်ဖြေရှင်း နိုင်ဖွယ်မရှိသေးပါဘူး။ထို့အတွက် ကဏ္ဍစုံမှာ ငွေကြေးဖောင်းပွမှုတိုက်ဖျက်ရေးအတွက်တော့ ထိရောက်ဖွယ်ရှိမလာနိုင်သေးပါဘူး။
ဆန်းစစ်သုံးသပ်မှုများအရတော့ ဥပဒေဟာ အမေရိကန်အိမ်ထောင်စု သန်းပေါင်းများစွာအတွက် ဆေးဝါးနဲ့ စွမ်းအင်ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မှာဖြစ်ပြီး၊ စုဆောင်းငွေများကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ အဆိုပါပစ္စည်းတွေဟာ အိမ်ထောင်စုတွေရဲ့ ဘတ်ဂျက်မှာ အနည်းငယ်မျှသာနေရာယူထားတာဖြစ်ပါတယ်။ အမေရိကန် စားသုံးသူဈေးနှုန်း အညွှန်းကိန်းမှာတော့ ဆေးဝါးများဟာ အသုံးစရိတ်ရဲ့ ၁ ရာခိုင်နှုန်းသာရှိနေပြီး၊ လျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့အသုံးပြုမှုများကတော့ ၃ ဒဿမ ၆ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်ပါတယ်။
ထောက်ပံ့မှုများကိုရရှိမယ့် အိမ်ထောင်စုများဟာ ငွေတွေကို အခြားနေရာများဖြစ်ကြတဲ့ ငှားရမ်းခများပေးဆောင်မှု၊ ဓာတ်ငွေ့နဲ့ အစားအစာများ ဝယ်ယူမှုတို့မှာ အသုံးပြုလာဖွယ်ရှိတဲ့အတွက်လည်း ဈေးနှုန်းများမကျဆင်းသရွေ့ ငွေကြေးဖောင်းပွမှုဟာ ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိနေပါတယ်လို့ဆိုပါတယ်။
ရီပတ်ဘလစ်ကန်များဘက်ကတော့ သမ္မတ ဂျိုး ဘိုင်ဒန်ရဲ့ ဆောင်ရွက်မှုများကို သက်တမ်းဝက် ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ ကြိုးပမ်းမှုများလို့ ရှုမြင်ပြီး၊ အမှန်တကယ်လည်း သမ္မတ ဘိုင်ဒန်အပေါ် ကျဆင်းနေတဲ့ ထောက်ခံမှုများဟာ ယခုဥပဒေကြောင့် ပြန်လည်မြင့်တက်လာနိုင်ချေရှိနေပါတယ်။
အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့တဲ့ ငွေကြေးဖောင်းပွမှုလျှော့ချရေး ဥပဒေအပေါ် အလုံးစုံသုံးသပ်ရမယ်ဆိုရင်တော့ အမေရိကန်နိုင်ငံမှာ ဆယ်စုနှစ်လေးခုအတွင်း အမြင့်မားဆုံးဖြစ်လာခဲ့တဲ့ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရေးအတွက် ကဏ္ဍစုံမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု မရှိနိုင်သေးဘဲ ကဏ္ဍအနည်းအကျဉ်းမှာသာ အနည်းငယ် အကျိုးသက်ရောက်နိုင်တဲ့အတွက် ဒါဟာ သက်တမ်းဝက် ရွေးကောက်ပွဲအတွက် ထောက်ခံမှုရရှိရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်ဖွယ်ရှိနေပါတယ်။
Source: VOA
#Inflation_Reduction _Act
#US_Inflation
#US_Mid_term_Elections
#DailyNews
Published _ 6 September 2022
၁။ သြဂုတ်လအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၅၀၀၀၀ ကျော်တင်ပို့ခဲ့
၂။ အမြန်လမ်း နေရာ ၅ ခုတွင် လျှပ်စစ်ယာဉ်သုံး Charging Station များ လပိုင်းအတွင်း တည်ဆောက်မည်
၃။ တနင်္သာရီပြတိုက်တွင် အဖိုးတန်ပစ္စည်းများ ပြသနိုင်အောင် ဆောင်ရွက်ပေးရန်လိုဟုဆို
၄။ ရေရပိုင်ခွင့်ကို ပုဂ္ဂလိကလုပ်ငန်းများလက်ကနေ လူ့အခွင့်အရေးထံ ရောက်ရှိစေမည့် အခြေခံဥပဒေမူကြမ်းအသစ်အား ချီလီတွင်တင်သွင်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Disaster
Published 6 September 2022
'ဟင်နမ်နော' တိုင်ဖွန်းမုန်တိုင်းဟာ အင်္ဂါနေ့အစောပိုင်းက တောင်ကိုရီးယားနိုင်ငံကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ရာ ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ပြီး လူတစ်ဦးပျောက်ဆုံးနေကြောင်း သိရှိရပါတယ်။
ပျက်စီးဆုံးရှုံးမှုအနည်းငယ်ရှိခဲ့ပြီး ပင်လယ်ဘက်သို့ ပြန်ထွက်သွားပြီလို့ သတင်းပေးပို့လာကြပါတယ်။
ဒီတိုင်ဖွန်းမုန်တိုင်းဟာ ဆယ်စုနှစ်များအတွင်း တောင်ကိုရီးယားနိုင်ငံကို ရိုက်ခတ်လာတဲ့ အင်အားအကြီးဆုံးမုန်တိုင်းတွေထဲက တစ်ခုဖြစ်ကာ နိုင်ငံတောင်ပိုင်းရှိ ဂျယ်ဂျူကျွန်းကို ညပိုင်းမှာရိုက်ခတ်ပြီးနောက် ဘူဆန်ဆိပ်ကမ်းမြို့အနီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပါတယ်။
ဘူဆန်အနီးမှာ မိုးသည်းထန်စွာရွာသွန်းပြီး လှိုင်းလုံးကြီးများရိုက်ခတ်ကာ ကမ်းခြေရှေ့နားရှိ လမ်းတွေနဲ့ဆိုင်တွေကို ဖျက်ဆီးသွားပါတယ်။
မုန်တိုင်းက ကုန်းတွင်းသို့ရိုက်ခတ်စဉ်မှာ တစ်စက္ကန့်ကို ၄၃ မီတာနှုန်းရှိခဲ့ကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။
အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးက အူလ်ဆန်အရှေ့ကမ်းရိုးတန်းမြို့မှာ မိုးရေတွေထဲစီးမြောပါသွားပြီးနောက် ပျောက်ဆုံးနေခဲ့ကြောင်း ဗဟိုဘေးအန္တရာယ်နဲ့ ဘေးကင်းစီမံရေးဌာနချုပ်က ပြောပြခဲ့ပါတယ်။
အာဏာပိုင်များက ကြိုတင်ကာကွယ်တဲ့အနေနဲ့ နိုင်ငံတဝန်းရှိ ကျောင်း ၆၀၀ ကျော်နဲ့ ပြည်တွင်းလေကြောင်းခရီးစဉ် ၂၅၀ ကို အရေးပေါ်ပိတ်သိမ်းခဲ့ပေမယ့် မုန်တိုင်းက ဂျပန်ဘက်ကိုဦးတည်ထွက်ခွာသွားတာကြောင့် အင်္ဂါနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
မြောက်ကိုရီးယားမှာလည်း မုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခံနိုင်ရန် ခေါင်းဆောင်'ကင်မ်ဂျုံအန်း'က ပြုံယမ်းမှာ အစည်းအဝေးပြုလုပ်ကာ သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ ကြိုးပမ်းနေပါတယ်။
သဘာဝဘေးကို တုံ့ပြန်ထိန်းသိမ်းဖို့က အလွန်အရေးပါပြီး ပြည်သူတွေရဲ့ဘဝနဲ့ အသက်အိုးအိမ်ထက် တန်ဖိုးကြီးတာ ဘာမှမရှိဘူးလို့ 'ကင်မ်ဂျုံအန်း'က ဆိုခဲ့ကြောင်း ကိုရီးယားစင်ထရယ်သတင်းဌာနက ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားက သစ်တောပြုန်းတီးပြီး စိုက်ပျိုးရေမကောင်းတာကြောင့် ရေကြီးမိုးကြီးခြင်းဒဏ် ပိုမိုခံရနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။
အင်္ဂါနေ့မနက်မှာ မုန်တိုင်းက ဂျပန်ပင်လယ်ပြင်ကနေဖြတ်သန်းကာ ဂျပန်အနောက်တောင်ပိုင်း နာဂါဆာကီစီရင်စုနယ်မှ ဆူရှီမာကျွန်း ၁၀၀ ကီလိုမီတာအကွာသို့ရောက်ရှိခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ကြေညာခဲ့ပါတယ်။
ဂျပန်အနောက်တောင်ဘက် ကျူရှူဒေသမှာ အိမ်ခြေ ၃၅,၀၀၀ ကျော်ဓာတ်အားပြတ်တောက်နေရပါတယ်။
တစ်နာရီကို ၄၅ ကီလိုမီတာနှုန်းဖြင့် အရှေ့မြောက်ဘက်သို့ ရွေ့လျားနေပြီး ဂျပန်အနောက်ဘက်သို့ အင်္ဂါနေ့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။
လေပြင်းမိုးပြင်းတိုက်ခတ်မှုကြောင့် ဂျပန်ကျည်ဆံရထားအချို့ ရပ်ဆိုင်းထားပြီး ဒေသတွင်းရထားအတော်များများလည်း ရပ်နားထားရပါတယ်။
ကျူရှူလေဆိပ်သို့ အဝင်အထွက်ပြုလုပ်မယ့် လေကြောင်းခရီးစဉ်အနည်းဆုံး ၁၂၀ ခန့် ဖျက်သိမ်းလိုက်ရကြောင်း NHK သတင်းဌာနက တင်ပြခဲ့ပါတယ်။




Source: rfi
#Yangon_Media_Group
Page 908 of 1125