#World_News
Published 28 May 2024
▪️ ဗြိတိန်လမ်းပန်းမတော်တဆမှု ဆန်းစစ်ချက်များအရ မျိုးစပ်ကားတွေနဲ့ လျှပ်စစ်ကားတွေဟာ ဓာတ်ဆီဒီဇယ်ဆီ ကားတွေထက်စာရင် လမ်းလျှောက်သူတွေကို ပိုမိုထိခိုက်စေနိုင်ကြောင်း တွေ့ရှိထားပါတယ်။
▪️ အချက်အလက်များအရ မျိုးစပ်ကားများနဲ့ လျှပ်စစ်ကားတွေဟာ လောင်စာဆီသုံးကားများထက် လမ်းသွားလမ်းလာတွေကို တိုက်နိုင်ခြေ နှစ်ဆလောက် ပိုများနေပါတယ်။
▪️ ယူဆချက်အချို့ကတော့ လျှပ်စစ်ကားမောင်းနှင်သူတွေဟာ ငယ်ရွယ်ပြီး အတွေ့အကြုံနည်းတာကြောင့် တစ်ကြောင်း၊ လျှပ်စစ်ကားတွေက အသံပိုတိတ်ဆိတ်တာကြောင့် ကားသံကို ကြားဖို့ခက်ခဲတာက တစ်ကြောင်း ဖြစ်နိုင်ပါတယ်။
▪️ လျှပ်စစ်ကားတွေက ကားအသစ်တွေများပြားပြီး အသံပိုတိတ်ဆိတ်တာကြောင့် မောင်းနှင်သူတွေအနေနဲ့ အထူးဂရုပြုသင့်တယ်လို့ လန်ဒန်မှ ပရော်ဖက်ဆာ ဖီးလ်အက်ဒ်ဝပ်က ဆိုပါတယ်။
▪️ ယင်းတို့ရဲ့ သုံးသပ်ချက်တွေက ထိခိုက်မှုပေါင်း ၉ သိန်းကျော်ကို ဆန်းစစ်ထားတာဖြစ်ကာ လမ်းသွားလမ်းလာ ၉၆၀၀၀ ကျော်လောက်က ကားတိုက်ခံခဲ့ရပါတယ်။
▪️ ၂၀၁၉ ဇူလိုင်လကတည်းက ဥရောပမှာရောင်းချတဲ့ မျိုးစပ်ကားတွေနဲ့ လျှပ်စစ်ကားအားလုံးမှာ ကားအရှိန်နှေးနှေးဖြင့် မောင်းနေစဥ် အသံထုတ်လွှတ်ပေးမယ့် အသံသတိပေးစနစ် ပါရှိရန်လိုအပ်ပေမယ့် ထိုကိရိယာမပါတဲ့ လျှပ်စစ်ကား ထောင်နဲ့ချီရှိနေပါတယ်။
▪️ လျှပ်စစ်ကားတိုင်းမှာ ထိုစနစ်ကို သေချာပေါက်ထည့်သွင်းအောင် အစိုးရအနေနဲ့ သေချာပြုလုပ်သင့်တယ်လို့ အက်ဒ်ဝပ်က ပြောပြသွားပါတယ်။
#Source: WION
#World_Health
Published 28 May 2024
▪️ ငါးကြီးဆီဖြည့်စွက်စာများ ပုံမှန်သုံးစွဲခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေများခြင်းနဲ့ ပထမဆုံးအကြိမ် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များစေနိုင်သလို လက်ရှိရှိနေတဲ့ နှလုံးသွေးကြောပြဿနာများ ပိုမိုဆိုးရွားလာခြင်းကို နှောင့်နှေးနိုင်ပြီး သေဆုံးမှုအန္တရာယ် လျှော့ချနိုင်တယ်လို့လည်း ယူကေမှ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြွယ်ဝတဲ့ ငါးကြီဆီဟာ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးတယ်လို့ တွေ့ရှိထားပြီး ဖြစ်ပါတယ်။
▪️ ဒါပေမဲ့ ငါးကြီးဆီဖြည့်စွက်စာရဲ့ အကျိုးကျေးဇူးတွေကို လေ့လာရာမှာတော့ ရလဒ်တွေက ရောထွေးနေပါတယ်။
▪️ အသက် ၄၀ မှ ၆၉ နှစ်ကြား လူပေါင်း ၄၁၅၇၃၇ ဦးကို ၁၂ နှစ်တိုင်အောင် စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
▪️ ထိုထဲက ၃၁ ရာခိုင်နှုန်းလောက်က ငါးကြီးဆီပုံမှန်သောက်သုံးကြပါတယ်။
▪️ ဖြည့်စွက်စာစားသုံးသူတွေမှာ နှလုံးခုန်မမှန်တဲ့ရောဂါ ဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်းပိုများနေပြီး နှလုံးသွေးကြောရောဂါ မရှိဖူးတဲ့သူတွေမှာ လေဖြတ်နိုင်ခြေ ၅ ရာခိုင်နှုန်းများတယ်လို့ ဆက်စပ်တွေ့ရှိရပါတယ်။
▪️ နှလုံးသွေးကြောရောဂါတွေက ကမ္ဘာတဝှမ်းမှာ သေဆုံးမှုအများဆုံး အကြောင်းအရင်း ဖြစ်နေပါတယ်။
▪️ အထက်ပါရောဂါ တစ်မျိုးမျိုး ယခင်တည်းက ရှိသူတွေမှာတော့ နှလုံးဖောက်နိုင်ခြေနဲ့ အသက်သေဆုံးနိုင်ခြေ လျော့ပါးသွားပါတယ်။
▪️ အထူးသဖြင့် အမျိုးသားတွေနဲ့ သက်ကြီးရွယ်အိုတွေက ငါးကြီးဆီကနေ အကျိုးကျေးဇူး ပိုရရှိနိုင်ပါတယ်။
▪️ ပါဝင်စမ်းသပ်ခံသူတွေ သုံးစွဲတဲ့ ငါးကြီးဆီဖြည့်စွက်စာ ပမာဏနဲ့ ဆေးဖော်စပ်ပုံတွေကို အတိအကျ မသိရသလို လူအများစုက လူဖြူတွေဖြစ်တာကြောင့် အခြားလူမျိုးများအတွက် သိပ်ပြီးယူဆလို့မရပါဘူး။
▪️ ဒီလိုမျိုးတွေ့ရှိရတဲ့ အကြောင်းအရင်းတွေကို ပိုမိုသိရဖို့ နောက်ထပ်လေ့လာမှုတွေ လိုအပ်ကြောင်း သုတေသနပြုစုသူများက ဆိုပါတယ်။
#Source: New York Post
ထိုင်ဝမ်ခွဲထွက်သမားများအား သတိပေးသည့်အနေဖြင့် ထိုင်ဝမ်ကျွန်းတစ်ဝိုက် တရုတ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)က ထိုင်ဝမ်ကျွန်းတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေပြီး ထိုင်ဝမ်လွတ်လပ်ရေးလမ်းစဥ် လျှောက်လှမ်းနေတဲ့ ခွဲထွက်ရေးတပ်များကို ပြတ်ပြတ်သားသား သတိပေးလိုက်တဲ့သဘော ဖြစ်ပါတယ်။
#Asia_Military
Published_ 27 May 2024
#ထိုင်ဝမ်ကျွန်းတစ်ဝိုက် #တရုတ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 27 May 2024
၁။ မိုးဦးကျချိန်တွင် ပုဂံသို့လာရောက်လည်ပတ်သူ နေ့စဉ် (၄၀၀၀)ဦးကျော်ရှိ
၂။ ကုန်စိမ်းဟင်းသီးဟင်းရွက်များ ကုန်အဝင်အလွန်နည်းသဖြင့်ယခင်ထက်အဆများစွာဈေး မြင့်တက်
၃။ မြန်မာ့မက္ကဒေးမီးယားကုန်ချောဝယ်ယူရန် ဈေးကွက်သစ်နိုင်ငံအဖြစ် ရှရှားကမ်းလှမ်းထားပြီး ပင်လယ်ရေကြောင်းမှတင်ပို့သွားမည်
၄။ ထိုင်ဝမ်ခွဲထွက်သမားများအား သတိပေးသည့်အနေဖြင့် ထိုင်ဝမ်ကျွန်းတစ်ဝိုက်တရုတ်စစ်ရေးလေ့ကျင့်မှုများပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 27 May 2024
▪️ တနင်္ဂနွေနေ့က အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းရမ်မဲလ် ကျရောက်ခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကမ်းရိုးတန်း ဒေသတွေမှာ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်ခဲ့ကာ ဓာတ်တိုင်များ သစ်ပင်များပြိုလဲပြီးနောက် လူသန်းပေါင်းများစွာ လျှပ်စစ်မီးမရရှိဘဲ ဖြစ်နေပါတယ်။
▪️ မုန်တိုင်းက ဘင်္ဂလားဒေ့ရှ် မွန်ဂလာဆိပ်ကမ်း၊ အိန္ဒိယအနောက်ဘင်္ဂလားပြည်နယ်ရှိ ဆာဂါကျွန်းတို့ရဲ့ ကမ်းရိုးတန်းဒေသတွေမှာ တစ်နာရီကို ၁၃၅ ကီလိုမီတာနှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနက ဖော်ပြခဲ့ပါတယ်။
▪️ မုန်တိုင်းက တနင်္လာနေ့နံနက်ပိုင်းမှာ ဆိုင်ကလုန်းအဖြစ်သို့ အားနည်းသွားပြီး အရှေ့မြောက်ပိုင်းသို့ ရွေ့လျားသွားကာ တဖြည်းဖြည်း အားနည်းသွားတယ်လို့ နောက်ဆုံးတင်ပြထားပါတယ်။
▪️ တနင်္ဂနွေနေ့ည ၉ နာရီခန့်မှာ မုန်တိုင်းစတင်ဝင်ရောက်ခဲ့ပြီး ၅ နာရီခန့် ဆက်လက်တိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မုန်တိုင်းတိုက်နေစဥ် ကွန်ကရစ်တုံးပြုတ်ကျသဖြင့် ကလ္လက္ကတားမှာ လူတစ်ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
▪️ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပင်လယ်ရေမျက်နှာပြင်အပူချိန် မြင့်တက်ကာ ကမ်းရိုးတန်းအနိမ့်ပိုင်းမှာရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့မှာ လတ်တလောနှစ်များအတွင်း မုန်တိုင်းဒဏ်များ ခံစားနေရပါတယ်။
▪️ ဘင်္ဂလားဒေ့ရှ်ဟာ ထိုနေရာတဝိုက်မှ လူပေါင်း ၈ သိန်းကို မုန်တိုင်းခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းခဲ့ပြီး အိန္ဒိယမှာလည်း လူပေါင်း ၁၁၀၀၀၀ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းထားပါတယ်။
▪️ ဘင်္ဂလားဒေ့ရှ်က ဆိုင်ကလုန်းခိုလှုံရာနေရာပေါင်း ၈၀၀၀ နီးပါး ပြင်ဆင်ထားကာ လုပ်အားပေး ၇၈၀၀၀ ခန့် စေလွှတ်ထားသလို အိန္ဒိယရေတပ်ကလည်း သင်္ဘော၊ လေယာဥ်၊ ဆေးဝါးပစ္စည်းများ အဆင်သင့်ပြင်ထားတယ်လို့ ဆိုပါတယ်။
▪️ နှစ်နိုင်ငံစလုံးမှာ ကြိုတင်သတိပေးနိုင်ခဲ့တာကြောင့် ဆုံးရှုံးမှု ကြီးကြီးမားမား မရှိခဲ့ပေမယ့် လျှပ်စစ်ဓာတ်အားပေး အပိုင်းမှာတော့ ထိခိုက်ခဲ့ပါတယ်။
▪️ လျှပ်စစ်ဓာတ်တိုင် ၃၅၆ တိုင်နဲ့ ထရန်စ်ဖော်မာအချို့ ပျက်စီးထားကြောင်း အနောက်ဘင်္ဂလားရှိ လျှပ်စစ်စွမ်းအင်ဝန်ကြီးက ဆိုပါတယ်။
▪️ ဆိုင်ကလုန်းကြောင့် ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမှာ မိုးကြီးခဲ့ပြီး လမ်းမများ ရေကြီးကာ လမ်းပန်းဆက်သွယ်ရေး ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။
#Source: Reuters
#World_Science
Published 27 May 2024
▪️ သိပ္ပံပညာရှင်တွေဟာ ဆန်းသစ်လေ့လာမှုတစ်ခု ပြုလုပ်ရန်အတွက် အငြိမ်းစားရေတပ်အရာရှိ ဂျိုဆပ်ဒီတူရီကို ရေအောက်မှာ ၃ လကျော် နေထိုင်ခိုင်းခဲ့ပါတယ်။
▪️ ရေအောက်မှာ ဖိအားသိပ်အခန်းထဲ နေထိုင်ခြင်းက လူ့ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိလဲဆိုတာကို လေ့လာချင်ကြတာ ဖြစ်ပါတယ်။
▪️ အတ္တလန္တိတ်သမုဒ္ဒရာအောက် ၃ လကျော်နေထိုင်ပြီးနောက် ဒီတူရီပြန်ထွက်လာရာမှာ ၁၀ နှစ်တာလောက် နုပျိုသွားတာကို သိပ္ပံပညာရှင်များ အံ့အားသင့်ခဲ့ကြပါတယ်။
▪️ ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်တဲ့ ခရိုမိုဆုန်း အဆုံးဖက်များရှိ ဒီအင်န်အေဟာ ယခင် ၃ လကထက် ၂၀ ရာခိုင်နှုန်း ပိုမိုရှည်လျားတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ပင်မစတမ်းဆဲလ် အရေအတွက်လည်း မြင့်မားလာတဲ့အပြင် အလုံးစုံကျန်းမာရေး သိသိသာသာ ပြောင်းလဲသွားပါတယ်။
▪️ ကောင်းစွာအိပ်စက်နိုင်သလို ကိုလက်စ်ထရောလ်အမှတ်များ ၇၂ မှတ် ကျဆင်းသွားပြီး ရောင်ရမ်းခြင်းကို ဖော်ပြတဲ့ သတ်မှတ်ချက်များ တဝက်နည်းပါးသွားပါတယ်။
▪️ ဒီလိုမျိုး ရေအောက်ဖိအားကြောင့် ပြောင်းလဲမှုများက ခန္ဓာကိုယ်အတွက် အကျိုးရှိစေတယ်လို့ ဆရာဝန်များက ဆိုပါတယ်။
▪️ ဒီတူရီကိုယ်တိုင်ကလည်း ထိုကဲ့သို့ ရေအောက်မှာ နေကြည့်ဖို့ ပြောကြားခဲ့ပါတယ်။
▪️ သူ့ရဲ့ဇီဝကမ္မဖြစ်စဥ်မှာလည်း တိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။
#Source: WION
#World_Health
Published 27 May 2024
▪️ သင်္ဘောသီးမှာ ဒဏ်ရာဝေဒနာများ သက်သာစေတဲ့ အစွမ်းသတ္တိ ရှိတယ်လို့ သတ်မှတ်ထားကြပြီး အသီးနဲ့အရွက်တို့ကို ကမ္ဘာတဝှမ်းမှာ ရိုးရာဆေးဖက်ဆိုင်ရာများအတွက် အသုံးပြုနေကြပါတယ်။
▪️ သင်္ဘောရွက်ရဲ့ အကျိုးအာနိသင်တွေကို နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရဦးမှာဖြစ်ပေမယ့် သင်္ဘောသီးရဲ့ ကင်ဆာဆန့်ကျင်ခြင်းနဲ့ ဆီးချိုဆန့်ကျင်ခြင်း သတ္တိတွေကိုတော့ ခေတ်မီသိပ္ပံပညာမှာလည်း ထောက်ခံထားပါတယ်။
▪️ ဗိုက်တာမင်တွေနဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ရာမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ အထောက်အထား တွေ့ရှိထားပါတယ်။
▪️ သင်္ဘောသီးစားခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရွေးချယ်သင့်တဲ့ စားစရာဖြစ်တယ်လို့ အာဟာရပညာရှင် ဂျန်နာဝါနာက ပြောပြပါတယ်။
▪️ ဓာတ်တိုးဆန့်ကျင် အာနိသင်ကလည်း ရောင်ရမ်းခြင်းကို လျှော့ချပေးကာ ကင်ဆာဖြစ်ပွားခြင်းမှပင် ကာကွယ်ပေးနိုင်ပါတယ်။
▪️ ရေဓာတ်ပါဝင်မှုကြောင့်လည်း အရေပြားကျန်းမာရေး ကောင်းမွန်စေပြီး အသားအရေ ဝင်းလက်နုပျိုစေပါတယ်။
▪️ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်တဲ့ ဗိုက်တာမင်-စီ၊ အီး၊ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်းတို့က ဆဲလ်များထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ အစာအိမ်အူလမ်းကြောင်းအတွက် ကောင်းကျိုးပြုပိုးမွှားများ ထောက်ပံ့ကာ အစာခြေစနစ်ကိုလည်း အကျိုးပြုပါတယ်။
▪️ ပိုတက်ဆီယမ်လည်း ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်များတဲ့သူတွေအတွက် သင့်လျော်ပါတယ်။
#Source: USA Today
Page 276 of 976