#World_Health
Published 22 August 2025
▪️ အထိုင်များခြင်း၊ ကိုယ်နေဟန်ထားမမှန်ခြင်း၊ ထောက်ပံ့ကြွက်သား အားနည်းခြင်းတို့ကြောင့် ခါးကိုက်ခါးနာ ဖြစ်တတ်ပါတယ်။
▪️ အလုပ်ခုံမှာပဲ သာမန်လှုပ်ရှားဆန့်ထုတ်မှုများ ပြုလုပ်ပြီး ဝေဒနာသက်သာအောင် လုပ်နိုင်ပါတယ်။
▪️ ဒါကြောင့် အလုပ်မှာပင် ပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်းများကို ဖော်ပြသွားပါမယ်။
▪️ (၁) ကြောင်-နွားထိုင်သည့်ပုံစံ
ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်၊ ခြေထောက်ကို ကြမ်းပြင်မှာ ဖြန့်ထားပါ။
အသက်ရှူသွင်း၊ ကျောရိုးကို အနည်းငယ်ကော့၊ ရင်ဘတ်နဲ့ မေးရိုးကို နွားတွေလုပ်တဲ့ပုံစံအတိုင်း ပင့်တင်ပါ။
အသက်ရှူထုတ်၊ ကျောကိုဖြေလျှော့၊ မေးစေ့ကို ရင်ဘတ်သို့ ကြောင်တွေလုပ်တဲ့ပုံစံအတိုင်း ပြုလုပ်ပါ။
၅-၁၀ ကြိမ်ခန့် ပြုလုပ်ပေးပါ။
▪️ (၂) ထိုင်လျက်ရှေ့သို့ကွေးခြင်း ထိုင်နေပြီးတော့ ခြေထောက်တွေကို အနည်းငယ်ကားပြီး ရှေ့သို့ဖြည်းဖြည်းကွေးပါ။
လက်တွေကို ကြမ်းပြင်သို့ ရောက်ရှိပါစေ။
ထိုပုံစံအတိုင်း ၁၅-၃၀ စက္ကန့်ထိန်းထားပေးပါ။
▪️ (၃) ပုခုံးလက်ပြင်ရိုးကျုံ့ခြင်း တည့်တည့်ထိုင်ပြီး ပုခုံးရိုးတွေကို အနောက်နဲ့ အောက်သို့ ဆွဲထားပြီး ၅ စက္ကန့်ထိန်းထားပါ။
၁၀-၁၅ ကြိမ်ခန့် ထပ်ခါထပ်ခါပြုလုပ်ပေးပါ။
▪️ (၄) ထိုင်လျက်လှည့်ခြင်း ထိုင်နေစဉ်မှာ ညာဘက်လက်ကို ထိုင်ခုံနောက်ဖက်မှာထား၊ ဘယ်လက်ကို ညာဘက်ပေါင်ပေါ်ထားပါ။
ကိုယ်ထည်ကို ညာဘက်သို့ ဖြည်းညင်းစွာလှည့်ပြီး ပုခုံးကိုကျော်ကြည့်ရင်း ၁၀-၂၀ စက္ကန့်ထိန်းထားပါ။ ထို့နောက် တခြားတစ်ဖက်သို့ပြောင်းလုပ်ပါ။
▪️ (၅) ပုခုံးလှည့်ခြင်း ပုခုံးကို အနောက်သို့ ဖြည်းညင်းစွာ စက်ဝိုင်းပုံစံ ၁၀ ကြိမ်လှည့်ပေးပါ။ ပြီးရင် အရှေ့ဘက်သို့လည်း ၁၀ ကြိမ်လှည့်ပေးပါ။
▪️ (၆) တံကောက်ကြောဆန့်ခြင်း ထိုင်ခုံအစွန်းမှာထိုင်၊ ခြေတစ်ဖက်ကိုဆန့်ပြီး ဖနောင့်ကို ကြမ်းပြင်ထိထားကာ ခြေချောင်းတွေကို အပေါ်သို့ပင့်ထားပါ။ ကျောရိုတည့်တည့်ပဲထားပြီး ရှေ့သို့ကုန်းကာ ခြေတစ်ဖက်ကို စက္ကန့် ၂၀ စီထိန်းထားပေးပါ။
▪️ (၇) တင်ပါးရွှေ့စောင်းခြင်း မတ်မတ်ထိုင်၊ တင်ပါးပေါ် လက်တင်ပြီး တင်ပါးကိုရှေ့သို့ ဖြည်းဖြည်းရွှေ့ပေးပါ။
အနောက်သို့လည်း စောင်းပေးပြီး ၁၀-၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။
▪️ (၈) နံရံပေါ်ကနတ်သမီး နံရံတစ်ခုကို ကျောပေးကပ်ပြီး လက်တွေကို ၉၀ ဒီဂရီထားပေးပါ။ ဒီနောက် နှင်းနတ်သမီးတွေလိုမျိုး လက်ကို ဖြည်းဖြည်းချင်း မြှင့်တင်လိုက် အောက်ချလိုက် ၁၀ ကြိမ်လုပ်ပေးပါ။
Source: DoctorNDTV
#World_Health
Published 22 August 2025
▪️ ပုံမှန်လမ်းလျှောက်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရနိုင်တယ်လို့ သိထားကြပေမယ့် လေ့လာချက်အများစုက ဝင်ငွေအလယ်အလတ်မှ ဝင်ငွေမြင့်မားတဲ့ လူဖြူတွေကို အဓိကထားခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ယခုအခါမှာတော့ အမေရိကန် အရှေ့တောင်ပိုင်းပြည်နယ် ၁၂ ခုမှ ဝင်ငွေနိမ့်ပါးတဲ့ လူမည်းလူမျိုး ၇၉,၈၅၆ ဦးကို လေ့လာခဲ့ကြရာမှာ ခပ်မြန်မြန်လမ်းလျှောက်ခြင်းက ကျန်းမာရေးကို များစွာတိုးတက်စေနိုင်တယ်လို့ သုတေသီများ အတည်ပြုခဲ့ကြပါတယ်။
▪️ ပြည်သူ့ကျန်းမာရေးနိမ့်ပါးတယ်လို့ သတ်မှတ်တဲ့ နေရာတွေမှာဆိုရင် ဒီလိုမျိုး ခပ်သွက်သွက်လမ်းလျှောက်ခြင်းက ကျန်းမာရေးတိုးတက်စေနိုင်တယ်လို့ ဖော်ပြလာပါတယ်။
▪️ တစ်နေ့ကို ၁၅ မိနစ်လောက်မျှ လမ်းအမြန်လျှောက်ပေးရုံဖြင့် အသက်ဆုံးပါးနိုင်ခြေကို ၂၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိလာပါတယ်။
▪️ ထိုနည်းလမ်းထက်စာရင် တစ်နေ့ကို ၃ နာရီလောက် ဖြည်းဖြည်းလမ်းလျှောက်ခြင်းက အသက်ဆုံးပါးနိုင်ခြေလျှော့ချရာမှာ ပိုနည်းကြောင်း တွေ့ရှိခဲ့ပါတယ်။
▪️ မြန်မြန်လမ်းလျှောက်ခြင်းဟာ နှလုံးလုပ်ဆောင်ချက် တိုးတက်စေပြီး အဝလွန်ခြင်းလိုမျိုး အန္တရာယ်တွေကို ထိန်းသိမ်းပေးကာ နှလုံးသွေးကြောကျန်းမာရေးကို ထောက်ကူပေးပါတယ်။
▪️ ဝင်ငွေနိမ့်ပါးသူတွေဟာ စီးပွားရေးအကြပ်အတည်းတွေ၊ လမ်းလျှောက်နေရာ မလုံခြုံခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု နည်းပါးခြင်းစတဲ့ အခက်အခဲများ ကြုံတွေ့ကြရပါတယ်။
▪️ ဒီလေ့လာချက်က ခပ်မြန်မြန်လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးကို တိုးတက်စေတဲ့နည်းလမ်းအဖြစ် ပြည်သူ့ကျန်းမာရေးလှုပ်ရှားမှုတွေကို ထောက်ခံပေးနေပါတယ်။
Source: SciTechDaily.
ဂျာမနီဟာ အမေရိကန်နဲ့ ကုန်ပစ္စည်းကုန်သွယ်မှု သိသိသာသာကျဆင်းသွားပေမယ့် ဟမ်းဘတ်ဆိပ်ကမ်းမှာတော့ ပထမနှစ်ဝက်အတွင်း ကွန်တိန်နာအရေအတွက် စံချိန်တင်တိုးတက်များလာကြောင်း ဟာဖန်ဟမ်းဘတ်မားကတ်တင်းက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
#World_Business
Published 21 August 2025
#ဂျာမနီ_အမေရိကန် #ဟမ်းဘတ်ဆိပ်ကမ်း
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 21 August 2025
▪️ ဥရောပနိုင်ငံများအနေနဲ့ ယူကရိန်းလုံခြုံရေး အာမခံချက်များအတွက် ကုန်ကျစရိတ်အများစုကို ကျခံသွားရမယ်လို့ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က ဗုဒ္ဓဟူးနေ့မှာ ပြောသွားပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်ကတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူညီချက် ရယူလိုနေပါတယ်။
▪️ ယူကရိန်းအတွက် အဓိကအရေးကြီးတာက ရုရှားကျူးကျော်မှုများထံမှ လုံခြုံရေးအာမခံချက် ရရှိဖို့ဖြစ်ပါတယ်။
▪️ အမေရိကန်က မြေပြင်မှာ တပ်ကူများချပေးမှာ မဟုတ်ပေမယ့် လေကြောင်းကူညီမှုများ ပေးသွားမယ်လို့ ထရမ့်ကပြောပါတယ်။
▪️ အမေရိကန်က ယူကရိန်းကာကွယ်ရေးအတွက် ငွေကြေးတွေ ဆက်လက်ထောက်ပံ့သွားမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ဆိုပါတယ်။
▪️ ထရမ့်က ကုန်ကျစရိတ်တွေအတွက် ဥရောပနိုင်ငံတွေကို ပိုပြီးတာဝန်ယူစေချင်နေပါတယ်။
▪️ ဒီဝန်ထုပ်ဝန်ပိုးကို ဥရောပအနေနဲ့ အဓီကထမ်းရွက်သွားဖို့ ဗန့်စ်က မျှော်လင့်ကြောင်း Fox News ကို ပြောသွားပါတယ်။
▪️ ဘယ်လိုပဲဖြစ်ဖြစ် ဥရောပအနေနဲ့ ကုန်ကျစရိတ်အများစု ခံယူသင့်တယ်လို့ ပြောပါတယ်။
▪️ သူတို့ရဲ့ အခြေအနေ၊ လုံခြုံရေးကိစ္စနဲ့ ပတ်သက်လို့ အခုကစပြီး ဒီထက်တာဝန်ယူသွားရမယ်လို့ ပြောသွားပါတယ်။
Source: Reuters
#World_Science
Published 21 August 2025
▪️ အမြီးဖြန့်ကျက်လိုက်ရင် လှပလွန်းတဲ့ ဒေါင်းတွေရဲ့ ငှက်မွှေးတွေမှာ နာနိုပစ္စည်းတွေပါဝင်ပြီး အပြာရောင်နဲ့ အစိမ်းရောင်သမ်းစေတဲ့ အလင်းတွေ ထုတ်လွှတ်ပေးပါတယ်။
▪️ အမေရိကန် ဖလော်ရီဒါပိုလီနည်းပညာတက္ကသိုလ်နဲ့ ယန်းစတောင်းပြည်နယ်တက္ကသိုလ်တို့မှ သုတေသီများက ဒေါင်းအမြီးပေါ်က နေရာအများအပြားကို အထူးဆိုးဆေး အသုံးပြုခဲ့ပါတယ်။
▪️ ဒေါင်းအမွှေးတွေက အလင်းလှိုင်းတွေကို ဝါစိမ်းရောင်လေဆာများအဖြစ်သို့ ချိန်ညှိပြောင်းလဲပေးကြောင်း တွေ့ရှိလာပါတယ်။
▪️ လေဆာဆိုတာက အချို့သောပစ္စည်းတွေရဲ့ အက်တမ်တွေပေါ်မှာ အလင်းပေါ်ပေါက်စေပြီး ဖိုတွန်တွေထုတ်လွှတ်စေပါတယ်။
▪️ အမြင်အာရုံမှာပေါ်စေတဲ့ အရာတွေက မျက်စိနဲ့မြင်ရတဲ့ အစိတ်အပိုင်းတွေရှိ နာနိုပစ္စည်းတွေ ပဲ့တင်တဲ့ပုံစံအဖြစ် အထောက်အထား တွေ့လာရပါတယ်။
▪️ ဒီအရောင်တွေဖြစ်လာအောင် အလင်းတွေကို ချိန်ညှိပေးတဲ့ပစ္စည်းကိုတော့ သေချာမသိရပါဘူး။
▪️ ဒါပေမဲ့ ငှက်မွှေးတွေမှာ လှိုင်းအလျားတူညီတဲ့ပုံစံဖြင့် ထုတ်လွှတ်တာကိုတော့ တွေ့ခဲ့ကြပါတယ်။
▪️ ဒီအရာတွေရဲ့ ပုံစံတွေကို တွေ့ရှိလာခြင်းဖြင့် လေဆာနည်းပညာပိုင်းမှာ တိုးတက်လာနိုင်သလို သက်ရှိပစ္စည်းတွေကို ဆန်းစစ်ဖို့ ကိရိယာအသစ်လည်း ရရှိလာနိုင်ပါတယ်။
▪️ ဒေါင်းတွေနဲ့ကတော့ လေဆာကနေ လှပလွန်းတဲ့ ဒေါင်းမြီးဖြစ်လာပုံကိုသာ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
▪️ ဇီဝဗေဒပညာရှင်တွေက တိရိစ္ဆာန်တွေ အလင်းထုတ်ခြင်းနဲ့ အရောင်တွေပုံစံတွေ တောက်ပတဲ့အပေါ် သုံးသပ်လာနိုင်သလို အခြားဒေါင်းတွေလည်း ထိုကဲ့သို့ မြင်စေနိုင်ဖို့အတွက် ဖြစ်နိုင်ပါတယ်။
Source: ScienceAlert.
#World_Health
Published 21 August 2025
▪️ ဆေးလိပ်ငွေ့ရှူရှိုက်လိုက်တိုင်းမှာ မျက်လုံးနဲ့မမြင်ရတဲ့ အဆိပ်အတောက်တွေ ဝင်ရောက်သွားကာ တစ်ချက်ရှိုက်တိုင်း အဆုတ်ကို ဖျက်ဆီးနေပါတယ်။
▪️ အိန္ဒိယမှာ အခုဆိုရင် ဆေးလိပ်သောက်သူ သန်း ၁၀၀ ကျော်နေပြီဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ အဆုတ်ကင်ဆာဖြစ်ပွားမှု အဖြစ်များလာပါတယ်။
ဆေးလိပ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးအန္တရာယ်တွေအကြောင်း သိရှိလာကြပေမယ့် ဆေးလိပ်သောက်ခြင်းကို လူအများကြားမှာ လက်သင့်ခံနေဆဲဖြစ်ပါတယ်။
▪️ ဆေးလိပ်ငွေ့ထဲမှာ ကတ္တရာ၊ ကာဗွန်မိုနောက်ဆိုဒ်၊ အမိုးနီးယား၊ ဖော်မယ်ဒီဟိုက်စတဲ့ ဓာတုပစ္စည်းများ ပါဝင်ပါတယ်။
▪️ ဒါတွေက အသက်ရှူလမ်းကြောင်းကနေဝင်ပြီး အဆုတ်နံရံတွေကနဲ့ ထိတွေ့ကာ ရောင်ရမ်းဓာတ်ပြုမှုတွေ၊ တစ်ရှူးဓာတ်တိုးခြင်းတွေ ဖြစ်စေပါတယ်။
▪️ ပုံမှန်ထိတွေ့နေတဲ့အခါ နာတာရှည်ဖြစ်လာပြီး အသက်ရှူလမ်းကြောင်း ပြန်မကောင်းတဲ့အထိ ထိခိုက်စေနိုင်ပါတယ်။
▪️ ဆေးလိပ်သောက်သူတွေရဲ့ အဆုတ်တွေက မည်းပြီး အမာရွတ်တွေရှိကာ ကျုံ့နိုင်ဆံ့နိုင်စွမ်း လျော့နည်းသွားတဲ့အတွက် အသက်ရှူရ ခက်ခဲစေနိုင်ပါတယ်။
▪️ ဆေးလိပ်သောက်လို့ဖြစ်တဲ့ ရောဂါပေါင်း ၆၀ ကျော်ထဲမှာ အဓိကအားဖြင့် အဆုတ်ရောင်ရောဂါ၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ သွေးကြောရောဂါများ ဖြစ်စေနိုင်ပါတယ်။
▪️ အမှုန်အမွှားတွေကို ရှင်းထုတ်ပေးတဲ့ အမွှေးအမျှင်လေးတွေလည်း ပျက်စီးတဲ့အတွက် ရောဂါကူးစက်မှုတွေ ဝင်ရောက်လာနိုင်ပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံချင့်ချိန်ပါက အဆုတ်လုပ်ဆောင်ချက် တိုးတက်နိုင်ပေမယ့် ထိခိုက်နေတဲ့အဆုတ်ကတော့ ပြန်ကောင်းမလာတော့ပါဘူး။
Source: India Today
အိန္ဒိယ နယူးဒေလီသို့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ သွားရောက်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီမှုရရှိရန် အချိန်ကာလနဲ့ ပတ်သက်ပြီး မရေမရာဖြစ်နေကြောင်း အိန္ဒိယမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
#World_Business
Published 20 August 2025
#အိန္ဒိယနယူးဒေလီ # အမေရိကန်ကုန်သွယ်ရေး
#YMG #Yangon_Times #Yangon_Media_Group
Page 194 of 1208