ရုရှားတို့က ပြီးခဲ့တဲ့ရက်တွေမှာ ဒိုနက်စ်ဒေသမှာ အရေးပါတဲ့အခြေကုပ်ရယူထိန်းချုပ်မှု ပြုလုပ်ခဲ့ပြီလို့ ကြာသပတေးနေ့က ကြေညာခဲ့သလို ယူကရိန်းက ထိုနေ့မှာပဲ ဒိုနက်စ်ရှိ တော့ဗ်စ်ဒေသအများစုကို ပြန်လည်ထိန်းချုပ်ရယူနိုင်ခဲ့ကာ ရုရှားပစ်မှတ်များကို ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
#World_Military
Published 25 August 2025
#ရုရှား #ယူကရိန်း
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 25 August 2025
▪️ ယူကရိန်းက တနင်္ဂနွေနေ့မှာ ရုရှားဘက်ကို ဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အကြီးဆုံးနျူကလီးယား ဓာတ်အားပေးစက်ရုံတွေထဲက တစ်ခုရဲ့ ဓာတ်ပေါင်းဖို စွမ်းအင်ပေးနိုင်စွမ်း သိသိသာသာ ကျဆင်းခဲ့ကာ အုလူဂါလောင်စာတင်ပို့နေရာကြီးမှာ မီးထလောင်ခဲ့ကြောင်း ရုရှားအရာရှိများ ပြောပါတယ်။
▪️ ရုရှားနဲ့ယူကရိန်းတို့ ငြိမ်းချမ်းရေးဆွေးနွေးနေကြပေမယ့် နှစ်ဖက်စလုံးမှာ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။
▪️ ဩဂုတ် ၂၄ ရက်နေ့ ရုရှားဒေသအများအပြားပေါ် ဝင်လာတဲ့ ယူကရိန်းဒရုန်း ၉၅ စင်းလောက်ကို ကြားဖြတ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
▪️ ယူကရိန်းနယ်စပ်နဲ့ ၆၀ ကီလိုမီတာသာဝေးတဲ့ ခါ့စ်နျူကလီးယားစက်ရုံအနီး ဒရုန်းပစ်ချခဲ့ရာမှာ စက်ရုံအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဓာတ်ပေါင်းဖိုအမှတ် ၃ မှာ လည်ပတ်နိုင်စွမ်း ၅၀ ရာခိုင်နှုန်းလျော့ကျသွားပါတယ်။
▪️ ဓာတ်ရောင်ခြည်ပမာဏ ပုံမှန်ရှိနေပြီး ထိခိုက်သူမရှိခဲ့ပါဘူး။
▪️ ဓာတ်ပေါင်းဖို ၂ ခုက ဓာတ်အားမထုတ်နိုင်ဘဲ လည်ပတ်နေကာ တစ်ခုကတော့ ပြုပြင်နေပါတယ်။
▪️ ကုလသမဂ္ဂရဲ့ နျူကလီးယားအေဂျင်စီက နျူကလီးယားစက်ရုံအားလုံး အချိန်တိုင်းကာကွယ်ပေးရမယ်လို့ အလေးအနက် ပြောထားပါတယ်။
▪️ ရုရှားတယ်လီဂရမ်ချန်နယ်တွေမှာ ပြထားတဲ့ ဗီဒီယိုတွေထဲမှာ လောင်စာဆိပ်ကမ်းထဲမှာ ဒရုန်းဝင်သွားရာ ပေါက်ကွဲမှုဖြစ်ပြီး မီးခိုးလုံးတွေ ထွကါလာပါတယ်။
▪️ ရုရှားတို့ ဆက်လက်တိုက်ခိုက်နေတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းက ပြန်တိုက်ခဲ့တာဖြစ်ကြောင်း၊ ရုရှားစစ်ရေးအင်အားလျှော့ချနိုင်ရန်အတွက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့ကြောင်း ယူကရိန်းက ပြောထားပါတယ်။
Source: Reuters
၂၅ ဩဂုတ်၊၂၀၂၅-
တရုတ်နိုင်ငံရှိ တရားရုံးတစ်ခုတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးက သူမ၏ အသက် ၁၉ နှစ် အရွယ် ချစ်သူကောင်လေးကို မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတစ်ခုသို့ ယွမ် ၁၀၀,၀၀၀ (အမေရိ ကန်ဒေါ်လာ ၁၄,၀၀၀) ဖြင့် ရောင်းချခဲ့သည့်အမှုအား ကြားနာစစ်ဆေးမည်ဖြစ်သည်။
ဟွမ်ဟု လူအများကသိကြသည့် အဆိုပါလူငယ်သည် ၎င်း၏မိသားစုမှ ယွမ် ၃၅၀,၀၀၀ (အမေရိကန် ဒေါ် လာ၄၈,၀၀၀)ပေးပြီးပြန်ရွေးခဲ့သဖြင့် ယခုနှစ်ဇွန်လကုန်တွင် လိမ်လည်သူဂိုဏ်းမှ ပြန်လည်လွတ်မြောက် လာခဲ့သည်။
သူသည် ထိုနေရာတွင် လေးလနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မကြာခဏ ရိုက်နှက်ခံရကာ နောက်ဆုံးတွင် နားမကြားဖြစ်ခဲ့ရသည်။
ဟွမ်၏အစ်မက သူမ၏အစ်ကို ကြုံတွေ့ခဲ့ရသည့် ဒုက္ခများကို အွန်လိုင်းတွင် မျှဝေခဲ့ပြီးနောက် ဤအမှု သည် တရုတ်ပြည်မကြီးရှိ လူမှုမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် လူအများ စိတ်ဝင်စားခြင်း ခံခဲ့ရကြောင်း တရုတ်နိုင်ငံထုတ် Xiaoxiang Morning Herald သတင်းစာက ဖော်ပြသည်။

ဟွမ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် တောင်ပိုင်း ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့ရှိ ဘိလိယက် ခန်းမတစ်ခုတွင် သူ့ချစ်သူဖြစ်သူ ကျိုးနှင့် တွေ့ဆုံခဲ့သည်။ ဟွမ်သည် သူမအား ချစ်မိသွားပြီးနောက် သူမ ငှားရမ်းထားသည့် တိုက်ခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
ကျိုးက သူမသည် အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်မှဖြစ်ကြောင်းနှင့် သူမ၏မိဘများသည် တစ်နိုင်ငံ လုံးတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိကြောင်း ဟွမ်အား ပြောပြခဲ့သည်။
ဟွမ်သည် အလုပ်လက်မဲ့ဖြစ်နေသောကြောင့် ကျိုးက သူ့မိသားစုက လုပ်ငန်းအချို့ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံတွင် အလုပ်ရှာရန် သူမက သူ့ကို စည်းရုံးခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဟွမ်သည် မိသားစုကို မပြောဘဲ ကျိုးနှင့်အတူ ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။
“သူ့ရဲ့ ဆိုရှယ်မီဒီယာပို့စ်ကို မြင်မှပဲ သူ ထိုင်းရောက်နေပြီဆိုတာ သိလိုက်ရတယ်” ဟု ဟွမ်၏အစ်မက ပြောသည်။
ထို့နောက် ထိုစုံတွဲသည် ထိုင်း-မြန်မာနယ်စပ်သို့ သွားခဲ့ကြပြီး လက်နက်ကိုင်အမျိုးသားတစ်ဦးက သူတို့ကို လာရောက်ခေါ်ဆောင်သွားခဲ့ကာ ဟွမ်၏ နိုင်ငံကူးလက်မှတ်နှင့် မိုဘိုင်းဖုန်းကို သိမ်းယူခဲ့သည်။
ဟွမ်က သူ့ဖုန်းနှင့် ခဏလောက် ဆော့ကစားရန် ခွင့်ပြုပေးရန် ကျိုးကို တောင်းပန်ခဲ့ပြီး သူမက သဘော တူခဲ့သည်။ သူသည် မိသားစုကို အကူအညီတောင်းသည့် မက်ဆေ့ချ်ပို့ရန် ဖုန်းကို အသုံးပြုခဲ့ပြီး မိသားစု ကလည်း တရုတ်ရဲတပ်ဖွဲ့ထံ ချက်ချင်းဖုန်းခေါ်ဆိုခဲ့သည်။
ထို့နောက် ဟွမ်သည် မြန်မာနိုင်ငံရှိ Kaixuan ဟုခေါ်သော အဆောက်အအုံဝင်းတစ်ခုသို့ ရောက်ရှိ သွားခဲ့ကြောင်း၊ ထိုနေရာတွင် သူ့ဆံပင်ကို ရိတ်ပစ်ခံခဲ့ရပြီး သူ့ကို တယ်လီကွန်းလိမ်လည်မှုများ လုပ် ဆောင်ရန် လေ့ကျင့်ပေးခဲ့ကြောင်း ဟွမ်က ပြောသည်။
သူသည် တစ်နေ့လျှင် ၁၆ နာရီမှ ၂၀ နာရီအထိ အလုပ်လုပ်ခဲ့ရသည်။ သို့သော်လည်း သားကောင် တစ်ဦးတစ်ယောက်ကိုမျှ အောင်မြင်စွာ လိမ်လည်နိုင်ခြင်း မရှိသည့်အတွက် အဆောက်အအုံဝင်းရှိ မန်နေဂျာများက သူ့ခါးကို သံတုတ်ဖြင့် မကြာခဏရိုက်နှက်ပြီး သူ၏နားရွက်များကိုပါ ဖြတ်ရိုက်ခဲ့ကြသည်။
ရလဒ်အနေဖြင့် ဟွမ်သည် နားမကြားတော့ဘဲ ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ကျော် ကျသွားခဲ့သည်။
ဂိုဏ်းခေါင်းဆောင်က ဟွမ်ကိုဝယ်ရန်အတွက် ကျိုးကို ယွမ် ၁၀၀,၀၀၀ ပေးခဲ့ရသည့်အတွက် ဟွမ်၏ မိသားစုမှ လျော်ကြေးအချို့ပေးနိုင်ပါက ဟွမ်ကို ပြန်လွှတ်ပေးရန် နောက်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံရှိ Chaoshan ကုန်သည်များအသင်း၏ အကူအညီဖြင့် ရွေးရမည့်ငွေပမာဏကို ညှိနှိုင်း ခဲ့ပြီးနောက် ဂိုဏ်းခေါင်းဆောင်က ယွမ် ၃၅၀,၀၀၀ ဖြင့် သဘောတူခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ဟွမ်သည် ဇွန်လတွင် တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။ သူ၏ချစ်သူကောင်မလေးသည် ထိုင်းနိုင်ငံတွင် ၁၀ ရက်ကြာ ခရီးသွားခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ ပြန်ရောက်သည့်အခါ ဖမ်းဆီးခံခဲ့ရသည်။
.အဆိုပါအမှုကို မူလက ဇူလိုင်လကုန်တွင် ကြားနာစစ်ဆေးရန် စီစဉ်ထားသော်လည်း လူသိရှင်ကြား မကြေညာထားသည့် ရက်တစ်ရက်သို့ ရွှေ့ဆိုင်းထားသည်။
ဟွမ်၏အစ်မဖြစ်သူ၏ ပြောပြချက်အရ နိုင်ငံခြားတိုင်းပြည်တွင် သက်သေအထောက်အထားများ စုဆောင်းရန် ခက်ခဲသောကြောင့် ဤအမှုသည် ရှုပ်ထွေးကြောင်း ရဲအရာရှိများက သူမကို ပြောခဲ့သည်ဟုသိရသည်။
“အချစ်ရူးရူးနေတဲ့ ကျွန်မမောင်လေးဟာ သူ့ချစ်သူကောင်မလေးရဲ့ ဦးနှောက်အကျင်းခံလိုက်ရတာပါ” ဟု ဟွမ်၏အစ်မက ပြောသည်။ “ဒီကောင်မလေးက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ဒီလောက် ရက်စက် တဲ့အလုပ်မျိုးတွေ လုပ်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ” ဟု သူမက ပြောသည်။
Source : South China Morning Post

#World_Science
Published 25 August 2025
▪️ ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသီတွေက အယ်ဇိုင်းမားရောဂါရဲ့ ထူးခြားမှုတွေနဲ့ ဦးနှောက်အိုမင်းလာခြင်းအကြောင်း ဖြေရှင်းလာနိုင်မယ့် အဓိကအချက်ကို တွေ့ရှိထားပြီး ဒါဟာ လီသီယံသတ္တု ဖြစ်ပါတယ်။
▪️ လီသီယံက စိတ်ကျန်းမာရေးပြဿနာနဲ့ စိတ်ဓာတ်ကျသူတွေမှာ စိတ်တည်ငြိမ်အောင် ပေးရတဲ့ဆေးဖြစ်ပါတယ်။
▪️ လီသီယံက ခန္ဓာကိုယ်ထဲမှာလည်း အနည်းငယ်မျှ သဘာဝအတိုင်းရှိနေကာ ဆဲလ်တွေပုံမှန်လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။
▪️ သုတေသီတွေက ကြွက်တွေမှာ လီသီယံကုန်ခမ်းစေတဲ့ စားစရာတွေ ကျွေးတဲ့အခါ ဦးနှောက်ရောင်ရမ်းမှုဖြစ်စေပြီး လျင်မြန်စွာအိုမင်းစေကြောင်း တွေ့ရှိခဲ့ပါတယ်။
▪️ လီသီယံပမာဏ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းထားတဲ့ ကြွက်တွေကတော့ ဦးနှောက်မှာ ပုံမှန်မဟုတ်ပြောင်းလဲခြင်းတွေဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
▪️ လီသီယံက ကြွက်တွေမှာ အယ်ဇိုင်းမားလက္ခဏာတွေကို ပြန်လည်သက်သာစေပြီး အညစ်အကြေးပစ္စည်းတွေကို လျှော့ချပေးကာ မှတ်ဉာဏ်ပိုင်းတိုးတက်စေပါတယ်။
▪️ အယ်ဇိုင်းမားရောဂါနဲ့ ပတ်သက်တဲ့ ပဟေဌိတွေအကြောင်း သိပ္ပံပညာရှင်တွေ ဖြေရှင်းဖို့ကြိုးစားနေတာ ဆယ်စုနှစ်တွေ ကြာမြင့်ပြီဖြစ်ပါတယ်။
▪️ အယ်ဇိုင်းမားရောဂါရှိတဲ့ လူတွေမှာ လီသီယံပမာဏနည်းပါးတာကြောင့် ဒီရောဂါနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍမှာ အရေးကြီးနေနိုင်ပါတယ်။
▪️ အစိမ်းရောင်အရွက်တွေ၊ အခွံမာသီးတွေ၊ သတ္တုရေတို့က ဦးနှောက်ကျန်းမာရေးအတွက် အကျိုးပြုနိုင်မယ့် လီသီယံတွေ ထုတ်လုပ်ပေးဖွယ်ရှိပါတယ်။
Source: CNN Health.
#World_Science
Published 25 August 2025
▪️ ကမ္ဘာကြီးအကြောင်း နိမိတ်တွေပြောခဲ့တဲ့ ဘူလ်ဂေးရီးယားမှ မျက်မမြင်ပုဂ္ဂိုလ်ထူး ဘာဘာဗန်ဂါဟာ ၂၀၂၅ ခုနှစ်အတွက် ဖြစ်စဉ်အများအပြားကို ခန့်မှန်းသွားပါတယ်။
▪️ ဒီထဲကတစ်ခုက ဂြိုဟ်သားတွေ ကမ္ဘာနဲ့ ထိတွေ့လိမ့်မယ်ဆိုတာလည်း ပါဝင်ပါတယ်။
▪️ 3I/ATLAS အာကာသအရာဝတ္ထုဟာ ယခုနှစ်မှာ ကမ္ဘာဂြိုဟ်ကို လာရောက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ထင်မြင်ချက်ပေးနေကြပါတယ်။
▪️ ဘာဘာဗန်ဂါဟာ သူမရဲ့ အိပ်မက်တွေထဲမှာ ဖြစ်ရပ်တွေကို မြင်တွေ့ခဲ့ပြီး ထုတ်ဖော်ပြောပြခဲ့ပါတယ်။
▪️ ဒုတိယကမ္ဘာစစ်၊ ချာနိုဘိုင်းကပ်ဘေး၊ မင်းသမီးဒိုင်ယာနာဆုံးပါးခြင်း၊ ၉/၁၁ ဖြစ်စဉ်၊ ၂၀၀၄ ဆူနာမီနဲ့ သူမရဲ့သေဆုံးမှုဟောကိန်းတွေဟာ ထင်ရှားတဲ့ဖြစ်ရပ်တွေပါ။
▪️ ယခုလည်း သူမအာရုံရခဲ့တဲ့ မြင်ကွင်းတွေထဲမှာ လူသားတွေနဲ့ ဂြိုဟ်သားတွေ ဆက်ဆံထိတွေ့မယ်ဆိုတာက မဖြစ်သေးတဲ့အရာဖြစ်ပြီး ၂၀၂၅ မှာ ဖြစ်လာနိုင်မလားလို့ သိချင်လာကြပါတယ်။
▪️ 3I/ATLAS အာကာသအရာဝတ္ထုအကြောင်း လတ်တလောသိပ္ပံနည်းကျ စောင့်ကြည်နေကြသလို ဟားဗတ်သိပ္ပံပညာရှင် အေဗီလော့ဘ်ကလည်း အာကာသယာဉ်ကြီးဖြစ်မယ်လို့ ယူဆနေပါတယ်။
▪️ ထိုအရာကြီးက တစ်စက္ကန့်ကို ၆၀ ကီလိုမီတာနှုန်းဖြင့် သွားနေကာ အချင်း ၂၀-၂၄ ကီလိုမီတာရှိပြီး ပုံမှန်မဟုတ်တဲ့ ပုံသဏ္ဍာန်တွေ မြင်တွေ့ရတာကြောင့် အဆင့်အတန်းမြင့် ဂြိုဟ်သားအဖွဲ့အစည်းကဖြစ်မယ်လို့ လော့ဘ်က မှတ်ချက်ချထားတာ ဖြစ်ပါတယ်။
▪️ ၂၀၂၅ နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်အတွင်း ဂြိုဟ်သားလှုပ်ရှားမှုတွေ တွေ့ရနိုင်ပြီး ဘာဘာဗန်ဂါရဲ့ နိမိတ်တွေနဲ့ အာကာသဂြိုဟ်သားတွေနဲ့ ထိတွေ့လာရနိုင်တဲ့အကြောင်း စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
Source: WION.
#World_Health
Published 24 August 2025
▪️ ကျန်းမာသန်စွမ်းနေဖို့ဆိုတာ နေ့စဉ်လေ့ကျင့်ခန်းလုပ်ရုံမကဘဲ ဘယ်အချိန်အနားယူရလဲဆိုတာကိုပါ သိရှိရပါမယ်။
▪️ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံဆိုတာ လေ့ကျင့်ခန်း၊ အစားအသောက်၊ အိပ်စက်မှုတို့ မျှတမှုအပေါ် မူတည်နေပါတယ်။
▪️ တစ်ပတ်ကို အလယ်အလတ်လှုပ်ရှားမှုမျိုး အနည်းဆုံးမိနစ် ၁၅၀ ပြုလုပ်ဖို့ ကျွမ်းကျင်သူများ အကြံပြုထားပေမယ့် နေ့စဉ်နေ့တိုင်းတော့ လေ့ကျင့်ခန်းလုပ်ဖို့ မလိုပါဘူး။
▪️ အနားယူခြင်းနဲ့ ပြန်လည်အားမွေးခြင်းကလည်း အရေးပါပါတယ်။
▪️ အနားမယူမိတာဟာ တစ်လလောက် လေ့ကျင့်ခန်းမလုပ်ခြင်းနဲ့ အတူတူလောက်ရှိတယ်လို့ လိုင်းယွန်းစ်အားကစားခန်းမအကယ်ဒမီမှ နည်းပြချုပ် ဂျက်စတင်ဆန်းတို့စ်က ပြောပါတယ်။
▪️ အနားယူတဲ့အခါ ခန္ဓာကိုယ်က ကြွက်သားမျှင်တွေကို ပြုပြင်ပေးပါတယ်။
▪️ လေ့ကျင့်ခန်းအားကစားတိုင်းဟာလည်း အနားယူအားမွေးချိန် အမျိုးမျိုး လိုအပ်ပါတယ်။
▪️ လေ့လာချက်များအရ တစ်ပတ်ကို ၁-၂ ရက်ခန့် လေ့ကျင့်ခန်းလုပ်ရင်ပင် စောစီးစွာ အသက်ဆုံးပါးနိုင်ခြေကို ၃၀-၃၄ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ပါတယ်။
▪️ လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်းလိုမျိုး လှုပ်ရှားမှုဖြင့်ပင် ကျန်းမာရေးတိုးတက်စေနိုင်ပါတယ်။
▪️ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ပြီး အလုံအလောက် အနားမယူနိုင်ရင် ဒဏ်ရာအနာတရရနိုင်ခြေလည်း များနိုင်ပါတယ်။
▪️ အနားယူတဲ့ရက်တွေမှာ ပြုပြင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း၊ ခန္ဓာကိုယ်အားဖြည့်ခြင်း၊ ရေရှည်ကြံ့ခိုင်ခြင်းတို့ကို ကူညီထောက်ပံ့ပေးပါတယ်။
Source: India Today.
#World_Health
Published 24 August 2025
▪️ ယခုနှစ်အတွင်း အမေရိကန် ၆၇,၄၀၀ ခန့်မှာ ပန်ကရိယကင်ဆာ ဖြစ်နိုင်ပြီး ၅၂,၀၀၀ နီးပါး သေဆုံးနိုင်တယ်လို့ အမေရိကန်ကင်ဆာအဖွဲ့အစည်းက ခန့်မှန်းလိုက်ပါတယ်။
▪️ ဒီရောဂါက ပန်ကရိယအတွင်းမှာ ဆဲလ်ပုံမှန်မဟုတ် ကြီးထွားရာကနေ ဖြစ်လာတာပါ။
▪️ အသက်ဆုံးရှုံးနိုင်ခြေအများဆုံး ကင်ဆာတွေထဲက တစ်ခုဖြစ်ပြီး ရောဂါတွေ့ပြီးနောက် ၁၃ ရာခိုင်နှုန်းသော လူနာတွေကပဲ ၅ နှစ်အထိ အသက်ရှင်ပါတယ်။
▪️ ပန်ကရိယအင်္ဂါက ဝမ်းဗိုက်ထဲမှာ ပုန်းကွယ်တည်ရှိကာ အစောပိုင်းလက္ခဏာအနေနဲ့ ခါးနာခြင်း၊ နွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်တတ်ကြောင်း ယူစီဆန်ဒီယေဂိုကျန်းမာရေးမှ ကင်ဆာဌာနညွှန်ကြားရေးမှူး ဒေါက်တာဒိုင်ယန်းဆီမြွန်က ပြောပါတယ်။
▪️ အသားနဲ့ မျက်လုံးအဖြူသား ဝါခြင်းတို့က ရောဂါလက္ခဏာဖြစ်ပါတယ်။
▪️ အသားဝါခြင်းက အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊ ကျောက်တည်ခြင်းစတဲ့ အသည်းပြဿနာများ ဖြစ်နေနိုင်ပါတယ်။
▪️ MRI ၊ CT စကင်၊ အာထရာဆောင်း၊ CA 19-9 တို့လို သွေးစစ်ဆေးချက်များဖြင့် ရောဂါစစ်ဆေးရှာဖွေနိုင်ပါတယ်။
▪️ PRECEDE အဖွဲ့အစည်းက ပန်ကရိယကင်ဆာ စောစီးစွာ တွေ့ရှိနိုင်ဖို့နဲ့ ၅ နှစ်တာ အသက်ရှင်နှုန်းကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
▪️ ကုသနည်းများအနေဖြင့် ခွဲစိတ်မှု၊ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ ကိုယ်ခံအားမြှင့်တင်ခြင်း ရရှိနိုင်ပါတယ်။
Source: New York Post
Page 192 of 1208