#World_News
Published 18 November 2025

▪️ ငွေကြေးဖောင်းပွမှုပြဿနာကို အမေရိကန်တွေ စိုးရိမ်မှုမြင့်တက်လာတာကြောင့် သမ္မတ ဒေါ်နယ်ထရမ့်က McDonald's စားသောက်ကုန်လုပ်ငန်းရဲ့ ပိုင်ရှင်တွေ၊ တာဝန်ယူဆောင်ရွက်သူတွေ၊ ကုန်ကြမ်းပံ့ပိုးသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အစိုးရအဖွဲ့က ငွေကြေးဖောင်းပွမှု တိုက်ဖျက်နေပေမယ့် နောက်ထပ်လုပ်စရာတွေ အများကြီးလိုသေးတယ်လို့ တနင်္လာနေ့က ပြောသွားပါတယ်။

▪️ ၂၀၂၄ ရွေးကောက်ပွဲ စည်းရုံးရေးတုန်းက ကုန်ဈေးနှုန်းတွေ လျှော့ခချပေးမယ်လို့ ကတိပြုခဲ့တဲ့ထရမ့်က ပြည်တွင်းထုတ်လုပ်မှုများ ပြန်လည်မြှင့်တင်ပြီး အမေရိကန်တွေရဲ့ ဝင်ငွေတိုးတက်လာဖို့ ကူညီသွားမယ်လို့ ပြောနေပါတယ်။

▪️ နောက်ပိုင်းမှာတော့ အဆိုပါဆောင်ရွက်ချက်‌တွေ စတင်အကောင်အထည်ဖော်ဖို့ အချိန်ယူရဦးမယ်လို့ ဆိုနေပါတယ်။

▪️ နိုင်ငံအများအပြားအပေါ် ထရမ့်ချမှတ်ထားသော အခွန်စည်းကြပ်မှုတွေကြောင့် အမေရိကန်မှာ ကုန်ကျစရိတ် ဆက်လက်မြင့်တက်နေပါတယ်။

▪️ ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ထရမ့်အပေါ် ထောက်ခံမှုနှုန်း ကျဆင်းလာပါတယ်။

▪️ ဝင်ငွေနိမ့်ပါးသူတွေက ငွေကြေးဖောင်းပွမှုဒဏ်ကို ခံနေရတယ်လို့ McDonald's စီအီးအို ခရစ္စကမ့်ဇင်စကီးက သတိပေးထားပါတယ်။

▪️ ဒါပေမဲ့ ယခုဖောင်းပွမှုက ဂျိုးဘိုင်ဒင်လက်ထက်ကထက်စာရင် များစွာနည်းနေသေးတယ်လို့ ထရမ့်က ပြောနေပါတယ်။

▪️ ပြည်တွင်းစားသောက်ကုန်ဈေးနှုန်းအားလုံး မြင့်တက်နေကာ စက်တင်ဘာလက ၂ နှစ်ကျော်အတွင်း အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။

Source: Reuters