ဆားဘီးယားနိုင်ငံဟာ ကော့ဆိုဗိုနဲ့ မက်တိုဟီဂျာစီရင်စုပြည်နယ်တို့ကို ဘယ်တော့မှလက်လွတ်ခံမှာ မဟုတ်သလို နေတိုးမဟာမိတ်အဖွဲ့ကိုလည်း ဘယ်တော့မှပူးပေါင်းမှာမဟုတ်ဘူးလို့ ယူဂိုဆလားဗီးယားကို နေတိုးဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ ဆားဘီးယားသမ္မတ အဲလက်ဇန်ဒါဗူရှစ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_Event
Published 28 March 2024
#ယူဂိုဆလားဗီးယားအားနေတိုးတိုက်ခိုက်ခဲ့ #(၂၅)နှစ်မြောက်အထိမ်းအမှတ်အောက်မေ့ပွဲ
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 28 March 2024
၁။ ပုဂံတွင် ပုန်းရည်အစရှိသည့်ဒေသထွက်ကုန်များ ရောင်းအားတက်ပြီး E-bike အငှားလုပ်ငန်းဖြစ်ထွန်းနေ
၂။ နွေရာသီကျောင်းပိတ်ရက်တွင် ဆယ်အိမ်တန်းကမ်းခြေသို့လာရောက်အပန်းဖြေသူပိုများလာ
၃။ ရန်ကုန်လမ်းလျှောက်သင်္ကြန်၌ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့်အတူ စားသောက်ဆိုင်ခန်း (၁၅၀)ပါမည်ဟုဆို
၄။ ယူဂိုဆလားဗီးယားအား နေတိုးတိုက်ခိုက်ခဲ့သည့်(၂၅)နှစ်မြောက် အထိမ်းအမှတ်အောက်မေ့ပွဲ ဆားဘီးယားနိုင်ငံတွင်ကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_Science
Published 28 March 2024
ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဆယ်ကျော်သက်များကြား အင်တာနက်ပေါ်မှ အနိုင်ကျင့်ခြင်း(ဆိုက်ဘာအနိုင်ကျင့်ခြင်း)ဖြစ်စဥ်များ ၁၃ ရာခိုင်နှုန်း ပိုမိုအဖြစ်များလာပြီး ၂၀၂၂ ခုနှစ်မှာ အင်တာနက်ပေါ်မှ အနိုင်ကျင့်ခံရခြင်း ကြုံတွေ့ခဲ့ရတဲ့ ဆယ်ကျော်သက် ၁၆ ရာခိုင်နှုန်းခန့် ရှိခဲ့တယ်လို့ WHO ဥရောပမှ မကြာသေးမီက ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ နေရာမရွေး အချိန်မရွေး ဖြစ်ပွားနေတဲ့ အနိုင်ကျင့်ခြင်းနဲ့ အကြမ်းဖက်ခြင်းတို့ကို ဖြေရှင်းကြဖို့ အားလုံးကို သတိပေးလိုက်တာဖြစ်ကြောင်း WHO ဥရောပဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်းစ်ကလူဂေးက ပြောပြလိုက်ပါတယ်။
မကြာသေးမီလများက ယောက်ျားလေး ၁၅ ရာခိုင်နှုန်းနဲ့ မိန်းကလေး ၁၆ ရာခိုင်နှုန်းတို့ အင်တာနက်ပေါ်မှ အနိုင်ကျင့်ခြင်း ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါ နောက်ပိုင်းကတည်းက လူငယ်တွေမှာ အွန်လိုင်းပေါ်မှာ ပြောဆိုလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာတာကြောင့် ဒီလိုအဖြစ်များလာတာပါ။
မိဘတွေရဲ့ လူမှုစီးပွားရေး အခြေအနေက ကလေးတွေရဲ့ အပြုအမူပေါ် သိပ်ပြီးသက်ရောက်မှု မရှိဘဲ ကနေဒါမှာကတော့ အနည်းငယ်နိမ့်ကျတဲ့ လူငယ်တွေမှာ ပိုပြီးအနိုင်ကျင့်ခံနေရပါတယ်။
အင်တာနက်ပေါ်မှ အနိုင်ကျင့်ခြင်းဖြစ်စဥ် ဖြစ်ပွားမှုနှုန်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီကြဘဲ ဘူလ်ဂေးရီးယား၊ လစ်သူယေးနီးယား၊ မော်လ်ဒိုဗာ၊ ပိုလန်တို့မှ ယောက်ျားလေးများက အများဆုံး ခံစားနေရပြီး စပိန်ကတော့ အနည်းဆုံး ဖြစ်နေပါတယ်။
တင်ပြချက်တစ်ခုအရ ဆယ်ကျော်သက် ၈ ယောက်မှာ ၁ ယောက်နှုန်းက အခြားသူများကို အင်တာနက်ပေါ်မှ အနိုင်ကျင့်ဖူးတယ်လို့ ဝန်ခံထားပါတယ်။
လူငယ်တွေဟာ နေ့စဥ်နေ့တိုင်း အွန်လိုင်းပေါ်မှာ အချိန်အတော်များများ ရှိနေတာကြောင့် အနိုင်ကျင့်မှု အနည်းငယ်ပြောင်းလဲရင်တောင်မှ လူပေါင်းထောင်ပေါင်းများစွာရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ညွှန်ကြားရေးမှူးက ဆိုပါတယ်။
ထိုတင်ပြချက်ဟာ ဥရောပ၊ အာရှအလယ်ပိုင်း၊ ကနေဒါစသဖြင့် နိုင်ငံပေါင်း ၄၄ နိုင်ငံမှ ကလေးငယ်နဲ့ ဆယ်ကျော်သက် ၂၇၉၀၀၀ ဦးကို လေ့လာထားတာ ဖြစ်ပါတယ်။
လူငယ်တွေ၊ မိသားစုတွေကို အင်တာနက်ပေါ်မှ အနိုင်ကျင့်ခြင်းနဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ လိုအပ်သလို ဒီလိုအနိုင်ကျင့်ခြင်းမျိုးကို လျှော့ချနိုင်ရန် ဆိုရှယ်မီဒီယာတွေကို ထိန်းကွပ်ပေးဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
#World_Science #Source: WION #အင်တာနက်ပေါ် #အခြားသူများကိုအနိုင်ကျင့်နေ
Published 28 March 2024
ညဘက်အိပ်ရာမဝင်မီ မျက်နှာသစ်ခြင်းက ဘယ်လောက်အရေးကြီးလဲ ဆိုတာကို တော်တော်များများ မသိကြပါဘူး။
ညဘက်မျက်နှာသစ်ခြင်းက မိတ်ကပ်ဖယ်ရှားရုံမက တစ်နေကုန်ကပ်ငြိနေတဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားမှာ ဖြစ်ပါတယ်။
မျက်နှာပေါ်ကစုပြုံလာတဲ့ အညစ်အကြေးတွေကို မှန်ပေါ်မှာ မမြင်ရနိုင်ဘူးလို့ နယူးယော့ခ်စီးတီးမှ UnionDerm တည်ထောင်သူ အရေပြားပညာရှင် အန်းချာပတ်စ်က ပြောပြပါတယ်။
အိပ်ရာမဝင်ခင် မျက်နှာသစ်ခြင်းဖြင့် ချွေးပေါက်ပိတ်ဆို့ခြင်းမှ ကာကွယ်ပေးပြီး ဝက်ခြံနဲ့အခြားအရေပြားပြဿနာများ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
အိပ်နေစဥ်မှာ အရေပြားအနေနဲ့ သဘာဝအတိုင်း သစ်လွင်စေပြီး ပိုမိုကျန်းမာဝင်းလက်စေပါတယ်။
အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အတွက် အစိုဓာတ်ထိန်းသိမ်းဆေးရည်တွေနဲ့ ဆီရမ်အရည်များ အသားထဲသို့ ဝင်စေရန်အထောက်အကူပေးပါတယ်။
လူနေထူထပ်တဲ့ မြို့ပြနေရာတွေမှာ အညစ်အကြေးများ အဆိပ်အတောက်များ ထိတွေ့ခဲ့ရတာကိုလည်း မျက်နှာသစ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ်။
အလှကုန်ပစ္စည်းများ အသုံးပြုနေတဲ့ အမျိုးသမီးတွေအတွက် မျက်နှာသစ်ခြင်းက ပိုပြီးတော့တောင်အရေးကြီးပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုနိုင်ပေမယ့် အလွန်အကျွံတော့ မသုံးသင့်ပါဘူး။
အလွန်ပွတ်တိုက်ပြီး မျက်နှာချေးချွတ်တာမျိုးကိုလည်း ဆရာဝန်တွေက အကြံမပြုပါဘူး။
အရေပြားမှာ အဆီလွှာတစ်မျိုးက ကာကွယ်ပေးထားပြီး မကြာခဏ မျက်နှာသစ်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်းတို့ ပြုလုပ်ပါက ထိုအလွှာပျက်စီးသွားနိုင်ပါတယ်။
မျက်နှာသစ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ဖြည့်တင်းရန် အစိုဓာတ်ဖြည့်အရည် အသုံးပြုသင့်ပါတယ်။
အရေပြားပြဿနာတစ်ခုခု ကြုံတွေ့နေရသူတွေအနေနဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
#World_Health
#ညအိပ်ရာဝင်ခါနီးတိုင်းမျက်နှာသစ်သင့်သလား
#Source: New York Post.
Published 28 March 2024
အူမကြီးကင်ဆာဝေဒနာသည်တွေအနေနဲ့ တစ်နေ့ကို ကော်ဖီ ၂ ခွက်မှ ၄ ခွက်ခန့် သောက်သုံးခြင်းဖြင့် ရောဂါပြန်ဖြစ်နိုင်ခြေ နည်းပါးကာ အသက်ဆုံးရှုံးနိုင်ခြေ ကျဆင်းနိုင်တယ်လို့ မကြာသေးမီက သုတေသန တွေ့ရှိထားပါတယ်။
နယ်သာလန်နိုင်ငံမှာ အူမကြီးကင်ဆာ ဝေဒနာရှင် ၁၇၀၀ ကျော်ကို လေ့လာခဲ့ပြီး ကော်ဖီသောက်ခြင်းနဲ့ ရောဂါပြန်ဖြစ်ခြင်းတို့ကြား ဆက်စပ်နေပုံကို တွေ့ရှိခဲ့ကြပါတယ်။
တစ်နေ့ကို ၂ ခွက်ခန့်သောက်သုံးခြင်းက ကင်ဆာဖြစ်နိုင်ခြ လျော့ကျနိုင်သလို ၅ ခွက်နဲ့အထက် သောက်သုံးသူတွေမှာတော့ အများဆုံးလျော့ကျနေပါတယ်။
ကော်ဖီများများသောက်ခြင်းက အူမကြီးကင်ဆာ ဝေဒနာသည်တွေမှာ အသက်ရှင်နှုန်းမြင့်မားစေတာ ဖြစ်ပါတယ်။
ကော်ဖီပုံမှန်သောက်သုံးခြင်းက အူမကြီးကင်ဆာ ခံစားနေရသူတွေမှာ အကျိုးကျေးဇူးဖြစ်စေတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိရပါတယ်။
အကျိုးကျေးဇူးရှိစေတယ်ဆိုပေမယ့် ပမာဏကိုတော့ သတိပြုမိဖို့ လိုအပ်ပါတယ်။
အူမကြီးကင်ဆာနဲ့ ပတ်သက်လို့ ကော်ဖီရဲ့သက်ရောက်မှု အကြောင်းအရင်းတွေကို သိရှိရဖို့ နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန် လိုအပ်ပါသေးတယ်။
ကော်ဖီနဲ့ ကိုက်လံတို့မှာပါဝင်တဲ့ ကလိုရိုဂျင်းနစ်အက်ဆစ်က ဂလူးကို့စ်နဲ့ အင်ဆူလင်ထိန်းချုပ်မှုမှာ ပတ်သက်နေတယ်လို့ ကမ္ဘာ့ကင်ဆာသုတေသန ရန်ပုံငွေအဖွဲ့က ဆိုပါတယ်။
#World_Health
#တစ်နေ့ကိုကော်ဖီ(၂)ခွက်မှ(၄)ခွက်သောက်သုံးပါကအူမကြီးကင်ဆာ
#Source: WION.
အမေရိကန် အထက်တန်းကျောင်းသားများ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ တရုတ်ပြည်အနှံ့ရှိ သမိုင်းဝင်နဲ့ ယဥ်ကျေးမှုအမွေအနှစ် နေရာများကို သွားရောက်လည်ပတ်ကြပြီး တရုတ်ကျောင်းသားအဖွဲ့နဲ့အတူ ရင်းနှီးချစ်ကြည်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပါတယ်။
#World_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
နယူးဒေလီ, မတ် ၂၇ (ရိုက်တာ)
အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၃.၇ ဘီလျံအကုန်အကျခံကာ မိုင်၁၀၀၀ခန့်ရှည်လျားသည့် မြန်မာနှင့်နယ်စပ် တစ်လျှောက် ခြံစည်းရိုးခတ်ဖို့ စီစဉ်နေတယ်လို့ အဆိုပါကိစ္စနှင့်တိုက်ရိုက်သက်ဆိုင်တဲ့ သတင်းအရင်းအမြစ်က ရိုက်တာသတင်းဌာနကိုပြောပါတယ်။ မှောင်ခိုလုပ်ငန်းတွေနှင့် တရားမဝင်လှုပ်ရှားမှုတွေကိုဟန့်တားနိုင်ဖို့လို့ ဆိုပါ တယ်။
နယူးဒေလီက နယ်စ်တွင်ခြံစည်းရိုးများခတ်ကာ ဆယ်စုနှစ်များစွာကြာခဲ့တဲ့ ဗီဇာမလိုဘဲဝင်ထွက်သွားလာခွင့်ကို လည်း အဆုံးသတ်မယ်လို့ နှစ်ဆန်းကတည်းက ပြောခဲ့ပါတယ်။
အိန္ဒိယအစိုးရကော်မတီတစ်ရပ်ဟာ ခြံစည်းရိုးခတ်မယ့် ကုန်ကျစရိတ်ကို ဒီလစောစောပိုင်းမှာ အတည်ပြုခဲ့ပါ တယ်။ ကော်မတီက အတည်ပြုပြီးနောက် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ အစိုးရအဖွဲ့က အတည်ပြုပေးဖို့လိုအပ်ပါ သေးတယ်လို့ အစိုးရ အရင်းအမြစ်တွေက ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ပဋိပက္ခတွေကြောင့် နယူးဒေလီအနေနှင့် အိန္ဒိယသို့ လူမှုတင်းမာမှုတွေကူးစက်လာမှာကို စိုးရိမ်နေပါတယ်။
စစ်အခြေစိုက် စခန်းတွေ နှင့် နယ်စပ်ကို လမ်းတွေနှင့်ချိတ်ဆက်နိုင်အောင်နယ်စပ်ခြံစည်းရိုးတစ်လျောက်မှာ အိန္ဒိယနိုင်ငံအတွင်းဘက်မှာ အပြိုင်လမ်းတွေဖောက်လုပ်ဖို့ အိန္ဒိယအကြီးတန်းအရာရှိတွေရဲ့ကော်မတီတစ်ရပ်က သဘောတူခဲ့ပါတယ်လို့ သတင်းအရသိရပါတယ်။ ခြံစည်းရိုးနှင့် ယင်းနှင့်ကပ်လျက် လမ်းအတွက် ကုန်ကျစရိတ် ဟာ တစ်ကီလိုမီတာကို ရူပီး ၁၂၅သန်းကုန်ကျမယ်လို့ တွက်ချက်ထားပါတယ်။ အဲဒီကုန်ကျစရိတ်ဟာ ၂၀၂၀ခုနှစ်က ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ခြံစည်းရိုးကာစဉ်က ကုန်ကျစ၇◌ိတ် တစ်ကီလိုမီတာကို ၅၅သန်း နှုန်းထက် နှစ်ဆခန့်ဈေးကြီးနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒီနယ်စပ်တလျောက်မှာ တောင်တွေထူထပ်ခြင်း နှင့် ကျူးကျော်ဝင်ရောက်မှုနှင့် ပျက်စီးယိုယွင်းမှုကို ဟန့်တားဖို့နည်းပညာအသုံးပြုကြရမှာကြောင့်ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
@ymg/knl
Page 170 of 824