#World_Science
Published 14 June 2025
▪️ ကမ္ဘာ့ဗဟိုချက်မှာ ရွှေတွေအပြည့်ရှိနေပြီး ကမ္ဘာ့ကြားလွှာကနေ အပေါ်ယံလွှာအထိ စိမ့်ထွက်နေတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ မြေအနက်ပိုင်းမှ ထွက်လာတဲ့ မီးတောင်ကျောက်တုံးတွေမှာ တွေ့ရတဲ့ အိုင်ဆိုတုပ်တွေမှာ ရွှေအပါအဝင် အဖိုးတန်သတ္တုများ ပါဝင်တာကို တွေ့ရှိလာပါတယ်။
▪️ ဂျာမနီ ဂေါ့တင်ဂျန်တက္ကသိုလ်မှ ဘူမိဓာတုပညာရှင် နီလ်မက်စ်လင်က သူတို့ရဲ့ အချက်အလက်တွေထဲမှာ ရွှေနဲ့ အခြားအဖိုးတန်သတ္တုတွေဟာ ကမ္ဘာကြားလွှာအပေါ်ဘက်အထိ စိမ့်ထွက်နေတယ်ဆိုတာ သေချာတယ်လို့ ဆိုပါတယ်။
▪️ ကမ္ဘာ့အပေါ်ယံလွှာကနေ ရွှေရနိုင်တယ်ဆိုပေမယ့် တကယ်တမ်း ကမ္ဘာမှာရှိတဲ့ စုစုပေါင်းပမာဏနဲ့ယှဉ်ရင် အသေးအဖွဲ့လောက်သာ ရှိပါတယ်။
▪️ ကမ္ဘာ့ဗဟိုချက်ကနေ ဟီလီယံနဲ့ သံအိုင်ဆိုတုပ်ကြီးတွေ ထွက်တယ်ဆိုတဲ့ အထောက်အထားကောင်း ရှိပေမယ့် မျက်နှာပြင်ကနေ သတ္တုကြီးတွေ ဘယ်လောက်ရရှိတယ်၊ အာကာသကနေ ဘယ်လောက်ရရှိတယ်ဆိုတာ မသဲကွဲပါဘူး။
▪️ ကမ္ဘာ့ဗဟိုချက်ကနေ ထွက်တဲ့ သတ္တုတွေထဲမှာ ရုသနီယံ၊ ရွှေတို့အပြင် ဒြပ်စင်များဖြစ်တဲ့ ပယ်လာဒီယံ၊ ရိုဒီယံ၊ ပလက်တီနမ်တို့လည်း ပါဝင်ပါတယ်။
▪️ ဒါပေမဲ့ ဒါမျိုးတွေတွေ့ရှိဖို့ ၂,၉၀၀ ကီလိုမီတာလောက်အထိ တူးဖို့ကလည်း မလွယ်ကူပါဘူး။
▪️ ကမ္ဘာ့ဗဟိုချက်က ယခင်ထင်ထားသလောက် ကွဲထွက်နေတာ မဟုတ်တာကို တွေ့ထားတဲ့အပြင် တန်ချိန်များစွာရှိတဲ့ ကျောက်တုံးတွေဟာ ဗဟိုချက်-ကြားလွှာနယ်နိမိတ်ကနေ အစပြုကာ ကမ္ဘာ့မျက်နှာပြင်အထိ မြင့်တက်လာတာလည်း သက်သေပြနိုင်တယ်လို့ ဂေါ့တင်ဂျန်တက္ကသိုလ်မှ မက်သီယပ်စ်ဝီလ်ဘိုးက ပြောသွားပါတယ်။
#Source: ScienceAlert
တရုတ်အရှေ့ပိုင်း အန်ဟွေ့ပြည်နယ်မြို့တော်ဟယ်ဖေမှာ အင်္ဂါနေ့က အင်တာနက်အစည်းအဝေးပွဲ ပြုလုပ်ခဲ့ပြီး တရုတ် AI ပညာရှင်များက AI စနစ်ဖြင့် ဒေတာစုစည်းခြင်းနဲ့ ပတ်သက်လို့ အန္တရာယ်များအကြောင်း ဆွေးနွေးခဲ့ကြပြီး အသုံးပြုသူရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်များ ပိုမိုကာကွယ်နိုင်ဖို့ တောင်းဆိုနေကြပါတယ်။
#World_Technology
Published 13 June 2025
#တရုတ် AI ပညာရှင် #ပုဂ္ဂိုလ်ရေးအချက်အလက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 13 June 2025
၁။ စက်သုံးဆီဈေးအားလုံးတက်ရိပ်ပြ
၂။ အွန်လိုင်းရွှေရောင်းသူများကို ငွေစုစာအုပ်အပြင် ကံစမ်းမဲဖောက်ရောင်းချခြင်းမပြုရန်အသိပေး
၃။ တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေဝယ်/ ရောင်း/ လဲလှယ်ခြင်းများကို အရေးယူရန် အရှိန်မြှင့်လုပ်ဆောင်မည်
၄။ ၂၀၂၅ တရုတ် အင်တာနက်အစည်းအဝေးညီလာခံ၌ AI စနစ်၏ ပုဂ္ဂိုလ်ရေးအချက်အလက်ပေါက်ကြားနိုင်သည့်အန္တရာယ်အကြောင်းစိုးရိမ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 13 June 2025
▪️ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေက အခြားနိုင်ငံတစ်ခုထံ ယာယီလွှတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)ကို အသနားခံစာတင်လိုက်တယ်လို့ ရှေ့နေတင်ပြချက်ထဲမှာ ဆိုထားကာ အသက်အရွယ် ကြီးလာခြင်းကို ထောက်ထားပြီး ထွက်မပြေးခြင်း အခြားရာဇဝတ်မှုများ မကျူးလွန်ခြင်းအတွက် ကတိပေးတယ်လို့ ဆိုပါတယ်။
▪️ မူးယစ်ဆေးတိုက်ဖျက်ရေးနဲ့ ဆက်စပ်ပြီး ရောင်းဝယ်ဖောက်ကား သုံးစွဲသူ ထောင်နဲ့ချီကို သတ်ဖြတ်ခဲ့တဲ့အပေါ် ဒူတာတေတရားစွဲဆိုခံခဲ့ရကာ မတ်လက ဟိဂ်မြို့ရှိ ICC သို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။
▪️ ဒူတာတေရဲ့ရှေ့နေ နီကိုလတ်စ်ကော့ဖ်မန်း ပြောကြားရာမှာ ဒူတာတေသွားမယ့်နိုင်ငံက သူ့ကိုလက်ခံဖို့ သဘောတူညီထားပြီး ဖြစ်ကာ ထိုနိုင်ငံရဲ့အမည်ကို အများသိအောင်တော့ မပြောထားပါဘူး။
▪️ ဒူတာတေကို လွှတ်ပေးပါက ထွက်ပြေးမှာမဟုတ်သလို နောက်ထပ်ပြစ်မှုတွေ ကျူးလွန်မှာ မဟုတ်ဘူးလို့ ရှေ့နေကပြောပါတယ်။
▪️ မစ္စတာ ဒူတာတေက ဖိလစ်ပိုင်သမ္မတမဟုတ်တော့သလို ပြစ်မှုကျူးလွန်စဉ်ကလို ဩဇာအာဏာမျိုး မရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။
▪️ အသက် ၈၀ ရှိနေပြီဖြစ်သဖြင့် လူသားချင်းစာနာမှု အကြောင်းပြချက်များဖြင့်သာ တောင်းဆိုတာဖြစ်ပါတယ်။
▪️ အစိုးရရှေ့နေရုံးကတော့ ဒါတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပါဘူး။
▪️ မူးယစ်ဆေးတိုက်ဖျက်ရေး နစ်နာသူများကို ကိုယ်စားပြုသူ ဖိလစ်ပိုင်ရှေ့နေ ခရစ္စတီနာကွန်တီကတော့ သူမရဲ့တရားလိုတွေဟာ ဒူတာတေ ယာယီပြန်လွှတ်ခွင့်ကို အစတည်းက ကန့်ကွက်နေတယ်လို့ ဆိုပါတယ်။
▪️ ၂၀၁၆ ခုနှစ် ဒူတာတွေ သမ္မတဖြစ်စဉ်က မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ဆောင်ရာမှာ သံသယရှိသူလို့ယူဆသူ ၆,၂၀၀ ခန့်ကို သတ်ပစ်ခဲ့ပြီး တကယ့်အရေအတွက်က ဒီထက်အများကြီးပိုနိုင်ပါတယ်။
▪️ ICC မှဖမ်းဆီးထိန်းသိမ်းထားပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဇာတိမြို့ဒါဗိုရဲ့ မြို့တော်ဝန်အဖြစ် အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 13 June 2025
▪️ ဖုန်မှုန့်တွေ၊ အဆီတွေ၊ ဆဲလ်သေတွေ စုပြုံနေတတ်တဲ့ ခန္ဓာကိုယ်တစ်နေရာကို ရေချိုးတဲ့အခါ မပွတ်တိုက်မိကြဘူးလို့ အရေပြားဆရာဝန်များ ပြောလာပါတယ်။
▪️ ထိုနေရာမှာ ဘက်တီးရီးယားကူးစက်မှုများ၊ အရေပြားပြဿနာများနဲ့ ရေချိုးပြီးလို့ ကြာလာရင် အနံ့ဆိုး ထွက်လာနိုင်ပါတယ်။
▪️ နားရွက်အတွင်းပိုင်းဟာ သူ့ဘာသာ သန့်ရှင်းနိုင်တယ်ဆိုပေမယ့် နားရွက်နောက်ဘက်နေရာ အထူးသဖြင့် နားရွက်နဲ့ အရေပြားဆက်တဲ့ ကြားနေရာကို သန့်ရှင်းပေးဖို့ ဘယ်လွိုက်မမ်မိုရီယယ်ဆေးရုံမှ အရေပြားဆရာဝန် ဒေါက်တာ ရော်ဂျာကာပူရ်က ပြောပါတယ်။
▪️ နွေရာသီမှာဆိုရင် ချွေးတွေ နေကာလိမ်းခရင်မ်တွေကြောင့် စိုစွတ်ပြီး ဘက်တီးရီးယားတွေ မှိုတွေ ပေါက်ဖွားတတ်ပါတယ်။
▪️ နားရွက်နောက်မှာ အဆီ၊ အညစ်အကြေး၊ ဆဲလ်သေများ စုပြုံကာ ချွေးပေါက်ပိတ်ပြီး ဝက်ခြံတွေ ထွက်နိုင်ပါတယ်။
▪️ ရောင်ရမ်းခြင်းကနေ နီမြန်းယားယံတာတွေ၊ ခြောက်သွေ့ကွာကျတာတွေလည်း ဖြစ်နိုင်ပါတယ်။
▪️ ဒါ့အပြင် နားရွက်နောက်ရှိ ဘက်တီးရီးယား၊ မှိုတို့ကြောင့် အနံ့ဆိုးလည်း ထွက်နိုင်ပါတယ်။
▪️ ဒီလိုအခြေအနေတွေမှာ ပိုးသတ်ဆေးတွေ လိုအပ်လာပြီး များသောအားဖြင့်တော့ နားရွက်နောက်ဘက်ကို ဆပ်ပြာနဲ့ ဆေးကြောနိုင်ပါတယ်။
▪️ ခေါင်းလျှော်ရင်း ခေါင်းလျှော်ရည်စီးကျလာရာကနေ နားရွက်အနောက်ဘက် ရောက်နိုင်ပေမယ့် ထိုနေရာကို သေချာမပွတ်တိုက်မိတာ များပါတယ်။
▪️ မျက်မှန်တပ်တဲ့သူတွေမှာ ဘက်တီးရီးယားမကူးစက်နိုင်အောင် မျက်မှန်ကိုင်းတွေကို ပုံမှန်သန့်ရှင်းပေးဖို့ အကြံပြုထားပါတယ်။
#Source: New York Post
#World_Science
Published 13 June 2025
▪️ လပေါ်မှာ သံလိုက်စက်ကွင်း မရှိပေမယ့် လပေါ်က ကျောက်တုံးအချို့မှာ ဘာကြောင့် သံလိုက်ဓာတ်တွေ ရှိနေလဲဆိုတာကို သိပ္ပံပညာရှင်များ နားလည်ဖို့ ကြိုးစားနေခဲ့ပါတယ်။
▪️ ၁၉၆၀ နဲ့ ၇၀ ဝန်းကျင် နာဆာရဲ့ အပိုလိုအာကာသခရီးကနေ လကျောက်တုံးတွေကို ကမ္ဘာသို့ယူဆောင်လာရာမှာ လမျက်နှာပြင်အဝေးဖက်ခြမ်းမှာ သံလိုက်ဓာတ်အားပြင်းပုံစံမျိုး ပါရှိတဲ့ ကျောက်တုံးတွေ တွေ့ရှိခဲ့ပါတယ်။
ကွန်ပျူတာ ပုံရိပ်တုသရုပ်ဖော်ချက်တွေမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းဘီလီယံခန့်က ဂြိုဟ်မွှားကြီးတစ်ခုကြောင့် လရဲ့ သံလိုက်စက်ကွင်းဟာ အားနည်းနေရာကနေ တိုးများလာကာ လကျောက်တုံးတွေမှာ သံလိုက်အရိပ်အယောင် မြင်နေရဆဲဖြစ်တယ်လို့ မာဆာချူဆက်စ် နည်းပညာတက္ကသိုလ်မှ အစ်ဆက်နာရက်က ပြောပါတယ်။
▪️ လမှာ အရည်ပူဗဟိုချက် အားနည်းတာကြောင့် သံလိုက်စက်ကွင်း အားနည်းခဲ့ပြီး မျက်နှာပြင်ပေါ်မှ ကျောက်တုံးများကို သံလိုက်ဓာတ်မပေးနိုင်ပါဘူး။
▪️ ဒါပေမဲ့ ဧရာမဂြိုဟ်မွှားက ဒါကိုပြောင်းလဲပစ်ခဲ့ဖွယ် ရှိပါတယ်။
လရဲ့ချိုင့်ဝှမ်းကြီးထဲမှာ လျှပ်စစ်ဓာတ်ပါရှိတဲ့ ပလတ်စ်မာအမှုန်များ စုဝေးလာပြီး ဂြိုဟ်မွှားထိမှန်နေရာနဲ့ ဆန့်ကျင်ဘက်ခြမ်းမှာ သွားစုနေကာ ထိုနေရာမှာ သံလိုက်စက်ကွင်းကို ယာယီအားကောင်းစေပါတယ်။
▪️ သံလိုက်ဓာတ်ရှိရာ ကျောက်တုံးတွေ အများဆုံးတည်ရှိရာ လတောင်ဘက်ဝင်ရိုးစွန်းမှာ အာကာသခရီးစဉ်အများအပြား ဆောင်ရွက်ဖို့ စီစဉ်နေကြပါတယ်။
▪️ ဒီကျောက်တုံးတွေမှာ ရိုက်ခတ်မှုဒဏ်ရော ရှေးဟောင်းသံလိုက်ဓာတ်ပါ လက္ခဏာမျိုးတွေ တွေ့ရရင် ဒါဟာ ဂြိုဟ်မွှားရိုက်ခတ်မှုကြောင့်ဆိုတဲ့ သဘောဖြစ်နေပါတယ်။
#Source: Space
၁၃ ဇွန် ၂၀၂၅
▪️အစ္စရေးက ဇွန် ၁၃ ရက် စောစောပိုင်းတွင် အီရန်ရှိ နေရာတော်တော်များများကို “Rising Lion” စစ်ဆင်ရေးအမည်ဖြင့် စတင် တိုက်ခိုက်လိုက်ပါတယ်။
▪️ထိုသို့တိုက်ခိုက်သည့်အထဲတွင် နက်တန့် Natanz လိုသိကြတဲ့ နျူကလီယား အဆောက်အအုံ တွေ၊ တိုက်ချင်းပစ် ဒုံးကျည်စက်ရုံတွေ၊ IRGC လို့ခေါ်တဲ့ အစ္စလမ်မစ်တော်လှန်ရေး အစောင့်တပ်တွေနှင့် နျူကလီးယားသိပ္ပံပညာရှင်တွေရဲ့ နေအိမ်တွေ လည်း ပါဝင်ပါတယ်။
▪️ယင်းတိုက်ခိုက်မှုကြောင့် မြို့တော် တီဟီရန်တွင် ပေါက်ကွဲမှုကြီးများဖြင့် တုန်ခါသွားခဲ့ပြီး ယူရေနီယမ် သန့်စင်စက်ရုံများ အတိုက်အခိုက်ခံရတယ်လို့ နက်တန့်ခ် ကအတည်ပြုပါတယ်။
▪️အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က နိုင်ငံအရေးပေါ်အခြေအနေကြေညာလိုက်ပြီး အီရန် ဘက်ကနေ ဒုံးကျည်တွေ ဒရုန်းတွေနှင့်ပြန်လည်တိုက်ခိုက်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
▪️တိုက်ခိုက်မှုကြောင့် အီရန် တော်လှန်ရေးအစောင့်တပ်မှူး ဟူစိန်ဆာလာမီသေဆုံးခဲ့ပြီး အခြားသော စစ်တပ်အကြီးတန်းခေါင်းဆောင်တွေနှင့် နျူကလီးယားသိပ္ပံပညာရှင်တွေလည်း အတိုက်ခိုက်ခံရတယ်လို့ သတင်းများကရေးသားပါတယ်။
#Source- News Agencies
Page 168 of 1137