#WorldHealth
Published- 19 February 2022
ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းမရှိဘဲ ကိုဗစ်ရောဂါအပျော့စားမှ အလယ်အလတ်အဆင့်ခံစားရတဲ့ လူလတ်ပိုင်းတွေကို အစာအိမ်အက်ဆစ်ဓာတ်ထိန်းညှိပေးတဲ့ အန်တဆစ်(Antacid)ဆေးဝါးအမျိုးအစား ဖာမိုတဒင်း(Famotidine)ဖြင့် ကုသကြည့်ရာမှာ ရောင်ရမ်းခြင်းနဲ့ ရောဂါလက္ခဏာတွေ အလျင်အမြန်သက်သာလာကြောင်း စမ်းသပ်ချက်တစ်ခုမှာ တွေ့ရှိရပါတယ်။
Pepcid အမှတ်တံဆိပ်ဖြင့် ဖာမိုတဒင်းဆေးတွေဟာ အစာအိမ်အချဉ်တက်ခြင်းဝေဒနာကို သက်သာစေဖို့ အသုံးပြုလေ့ရှိတဲ့ဆေးဖြစ်ပြီး တစ်နေ့သုံးကြိမ်ဖြင့် ၂ ပတ်တာ သောက်သုံးရလေ့ရှိပါတယ်။
ဖာမိုတဒင်းကို Johnson & Johnson ကိုဗစ်ကာကွယ်ဆေးမှာလည်း တွေ့ရှိရပြီး စမ်းသပ်လေ့လာမယ့် လူနာ ၅၅ ဦးရဲ့တဝက်နီးပါးခန့်ကို အသုံးပြုစေခဲ့ပါတယ်။
ကျန်တဲ့လူနာတွေကို အာနိသင်မပါဝင်တဲ့ဆေးများ အသုံးပြုစေခဲ့ပါတယ်။
ဖာမိုတဒင်းအသုံးပြုတဲ့လူနာတွေမှာ ရောဂါလက္ခဏာ ၁၆ မျိုးထဲက ၁၄ မျိုးလောက် အလျင်အမြန်သက်သာလာခဲ့ပြီး အနံ့အရသာပျောက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ဝမ်းဗိုက်အောင့်ခြင်းတို့ ပါဝင်ပါတယ်။
ဒါ့အပြင် လူနာရဲ့ခန္ဓာကိုယ်ခုခံအားစနစ်အပေါ် ဆိုးကျိုးသက်ရောက်ခြင်းမရှိဘဲ ရောင်ရမ်းခြင်းလက္ခဏာတွေကို လျင်မြန်စွာသက်သာလာစေကြောင်း Gut ဂျာနယ်မှာ ဖော်ပြထားပါတယ်။
လေ့လာခဲ့တဲ့လူနာတွေရဲ့ ၃ ပုံ ၁ ပုံက လူမည်းလူမျိုးတွေဖြစ်ပြီး ၄ ပုံ ၁ ပုံက အမေရိကအလယ်ပိုင်းနဲ့တောင်ပိုင်းမှ လူမျိုးများဖြစ်ပါတယ်။
"ကျွန်တော်တို့ မျှဝေခဲ့တဲ့ လေ့လာမှုအချက်အလက်များဖြင့် ကိုဗစ်ရောဂါလူနာတွေမှာ ဖာမိုတဒင်းဆေးဝါးများ အသုံးပြုနိုင်ကြောင်း အနာဂတ်မှာစမ်းသပ်ချက်တွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်" လို့ နော့သ်ဝဲလ်ကျန်းမာရေးနှင့် Cold Spring Harbor ဓာတ်ခွဲခန်းမှ ဦးဆောင်လေ့လာသူ ဒေါက်တာ'တိုဘီယပ်စ်ဂျန်နိုဝစ်ဇ်'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Source: Reuters.
#WorldTech
Published 18 February 2022
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့နေရာမှာ ပထမဦးဆုံး mRNA အမျိုးအစားကိုဗစ်ကာကွယ်ဆေးကို 'ဖိုင်ဇာ'ကုမ္ပဏီနဲ့ပူးပေါင်းကာ ထုတ်လုပ်နိုင်ခဲ့တဲ့ ဂျာမနီကုမ္ပဏီ'ဘိုင်အိုတက်ခ်'ဟာ အာဖရိကတိုက်မှာ သွားရောက်ပြီး ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးရည်ရွယ်ချက်ဖြင့် သင်္ဘောကွန်တိန်နာများထဲတွင် ကာကွယ်ဆေးထုတ်လုပ်ရေး ရွှေ့ပြောင်းဓာတ်ခွဲခန်းတွေကို ပြင်ဆင်လျက်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။
#Yangon_Media_Group
Published 18 February 2022
ဒူဘိုင်းရဲ့ မိုးမျှော်တိုက်တွေနှင့် နာမည်ကျော် ကုလားအုတ်အပြေးပြိုင်ပွဲတို့နှင့် အတော့်ကိုကွာခြားတဲ့ မြင်ကွင်းကလေးတစ်ခုပါ။ အဲဒါကတော့ အာရပ်စော်ဘွားများသမ္မတနိုင်ငံ(ယူအေအီး)ရဲ့ နွားသိုးသတ်ပြိုင်ပွဲပဲဖြစ်ပါတယ်။
အဲဒီပွဲဟာ နှစ်ရှည်လများပြုလုပ်လာခဲ့တဲ့ ဒေသရိုးရာပြိုင်ပွဲတစ်ခုဖြစ်ပြီး ဖူဂျေယာ့အရပ်မှာကျင်းပလေ့ရှိတာဖြစ်ပါတယ်။
အဲဒီပြိုင်ပွဲကို လူတွေလည်းသိပ်မသိကြပါဘူး။ နွားရိုင်းသတ်သူတွေက နောက်ဆုံးမှာ နွားရိုင်းကို အသေသတ်အနိုင်ယူပြတဲ့ စပိန်တို့မက္ကဆီကိုတို့မှာတွေ့မြင်ဖူးကြတဲ့ နွားရိုင်းသတ်ပွဲတွေနှင့်လည်း အဲဒီပွဲက မတူပါဘူး။
Source AFP
Published 18 Feb 2022
သောကြာနေ့ကတိုက်ခတ်တဲ့ ယူနိစ်မုန်တိုင်းကုန်းတွင်းဝင်ရောက်လာမှုကြောင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အဆင့် ရာသီဥတုသတိပေးချက်ကို မိုးလေဝသဌာနကထုတ်ပြန်ခဲ့ပါတယ်။
တစ်နာရီလျှင် မိုင်(၉၀)နှုန်းနှင့် ညဖက်မှာတိုက်ခိုက်တဲ့ ယူနိစ်မုန်တိုင်းကြောင့် အင်္ဂလန်အနောက်တောင်ပိုင်း ကွန်ဝေါမြို့က အိမ်ရာပေါင်းများစွာဟာ လျှပ်စစ်မီးတွေပြတ်တောက်ကုန်ပါတယ် ။
ဒီမုန်တိုင်းဟာ ဆယ်စုနှစ်(၃)စုနှစ်အတွင်း ဗြိတိန်ရဲ့ အဆိုးရွားဆုံးမုန်တိုင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဘီဘီစီမိုးလေဝသက ပြောပါတယ်။
Source AFP
Published 18 February 2022
အမေရိကန်ပြည်ထောင်စုနှင့် ရုရှားတို့ဟာ ကြာသပတေးနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ယူကရိန်း အရေးကိစ္စနှင့်ပတ်သက်လို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် အပြစ်တင်လက်ညှိုးထိုးခဲ့ကြပါတယ်။ အမေရိကန်က ရုရှားကို ယူကရိန်းနယ်စပ်မှာ တပ်အမြောက်အများချထားတယ်လို့ စွပ်စွဲပြီး အနောက်ဟာ မင့်စ်သဘောတူညီချက်ကို မလိုက်နာဘူးလို့ ရုရှားကပြန်ပြီးအပြစ်တင်ခဲ့ပါတယ်။
Source CMG
#PhotoNews
#သတင်းဓါတ်ပုံ
Published 18 Feb 2022
နာမည်ကြီးအမှတ်တံဆိပ်ဇိမ်ခံကား Porsches အစီးရေ၁၁၀၀ အပါအဝင် အခြားဇိမ်ခံကားတွေ ထောင်ချီတင်ဆောင်လာတဲ့ Felicity Ace အမည်ရ ကားတင်သင်္ဘောကြီးတစ်စင်းဟာ ကြာသပတေးနေ့က ပေါ်တူဂီနိုင်ငံ အေဇော့ ကမ်းလွန်မှာ မီးလောင်မှုဖြစ်ပွားပြီး ပင်လယ်ထဲမျောပါနေခဲ့ပါတယ်။ မီးဟာ ဗုဒ္ဓဟူးနေ့ မနက်မှာစတင်လောင်ကျွမ်းတာဖြစ်ပြီး သင်္ဘောသား(၂၂)ဦးကို ကယ်တင်လိုက်နိုင်ကြပါတယ်။ သင်္ဘောဟာ ဖေဖော်ဝါရီ၁၀ရက်က ဂျာမနီနိုင်င့ အမ်ဒင်ဆိပ်ကမ်းကထွက်ခွာလာပြီး ဒါဗစ်ဗီလီကို ဗုဒ္ဓဟူးနေ့ဆိုက်ကပ်ဖို့ခရီးစဉ်ရှိခဲ့တာဖြစ်ပါတယ်။
Source:NYTimes
#DailyNews
Published - 18 Feb 2022
၁။ ပြည်ထောင်စုနေ့တက်ရောက်ခြင်းအပေါ် ထုတ်ပြန်ချက်များထွက်ပေါ်လာခြင်းက နိုင်ငံရေးလုပ်ကြံမှုဟု
ဒေါ်စောမြရာဇာလင်းပြောကြား
၂။ ၅၀၅(က) အမှုအတွက်ငြင်းဆိုထားသော သက်တော်စောင့် ချယ်ရီထက်၏ သက်သေများအား လာမည့်တစ်ပတ်တွင်စစ်ဆေးမည်
၃။ မိုးလေဝသ သတင်း
၄။ ဘိုင်အိုတက်ခ်ကုမ္ပဏီမှ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရေး ရွှေ့ပြောင်းဓာတ်ခွဲခန်းများအား အာဖရိကသို့ ပို့ဆောင်သွားမည်.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Page 1112 of 1129