#World_Health
Published 21 June 2023
ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆိုးဆိုးရွားရွားပျို့အန်ရခြင်း အကြောင်းအရင်းကို သိပ္ပံပညာရှင်များဖော်ထုတ်ရာမှာ သိသိသာသာတိုးတက်မှုများ ရှိလာပါတယ်။
ထိုအကြောင်းအရင်းကတော့ GDF15 လို့ခေါ်တဲ့ ဟော်မုန်းတစ်ခုကြောင့် ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီး ၃ ပုံ ၂ ပုံခန့်လောက်က နေ့တစ်နေ့အတွင်း ပျို့အန်ခြင်းအခြေအနေအမျိုးမျိုး ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။
အခြေအနေဆိုးရွားလာတဲ့အခါ ကိုယ်အလေးချိန်ကျခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ မိခင်ရော သန္ဓေသားပါ အသက်ဘေးအန္တရာယ်ရှိခြင်းတို့ ကြုံတွေ့နိုင်ပါတယ်။
GDF15 ဟော်မုန်းကို ၁၉၉၀ နှစ်တွေမှာ စတွေ့ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးမှုဖြစ်တဲ့အခြေအနေတွေမှာ မူးဝေပျို့အန်ခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တတ်တဲ့ အမျိုးသမီးတွေမှာ GDF15 ဟော်မုန်းများပြားကြောင်း ကိမ်းဘရစ်ဂျ်တက္ကသိုလ်က သုတေသနတွေ့ရှိခဲ့ပါတယ်။
GDF15 နဲ့ဆက်စပ်နေတဲ့ မျိုးဗီဇကွဲအချို့မှာလည်း ပျို့အန်ခြင်းပြင်းပြင်းထန်ထန်ဖြစ်နိုင်ချေ များနေပါတယ်။
သာမန်လက္ခဏာလောက်သာ ခံစားရသူတွေထက်စာရင် ပျို့အန်ခြင်းပိုမိုပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ GDF15 ဟော်မုန်းသိသိသာသာများပြားကြောင်း တွေ့ရှိထားပါတယ်။
ကိုယ်ဝန်မဆောင်မီမှာ GDF15 များပြားအောင်ပြုလုပ်နိုင်ရင် ဒီလိုအခြေအနေတွေကို ကာကွယ်ပေးနိုင်ချေရှိနေပါတယ်။
မူးဝေပျို့အန်ခြင်းဖြစ်စေတဲ့ အခြားသောကျန်းမာရေးအခြေအနေတွေအတွက် GDF15 လျှော့ချနိုင်မယ့် ကုသနည်းလမ်းတွေကို အချို့ကုမ္ပဏီတွေ စမ်းသပ်နေပြီဖြစ်ပါတယ်။
၁၉၅၀ ခုနှစ်တွေတုန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပျို့အန်ခြင်းအတွက် သာလီဒိုမိုက်ဆေးကို အသုံးပြုခဲ့ကြကာ မွေးရာပါချို့ယွင်းမှုဖြစ်တတ်ကြောင်း ဆက်စပ်တွေ့ရှိထားပါတယ်။
Source: WION #World_Health #ကိုယ်ဝန်ဆောင်များမူးဝေပျို့အန်ခြင်းအကြောင်းအားသိပ္ပံပညာရှင်များရှာဖွေတွေ့ရှိ #YMG #Yangon_Media_Group
#World_Business
Published 20 June 2023
ဗြိတိန်ရဲ့ဒုတိယအကြီးဆုံးမြို့ထဲက နာမည်ကိုပေးထားပေမယ့် ဘာမင်ဂမ်ရှိ ဘာတီစားသောက်ဆိုင်တွေဟာ ဆက်လက်ရှင်သန်ရန် ရုန်းကန်နေရပါတယ်။
#YMG #Yangon_Media_Group
#Daily_News
Published_ 20 June 2023
၁။ စားသုံးဆီဈေး လက္ကားရည်ညွှန်ဈေးငွေကျပ် ၃၈၆၀ ဈေးဖြစ်ကြောင်း သတ်မှတ်အရင်အပတ်ထင်ငွေကျပ် ၁၀၀ ကျော်ဈေးတက်
၂။ မိုးကာလဖြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဘေးသင့်သူများ အစားအသောက်ထက် နေအိမ်အမိုးအကာများ ပိုလိုအပ်နေ
၃။ ရွှေစျေးနှုန်းများ စျေးအမြင့်ပိုင်းမှာရှိနေပေမယ့် တစ်လနှစ်လအတွင်းစျေးပြန်ငြိမ်နိုင်တယ်လို့ ရန်ကုန်တိုင်းရွှေအသင်းဥက္ကဌပြောကြား
၄။ ဗြိတိန်တွင် ပါကစ္စတန် ဘာတီစားသောက်ဆိုင်များ ရှင်သန်ရန်ကြိုးပမ်းနေရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_News
Published 20 June 2023
OceanGate Expeditions မှ ထိန်းချုပ်မောင်းနှင်တဲ့သင်္ဘောဟာ တနင်္ဂနွေနေ့မနက်ပိုင်းက စတင်ဆင်းသက်ခဲ့ပြီး ၂ နာရီမကြာမီမှာပင် ရေမျက်နှာပြင်နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
သင်္ဘောပေါ်ပါလာသူတွေထဲမှာ ဗြိတိန်လေယာဉ်မှူးတစ်ဦးလည်း ပါဝင်တယ်လို့ယူဆရပြီး ဒီမတိုင်ခင်က သူဟာ လေ့လာရေးခရီးမှာပါဝင်မယ့်အကြောင်း ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။
ကနေဒါလေ့လာရေးသင်္ဘော'ပိုလာပရင့်စ်'ဟာ ကိပ်ကော့ဒ်အရှေ့ဘက် မိုင် ၉၀၀ ခန့်အကွာမှာ ရေငုပ်ဆင်းသက်သွားရင်း အဆက်အသွယ်ပြတ်သွားခဲ့ပြီးနောက် လေယာဉ်တစ်စင်းစေလွှတ်ကာ လူ ၅ ဦးကိုရှာဖွေနေခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကနေဒါကမ်းခြေစောင့်တပ်ကလည်း လေ့လာရေးနေရာသို့ လေယာဉ်တစ်စင်း၊ သင်္ဘောတစ်စင်းစေလွှတ်ကာ ကြိုးပမ်းရှာဖွေနေကြောင်း ဆိုပါတယ်။
တိုက်တန်းနစ်ဆိုက်နေရာသို့ ရေငုပ်လေ့လာရေးခရီးဟာ လောလောဆယ်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ OceanGate Expedition က သူတို့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ရေငုပ်သင်္ဘောကို တိုက်တန်လို့အမည်ပေးထားကာ မီတာ ၄ ထောင်အထိ ရေငုပ်ဆင်းသက်နိုင်ပြီး သင်္ဘောသား ၅ ဦးအတွက် ၉၆ နာရီအချိန်ရတယ်လို့ ကုမ္ပဏီကပြောထားပါတယ်။
ရေငုပ်သင်္ဘောမှာပါတဲ့ သင်္ဘောသားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အလုံးစုံအာရုံစိုက်ထားကြောင်း OceanGate Expeditions ရဲ့ပြောကြားချက်ကို CBS News နဲ့ အခြားမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။
နယူးဖောင်းလန်းမှာ နှစ် ၄၀ အတွင်း အဆိုးရွားဆုံးဆောင်းတွင်းကြောင့် ဒီတာဝန်က ၂၀၂၃ ခုနှစ်အတွင်း တိုက်တန်းနစ်ဆီသို့ ပထမဆုံးလူသားကိုယ်တိုင်သွားရောက်တဲ့ ဖြစ်စဉ်ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အသက် ၅၈ နှစ်ရှိ လေယာဉ်မှူးက ပြောပြခဲ့ပါတယ်။
ရေငုပ်သင်္ဘောနဲ့ အဆက်အသွယ်ပြန်ရဖို့ အစိုးရအဖွဲ့အစည်းတွေနဲ့ ပင်လယ်ရေနက်ကုမ္ပဏီတွေထံမှ အကူအညီများစွာရရှိတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်လို့ OceanGate က ဖော်ပြခဲ့ပါတယ်။
ခရီးသည်နဲ့သင်္ဘောအမှုထမ်းပေါင်း ၂,၂၂၄ ဦးပါလာတဲ့ တိုက်တန်းနစ်သင်္ဘောဟာ ၁၉၁၂ ခုနှစ်မှာ အင်္ဂလန်မှနယူးယော့ခ်သို့ ခရီးဦးထွက်လာရင်း ရေခဲတုံးကြီးနဲ့တိုက်မိကာ နစ်မြုပ်ခဲ့တာကြောင့် လူပေါင်း ၁,၅၀၀ ကျော်သေဆုံးခဲ့ရပါတယ်။
လျှပ်စစ်ပိုင်း ဒါမှမဟုတ် ဆက်သွယ်ရေးပိုင်းမှာ ပြဿနာရှိတယ်ဆိုရင် ရေပေါ်ပြန်တက်လာပြီး မျောနေလိမ့်မယ်လို့ လန်ဒန်ကောလိပ်တက္ကသိုလ်မှ ပင်လယ်အင်ဂျင်နီယာပရော်ဖက်ဆာ 'အယ်လီစတဲဂရိတ်ဂ်'က ပြောပြခဲ့ပါတယ်။
ရေငုပ်သင်္ဘော ရေငုပ်စဉ် ပကတိအကောင်းတိုင်းရှိနေဆဲဆိုရင် တိုက်တန်သွားခဲ့တဲ့ ရေအနက်အတိုင်းသွားနိုင်မယ့် သင်္ဘောက အနည်းငယ်သာရှိနေပါတယ်။
Source: France24 #World_News #တိုက်တန်းနစ်လေ့လာရေးခရီးစဉ် #ရေငုပ်သင်္ဘောပျောက်ဆုံးနေကာ ရှာဖွေရေးပြုလုပ်နေ #YMG #Yangon_Media_Group
တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဘေဂျင်းကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ဇွန်၁၉ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးအတွက် အပြန်အလှန်လေးစားမှုနှင့်ရိုးသားမှုကို ရှီက အလေးပေးပြောဆိုခဲ့တယ်လို့ CCTVက သတင်းထုတ်ပြန်ပါတယ်။
ဘလင်ကန်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ညွန်ကြားရေးမှူး ဝမ်ယီနှင့် နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ချင်းကန်တို့နှစ်ဦးနှင့် အရင်တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
Source CCTV +
#US_China_Relations
#Xi_Blinken
#World_Soccer
Published 19 June 2023
အာဂျင်တီးနားကမ္ဘာကျော်ဘောလုံးသမား'လီယွန်နယ်မက်ဆီ'ဟာ ဗုဒ္ဓဟူးနေ့က တရုတ်ပြည်မှ ပရိသတ်များနဲ့ လူငယ်ကစားသမားများကို အားပေးစကားပြောကြားခဲ့ကာ အခြားအရာများထက် အားကစားကို ပိုမိုချစ်မြတ်နိုးရန် အရေးကြီးကြောင်း အလေးပေးပြောကြားသွားပါတယ်။
#World_Soccer #လူငယ်ကစားသမားများအတွက်မက်ဆီအားပေးစကားပြော
#YMG #Yangon_Media_Group
#Daily_News
Published_ 19 June 2023
၁။ ပေါင်ထားသည့်မြေများကို လိမ်လည်ရောင်းချမှုများရှိနေသဖြင့် သတိပြုရန်လိုဟုဆို
၂။ မိုခါရံပုံငွေဘောလုံးပွဲမှရရှိသည့်ကျပ်သိန်း၉၅၀ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည်
၃။ ဖျာပုံမြို့အနီး အင်အား ၅.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့
၄။ လီယွန်နယ်မက်ဆီနှင့် အာဂျင်တီးနားအသင်းအား တရုတ်ဘောလုံးပရိသတ်များမှအားရဝမ်းသာ ကြိုဆိုခဲ့ကြကာ လူငယ်ကစားသမားများအတွက် မက်ဆီအားပေးစကားပြောကြား .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 763 of 1213