#World_News
Published 01 January 2024
ဒိန်းမတ်ဘုရင်မကြီး မာဂရတ်(၂)ဟာ ထီးနန်းစွန့်ပြီး သားဖြစ်သူ အိမ်ရှေ့မင်းသား ဖရက်ဒရစ်ကို ထီးနန်းလွှဲပြောင်းပေးတော့မှာ ဖြစ်ကြောင်း ဒီဇင်ဘာ ၃၁ ရက်နေ့က ကြေညာခဲ့ရာ အားလုံးအတွက် အံ့အားသင့်စရာသတင်း ဖြစ်ခဲ့ပါတယ်။
နှစ်သစ်ကူးအကြိုနေ့ ဒိန်းမတ်ရုပ်သံဌာနမှ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာပြောကြားခဲ့ရာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထီးနန်းစွန့်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဘုရင်မကြီးရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးပြဿနာများကြောင့် ဒီလိုလုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိန်ဘုရင်မကြီး အယ်လိဇဘက်(၂) ကွယ်လွန်ပြီးနောက် ဘုရင်မကြီး မာဂရတ်(၂)ဟာ သက်တမ်းအရှည်ဆုံးနဲ့ နောက်ဆုံးအုပ်ချုပ်နေတဲ့ ဘုရင်မဖြစ်နေပါတယ်။
သူမထီးနန်းမှာအုပ်ချုပ်နေတဲ့ ရာစုနှစ်ဝက်လောက်အတွင်း ဒိန်းမတ်တော်ဝင်မျိုးနွယ်များကို ခေတ်မီအောင် ပြုလုပ်နိုင်ခဲ့တဲ့အတွက် အသက် ၈၃ နှစ်အရွယ် ဘုရင်မကြီးဟာ ဂုဏ်ပြုခံထားရပါတယ်။
ဒီမတိုင်ခင်ကတော့ မာဂရတ်ဟာ ထီးနန်းဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီလက ပြုလုပ်ခဲ့တဲ့ ကျောခွဲစိတ်မှုကြောင့် နောက်မျိုးဆက်ကို ထီးနန်းလွှဲဖို့ အချိန်တန်ပြီလားဆိုတာ အတွေးဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
ဘုရင်မကြီးဟာ ဒိန်းမတ်နိုင်ငံမှာ အထူးကျော်ကြားလှပြီး အဓိကအချက်က နိုင်ငံရေးမဆန်တာကြောင့် ဖြစ်တယ်လို့ သမိုင်းပညာရှင် လားစ်ဟိုဗက်ဘက်ဆိုရင်ဆင်က AFP သတင်းဌာနကို ပြောကြားသွားပါတယ်။
မာဂရတ်ဟာ ပန်းချီပညာ၊ ဝတ်စုံနဲ့ ဒီဇိုင်းပညာတို့ တတ်မြောက်ထားပြီး တော်ဝင်ဒိန်းမတ်ဘဲလေး၊ တော်ဝင်ဒိန်းမတ်ကဇာတ်ရုံတို့နဲ့ အကြိမ်ကြိမ် တွဲလုပ်ခဲ့ဖူးပါတယ်။
ကိမ်းဘရစ်ချ်တက္ကသိုလ်နဲ့ ပဲရစ်ရှိ ဆိုဘွန်နေးတက္ကသိုလ်တို့မှာ ပညာသင်ယူခဲ့ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်ဘာသာစကားတို့ကို ကျွမ်းကျင်တတ်မြောက်ထားပါတယ်။
ဒါပေမဲ့ အားလုံးထဲမှာမှ ဆေးရေးခြယ်ခြင်းနဲ့ ပန်းချီဆွဲခြင်းတို့ကတော့ လူစိတ်ဝင်စားမှုအများဆုံး ရခဲ့ပါတယ်။
#World_News #ဒိန်းမတ်ဘုရင်မကြီးမာဂရတ်(၂) #ထီးနန်းစွန့်တော့မည် #Source: WION
Published 1 Jan 2024
လေယာဥ်စီးနေကြသူ ခရီးသည်တွေဟာ လေယာဥ်ပေါ်က ညစ်ပတ်နေတဲ့ နေရာတွေကို သတိမထားမိကြပါဘူး။
လေယာဥ်ဝန်ထမ်းတွေက လေယာဥ်ပေါ်က အညစ်ပတ်ဆုံးနေရာတွေကို ခရီးသည်တွေ သတိထားမိစေရန် မကြာသေးမီက ဖော်ပြခဲ့ကြပါတယ်။
(၁) ဦးခေါင်းထက်မှ ပစ္စည်းထားအကန့်တွေဟာ လူအများအပြားမှ ထိတွေ့နေကြပြီး သန့်ရှင်းရေး သိပ်မလုပ်ဖြစ်တာကြောင့် ထိုအကန့်တွေကို မကိုင်ခင်မှာ သုတ်သင်သင့်တယ်လို့ လေယာဥ်မယ်နဲ့ ခရီးသွားဘလော့ဂါဖြစ်သူ ဟိုဆက်ဖင်းရီမိုက ပြောပြသွားပါတယ်။
(၂) ဘေးကင်းရေးလမ်းညွှန်ကတ်ဟာလည်း လူအများကိုင်တွယ်ကြတာကြောင့် ယူမဖတ်ခင်မှာ အရင်သုတ်သင်သင့်ပါတယ်။
(၃) ခရီးသည်တွေ စားသောက်တဲ့အခါ တင်လေ့ရှိတဲ့ စားပွဲတွေပေါ်မှာ ကလေးငယ်တွေရဲ့ ဒိုက်ပါတွေကို တင်လေ့ရှိတာကြောင့် အသုံးမပြုခင်မှာ သုတ်သင်သင့်ပါတယ်။
(၄) ခရီးသည်တွေထိုင်တဲ့ ခုံတွေဟာ အော့အန်တဲ့အခါမှာတောင် သိပ်ပြီးသန့်ရှင်းရေး မလုပ်ကြပါဘူး။
(၅) လေယာဥ်သန့်စင်ခန်းအတွင်းတွေကို သန့်ရှင်းရေးလုပ်ကြရင်တောင် တံခါးလက်ကိုင်တွေကတော့ သန့်ရှင်းရေး မလုပ်တတ်ကြပါဘူး။
ဒါကြောင့် ထိုနေရာတွေကို ထိတွေ့ပြီးတိုင်း လက်ကိုသန့်ရှင်းရေးလုပ်ဖို့ အရေးကြီးပါတယ်။
ဒီလိုမျိုး နေရာတိုင်းကို သေချာစွာ သန့်ရှင်းရေးလုပ်ဖို့ ပြဿနာရှိနေတာက အချိန်မလုံလောက်ခြင်း၊ ပစ္စည်းကိရိယာ မလုံလောက်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ လေယာဥ်သန့်ရှင်းရေးဝန်ထမ်း ရိုဆာဆန်းချက်ဇ်က ပြောပြသွားပါတယ်။
Source: New York Post
#World_Health
#YMG_News #Yangon_Times #Yangon_Media_Group
ဘေဂျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) - တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုလွှတ်တော်၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် လာဘ်ပေးသူများကို ကြီးလေးသောပြစ်မှုများချမှတ်နိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေပြင်ဆင်ချက် XII ကို အတည်ပြုခဲ့သည်။
ပုဒ်မ ရှစ်ခုပါ၀င်သော ပြင်ဆင်ချက်တွင် ထပ်ခါတလဲလဲ သို့မဟုတ် တစ်ဦးထက်ပိုသောသူများကို လာဘ်ပေးကြသူများ၊ သို့မဟုတ် နိုင်ငံ့ဝန်ထမ်းများ၊ ကြီးကြပ်ရေးမှူးများ၊ အုပ်ချုပ်ရေးဥပဒေစိုးမိုးရေးအရာရှိများနှင့် တရားရေးအရာရှိများကို လာဘ်ပေးသူများကို ကြီးလေးသည့်ပြစ်ဒဏ်များချမှတ်နိုင်ကြောင်းဖော်ပြထားသည်။
နိုင်ငံတော်၏ အဓိကသော့ချက် သို့မဟုတ် အဓိကပရောဂျက်များတွင် လာဘ်ပေးမှုများ၊ သို့မဟုတ် အလုပ်ရာထူးနေရာ၊ ရာထူးတိုးခြင်း သို့မဟုတ် နေရာအပြောင်းအလဲများအတွက် လာဘ်ပေးသူများကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ခံရမည်ဟုလည်း သတ်မှတ်ထားသည်။
ဂေဟပတ်ဝန်းကျင်၊ ဘဏ္ဍာရေး၊ လုပ်ငန်းခွင်ဘေးကင်းရေး၊ အစားအသောက်နှင့် ဆေးဝါး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး၊ လူမှုဖူလုံရေး၊ ပညာရေးနှင့် ဆေးဝါးကုသရေးစသည့် ကဏ္ဍများတွင် လာဘ်ပေး၍ ရာဇ၀တ်မှု ကျူးလွန်သူများနှင့် လာဘ်ပေးကာ တရားမ၀င်အကျိုးအမြတ်ရှိအောင်ဆောင်ရွက်သူများကိုလည်း ကြီးလေးသော ပြစ်ဒဏ် ချမှတ်ရမည်ဟု ပြင်ဆင်ချက်တွင် ပြဋ္ဌာန်းထားသည်။
ပြင်ဆင်ချက်သည် ၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့တွင် အသက်ဝင်မည်ဖြစ်သည်။
Source ■ Xinhua
Published 31 December 2023
ကြက်သွန်ဖြူစားခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်လို့ ရှေးအစဥ်အဆက်တည်းက ပြောလာကြပါတယ်။
ဒါပေမဲ့ ကျန်းမာရေးကို ဘယ်လိုမျိုး အထောက်အကူပြုလဲဆိုတာကို သိပ်ပြီးမသိကြပါဘူး။
Eating Well မှ သုတေသန ပညာရှင်များက ကြက်သွန်ဖြူရဲ့ လုပ်ဆောင်ပုံတွေကို ဖော်ပြသွားပါတယ်။
(၁) ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း
ကြက်သွန်ဖြူမှာပါတဲ့ အယ်လီဆင်ဒြပ်ပေါင်းဟာ ဆေးစွမ်းကောင်းဖြစ်ပြီး အော်ဂဲနိုဆာလ်ဖာကလည်း ခန္ဓာကိုယ်ကို ကာကွယ်ပေးပါတယ်။
(၂) ကိုလက်စ်ထရောလ် လျှော့ချပေးခြင်း
ကြက်သွန်ဖြူအရည်မှ ရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကိုလက်စ်ထရောလ်ပမာဏ လျော့နည်းအောင် ကူညီပေးပါတယ်။
(၃) သွေးပေါင်ချိန်ကျစေခြင်း
သွေးတိုးရှိပြီး နှလုံးရောဂါများ၊ ဆီးချိုရောဂါတို့ ရှိသူတွေဟာ ကြက်သွန်ဖြူအစိမ်းကို တစ်နေ့နှစ်ကြိမ်ဖြင့် ၄ ပတ်ဆက်တိုက် စားပေးသင့်တယ်လို့ National Heart, Lung and Blood Institute မှ ဖော်ပြထားပါတယ်။
(၄) အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေခြင်း
ကြက်သွန်ဖြူမှာ ပရီဘိုင်အိုတစ်များ ပါဝင်တာကြောင့် အူလမ်းကြောင်းရှိ ကောင်းကျိုးပြု ဘက်တီးရီးယားများ တိုးများစေပါတယ်။
(၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း
သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး ကြက်သွန်ဖြူစားတဲ့ သက်ကြီးရွယ်အိုတွေဟာ မစားသူတွေထက် ပိုမိုအသက်ရှည်ကြောင်း တွေ့ရှိထားပါတယ်။
ကြက်သွန်ဖြူကို အစိမ်းလိုက်စားခြင်းက အကောင်းဆုံးဖြစ်ပြီး အဆင့်ဆင့်လုပ်ဆောင်မှု များလေလေ အာနိသင်လျော့နည်းလာလေ ဖြစ်ပါတယ်။
အစာအိမ်မကောင်းတဲ့သူတွေမှာ ကြက်သွန်ဖြူစားလိုက်ရင် လေပွခြင်းခံစားရတာဟာ ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။
Source: New York Post
Published_31 December 2023
#World_Health
#Yangon_Times #YMG_News #Yangon_Media_Group
Published 31 December 2023
ခန္ဓာကိုယ်မှ သံဓာတ်လုံလောက်စွာ မရတဲ့အခါ သိုင်းရွိုက်လှုပ်ရှားမှု လျော့နည်းခြင်း၊ အားနည်းခြင်း၊ အဝလွန်ခြင်းတို့ပင် ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် သံဓာတ်နည်းပါးပါက ဆံပင်ကျွတ်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
သက်သက်လွတ်စားသူတွေမှာ သံဓာတ်ချို့တဲ့ခြင်း အဖြစ်များပေမယ့် အသားစားသူတွေဟာလည်း သံဓာတ်စုပ်ယူမှု နည်းပါးကာ သံဓာတ်နည်းပါးနိုင်ပါတယ်။
သံဓာတ်ချို့တဲ့တဲ့အခါ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်အားနည်းခြင်း၊ ကယ်လိုရီလောင်ကျွမ်းမှု နည်းပါးခြင်းတို့ ဖြစ်နိုင်ကာ အချိုအစားများလာနိုင်ပါတယ်။
ဒါ့အပြင် သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု နည်းပါးသွားကာ ဇီဝဖြစ်ပျက်မှုဖြစ်စဥ် နှေးသွားပြီး ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။
အသားမစားဖို့ အကြံပြုထားကြကာ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ ကောက်ပဲသီးနှံများ၊ ဟင်းရွက်စိမ်းတွေဟာ သံဓာတ်ကြွယ်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။
ပဲနီကလေးတစ်ခွက်စာ ချက်ပြုတ်စားခြင်းက ကြက်ရင်အုံထက် သံဓာတ်ပိုမိုရရှိပါတယ်။
Source: The Jerusalem Post.
Published_31 December 2023
#World_Health
#Yangon_Times #YMG_News #Yangon_Media_Group
တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ပန်ဒါမွေးမြူရေးစခန်းမှာ ပန်ဒါဝက်ဝံငယ်တစ်ကောင် ဆော့ကစားပုံတွေကို ဗီဒီယိုရိုက်ကူးပြီး ပြသခဲ့ကြပါတယ်။
ဗီဒီယိုထဲမှာ ချန်ဒူပန်ဒါဝက်ဝံ သုတေသနမွေးမြူရေးစခန်းရှိ စူးစမ်းစုစပ်နေတဲ့ ပန်ဒါလေးက ပတ်ဝန်းကျင်ကို လေ့လာနေပြီး ပန်ဒါထိန်းကျောင်းသူနဲ့ ဆော့ကစားနေတာကို မြင်တွေ့ရပြီး တရုတ်ပြည်မှာ တန်ဖိုးထားတဲ့ ပန်ဒါတွေရဲ့ နေ့စဥ်လှုပ်ရှားမှုတွေကို တင်ဆက်နေတဲ့ iPanda ချန်နယ်လိုင်းကနေ မကြသေးမီက ထုတ်လွှင့်ခဲ့ပါတယ်။
Published_30 December 2023
#Asia_Conservation
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_30 December 2023
၁။ ရန်ကုန်တိုင်းတွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းအချို့ တစ်ဦးချင်းဖွင့်ရန်ခက်ခဲပါက စုပေါင်းဖွင့်သင့်ဟုဆို
၂။ ယခုနှစ် ပဲဖတ်ဈေးကွက် ၀ယ်လိုအား အလွန်နည်းသဖြင့် ဈေးကောင်းမရ
၃။ အခေါက်ရွှေ စံချိန်တင်အမြင့်တန်းဈေး၌ အတက်အကျနည်းပါးနေ
၄။ စီချွမ်ဒေသ ချန်ဒူပန်ဒါသုတေသနမွေးမြူရေးစခန်းမှ ပန်ဒါငယ်လေးတစ်ကောင်၏ ချစ်စဖွယ်လှုပ်ရှားမှုများကို ဗီဒီယိုရိုက်ကူးထုတ်လွှင့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 376 of 967