Published 10 February 2024
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မှတ်ဉာဏ်လစ်ဟင်းမှုတွေကို ခံစားနေရတယ်လို့ ဆိုခဲ့တဲ့ တရားစီရင်ရေးဌာနမှ ဝတ်လုံတော်ရ အထူးရှေ့နေတစ်ဦးရဲ့ အစီရင်ခံစာကို အိမ်ဖြူတော်က သောကြာနေ့မှာ ဝေဖန်လိုက်ပြီး ဒါဟာ နိုင်ငံရေးလှုံ့ဆော်သွေးထိုးမှု ဖြစ်တယ်ဆိုတာ ထင်ရှားကြောင်း ဒုသမ္မတ ကာမယ်လာအဲရစ်ကလည်း ပြောလိုက်ပါတယ်။
အထူးတရားရုံးချုပ်ရှေ့နေ ရောဘတ်ဟားဆိုတာက ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်က မယ်ရီလန်းမှာ အမေရိကန်အစိုးရရှေ့နေအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့အစီရင်ခံစာက ရွေးကောက်ပွဲနှစ်မှာ အငြင်းအခုံ ဖြစ်လာနိုင်စေပြီး ဘိုင်ဒင်အသက်ကြီးလာတာကို မေးခွန်းတွေထုတ်လာတဲ့ သဘောဖြစ်ပါတယ်။
ယခုတစ်ပတ်မှာ ဘိုင်ဒင်ဟာ ၈၁ နှစ်ရှိပြီဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နာမည်တွေကို ရောထွေးနေခဲ့ပါတယ်။
အိမ်ဖြူတော်မှ တရားရေးရှေ့နေချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီယန်ဆမ်စ်က အိမ်ဖြူတော်စာနယ်ဇင်း အတွင်းရေးမှူး ကာရင်ရှောင်ပီယာနဲ့အတူ ဟားရဲ့ဖော်ပြချက်ကို ဝေဖန်လိုက်ကာ သူ့ရဲ့လှုံ့ဆော်ရည်ရွယ်ချက်ကို မေးခွန်းထုတ်လိုက်ကြပါတယ်။
ကြာသပတေးနေ့က ဖော်ပြခဲ့တဲ့ ဟားရဲ့အစီရင်ခံစာထဲမှာ ဥပဒေရေးရာ စာရွက်စာတမ်းနဲ့ ပတ်သက်ပြီး ဘိုင်ဒင်ရဲ့ ကိုင်တွယ်ပုံကို ၁၅ လကြာစုံစမ်းစစ်ဆေးခဲ့ရာမှာ သမ္မတက ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် ရာဇဝတ်မှု မစွပ်စွဲရန် ဆုံးဖြတ်လိုက်ကြောင်း ဆိုပါတယ်။
ဘိုင်ဒင်ကို အပြစ်ရှိကြောင်းစွပ်စွဲဖို့က ခက်ခဲပြီး ကိုယ့်ရဲ့သားဖြစ်သူ ကွယ်လွန်ခဲ့စဥ်က စုံစမ်းရေးမှူးတွေကို မမှတ်မိတဲ့ မှတ်ဉာဏ်မကောင်းတော့တဲ့ အသက်ကြီးကြီး လူတစ်ယောက်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
စာရွက်စာတမ်း လွဲမှားကိုင်တွယ်တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် အထူးရှေ့နေတော်တွေကို တာဝန်ပေးအပ်သင့်တယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားလိုက်ပါတယ်။
ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်တဲ့ ဟားက နိုင်ငံရေးလွှမ်းမိုးမှု ခံနေရတာဖြစ်နိုင်တယ်လို့ ဆမ်က ဆိုလိုက်ပါတယ်။
ဘိုင်ဒင်က သူ့သားကွယ်လွန်တဲ့နေ့ကို မမှတ်မိဘူးလို့ အထူးရှေ့နေတော် ပြောကြားခဲ့တာဟာ အခြေအမြစ်မရှိဘူးလို့ ဆမ်ကဆိုလိုက်ကာ ဘိုင်ဒင်ကလည်း ဒေါသတကြီး တုန့်ပြန်လိုက်ပါတယ်။
ယမန်နှစ်က ဘိုင်ဒင်ကို ဆေးစစ်ပေးတဲ့ ဆရာဝန်က သမ္မတဟာ သူ့လုပ်ငန်းတွေကို ထမ်းဆောင်နိုင်တဲ့အတွက် ဦးနှောက်မှတ်ဉာဏ်စစ်ဆေးမှု မပြုလုပ်ခဲ့ပါဘူး။
Source: Reuters
#World_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 February 2024
စိတ်ဓာတ်ကျဝေဒနာ ခံစားရသူတွေဟာ ကိုယ်အပူချိန် မြင့်မားတယ်လို့ တွေ့ရှိထားပြီး ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းအသစ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။
စိတ်ဓာတ်ကျခြင်းကြောင့် ကိုယ်အပူချိန် မြင့်တာလား၊ ဒါမှမဟုတ် ပြောင်းပြန်သဘောလား ဆိုတာကိုတော့ မသဲကွဲသေးပေမယ့် ကိုယ်အပူချိန် လျော့ကျအောင် ပြုလုပ်ပြီး စိတ်ကျန်းမာရေးအတွက် အကျိုးရှိလာစေနိုင်တယ်လို့ ယူဆနေကြပါတယ်။
UC ဆန်ဒီယေဂိုနဲ့ UC ဆန်ဖရန်ဆစ္စကိုတို့မှ သုတေသီတို့က စမ်းသပ်ပါဝင်သူ ၂ သောင်းကို ကိုယ်အပူချိန်တိုင်းတာတဲ့ လက်စွပ်ဝတ်စေပြီး လေ့လာခဲ့ကြပါတယ်။
ထိုအခါမှာ စိတ်ကျဝေဒနာ ပြင်းထန်လာတာနဲ့အမျှ ကိုယ်အပူချိန်မြင့်မားနေတာကို တွေ့ရှိခဲ့ကြပါတယ်။
ထိုလူတွေမှာ အပူချိန်မြင့်မားရတာဟာ ကိုယ်တိုင်အပူချိန်ကို မချနိုင်လို့လား၊ ဒါမှမဟုတ် ဇီဝကမ္မဖြစ်စဥ်တွေကနေ အပူထုတ်လုပ်မှု များတာကြောင့်လားဆိုတာကို မသိရသေးပါဘူး။
ဒါပေမဲ့ ဒီစမ်းသပ်ချက်တွေကြောင့် စိတ်ဓာတ်ကျဝေဒနာကို ဘယ်လိုကုသရမလဲဆိုတာ အကြံဉာဏ်တွေ ရလာနိုင်တယ်လို့ စိတ်ရောဂါအထူးကု မေဆန်က ပြောပြသွားပါတယ်။
ရေနွေးဖြင့်ရေချိုးခြင်း၊ ချွေးထုတ်ခန်းထဲနေခြင်းတို့ကလည်း ချွေးထွက်စေကာ ကိုယ်အပူချိန် ကျဆင်းစေတာကြောင့် စိတ်ကျဝေဒနာ သက်သာစေနိုင်မယ့် အလားအလာ ရှိနေပါတယ်။
Source: New York Post.
#World_Health
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 February 2024
တစ်နေ့ကို အိပ်ချိန် ၆ နာရီနဲ့အောက်သာ ရှိပါက ဗိုက်ပြည့်ဝမှုပေးတဲ့ ဟော်မုန်းလျော့နည်းကာ ဆာလောင်စိတ် ဖြစ်ပေါ်တဲ့ဟော်မုန်း များလာပြီး ကိုယ်အလေးချိန် တက်စေတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။
လူတွေဟာ ပင်ပန်းတဲ့အခါ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေကို ပိုမိုစားသုံးဖြစ်ကြပါတယ်။
သကြားဓာတ်ကို ခန္ဓာကိုယ်က လျင်မြန်စွာ စုပ်ယူသွားတာကြောင့် အစားပိုစားဖြစ်ကာ ကယ်လိုရီလောင်ကျွမ်းမှု နည်းပါးသွားပါတယ်။
ဗိုက်ထဲမှာ အစာမရှိဘဲ အိပ်စက်တာကလည်း အိပ်စက်မှုကို နှောင့်ယှက်စေပါတယ်။
အိပ်ခါနီးအချိန်မှာ ထမင်းဟင်းစားတာမျိုးတွေ မလုပ်ဘဲ ဒိန်ချဥ်၊ ငှက်ပျောသီးတို့လို အစားအစာတွေသာ စားသုံးသင့်ပါတယ်။
မအိပ်စက်ခင် တစ်နာရီအလိုလောက်မှာ စားသောက်ပါက အစာမကြေဘဲ အိပ်စက်ခြင်းကို နှောင့်ယှက်စေနိုင်ပါတယ်။
ညဘက်မှာ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်တာက နှလုံးခုန်နှုန်းနဲ့ဇီဝကမ္မဖြစ်စဥ် မြန်စေပြီး အိပ်စက်ဖို့ ခက်ခဲစေပါတယ်။
နံနက်ခင်းပိုင်းတွေမှာ လေ့ကျင့်ခန်းပြုလုပ်သူတွေကတော့ ညဘက် ပိုမိုအိပ်စက်စေတယ်လို့ တွေ့ရှိထားပါတယ်။
နေ့လယ်နောက်ပိုင်းမှာ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေ မသောက်သုံးဖို့လည်း ကျွမ်းကျင်သူများ အကြံပြုထားပါတယ်။
ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ဆိုရင် အချိုမုန့်များ၊ ကွတ်ကီး၊ ကိတ်မုန့်၊ ချောကလက်၊ ဖျော်ရည်တို့ကို ညနေခင်းကတည်းက ရှောင်ရှားသင့်ပါတယ်။
Source: The Jerusalem Post.
#World_Military
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
တစ်နာရီကို ၃၅၀ ကီလိုမီတာအများဆုံးဖြင့် သွားလာနိုင်ကာ ဟာလင်ဘူတာကနေ ပါဒါလာရန်ဘူတာသို့ ရောက်ရှိဖို့ မိနစ် ၂၀ သာကြာမြင့်ပါတယ်။
တရုတ်ခရီးသွားဧည့်သည်ပေါင်း ၁ သန်းခွဲလာရောက်ရန် မျှော်လင့်ထားတာကြောင့် လုပ်ဆောင်စရာ များစွာရှိနေသေးကြောင်း အင်ဒိုနီးရှား ဧည့်ခရီးသွားအဖွဲ့အစည်းမှ ဥက္ကဌ နူနန်ရုစ်မီယာတီက ပြောပြသွားပါတယ်။
#Asia_Development
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 9 February 2024
၁။ ဆံတော်ရှင်မော်တင်စွန်းဘုရားပွဲတော် မတ်လအတွင်းကျင်းပမည်၊ EVကားဖြင့် ပါလာရောက်လည်ပတ်သူများရှိနေ
၂။ တစ်လလျှင် တန်ချိန် (၁) သိန်းခွဲခန့်ဖြင့် ဆန်ကွဲ၊ ပေါင်းဆန်နှင့် တန်းမြင့်ဆန် (၅ မတ်ဆန်) များကိုသာ ဦးစားပေး တင်ပို့သွားမည်
၃။ ပုပ္ပါးတောင်မကြီးပေါ် သန့်ရှင်းရေးအတွက် စိတ်ပါဝင်စားသူများ စုပေါင်းပြီး အမှိုက်ကောက်ကမ်ပိန်းပြုလုပ်မည်
၄။ ဂျာကာတာမှ ဘန်ဒန်သို့ပြေးဆွဲသည့် အမြန်ရထားလမ်းကြောင့် အင်ဒိုနီးရှား ဧည့်ခရီးသွားလုပ်ငန်းအတွက် လွယ်ကူတိုးတက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_9 February 2024
အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ရိုနယ်ဒို ဟာ ၂၀၂၃ ခုနှစ်မှာ ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
အားကစားစီးပွားရေးဝက်ဘ်ဆိုက်တစ်ခုက ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမား ၁၀၀ စာရင်းကို ထုတ်ပြန်ခဲ့ရာ ရိုနယ်ဒို က ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရိုနယ်ဒို ဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံမှ တစ်နှစ်လစာ ပေါင် ၁၇၅ သန်းရရှိတဲ့အပြင် အခြားစပွန်ဆာစာချုပ်များမှလည်း ပေါင်သန်း ၄၀ ကျော်ရရှိတဲ့အတွက် တစ်နှစ်ဝင်ငွေ ပေါင် ၂၁၈ သန်းနဲ့ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အင်တာမိုင်ယာမီအသင်းမှ မက်ဆီ က ပေါင် ၁၀၃ သန်းနဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
#Sport_news
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၉ ဖေဖော်ဝါရီ ၂၀၂၄
တရုတ်နိုင်ငံရဲ့ အကောင်းဆုံး ခေါက်ဆွဲဆရာကြီးတွေဟာ တရုတ်နှစ်သစ်ကူးအကြိုဖျော်ဖြေပွဲမှာ ခေါက်ဆွဲလုပ်နည်း အနုပညာတင်ဆက်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ အဲဒီအစီအစဉ်ကို တရုတ်အစိုးရပိုင် တရုတ်မီဒီယာအုပ်စုရဲ့ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲညမှာ ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။
Source CCTV+
Page 351 of 971