#Daily_News
Published 28 June 2025
၁။ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း၌ အသက်ဆုံးရှုံးစေနိုင်သည့် ရောဂါများကိုတိုက်ဖျက်ရန် သြစတြေးလျက ဒေါ်လာ ၃၈၆ သန်း ပံပိုးပေးမည်
၂။ သွင်းအားစုများအား သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်သည့် ကုမ္ပဏီများကို အရေးယူမည်
၃။ ဇူလိုင် ၃ရက်နေ့အထိမိုးရွာပြီး ဒေသအချို့၌ မြေပြိုခြင်းနှင့် လျှပ်တစ်ပြက်ရေကြီးခြင်းများရှိနိုင်
၄။ ဂါဇာအရေးတုံ့ပြန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရွှေဈေးကွက်အတွင်းမှာ လက်ဝတ်ရတနာအထည်ပြန်လည်ရောင်းချသူတွေအပြင် ရွှေတုံးအခဲတွေကို ရွှေထိငွေထိရောင်းချသူတွေလည်း ပြန်ရှိနေ တယ်လို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 28 June 2025
#ရွှေတုံးအခဲ #ရွှေထိငွေထိရောင်းချသူများရှိနေ
#YMG/NN #Yangon_Times
ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက် လိုင်စင်ရရှိပြီးသောကုမ္ပဏီများအနေနဲ့ အမြန်တင်သွင်းဖို့ လိုအပ်ပြီး သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်တဲ့ ကုမ္ပဏီများကို အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 28 June 2025
#လိုင်စင်ရရှိပြီးသောကုမ္ပဏီများ #ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး
#YMG/SW #Yangon_Times
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ အသက်ဆုံးရှုံးစေနိုင်တဲ့ ရောဂါတွေကိုတိုက်ဖျက်ဖို့အတွက် သြစတြေးလျနိုင်ငံက အမေရိကန်ဒေါ်လာ ၃၈၆ သန်းပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 28 June 2025
#အသက်ဆုံးရှုံးစေနိုင်သည့်ရောဂါ #ရောဂါတွေကိုတိုက်ဖျက်
#YMG/SW #Yangon_Times
နိုင်ငံအဝှမ်း၌ ယမန်နေ့ညနေကနေ ဇူလိုင်၃ရက်နေ့အထိ မိုးထစ်ချုံးရွာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးခြင်းနဲ့အတူ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာ ၊မြေပြိုတာအပါအဝင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့်သတိပြုရှောင်ရှားနိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ညပိုင်းက အထူးမိုးလေဝသသတင်းထုတ်ပြန်ပြီး အသိပေးလာပါတယ်။
#Local_News
Published 28 June 2025
#ဒေသအချို့၌မြေပြိုခြင်း #လျှပ်တစ်ပြက်ရေကြီးခြင်းများရှိနိုင်
#YMG/NN #Yangon_Times
တရုတ် AI ပညာရှင်များက AI ကနေ ဒေတာကောက်ယူခြင်းတွေနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအကြောင်း ဆွေးနွေးခဲ့ကြကာ သုံးစွဲသူ ပုဂ္ဂိုလ်ရေးအချက်အလက် ကာကွယ်ရေး ပိုမိုမြှင့်တင်ဖို့အတွက် အင်္ဂါနေ့ ဟယ်ဖေမြို့မှပြုလုပ်တဲ့ အင်တာနက်ကွန်ဖရင့်စ်မှာ တောင်းဆိုလိုက်ပါတယ်။
#World_Technology
Published 27 June 2025
#တရုတ်AIပညာရှင် #ဘေးအန္တရာယ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 27 June 2025
၁။ ကွန်တိန်နာကားငှားရမ်းခများ တိုးမြှင့်မည်
၂။ လူကုန်ကူးမှုများတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့်အမှုအများဆုံးဖြစ်
၃။ ကျပ်သိန်းလေးသောင်းကျော် တန်ဖိုးရှိမျိုးအာလူးအအေးခန်းသိုလှောင်ရုံ တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်မည်
၄။ AI အသုံးပြုခြင်းနှင့်ပတ်သက်သည့်ဘေးအန္တရာယ်များအကြောင်း တရုတ်အင်တာနက်ကွန်ဖရင့်၌ဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 2 of 1095