ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် ငှက်မျိုးစိတ် ၁၂ မျိုးအပါအဝင် ဆောင်းခိုငှက်များစတင်ဝင်ရောက်ကျက်စားနေပြီဖြစ်ကြောင်း သိရပါတယ်။
#Local_News
Published 06 November 2026
#မိုးယွန်းကြီးအင်း #ပဲခူးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲက နိုင်ငံကူးလက်မှတ် သက်တမ်း ၂ နှစ်ကနေ ၅ နှစ်အတွင်း ပြတ်တောက်နေသူတွေအနေနဲ့ သက်တမ်းပြတ် ဒဏ်ကြေး ဘတ် ၅၅၀ ကို ဒီကနေ့ ကနေစတင်ပြီး
ပေးဆောင်ရမယ်လို့ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကအသိပေးထုတ်ပြန် ထားပါတယ်။
#Local_News
Published 06 November 2026
#ထိုင်းနိုင်ငံ
#YMG/NN #Yangon_Times
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ယာဉ်ရပ်နားခတွေကို သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံသွားမှာဖြစ်ပြီး ပိုမိုကောက်ခံတာမျိုးပြုလုပ်မှာမဟုတ်ဘူးလို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။
#Local_News
Published 06 November 2026
#တောင်ကြီးတန်ဆောင်တိုင်
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးသုံးခု၌ မိုးတိမ်တောင်များဖြစ်ထွန်းလျှက်ရှိတာကြောင့် ထိုမိုးတိမ်တောင်များဖြစ်ထွန်းရာတစ်လျှောက်မှာ အချိန်အခါမဟုတ် မိုးကြီးလေထန်နိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 06 November 2026
#ရန်ကုန် #မိုးကြီးလေထန်
#YMG/NN #Yangon_Times
ရုရှားနဲ့ ယူကရိန်းနိုင်ငံတိုရဲ့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ရှိသူတွေဟာ ယူကရိန်းနိုင်ငံတောင်ပိုင်း၊ ခါဆန်ဒေသမှာရှိတဲ့ ရုရှားထိန်းချုပ်မှုအောက်က အိုလက်ရှ်ကီမြို့မှာ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်နိုင်ဖို့နဲ့ အရပ်သားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ဖို့ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြပါတယ်။
#World_News
Published 05 November 2026
#ရုရှား #ယူကရိန်း
#YMG #Yangon_Times #Yangon_Media_Group
ဆောင်းသီးနှံနဲ့နွေစပါးစိုက်ပျိုးချိန်အမီ ယူရီးယားမြေဩဇာတွေ ဖြန့်ဖြူးပေးနိုင်ရေးနဲ့ တောင်သူတွေ သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပြောပါတယ်။
#Local_News
Published 05 November 2026
#ဆောင်းသီးနှံ #နွေစပါး
#YMG/SW #Yangon_Times
#Daily_News
Published 05 November 2026
၁။ ထိန်ပင်နှင့်ထားဝယ်ချောင်အမှိုက်ပုံများ၌ အမှိုက်မှ စွမ်းအင်ထုတ်လုပ်ရန် ပြည်တွင်း၊ပြည်ပကုမ္ပဏီများကိုတင်ဒါခေါ်ယူ
၂။ ဆောင်းသီးနှံနဲ့နွေစပါးစိုက်ချိန်မီ ယူရီးယားမြေဩဇာဖြန့်ဖြူးနိုင်ရေးပြင်ဆင်
၃။ ဒေါ်လာ(၁)သန်းကျော်နှင့်ကျပ်သန်းပေါင်း ၃,၆၀၀ကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၃) ခုပဲခူးတိုင်းသို့ဝင်ရောက်
၄။ ရုရှား - ယူကရိန်း ယာယီအပစ်အခတ်ရပ်စဲရန်သဘောတူ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 4 of 1416