အောက်တိုဘာ ၂၂ ရက်နေ့က ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့တရုတ်ကြယ်နီတပ်မတော်ရဲ့သမိုင်းဝင်ကြာရှည်ချီတက်ပွဲကြီး (Long March) အောင်မြင်ခြင်း အနှစ် (၉၀) ပြည့်အထိမ်းအမှတ် အခမ်းအနားမှာ သမ္မတရှီကျင့်ဖျင်က ၁၉၃၄-၁၉၃၆ ခုနှစ်အတွင်းဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်ချီတက်ပွဲနဲ့တရုတ်ပြည်တစ်ဝန်း တော်လှန်ရေးတိုက်ပွဲတွေမှာ အသက်စွန့်သွားခဲ့ကြတဲ့ တော်လှန်ရေးသူရဲကောင်းတွေကိုရည်စူးပြီး တိတ်ဆိတ်ငြိမ်သက်စွာ ဂါရဝပြုမှုကို ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။
#World_News
Published 29 October 2026
#တရုတ်နိုင်ငံ #Long_March
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 29 October 2026
၁။ သီတင်းကျွတ်ကာလ ပုဂံဒေသသို့ဘုရားဖူးခရီးသွားများအများအပြားဝင်ရောက်
၂။ YPS ကတ်ဖြတ်မရအောင်လုပ်ဆောင်သည့် YBS ယာဉ်မောင်းများကို တစ်လတာရပ်နားစေမည်ယူ
၃။ ဒေသတွင်းကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားအခြေစိုက် ICCRIနှင့်နားလည်မှုစာချွန်လွှာ(MoU)ရေးထိုး
၄။ တရုတ်နိုင်ငံ၏ သမိုင်းဝင် “Long March” အောင်မြင်မှုနှစ်(၉၀)ပြည့်အခမ်းအနားတွင်ကျဆုံးခဲ့သည့် တော်လှန်ရေးသူရဲကောင်းများကို ရှီကျင့်ဖျင်ဂုဏ်ပြုအလေးပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လာမယ့်ဆောင်းရာသီမှာ မြန်မာနိုင်ငံဒေသအများစု အပူချိန်ပုံမှန်ထက် ပိုမိုမြင့်တက်နိုင်သလို ပင်လယ်ပြင်တွေမှာလည်း မုန်တိုင်းငယ်(၄)ကြိမ်ခန့် ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသခန့်မှန်းချက်အရ သိရပါတယ်။
#Local_News
Published 29 October 2026
#ဆောင်းရာသီ #အပူချိန်မြင့်တက်
#YMG/SW #Yangon_Times
အင်ဒိုနီးရှားနိုင်ငံ၊ Indonesia Convention Exhibition (ICE BSD) ၌ ကျင်းပပြုလုပ်ခဲ့တဲ့(၄၁)ကြိမ်မြောက်အင်ဒိုနီးရှားကုန်စည်ပြပွဲကြီးရဲ့ Pavilion Coffee တွင် မြန်မာနိုင်ငံကော်ဖီအသင်း (MCA) နဲ့ အင်ဒိုနီးရှား ကော်ဖီနှင့်ကိုကိုးသုတေသန အင်စတီကျု (ICCRI) သက်ဆိုင်ရာ မိတ်ဖက်အဖွဲအစည်းတိုအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို အောက်တိုဘာလ တတိယအပတ်ကအောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းကနေသိရပါတယ်။
#Local_News
Published 29 October 2026
#အင်ဒိုနီးရှားနိုင်ငံ #ကော်ဖီ
#YMG/NN #Yangon_Times
YBS ယာဉ်တွေမှာ YPS ကတ်ဖြတ်စက် တပ်ဆင်ထားပေမဲ့ ကတ်ဖြတ်အသုံးပြုလို့မရအောင် လုပ်ဆောင်ထားတဲ့ ယာဉ်မောင်းတွေကို တစ်လတာ ရပ်နားစေတဲ့အထိ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက သိရပါတယ်။
#Local_News
Published 29 October 2026
#YBS #YPS
#YMG/SW #Yangon_Times
သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားအများအပြားဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်၊ သီတင်းကျွတ်လပြည့်နေ့မှာ ခရီးသွားဘုရားဖူးပြည်သူ သုံးသိန်းကျော်ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲကနေသိရပါတယ်။
#Local_News
Published 29 October 2026
#သီတင်းကျွတ် #ပုဂံ
#YMG/NN #Yangon_Times
မလေးရှားနိုင်ငံမှာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မီးခိုးမြူမှိုင်းတွေကြောင့် ဒုက္ခကြုံတွေ့နေရတာ သီတင်းပတ်အတော်ကြာရှိနေပါပြီ။ မိုးခဏခဏရွာနေပေမဲ့လည်း ကွာလာလမ်ပူ မြို့တော်ပေါ်မှာ အုပ်ဆိုင်းနေတဲ့ လေထုညစ်ညမ်းမှုတွေက လျော့ပါးသွားမယ့်လက္ခဏာ မတွေ့ရသေးပါဘူး။
#World_News
Published 23 October 2026
#မလေးရှား #မီးခိုးမြူမှိုင်း
#YMG #Yangon_Times #Yangon_Media_Group
Page 7 of 1416