ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေဟာ
စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ စက်တင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနဲ့ ဇလဗေဒထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 12 September 2026
#လေဖိအားနည်းရပ်ဝန်း
#YMG/NN #Yangon_Times
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)အောက်ရှိ ထင်ရှားကျော်ကြားတဲ့ သန့်စင်စွမ်းအင်စီမံကိန်းတစ်ခုဖြစ်တဲ့ ဆူကီကီနာရီ ရေအားလျှပ်စစ်စီမံကိန်းဟာ သန့်စင်သော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခြင်းနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းတိုဖြင့် နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်မားစေပါတယ်။
#World_News
Published 11 September 2026
#ပါကစ္စတန် #တရုတ်
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ သောက်သုံးရေလိုအပ်ချက်ရှိနေတဲ့ နေရာတွေမှာမြန်မာနိုင်ငံကြက်ခြေနီအသင်းက သောက်သုံးရေများဆက်လက်ဖြန့်ဝေပေးလျက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 11 September 2026
#လေးမျက်နှာ #ရေဘေးသင့်ပြည်သူ
#YMG/SW #Yangon_Times
စပါး/ ဆန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ သိုလှောင်ဈေးကစားခြင်းများ မဖြစ်ပေါ်စေရေးကို ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ် ကပြောပါတယ်။
#Local_News
Published 11 September 2026
#စပါး_ဆန်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း မြေနေရာအချို့နဲ့ အဆောက်အအုံတွေကို နှစ်တို၊ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (EOI) ကိုဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 11 September 2026
#EOI #ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ
#YMG/SW #Yangon_Times
၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ် လေးလတာအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၉ သန်းကျော်တန်ဖိုးရှိ ပုစွန်တန်ချိန် ၃,၀၀၀ နီးပါးတင်ပို့ထား တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 11 September 2026
#ပုစွန်
#YMG/NN #Yangon_Times
#Daily_News
Published 11 September 2026
၁။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ မြေနေရာနှင့်အဆောက်အအုံများငှားရမ်းရန် EOI ဖိတ်ခေါ်နေ
၂။ စပါး/ဆန်ဈေးနှုန်းများမြင့်တက်ခြင်း၊ သိုလှောင်ဈေးကစားခြင်းများ မဖြစ်ပေါ်စေရေးမှာကြား
၃။ လေးမျက်နှာတွင် ရေဘေးသင့်ပြည်သူများအတွက် ကြက်ခြေနီကသောက်သုံးရေများ ဆက်လက်ဖြန့်ဝေ
၄။ ပါကစ္စတန်၏လျှပ်စစ်ဓာတ်အားလိုင်းအတွက်သန့်စင်လျှပ်စစ်ပေးစွမ်းနေသည့် တရုတ်ဖက်စပ်ရေအားလျှပ်စစ်စီမံကိန်း ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 8 of 1393