#Local_News
Published - 6 August 2022
ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလာတာနဲ့ လူခေါ်ပွဲစားတွေကြောင့် ထိုင်းနိုင်ငံကိုတရားမဝင် ဝင်ရောက်မှုတွေ များပြားလာတာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_6 August 2022
တရုတ်နဲ့ထိုင်ဝမ်ကြားတင်းမာမှုတွေကြောင့် တရုတ်နဲ့ထိုင်ဝမ်ကသင်္ဘောကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာသင်္ဘောသားတွေအပေါ်သက်ရောက်မှုအချို့ ရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်(MSF) ဥက္ကဌဦးစိုးမင်းအောင်က YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#World_Art
Published 6 August 2022
အသက် ၇၀ အရွယ်ရှိ 'ချောင်ရှန်ကင်'ဟာ မာကျောက်ရုပ်တွေရဲ့ ပုံသဏ္ဍာန်နဲ့ တရုတ်စာလုံးတွေကို ထုထွင်းဖန်တီးသူဖြစ်ပြီး ဟောင်ကောင်က မာကျောက်ရုပ်ထုလုပ်သူတွေထဲမှာ နောက်ဆုံးလက်ကျန်သူတွေထဲက တစ်ဦးဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 6 August 2022
-ရေရှည်တည်တံ့တဲ့ ဆေးဝါးပံ့ပိုးမှု Sustainable Medicine Supply တစ်ခုဖြစ်ဖို့ ရေရှည်လုပ်ငန်းအဖြစ် ဘာတွေလုပ်သင့်သလဲ??
#Yangon_Media_Group
#Local_News
Published _ 6 August 2022
ပြည်တွင်းမှာ ဒေသတစ်ခုနဲ့တစ်ခု တင်ပို့တဲ့ ကုန်စည်ရှားပါးလာမှု၊ ပို့ဆောင်ခစရိတ်ကြီးမြင့်မှုနဲ့ ကြာမြင့်ချိန်တွေကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ၇၀ ရာခိုင်နှုန်းလောက် ရပ်တန့်မှုတွေဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက နေသိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 6 August 2022
- အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးနှင့် ဆက်စပ်တဲ့ ကျန်းမာသောဘဝတွေအတွက် ဆေးဝါးလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဘာတွေလိုအပ်သလဲ??
#Yangon_Media_Group
Published: 6 August 2022
အမေရိကန်နိုင်ငံ အိမ်ဖြူတော်အနီးမှာ မိုးကြိုးပစ်ခံရလို့ လူနှစ်ဦးသေဆုံးပြီး ကျန်တဲ့ နှစ်ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ အမေရိကန် မြို့တော်ရဲတပ်ဖွဲ့ကပြောပါတယ်။ အိမ်ဖြူတော် လမ်းတစ်ဖက်က ပန်းခြံအသေးကလေးဖြစ်တဲ့ လာဖာယက်တီရင်ပြင်မှာ ကြာသပတေးနေ့ ည(၇)နာရီခန့်က မိုးတွေသည်းထန်စွာရွာပြီး မိုးကြိုပစ်ခဲ့ပါတယ်။
မိုးကြိုးပစ်ခံရလို့ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေနှင့် ချက်ခြင်းဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဝါရှင်တန် မီးသတ်နှင့်အရေးပေါ်ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလူနာလေးဦးထဲက အသက် ၇၅နှစ်အရွယ် ဒွန်နာမူလာနှင့် ၇၆နှစ်အရွယ် ဂျိမ်းစ်မူလာတို့နှစ်ဦးဟာ နောက်တစ်နေ့မနက်မှာ သေဆုံးခဲ့ရတယ်လို့ မြို့ပြရဲဌာနက အတည်ပြုသတင်းထုတ်ပြန်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ဝစ်ကွန်ဆင်ပြည်နယ် ဂျန်နက်ဗီလီက ဖြစ်ကြပါတယ်။ ကျန်နှစ်ဦးကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိပါတယ်။
ကြေကွဲစရာ အသက်ဆုံးရှုံးမှုတွေအတွက် ဘိုင်ဒင်အစိုးရက စိတ်ထိခိုက်ရပါတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရင်းဂျိန်းပီယဲလ်က ပြောပါတယ်။ အသက်လုနေရတဲ့ နှစ်ဦးအတွက်လည်း ဆုတောင်းပေးနေပါတယ်လို့ သူမက ဆက်ပြောပါတယ်။
မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ဒေးဗစ်ရု(သ်)က ကြောက်စရာကောင်းတဲ့ ဝုန်းခနဲအသံကြီးကြားလိုက်ရတယ်” လို့ အင်န်ဘီစီ သတင်းဌာနကိုပြောပါတယ်။
မိုးကြိုးပစ်အပြီးမှာပဲ အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးတွေနှင့် ပန်းခြံရဲတွေဟာ အခင်းဖြစ်ပွားတဲ့နေရာ ရောက်လာကြတယ်လို့ မီးသတ်နှင့်အရေးပေါ်ဌာန ပြောရေးဆိုခွင့်ရသူ ဗစ်တို မက်ဂီအိုလိုကပြောပါတယ်။
“လျှပ်စီးတွေလက်နေရင် အိမ်တွင်းထဲ ဝင်သင့်တယ် ဒါမှမဟုတ် ဘေးကင်းတဲ့နေရာသွားသင့်တယ် သစ်ပင်တွေဟာ စိတ်ချလုံခြုံတဲ့နေရာမဟုတ်ဘူး။ လူတွေက သစ်ပင်အောက်မှာ ခိုနားဖို့လုပ်ရင် သိပ်ပြီး အန္တရာယ်ရှိတယ်” လို့ မက်ဂီအိုလိုက ဆက်ပြောပါတယ်။
သမ္မတဟောင်း အင်ဒရူးဂျက်ဆင်ရဲ့ရုပ်တုကနေ ပေ၁၀၀လောက်ကွာတဲ့နေရာမှာ လူလေးဦးလဲကျနေတာကိုတွေ့ရတယ်လို့ ဝါရှင်တန်ပို့စ်က သတင်းရေးသားပါတယ်။
ကြာသပတေးနေ့ညနေပိုင်းက ဝါရှင်တန်မှာ မိုးကြိုးမုန်တိုင်းတွေပြင်းပြင်းထန်ထန်ကျရောက်ခဲ့ပြီး မိုးကြိုးပစ်တာဟာ မိုးကြိုး မုန်တိုင်းအတွင်းဖြစ်ပွားခဲ့တာပါ။
Source:AFP
Page 1132 of 1304