#DailyNews
Published - 6 August 2022
၁။ ကုန်စည်ရှားပါးလာမှု၊ ပို့ဆောင်ခစရိတ်တွေ မြင့်လာမှုကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအချို့ခက်ခဲနေ
၂။ တရုတ်နှင့်ထိုင်ဝမ်အရေးကိစ္စ မြန်မာသင်္ဘောသားများအား သက်ရောက်မှုအချို့ ရှိလာနိုင်
၃။ အလုပ်အကိုင်ရှားပါးခြင်းနှင့် လူခေါ်ပွဲစားတွေကြောင့် ထိုင်းသို့ တရားမဝင် ဝင်ရောက်သူများပြားနေ
၄။ မာကျောက်ရုပ်များ ထုဆစ်ဖန်တီး၍ အသက်မွေးဝမ်းကြောင်းပြုနေသည့် ဟောင်ကောင်အဘိုးအို... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 6 August 2022
- လက်ရှိမြန်မာနိုင်ငံမှာ ဆေးဝါးအချို့ပြတ်လတ်တာ ဈေးကြီးတာတွေကြုံနေကြရပါတယ်။ ဆေးဝါးဟာ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါသလား???
#Yangon_Media_Group
#Local_News
Published - 6 August 2022
လိပ်ကျွန်းလူသတ်မှုနဲ့ ဘန်ကောက်မြို့ ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဝင်းဇော်ထွန်းနဲ့ဇော်လင်းတို့ကို ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာထောင်ဝင်စာတွေ့ဆုံနိုင်ဖို့အတွက် ပြင်ဆင်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ရဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
#Yangon_Media_Group
Published 5 August 2022
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်ဒေသသို့ သွားရောက်ခဲ့သည့် အပေါ် တုန့်ပြန်သည့် အရေးယူမှု အသစ် (၈)ခုအဖြစ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အချို့ကို ပယ်ဖျက်ဆိုင်းငံ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၅ ရက် သောကြာနေ့က ထပ်မံထုတ်ပြန်လိုက်ပါတယ်။
တရုတ်ရဲ့ ပြင်ထန်တဲ့ကန့်ကွက်မှုတွေအပေါ် အလေးမထားခဲ့တဲ့အတွက် ပီလိုစီရဲ့ ထိုင်ဝမ်သွားရောက်မှုအပေါ် ယခုလိုတုန့်ပန် ဆောင်ရွက်မှုတွေလုပ်ခဲ့ရတာလို့ တရုတ်ကပြောပါတယ်။
ထပ်မံအရေးယူလုပ်ဆောင်မှု(၈)ခုကတော့
၁။ တရုတ်-အမေရိကန်စစ်တိုင်းမှူးများဆွေးနွေးပွဲ ပယ်ဖျက်ခြင်း
၂။ တရုတ်-အမေရိကန် ကာကွယ်ရေးမူဝါဒ ဆွေးနွေးပွဲ ပယ်ဖျက်ခြင်း
၃။ တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာ ရေကြောင်း တိုင်ပင်ဆွေးနွေးမှုသဘောတူညီချက်အစည်းအဝေး ပယ်ဖျက်ခြင်း
၄။တရုတ်-အမေရိကန် တရားမဝင်ရွှေ့ပြောင်းသူများ ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ဆိုင်းငံ့ခြင်း
၅။တရုတ်-အမေရိကန် ရာဇဝတ်အရေးကိစ္စဆိုင်ရာ ဥပဒေ အထောက်အကူပြုပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဆိုင်းငံ့ခြင်း
၆။ တရုတ်-အမေရိကန် နိုင်ငံဖြတ်ကျော် မူခင်းများ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ဆိုင်းငံ့ခြင်း
၇။ တရုတ်-အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ဆိုင်းငံ့ခြင်း
၈။ တရုတ်-အမေရိကန် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဆွေးနွေးပွဲ ဆိုင်းငံ့ခြင်း တို့ဖြစ်ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: CCTV+
#China_countermeasure_against_Pelosi’s_Visit
#China_US
#China_Taiwan
#Local_News
Published_5 August 2022
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနဲ့ သက်မွေးပညာသင်တန်းစင်တာ ကို မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေနဲ့ တည်ဆောက်မှာ ဖြစ်တယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#World_Geology
Published 5 August 2022
အတ်တာကာမာ သဲကန္တာရရှိ ကြေးနီမိုင်းတွင်းအနီးမှာ တင်းနစ်ကွင်းတစ်ကွင်းထက် အရွယ်အစားပိုကြီးမားတဲ့ တွင်းနက်ကြီးတစ်တွင်းပေါ်လာခဲ့တာကြောင့် ချီလီနိုင်ငံရှိကျွမ်းကျင်ပညာရှင်များက အင်္ဂါနေ့မှာ စုံစမ်းဖော်ထုတ်နေကြပါတယ်။
#Yangon_Media_Group
#Local_News
Published_5 August 2022
ပုဂ္ဂလိကအနေနဲ့ ဝယ်ယူထားတဲ့ နိုင်ငံပိုင်ရုပ်ရှင်ရုံတွေကို တခြားစီးပွားရေးလုပ်ငန်းတွေအတွက် အသုံးမပြုကြဖို့ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထားတယ်လို့ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
#Yangon_Media_Group
Page 1133 of 1304