#Daily_News
Published_ 21 May 2024
၁။ ပြောင်းဈေးတက်လာသော်လည်း တောင်သူလက်ထဲတွင် ရောင်းချရန် ပြောင်းမရှိသည့်အချိန်ဖြစ်နေ
၂။ မေရီချက်ပ်မင်းနားမကြားသော ကလေးငယ်များကျောင်းတွင် KG မှ Grade7အထိ ကျောင်းအပ်လက်ခံပြီ
၃။ ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် ၈၅ ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစား *လက်ရည်စစ်*ပြိုင်ပွဲ နေပြည်တော်၌ပြုလုပ်မည်
၄။ တွေ့ရှိဖူးသမျှထဲတွင် အပြည့်စုံဆုံးသောပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်းအား တရုတ်မြောက်ပိုင်းမွန်ဂိုလီးယားတွင်တွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
တရုတ်နိုင်ငံအတွင်းသို့ အလုပ်ရမည်ဆိုကာ သွားရောက်ရာမှ လူကုန်ကူးခံရသဖြင့် ဆက်သွယ်အကူညီတောင်းခံသူတွေထဲမှာ လူကုန်ကူးခံရသူကိုယ်တိုင် လူကုန်ကူးမှုတပ်စီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံကို ဆက်သွယ်အကူအညီတောင်းခံတာရှိသလို လူကုန်ကူးခံရတဲ့ သူရဲ့မိသားစုဝင်တွေကတစ်ဆင့် အကူအညီတောင်းခံတာတွေရှိတယ်လို့ လူကုန်ကူးမှုတားဆီးနိုင်ရေးရဲတပ်ဖွဲ့ဝင်ထံက သိရပါတယ်။
#Local_News
Published_ 21 May 2024
#YMG/LW #Yangon_Times
#ဆက်သွယ်အကူညီတောင်းခံသူ #လူကုန်ကူးမှုတားဆီးနိုင်ရေးရဲတပ်ဖွဲ့
မွန်ပြည်နယ်က ထွက်ရှိတဲ့ကြက်မောက်သီး တွေဈေးကောင်းရနေတယ်လို့ ကြက်မောက်သီးစိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published_ 21 May 2024
#ကြက်မောက်သီးဈေးကောင်းရ #မွန်ဒေသထွက်ကြက်မောက်သီး
#YMG/NN #Yangon_Times
ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ ၈၅ကီလိုမီတာခရီးရှည် မြင်းစီးအားကစား *လက်ရည်စစ်*ပြိုင်ပွဲကိုနေပြည်တော်မှာ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published_ 21 May 2024
#ခရီးရှည်မြင်းစီးအားကစား #၂၀၂၅ဆီးဂိမ်းပြိုင်ပွဲ
#NN #Yangon_Times
မေရီချက်ပ်မင်း နားမကြားသောကလေးငယ်များကျောင်းမှာ ကျောင်းသားဟောင်းတွေကိုမေလ (၂၇ရက်မှ၃၀)ရက်အထိ ဦးစွာလက်ခံပြီး ကျောင်းသားသစ်တွေကို မေ ၃၁ မှ ဇွန် ၂ရက် နေ့အထိ ထပ်မံလက်ခံသွားမှာ ဖြစ်တယ်။အဆောင်နေ (၂၀၀)ဦးနဲ့ နေ့တက်ဦးရေ အကန့်အသတ်မရှိလက်ခံဖို့ရှိပါတယ်။
(မေရီချက်ပ်မင်းနားမကြားသောကလေးငယ်များကျောင်း၊ကျောင်းအုပ်ဆရာမကြီး)
#Local_News
Published_ 21 May 2024
#မေရီချက်ပ်မင်းကျောင်း #ကျောင်းအပ်လက်ခံပြီ
#tthl #Yangon_Times
ပြောင်းစျေးမြင့်တက်လာချိန်မှာတော ပွဲရုံတွေနဲ့ကုန်သည်တွေလက်ထဲမှာပဲ ပြောင်းအများဆုံးရှိနေပြီး တောင်သူတွေလက်ထဲမှာတော့ အနည်းငယ်သာရှိတော့တယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ သိရပါတယ်။
#Local_News
Published_ 21 May 2024
#ပြောင်းစျေးမြင့်ချိန် #ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ
#YMG/LW #Yangon_Times
၂၀ မေ ၂၀၂၄
မြန်မာနိုင်ငံသည် တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ်အသိအမှတ်လည်းမပြုဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
ယနေ့ကျင်းပခဲ့တဲ့ တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုအပေါ် မြန်မာနိုင်ငံရဲ့သဘောထားရပ်တည်ချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုနှင့် မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်
၁။မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ People's Republic of China(PRC) စတင် တည်ထောင်ကတည်းက အစောဆုံး အသိအမှတ်ပြုထောက်ခံအားပေးခဲ့သော နိုင်ငံများ၌ ပါဝင် ခဲ့သော နိုင်ငံဖြစ်သည်။
၂။ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအား အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်။
၃။ တရုတ်နိုင်ငံမှ စစ်ရှုံးပြီး မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်၍ တရုတ်နိုင်ငံအား ပြန်လည် တိုက်ခိုက်ရန်လုပ်ဆောင်ခဲ့သော ကူမင်တန်တပ်များအား မြန်မာ့တပ်မတော်က စစ်ဆင် ရေးကြီး ၁၁ ခုဖြင့် ချေမှုန်း ခဲ့ရသည်။ မြန်မာ့တပ်မတော်နှင့် မြန်မာပြည်သူများ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရသည်။
၄။ တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းမရှိ။
၅။ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာကတည်းက ယနေ့ အထိ တရုတ်တစ်နိုင်ငံတည်းမူဝါဒ(One China Policy)အပေါ် ခိုင်မာစွာရပ်တည်၍ ထောက်ခံ ခဲ့သောနိုင်ငံဖြစ်ပြီး ဆက်လက်ခိုင်မြဲစွာရပ်တည်သွားမည်ဖြစ်သည်။ . နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို အမြဲအလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။
@ymg/knl
Page 427 of 1221