ပြည်ပကနေ တရားမဝင်တင်သွင်းလာတဲ့ ဝက်အရှင်နဲ့ ဝက်ထွက်ပစ္စည်းများဖြစ်တဲ့ ဝက်သား၊ အေးခဲ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနဲ့ အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းရောင်းချစားသုံးတာ မပြုကြဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကသတိပေးလာပါတယ်။
#Local_News
Published 23 June 2025
#ဝက်အရှင်နှင့်ဝက်ထွက်ပစ္စည်း #မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ SNEC PV Power EXPO မှာ မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်ကုမ္မဏီလီမိတက်နဲ့ GCL System Integration Technology Co., Ltd. (GCL SI) တို့အကြားပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ နားလည်မှုစာချွန်လွှာ (MOU)လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 23 June 2025
#ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် #MOUလက်မှတ်ရေးထိုး
#YMG/SW #Yangon_Times
Agro-based Textile industrial Complex တစ်ခုကိုပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) မှာ တည်ဆောက်သွားဖို့ရှိတယ်လို့ စက်မှုဝန်ကြီးဌာနထံက သိရပါတယ်။
#Local_News
Published 23 June 2025
#Agro-based_Textile_industrial_Complex #စက်မှုဝန်ကြီးဌာန
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွက်စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တွေ တစ်ပိဿာကို ၁၀၅ ကျပ်အထိ ထပ်မံကျဆင်းလာပြီး ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ပါက အရေးယူသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထားပါတယ်။
#Local_News
Published 23 June 2025
#စားအုန်းဆီ #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
#YMG/NN #Yangon_Times
ဂျပန်မှ အမေရိကန်သို့ ကုန်ပစ္စည်းများတင်ပို့မှုက မေလမှာ ၁၁.၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
#World_Business
Published 21 June 2025
#အမေရိကန်ကုန်သွယ်ခွန်ပေါ်လစီ #ဂျပန်မှကုန်ပစ္စည်းများတင်ပို့မှုကျဆင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 June 2025
၁။ ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေ
၂။ ခပေါင်းချောင်းရေမြင့်တက်၍ ဒေသခံ ၇၀၀ ခန့်ရွေ့ပြောင်းနေရ
၃။ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားများကို ရန်ကုန်နှင့်နေပြည်တော်တွင် ပြုလုပ်
၄။ အမေရိကန်ကုန်သွယ်ခွန်ပေါ်လစီများကြောင့် ဂျပန်မှတင်ပို့ကုန်များနှစ်လဆက်တိုက်ကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့ တစ်ပတ်က တက်ရိပ်ပြလာတဲ့ ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းတွေ အခုတစ်ပတ်မှာလည်း တစ်လီတာကို ၉၀ကျပ်ကနေ ၁၁၅ကျပ်အတွင်း ဆက်လက်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကနေ သိရပါတယ်။
#Local_News
Published 21 June 2025
#စက်သုံးဆီဈေးတက် #စက်သုံးဆီတင်သွင်း
#YMG/NN #Yangon_Times
Page 9 of 1098