မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို လာမယ့်အောက်တိုဘာလ(၂၆)ရက် (သီတင်းကျွတ်လပြည့်နေ့)ကနေ(ကဆုန်လပြည့်နေ့ )အထိ ခုနှစ်လတိုင်တိုင် ကျင်းပသွားမယ်လို့ စေတီတော်ဂေါပကအဖွဲ့ကနေသိရပါတယ်။
#Local_News
Published 15 September 2026
#ကျိုက်ထီးရိုးစေတီတော်
#YMG/NN #Yangon_Times
ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးအနေနဲ့ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမီးရထားရိပ်သာမှာ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ တွေ့ဆုံပြီးရှမ်းပြည်နယ်အတွင်းရှိ ရထားလမ်းပိုင်းများနှင့် ဘူတာများ ကြံ့ခိုင်ကောင်းမွန်ရေး၊ လိုအပ်ချက်များဖြည့်ဆည်းပေးရေးတို့ကို မှာကြားခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 15 September 2026
#တောင်ကြီး_ကလော_သာစည် #ရထား
#YMG/SW #Yangon_Times
ပိုလန်နိုင်ငံဈေးကွက်သို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးအတွက် နိုင်ငံတကာအရည်အသွေးစံနှုန်းများနဲ့ ကိုက်ညီမှုရှိစေရေး စစ်ဆေးမှုတွေကို တင်းကျပ်စွာဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ပိုလန်နိုင်ငံတွင် မြန်မာ့ဆန်တန်ချိန်(၂၅၀)၌ ပိုးမွှားအသေများတွေ့ရှိခြင်းသတင်းထွက် ပေါ်မှုကိစ္စနှင့် ပတ်သက်တဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#Local_News
Published 13 September 2026
#ပိုလန်နိုင်ငံ #ဆန်
#YMG/SW #Yangon_Times
စက်တင်ဘာလအတွင်း ဂျပန်ရဲ့ စားသောက်ကုန်အမျိုးအစား ၄,၉၂၃ ခု ဈေးနှုန်းမြင့်တက်လာမယ်လို့ ခန့်မှန်းရကာ ယခင်နှစ်အရေအတွက်ထက် ၃ ဆကျော်ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။
#Asia_Economy
Published 12 September 2026
#ဂျပန်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 September 2026
၁။ 2026 ASEAN SMOKE - FREE AWARD တတိယဆု မြန်မာနိုင်ငံမှသံဖြူဇရပ်မြို့နယ်ရရှိ
၂။ မြန်မာနိုင်ငံအတွက် ဆေးဝါးနှင့်အာဟာရထောက်ပံ့ရေးပစ္စည်း(၄၆) မက်ထရစ်တန် EU ထောက်ပံ့
၃။ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်၊မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ မုတ်သုံလေဆုတ်ခွာသွားဖွယ်ရာရှိ
၄။ စက်တင်ဘာလအတွင်းဂျပန်၌စားသောက်ကုန်အမျိုးအစားပေါင်း(၅)ထောင်နီးပါး ဈေးနှုန်းမြင့်တက်လာနိုင်ဖွယ်ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံမှ မွန်ပြည်နယ်ရှိ သံဖြူဇရပ်မြို့နယ်အနေနဲ့ 2026 ASEAN SMOKE - FREE AWARD တတိယဆုကိုရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။
#Local_News
Published 12 September 2026
#2026_ASEAN_SMOKE_FREE_AWARD
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်နဲ့ ကာလဝမ်းရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့အာဟာရဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ၄၆ မက်ထရစ်တန်နဲ့ ယူရို ၇ သိန်းခွဲကို ဥရောပသမဂ္ဂ EU က ထောက်ပံ့ပေးလိုက်ပါတယ်။
#Local_News
Published 12 September 2026
#EU #ဆေးဝါး
#YMG/SW #Yangon_Times
Page 4 of 1390