ပြီးခဲ့တဲ့ တစ်ပတ်က တက်ရိပ်ပြလာတဲ့ ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းတွေ အခုတစ်ပတ်မှာလည်း တစ်လီတာကို ၉၀ကျပ်ကနေ ၁၁၅ကျပ်အတွင်း ဆက်လက်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကနေ သိရပါတယ်။
#Local_News
Published 21 June 2025
#စက်သုံးဆီဈေးတက် #စက်သုံးဆီတင်သွင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ ကြီးမှူးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ်အခမ်းအနားများကို ရန်ကုန်နဲ့နေပြည်တော်တို့မှာ ယနေ့ (ဇွန် ၂၁)က ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 21 June 2025
#အပြည်ပြည်ဆိုင်ရာယောဂနေ့ #မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး
#YMG/SW #Yangon_Times
တောင်ငူမြို့ရှိ ခပေါင်းချောင်းရေမြင့်တက်မှုကြောင့် ဒေသခံ ၇၀၀ကျော်ရွေ့ပြောင်းနေရပြီး ထမင်းထုပ်လှူဒါန်းတာနဲ့ ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေးနေတယ်လို့ တောင်ငူမြို့အခြေစိုက်ပရဟိတအသင်းတစ်ခုဖြစ်တဲ့ Save The Trees Rescue Team ကသိရပါတယ်။
#Local_News
Published 21 June 2025
#တောင်ငူမြို့ #ခပေါင်းချောင်းရေမြင့်တက်
#YMG/NN #Yangon_Times
လက်ရှိမှာ စက်သုံးဆီဈေးနှုန်းတွေမြင့်တက်နေပေမယ့် ပြည်တွင်းအတွက် စက်သုံးဆီဖူလုံမှုရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေတယ်လို့ သိရပါတယ်။
#Local_News
Published 21 June 2025
#ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိ #စက်သုံးဆီဈေးနှုန်းတွေမြင့်တက်
#YMG/SW #Yangon_Times
တရုတ်နဲ့ အာရှအလယ်ပိုင်းကြား အရည်အသွေးမြင့်ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အရေးကြီးပုံများကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ကာဇက်စတန်မြို့တော် အက်စ်တာနာမှာ ပြုလုပ်တဲ့ တရုတ်-အာရှအလယ်ပိုင်း ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ အလေးထားပြောကြားသွားပါတယ်။
#Asia_News
Published 20 June 2025
#တရုတ်-အာရှအလယ်ပိုင်း #တရုတ်သမ္မတရှီကျင့်ဖျင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 20 June 2025
၁။ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ရေး Shopping Mall များနှင့် ပူးပေါင်းလုပ်ဆောင်မည်
၂။ ကျောက်မျက်ရတနာရောင်းဝယ်ရေးလိုင်စင်များ ရန်ကုန်အပါအဝင်မြို့ငါး မြို့၌ လျှောက်ထားနိုင်
၃။ ဘုရင့်နောင်မှနယ်သို့ကုန်တင်ယာဉ် ၄၅၀ခန့်ဖြင့် နေ့စဉ်ကုန်မျိုးစုံတင်ပို့နေ
၄။ တရုတ်-အာရှအလယ်ပိုင်း ဒုတိယအကြိမ်မြောက်အစည်းအဝေး၌ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တရုတ်သမ္မတမိန့်ခွန်းပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀) ဦးအထက် ခန့်အပ်လိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ခွင့်ပြုမိန့်လျှောက်ထားရမယ်လို့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)မှ သိရပါတယ်။
#Local_News
Published 20 June 2025
#ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း #ကုမ္ပဏီများခွင့်ပြုမိန့်လျှောက်ထားရ
#YMG/SW #Yangon_Times
Page 3 of 1091