၁၆ ဒီဇင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစည်းဝေးများကိစ္စနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဲဒီပြောကြားချက်အပြည့်အစုံကိုဖော်ပြပေးအပ်ပါတယ်။
@ymg/knl
တရုတ်နဲ့ ရုရှားနိုင်ငံကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး တိုးတက်မှုဟာ ယုတ္တိဆန်တဲ့ သမိုင်းကြောင်းရလဒ်တစ်ခုဖြစ်ပြီး ပြင်းပြတဲ့ဆန္ဒကြောင့် တွန်းအားဖြစ်စေကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြာသပတေးနေ့မှာ ပြောပါတယ်။
#World_Politics
Published 16 December 2024
#တရုတ်သမ္မတရှီကျင့်ဖျင် #ရုရှားပါတီဥက္ကဋ္ဌ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 16 December 2024
၁။ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နည်းပညာ၊ ငွေကြေးနှင့်အခြေခံ လိုအပ်ချက်များကို နိုင်ငံတော်ဘက်မှ ဖြည့်ဆည်းပေးလျှက်ရှိ
၂။ ၈ လတာအတွင်း ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာတစ်သန်းကျော်ရရှိ
၃။ နိုင်ငံအထက်ပိုင်း၌ အအေးပိုလာနိုင်ပြီး တိုင်းနှင့်ပြည်နယ်ရှစ်ခု၌ မိုးရွာသွန်းနိုင်
၄။ တရုတ်သမ္မတရှီကျင့်ဖျင်က တရုတ်ရုရှားဆက်ဆံရေးတိုးတက်မှုသည် သမိုင်းရလဒ်တစ်ခုဟု ရုရှားပါတီဥက္ကဋ္ဌကိုပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံတော်အစိုးရက ပို့ကုန်မြှင့်တင်ရေးကို ဦးတည်ဆောင်ရွက်နေတဲ့ ကာလမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍနဲ့သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ဥက္ကဌ ဦးအေးဝင်းက ပြောပါတယ်။
#Local_News
Published 16 December 2024
#ပို့ကုန်မြှင့်တင်ရေး #ကုန်ထုတ်လုပ်ရေးကဏ္ဍ
#YMG/SW #Yangon_Times
အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်းမှာ အအေးပိုလာနိုင်ပြီး တနင်္သာရီတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်ရှစ်ခုမှာတော့ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့မနက် ၇နာရီအချိန်ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 16 December 2024
#အအေးပိုလာနိုင် #မိုးရွာသွန်းနိုင်
#YMG/NN #Yangon_Times
အခုဘဏ္ဍာနှစ် ၈ လတာအတွင်း ပြည်ပနိုင်ငံတွေကို ပဲမျိုးစုံတင်ပို့တာကနေ အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရရှိထားတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ နှမ်းနှင့် ပြောင်းကုန်သည်များအသင်းကနေ သိရပါတယ်။
#Local_News
Published 16 December 2024
#ပြည်ပသို့ပဲမျိုးစုံတင်ပို့ #ကန်ဒေါ်လာတစ်သန်း
#YMG/NN #Yangon_Times
MSME လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ လုပ်ငန်းတွေဖြစ်လာစေဖို့ နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ပစ္စည်းနဲ့မြေနေရာ လိုအပ်ချက်တွေကို နိုင်ငံတော်ဘက်က ဖြည့်ဆည်းပေးလျှက်ရှိတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ပြောကြားလိုက်ပါတယ်။
#Local_News
Published 16 December 2024
#MSME #စက်ပစ္စည်းနဲ့မြေနေရာ
#YMG/SW #Yangon_Times
Page 5 of 959