၂ ဇန်နဝါရီ ၂၀၂၄
ရွှေလီ-မူဆယ် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနှင့်တရုတ်နှစ်နိုင်ငံမှ အပြေးသမားပေါင်း ၇၀၀၀ကျော်ဟာ အမျိုးအစားလေးမျိုးမှာ ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။
Source CCTV+
 
		 
		၁၈ နိုဝင်ဘာ ၂၀၂၃
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြောက်ကိုရီးယားအသင်းဟာ ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။
မြန်မာအသင်းနှင့်မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။
မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်ကြပါတယ်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။
-ymg/knl
 
		17 November 2023
ကမ္ဘာ့ဖလားဒုတိယအဆင့်ခြေစစ်ပွဲ ဒုတိယပွဲစဉ် အဖြစ်မြန်မာအသင်းသည်မြောက်ကိုရီးယား အသင်းနှင့် နိုဝင်ဘာ ၂၁ရက်တွင်ရန်ကုန်မြို့၊သုဝဏ္ဏဘောလုံးကွင်း၌ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
မြန်မာအသင်းအနေဖြင့် မြောက်ကိုရီးယားအသင်းဆီကနေ အမှတ်ရအောင်ယူမည်ဟု မြန်မာလက်ရွေးစင်နည်းပြချုပ်က ဂျပန်နှင့်ပွဲစဉ်အပြီးသတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောထားသည်။
မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်ဟုဆိုသည်။
ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊
ပွဲကျင်းပမည့်ရက် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါပွဲစဉ်ကို sky netရုပ်သံလိုင်းမှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ဖလားဒုတိယအဆင့်ခြေစစ်ပွဲ ဂျပန်-မြန်မာပွဲစဉ် ယနေ့ပြိုင်မည်၊ စောစီးစွာဂိုးမပေးရရေးကြိုးပမ်းမည်
‘မြန်မာအသင်းအနေနဲ့ ဂျပန်အသင်းကို အတတ်နိုင်ဆုံး ပထမပိုင်းရဲ့ အစောပိုင်း မိနစ်တွေမှာ လုံးဝဂိုးမပေးရဖို့ ကြိုးစားဖို့ရှိတယ်၊ မြန်မာအသင်းအနေနဲ့ တစ်ဆင့်ချင်း ရလဒ်ကောင်းအောင် လုပ်သွားဖို့ ရှိပါတယ်” မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်
#Yangon_Times/tthl
#Local_Sports
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
DAVIS CUP တင်းနစ်ပြိုင်ပွဲတွင် မြန်မာအသင်းအနိုင်ရပြီး ကမ္ဘာ့ဖလား တင်းနစ်ပြိုင်ပွဲဝင်ရမည်
‘DAVIS CUP ကမ္ဘာ့အဆင့်တင်းနစ်ပြိုင်ပွဲမှာ မြန်မာက အိမ်ရှင်ဘာရိန်းနဲ့ ဘူလ်တန်ကို နိုင်ပြီး Semifinalပွဲမှာ လာအိုအသင်းကို နှစ်ပွဲတစ်ပွဲနဲ့ အနိုင်ရသွားပြီး လာမယ့်၂၀၂၄ခုနှစ်ကမ္ဘာ့ဖလားတင်းနစ်ပြိုင်ပွဲမှာ ASIA OCEANIA GROUP IV(အေးရှန့် အိုရှန့်ဗီရာ့ ဂရု ဖိုး)မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားတယ်’ မြန်မာနိုင်ငံတင်းနစ်အဖွဲချုပ် ဒုဥက္ကဌဒေါက်တာအောင်ကျော်ဆန်း
#Yangon_Times/tthl
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
 
		Published_ 20 October 2023
UAE နိုင်ငံတွင် ကျင်းပနေသည့် ABU DHABI MASTERS 2023 ပြိုင်ပွဲ၌ မြန်မာ့ကြက်တောင်လက်ရွေးစင် အားကစားမယ်သက်ထားသူဇာသည် လူဇင်ဘတ်နိုင်ငံသူကို (၂)ပွဲဆက်အမှတ်ပြတ်ဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားကြောင်း ABU DHABI MASTERS 2023 Websiteမှသိရသည်။
အဆိုပါပြိုင်ပွဲသည်အောက်တိုဘာလ(၁၇)ရက်မှ(၂၂)ရက်အထိ UAE နိုင်ငံ၏မြို့တော်၊ အဘူဒါဘီမြို့တွင် ကျင်းပနေခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲ(၁၆)ဦးအဆင့်တွင် မြန်မာကြက်တောင်လက်ရွေးစင်အားကစားသမား သက်ထားသူဇာမှ လူဇင်ဘတ်နိုင်ငံသူ Kim SCHMIDT ကို (၂၁)မှတ်(၈)မှတ်၊(၂၁)မှတ်(၈)မှတ် ရလဒ်တို့ဖြင့်အနိုင်ရပြီး ကွာတားဖိုင်နယ်သို့တက်ရောက်လာခဲ့သည်။ သက်ထားသူဇာသည် United Arab Emirates အားကစားသမားနှင့် Luxembourg လူဇင်ဘတ်နိုင်ငံသူကိုအနိုင်ရရှိခဲ့ပြီးနောက် World Rank 46မှ45အဖြစ်တစ်ဆင့်တိုးသွားသည်။
သက်ထားသူဇာသည် ကွာတားဖိုင်နယ်အဆင့်တွင် အိန္ဒိယနိုင်ငံသူSHRIYANSHI VALISHETTY ယနေ့အောက်တိုဘာလ(၂၀) ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group

Page 3 of 17