အမျိုးသမီးလိဂ်ပြိုင်ပွဲအဖြစ် မေလ(၇) ရက်မှာတော့ မြဝတီ-ရန်ကုန်ယူနိုက်တက် အသင်းတို့က ပဒုမ္မာကွင်းမှာကန်ကြဖို့ရှိပြီး ဧရာဝတီ-သစ္စာအားမာန်၊ ရှမ်းယူနိုက်တက်- ISPEအသင်းတို့ စလင်းကွင်းမှာ ကန်ကြမှာဖြစ်ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
မတ် လ ၃၀ နဲ့၃၁ ရက်တွေမှာ အာဖဂန်နစ္စတန် အသင်းနဲ့ ရန်ကုန်မှာ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။ဧပြီလ ၅ ရက် ထိုင်းမှာကူဝိတ်၊ ကာဂျစ်စတန် အသင်းများနှင့် လေ့ကျင့်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်မယ်။AFC Futsal Asian Cup 2024 ပြိုင်ပွဲမှာတော့ မြန်မာဖူဆယ်အသင်းဟာ အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ် အသင်း၊ တရုတ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာအသင်းဟာ ဆီးရီးယားနဲ့ မတ်လ ၂၆ ရက်၊ ဆော်ဒီအာရေဗျနိုင်ငံ ဒါမန်းမြို့မှာ အဝေးကွင်းပွဲစဉ်ထပ်ကစားဖို့ မတ်လ(၂၂) ရက်ညနေပိုင်းက ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး မတ်လ ၂၃ ရက်မှာ ဒါမန်းသို့ ရောက်ရှိမှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပွဲအစကို ဂိုးမရှိရလဒ်နဲ့ စရတာမို့ အသင်းတိုင်းမှာ အခွင့်အရေး ရှိစမြဲပါ။ မြောက်ကိုရီးယားနဲ့ ကစားတဲ့ပွဲမှာ ကျွန်တော်တို့ ပထမပိုင်း မိနစ် ၃၀ လောက်အထိ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ အဲဒီလိုမျိုး ဆီးရီးယားနဲ့ပွဲမှာလည်း လုပ်နိုင်မယ်လို မျှော်လင့်ထားပါတယ်။ မြန်မာအသင်းနည်းပြချုပ် Miachel Feichtenbeiner
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
MFFမှ ဘောလုံးပညာတွေကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ နံနက် ၇ နာရီ ၃၀မိနစ် မှ ၉ နာရီအထိ လူငယ်ဘောလုံးသင်တန်း သားတွေကို သင်ကြားပေးနေတယ်။
Yangon Times/tthl
#မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်(MFF)
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဂျပန်နည်းပြချုပ် ယူကီတက်ဆုရိုအနေနဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကို အခုနှစ်အတွင်း နိုင်ငံတကာခြေစမ်းပွဲတွေ၊ လေ့ကျင့်ရေးခရီးစဉ်တွေ သွားရောက်ဖို့ စီစဉ်လျက်ရှိပါတယ်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 February 2024
လာမည့် ဖေဖော်ဝါရီ ၂၈ရက်မှ မတ် ၁၇ရက်အထိ ဥဇဘတ်ကစ္စတန်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှအမျိုးသမီး ယူ-၂၀ AFC U20 Women’s Asian Cup Uzbekistan 2024 ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီး အကူဒိုင်လူကြီး ဖြစ်သူ ဒေါ်ဝင့်ဝါထွန်း တာဝန်ပေးအပ်ခံရကြောင်းမြန်မာနိုင်ငံဘောလုံး အဖွဲ့ ချုပ်မှ သိရသည်။
အဆိုပါ အသက် ၂၉နှစ် အရွယ် ဒေါ်ဝင့်ဝါထွန်းသည် ၂၀၁၇ခုနှစ်တွင် အကူဒိုင်လူကြီးအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်တွင် ဖီဖာအဆင့် အကူဒိုင်လူကြီးဖြစ်လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီး အကူဒိုင်လူကြီးအဖြစ် အာဆီယံအဆင့် AFF ပြိုင်ပွဲ ၂ကြိမ်နှင့် အာရှအဆင့် AFC ပြိုင်ပွဲ ၃ကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ယခု ပြိုင်ပွဲသည် သူမအတွက် ၄ကြိမ်မြောက် AFC ပြိုင်ပွဲဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 2 of 18