17 November 2023
ကမ္ဘာ့ဖလားဒုတိယအဆင့်ခြေစစ်ပွဲ ဒုတိယပွဲစဉ် အဖြစ်မြန်မာအသင်းသည်မြောက်ကိုရီးယား အသင်းနှင့် နိုဝင်ဘာ ၂၁ရက်တွင်ရန်ကုန်မြို့၊သုဝဏ္ဏဘောလုံးကွင်း၌ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
မြန်မာအသင်းအနေဖြင့် မြောက်ကိုရီးယားအသင်းဆီကနေ အမှတ်ရအောင်ယူမည်ဟု မြန်မာလက်ရွေးစင်နည်းပြချုပ်က ဂျပန်နှင့်ပွဲစဉ်အပြီးသတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောထားသည်။
မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်ဟုဆိုသည်။
ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊
ပွဲကျင်းပမည့်ရက် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါပွဲစဉ်ကို sky netရုပ်သံလိုင်းမှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ဖလားဒုတိယအဆင့်ခြေစစ်ပွဲ ဂျပန်-မြန်မာပွဲစဉ် ယနေ့ပြိုင်မည်၊ စောစီးစွာဂိုးမပေးရရေးကြိုးပမ်းမည်
‘မြန်မာအသင်းအနေနဲ့ ဂျပန်အသင်းကို အတတ်နိုင်ဆုံး ပထမပိုင်းရဲ့ အစောပိုင်း မိနစ်တွေမှာ လုံးဝဂိုးမပေးရဖို့ ကြိုးစားဖို့ရှိတယ်၊ မြန်မာအသင်းအနေနဲ့ တစ်ဆင့်ချင်း ရလဒ်ကောင်းအောင် လုပ်သွားဖို့ ရှိပါတယ်” မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်
#Yangon_Times/tthl
#Local_Sports
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
DAVIS CUP တင်းနစ်ပြိုင်ပွဲတွင် မြန်မာအသင်းအနိုင်ရပြီး ကမ္ဘာ့ဖလား တင်းနစ်ပြိုင်ပွဲဝင်ရမည်
‘DAVIS CUP ကမ္ဘာ့အဆင့်တင်းနစ်ပြိုင်ပွဲမှာ မြန်မာက အိမ်ရှင်ဘာရိန်းနဲ့ ဘူလ်တန်ကို နိုင်ပြီး Semifinalပွဲမှာ လာအိုအသင်းကို နှစ်ပွဲတစ်ပွဲနဲ့ အနိုင်ရသွားပြီး လာမယ့်၂၀၂၄ခုနှစ်ကမ္ဘာ့ဖလားတင်းနစ်ပြိုင်ပွဲမှာ ASIA OCEANIA GROUP IV(အေးရှန့် အိုရှန့်ဗီရာ့ ဂရု ဖိုး)မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားတယ်’ မြန်မာနိုင်ငံတင်းနစ်အဖွဲချုပ် ဒုဥက္ကဌဒေါက်တာအောင်ကျော်ဆန်း
#Yangon_Times/tthl
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 20 October 2023
UAE နိုင်ငံတွင် ကျင်းပနေသည့် ABU DHABI MASTERS 2023 ပြိုင်ပွဲ၌ မြန်မာ့ကြက်တောင်လက်ရွေးစင် အားကစားမယ်သက်ထားသူဇာသည် လူဇင်ဘတ်နိုင်ငံသူကို (၂)ပွဲဆက်အမှတ်ပြတ်ဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားကြောင်း ABU DHABI MASTERS 2023 Websiteမှသိရသည်။
အဆိုပါပြိုင်ပွဲသည်အောက်တိုဘာလ(၁၇)ရက်မှ(၂၂)ရက်အထိ UAE နိုင်ငံ၏မြို့တော်၊ အဘူဒါဘီမြို့တွင် ကျင်းပနေခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲ(၁၆)ဦးအဆင့်တွင် မြန်မာကြက်တောင်လက်ရွေးစင်အားကစားသမား သက်ထားသူဇာမှ လူဇင်ဘတ်နိုင်ငံသူ Kim SCHMIDT ကို (၂၁)မှတ်(၈)မှတ်၊(၂၁)မှတ်(၈)မှတ် ရလဒ်တို့ဖြင့်အနိုင်ရပြီး ကွာတားဖိုင်နယ်သို့တက်ရောက်လာခဲ့သည်။ သက်ထားသူဇာသည် United Arab Emirates အားကစားသမားနှင့် Luxembourg လူဇင်ဘတ်နိုင်ငံသူကိုအနိုင်ရရှိခဲ့ပြီးနောက် World Rank 46မှ45အဖြစ်တစ်ဆင့်တိုးသွားသည်။
သက်ထားသူဇာသည် ကွာတားဖိုင်နယ်အဆင့်တွင် အိန္ဒိယနိုင်ငံသူSHRIYANSHI VALISHETTY ယနေ့အောက်တိုဘာလ(၂၀) ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group

အုပ်စု A - ကာတာ၊ အိန္ဒိယ၊ ကူဝိတ်၊ အာဖဂန်နစ္စတန်
အုပ်စု B - ဂျပန် - ဆီးရီးယား၊ မြောက်ကိုးရီးယား၊ မြန်မာ
အုပ်စု C - တောင်ကိုးရီးယား၊ တရုတ်၊ ထိုင်း၊ စင်ကာပူ
အုပ်စု D - အိုမန်၊ ကာဂျစ္စတန်၊ မလေးရှား၊ ထိုင်ဝမ်
အုပ်စု E - အီရန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ဟောင်ကောင်
အုပ်စု F - အီရတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား
အုပ်စု G - ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ တာဂျစ်ကစ္စတန်၊ ပါကစ္စတန်
အုပ်စု H - ယူအေအီး၊ ဘာရိန်း၊ ယီမင်၊ နီပေါ
အုပ်စု I - သြစတြေးလျ၊ ပါလက်စတိုင်း၊ လက်ဘနွန်၊ ဘင်္ဂလားဒေ့ရှ်
နိုဝင်ဘာ ၁၆ ရက်နေ့တွင် အုပ်စုအဖွင့်ပွဲယှဥ်ပြိုင်ကစားရပါမယ်။
၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲဒုတိယအဆင့်ကန်ရမယ့်အသင်းတွေထဲက အုပ်စု ၉ ခုရဲ့ ပထမ၊ ဒုတိယ ရတဲ့ ၁၈ သင်းက ၂၀၂၆ကမ္ဘာ့ဖလား တတိယအဆင့်ကိုရောက်မှာဖြစ်သလို ၂၀၂၇အာရှဖလားကိုတိုက်ရိုက်အောင်ပါမယ်။
#Local_Support
#Published_ 18 October 2023
Published_ 17 October 2023
မြန်မာ-မကာအိုဒုတိယပွဲစဉ်ကို ယနေ့ညနေ အောက်တိုဘာ (၁၇) ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ကန်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ၏ ဒုတိယအကျော့ပွဲစဉ်အဖြစ် မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် တရုတ်(မကာအို)အသင်းတို့၏ယှဉ်ပြိုင်မှုကို ရုပ်သံလိုင်းမှလည်းတိုက်ရိုက်ကြည့်နိုင်မည် ဖြစ်သည်ဟုဆိုသည်။
အဆိုပါပွဲစဉ် ယှဉ်ပြိုင်ကစားကြပုံများကို ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်မှ စတင်၍ MRTV-HD၊ MRTV Sports Channel၊ MRTV Farmers’ Channel၊ MRTV Parliament Channel တို့တွင် တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည် ဖြစ်သည်။ ထိုပြင် မြန်မာ့အသံရေဒီယိုနှင့် MRTV APP: အပါအဝင် Online တိုမှလည်း တစ်ပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာလက်ရွေးစင်အသင်းသည် မကာအိုအသင်းကို ပထမပွဲစဉ်အိမ်ကွင်းတွင် (၅)ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းအနေဖြင့် တရုတ် (မကာအို) တွင်ရှိသည့် အက်စ်တာဒီယို ကမ်ပို ဒက်စ်ပေါ်တီပိုအားကစားကွင်း၌ အဝေးကွင်း၌ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အဝေးကွင်းတွင်လည်းအနိုင်ရရှိသွားအောင်ကြိုးပမ်းသွားမည်ဟု မြန်မာနည်းပြချုပ်နှင့်မြန်မာလက်ရွေးအားကစားသမားတို့ကကတိပြုပြောကြားထားကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
Published_ 09 October 2023
ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်(ပထမအဆင့်)အဖြစ် မြန်မာ-မကာအိုဘောလုံးပွဲစဉ်ကို အောက်တိုဘာ(၁၂)ရက်တွင် အိမ်ကွင်းယှဉ်ပြိုင်မှုအဖြစ်ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်း၌စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သုဝဏ္ဏဘောလုံး ကွင်း၌ကြည့်ရူနိုင်သလို ရုပ်သံလိုင်းမှလည်း တိုက်ရိုက်လွှင့်သွားမည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှသိရသည်။
မြန်မာ-မကာအိုပွဲစဉ်အတွက် လက်မှတ်များကို ကြိုတင်ဝယ်ယူနိုင်ကြောင်းနှင့် အထူးတန်းကျပ်၅၀၀၀၊ရိုးရိုးတန်း ၂၀၀၀ကျပ်နှင့်ဝယ်ယူနိုင်ပြီးအောက်တိုဘာလ၉ရက်မှ၁၂ရက်အတွင်း အွန်လိုင်းAYAPayနဲ့လည်းကြိုတင် ဝယ်ယူနိုင် သည်ဟုဆိုသည်။
မြန်မာအသင်းတွင် နည်းပြချုပ် မိုက်ကယ်၏ ပဏာမလက်ရွေးစင်အသင်းလူစာရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နီပေါအသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှ လူစာရင်းကို အခြေခံရွေးချယ်ထားပြီး အာရှအားကစားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၄ အသင်းမှ လူငယ်ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည်ဟုဆိုသည်။
မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြသနေသည့် ဟံသာဝတီယူနိုက်တက်တိုက်စစ်မှူး အောင်မြတ်သူလည်း ပဏာမလက်ရွေးစင်လူစာရင်းတွင် ပါဝင်လာခဲ့သည်။
မြန်မာလက်ရွေးစင်အသင်းအနေဖြင့်အောက်တိုဘာလ(၁၂)ရက်တွင်အိမ်ကွင်း၌ ကန်ပြီးနောက် အောက်တိုဘာ (၁၇)ရက်တွင်မကာအိုဖြင့်နောက်တစ်ကြိမ်အဝေးကွင်းယှဉ်ပြိုင်ရမည်ဖြစ်ပြီးSkyNetရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 4 of 18