#Local_sport
Published 20-8-23
ဒီရာသီမှာ ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့အသင်းကို ပြောင်းရွှေ့ရောက်ရှိလာတဲ့ကစားသမားတွေ ဖြစ်ပေမယ့်လည်း ပွဲထွက်ကစားခွင့်ပုံမှန်ရဖို့အာမခံချက်မရှိကြောင်းချယ်ဆီးနည်းပြပိုချက်တီနိုကသတိပေးပြောကြားခဲ့ပါတယ်။
အခုရာသီအတွက်ကစားသမားသစ်တွေကို ပေါင် သန်း ၃၅၀ ကျော်ထိ ကုန်ကျခံပြီး ဝယ်ယူထားပေမယ့် ဘယ်ကစားသမားမှ ပွဲထွက်ခွင့်အာမခံချက်မရှိပဲ တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း၊ဒါမှဟုတ်ရင်အသင်းကထွက်သွားနိုင်ကြောင်း၊ ခြေစွမ်းကောင်းမွန်နေသူတွေကို သာနေရာပေးသွားမှာဖြစ်ကြောင်း၊ ပွဲတစ်ပွဲချင်း အတွက် အကောင်းဆုံးလူတွေကိုနည်းပြက ရွေးချယ်သွားမှာဖြစ်ကြောင်းပိုချက်တီနိုက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ကစားသမားဖောင်းပွမှုတွေဖြစ်ခဲ့တဲ့ အတွက်လျော့ချမှုတွေပြုလုပ်ခဲ့ပေမယ့်အခုရာသီမှာကစားသမားသစ်၈ ဦး ခေါ်ယူခဲ့သလို အငှားချထားသူတွေလည်းပြန်ရောက်လာတဲ့အတွက် ချယ်လ်ဆီးမှာ ပြီးခဲ့တဲ့ရာသီက ကစားသမားအရေအတွက် လောက်ပြန်ဖြစ်လာနေပါတယ်။
ကစားသမားတွေအနေနဲ့ ပွဲထွက်တစ်နေရာနဲ့ ထိုက်တန်တယ်ဆိုတာ နေ့စဉ် သက်သေပြနေဖို့လိုကြောင်း၊ မိမိအနေနဲ့ အားလုံးကိုမျှမျှတတ အခွင့်အရေးပေးသွားမှာဖြစ်ကြောင်း ပိုချက်တီနိုက ဆိုခဲ့တာပါ။အခြားအတင်း တစ်ရပ်မှာတော့ ဒီရာသီချယ်ဆီးခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ နည်းပြ ပိုချက်တီနိုနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ကြောင်းနဲ့ ချယ်လ်ဆီးဟာဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ဖက်တွေကို အံ့အားသင့်စေမှာ ဖြစ်ကြောင်း ချယ်လ်ဆီးကစားသမားဟောင်းဂတ်စ်ပိုယက်က သုံးသပ်ပြောကြားခဲ့ပါတယ်။
#Local_sport #ပိုချက်တီနို
#Yangon_Times
#Local_Sport
Published_ 19 August 2023
- ဒင်းဟန်ဒါဆင် သည်အပြောင်းအရွှေ့ပိတ်သိမ်းချိန်မတိုင်မီ မန်ယူအသင်းမှထွက်ခွာဖွယ် မရှိတော့ပဲ ဒုတိယဦးစားပေးဂိုးသမားအဖြစ် ဆက်လက်ကစားဖွယ် ရှိနေသည်ဟု သိရသည်။
- ကစားသမားအသစ် ထပ်မံခေါ်ယူခြင်းထက်လက်ရှိအသင်းကိုပိုမိုအသားကျစေရန် ပိုမိုလိုလားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချယ်ဆီးနည်းပြ ပိုချက်တီနိုက ပြောကြားခဲ့သည်။
- နောက်ခံကူမာကွင်ဟို့စ်အားအသင်း ခေါင်းဆောင်အဖြစ် ဆက်လက်ခန့်အပ်ထားရန် ပီအက်စ်ဂျီအသင်းသားများကမဲပေးခဲ့သည်ဟုသိရသည်။
- အသစ်ရောက်ရှိလာဘေရးသမား ကီပါမှာ လေ့ကျင့်ရေးတွင် စွမ်းဆောင်ရည်ကောင်းမွန်နေသော်လည်း အယ်လ်မာရီယာနင့်ပွဲတွင်လူနင်ကို သာပွဲတွက်စေမည်ဟု ရီးရဲယ်မက်ဒရစ် နည်းပြအန်ဆယ်လော့တီက ဆိုသည်။
- အာဆင်နယ်အသင်းသည် ဘာစီလိုနားနှင့် ဆွေးနွေးနေသော နောက်ခံလူကန်ဆယ်လိုအားခေါ်ယူရန် စတင်ကြိုးပမ်းနေကြောင်း သိရသည်။
- နောက်ခံလူပါဗက် အားခေါ်ယူရန် ဘိုင်ယန်မြူးနစ်နှင့် အင်တာမီလန်တို့ဆွေးနွေးမှုများစတင်နေပြီဟုသိရသည်။
- ဂျူဗင်တပ်အသင်းမှအီတလီဝါရင့်နောက်ခံလူ ဘိုနုချီသည် ဂျာမန် ဘွန်ဒက်လီဂါမှယူနီယံဘာလင်အသင်းသို့ ပြောင်းရွှေရန်နီးစပ်နေပြီဟုသိရသည်။
- အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဂရိဇ်မန်းက ၎င်း၏ကစားသမားဘဝကို အမေရိကန်မေဂျာလိဂ်၌ အဆုံးသတ်လိုသည်ဟု ဖွင့်ဟခဲ့သည်။
-နာပိုလီအသင်းသည် အသင်းကြီးများ စိတ်ဝင်စားနေသောဆယ်လ်တာဗီဂိုကွင်းလယ်လူ ဂါဘရီဗီဂါအား အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။
-စပါးအသင်းအနေဖြင့် ကွင်းတွင်းကွင်းပြင်၂ခုစလုံးတွင်စည်းလုံးမှုရှိရမည်ဟု နည်းပြပိုစတီကိုဂလူက သတိပေးခဲ့သည်။

#Local_Sport #နောက်ဆုံးရကမ္ဘာ့ဘောလုံး #ထူးခြားသတင်းများ
#Yangon_Times
#Local_Sport
Published_ 18 August 2023
ဂျပန်လက်ရွေးစင် ကွင်းလယ်လူ ဝါတာရူအန်ဒိုသည်လီဗာပူးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီး မကြာမီ ဆေးစစ်မှုခံယူသွားမည်ဖြစ်သည်ဟု သိရသည်။၎င်းအား ယူရို ၁၉ သန်းဝန်းကျင်ဖြင့်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီးဆေးစစ်မှု အောင်မြင်ပါက ဘုန်းမောက်နှင့် သြဂုတ် ၁၉ ရက်တွင် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်လူစာရင်းတွင်ပါဝင်လာနိုင်မည်ဖြစ်သည်။
ကိုင်စီဒိုနှင့်လာဗီယာတို့ကို ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းကခေါ်ယူသွားခဲ့ပြီးနောက် အသက် ၃၀နှစ် ရှိ ဂျပန်လက်ရွေးစင် ကွင်းလယ်လူအန်ဒိုကိုယခုကဲ့သို့ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။လီဗာပူးအသင်းသည်နောက်ထပ် ဒုတိယမြောက် ကွင်းလယ်လူတစ်ဦးကို ထပ်မံခေါ်ယူရန် စောင့်ကြည့်နေပြီး ဖီအိုရင်တီးနားမှ မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူ အမ်မရာဘက်ကိုခေါ်ယူရန် စောင့်ကြည့်လျက်ရှိသည်။
အမ်မရာဘက်သည် မူလက မန်ယူအသင်းနှင့် သဘောတူညီမှု ရရှိထားသော်လည်း မန်ယူဘက်မှ ခေါ်ယူရန်နှောင့်နှေးနေမှုများ ကြောင့်စိတ်ပျက်နေသည်ဟုသိရသည်။ကာလရှည် ပစ်မှတ်ထားနေသော ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂရာဗန်ဗတ်နှင့်ပဲလေ့စ်ကွင်းလယ်လူဒိုကိုရီတို့ကိုလည်း လီဗာပူးကဆက်လက်စောင့်ကြည့်လျက်ရှိသည်။
#Local_Sport #လူအန်ဒိုလီဗာပူး
This is Anfield
#Local_News
Published-17-8-2023
ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ မကျေပွဲယှဉ်ပြိုင်ထိုးသတ်မည့်အပေါ် လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေဝ က စောင့်ကြည်သွားမည်ဟု ယနေ့ ဩဂုတ် (၁၇)ရက်တွင် သူ၏ ပရိတ်သတ်အား သတင်းစကားပါးလိုက်သည်။
သတင်းစကားပါးရာတွင် ရိုးရာလက်ဝှေ့လောကမှ ၎င်းအနေဖြင့်အနားယူခဲ့ပြီးနောက် သူ၏နေရာအား ဆက်ခံထားသူမှာ သွေးသစ်ဝင်းလှိုင်ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် လက်ရှိ အဖွင့်ဝိတ်တန်း မြန်မာ့လက်ဝှေ့ချန်ပီယံကို သွေးသစ်ဝင်းလှိုင်အား အသိအမှတ်ပြုစေချင်ကြောင်းကိုလည်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ရေးသားမျှဝေထားသည်။
ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့နှစ်ဦးသည် ယခုနှစ်ဇန်နဝါရီ (၂၉)ရက်တွင် လစ်လပ်နေသော အိုးပင်းဝိတ်တန်းချန်ပီယံဆုအတွက် ယှဉ်ပြိုင်ထိုးသတ်ရာသွေးသစ်ဝင်းလှိုင်က အနိုင်ရရှိထားသည်။
ထို့ကြောင့် ယခုလ ဩဂုတ်(၂၀)ရက်နေ့တွင် ထွန်းထွန်းမင်း၏ စိန်ခေါ်မှုကြောင့် မကျေပွဲယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ရာနှစ်ဦးစလုံးကံကောင်းကြစေရန် ဆုမွန်တောင်းထားသည်။
အဆိုပါပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူအားကစားရုံ၌ ကျင်းပသွားမည် ဖြစ်သည်။
#YMG/my #Local_News #ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် #ဒေဝစောင့်ကြည့်နေမည်
#Yangon_Times
#Local_Sport
Published_ 16 August 2023
သြဂုတ်၁၆ ရက်မှာဆီဗီလာအသင်းနဲ့UEFAစူပါဖလားပြိုင်ပွဲကစားမယ့် မန်စီးတီးအသင်းလူစာရင်းကနေ ဒဏ်ရာရနေတဲ့ အသင်းခေါင်းဆောင် ဒီဘရိုင်းကို ချန်လှပ်ထားခဲ့တယ်လို့ သိရပါတယ်။ ဒီဘရိုင်းဟာ သောကြာနေ့က ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြောင့်လူစားလဲခံခဲ့ရတာဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ်အနားယူရမယ်လို့ နည်းပြ ဂွာဒီယိုလာကပြောခဲ့ပါတယ်။
အသက် ၃၂နှစ်ရှိ ဒီဘရိုင်းဟာပြီးခဲ့တဲ့မေလ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မှာလည်း အခုလိုတံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။အသင်းကဒဏ်ရာအခြေအနေကို အသေးစိတ်ဖော်ပြခြင်းမရှိပေမယ့် အေသင်မှာယှဉ်ပြိုင်ကစားမယ့် ယူအီးအက်ဖ်အေစူပါဖလားယှဉ်ပြိုင်မဲ့မန်စီးတီးရဲ့ ကစားသမား၂၂ဦး လူစာရင်းကနေ ဒီဘရိုင်းကိုချန်လှပ်ခဲ့တာပါ။
ဒီဘရိုင်းဟာ၂၀၁၅ ခုနှစ်က ဝုဖ်ဘက်ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်းအသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်ရည်ပြသနေပြီး ကမ္ဘာ့ကောင်းဆုံးကစားသမားတစ်ဦးအဖြစ်လည်းသတ်မှတ်ခံထားရပါတယ်။
အခြားအဓိကကစားသမားတွေဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ရူဘင်ဒီယာ့ဇ်တို့လည်း ဒဏ်ရာပြဿနာတွေကြောင့်အခုလူစာရင်းမှာပါဝင်လာခြင်းမရှိပါဘူး။

#Local_Sport #မန်စီးတီးအသင်းလူစာရင်း #ဒီဘရိုင်းအားချန်လှပ်
Ref;fotmob
#Local_sport
Published_ 15 August 2023
- ပီအက်စ်ဂျီတိုက်စစ်မှူးနေမာသည် ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းသို့ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေး အချက်အလက်များသဘောတူညီမှုရရှိခဲ့သည်ဟုသိရသည်။
- အသက်၂၈နှစ်ရှိ ချယ်လ်ဆီး ရိုးသား ကီပါသည် ရီးရဲမက်ဒရစ်အသင်းသို့တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့သွားပြီဖြစ်သည်။
- အာဆင်နယ်အသင်းက ပစ်မှတ်ထားခဲ့သောနာပိုလီတိုက်စစ်မှူး အိုဆီမင်သည် နာပိုလီနှင့် ၂၀၂၆ ခုနှစ်အထိသက်တမ်းရှိသောစာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
- ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းကြုံတွေ့ခဲ့သော ခက်ခဲ့သည့်ကာလများ ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြပိုချက်တီနိုကကြုံးဝါးပြောဆိုခဲ့သည်။
-လီဗာပူးလ်အသင်း ပရိသတ်များက ကွင်းလယ်လူ လာဗီယာ အား ပေါင်သန်း ၆၀ ပေး၍ခေါ်ယူခဲ့ရခြင်းအပေါ် စိတ်ပျက်နေသော်လည်း ကစားသမားမှာ ကောင်းမွန်သောခြေစွမ်းပြသနိုင်မည်ဟု ယုံကြည်နေကြသည်။
- တိုက်စစ်မှူးသစ်ဟွိုက်လန်း ဒဏ်ရာမှ ပြန်ကောင်းလာစေရန် အလျင်စလို လုပ်ဆောင်သွားမည် မဟုတ်ကြောင်း နှင့် ၎င်း၏ အနာဂတ် အပေါ်စိတ်လှုပ်ရှားကျေနပ်မိကြောင်းမန်ယူနည်းပြ တန်ဟက်က ဖွင့်ဟခဲ့သည်။
-ဆော်ဒီကလပ်များနှင့် ကောလာဟလများ ထွက်ပေါ်နေသော်လည်း နောက်ခံလူအဲရစ်ဒိုင်ယာမှာမိမိ၏ အနာဂတ်အစီအစဉ်များထဲတွင်ပါဝင်နေဆဲဖြစ်ကြောင်း စပါးနည်းပြပိုစတီကို ဂလူးက ပြောကြားခဲ့သည်။
- ဂီတာဖေးနှင့် ဘာစီလိုနာပွဲစဉ်ကိုကိုင်တွယ်ခဲ့သောဒိုင်များ၏စွမ်းဆောင်ရည်မှာ ရှက်ဖွယ်လိလိ ဖြစ်ကြောင်း ဘာစီလိုနာနည်း ပြဇာဗီက ပြစ်တင်ဝေဖန်ခဲ့သည်။
-အက်စတွန်ဗီလာ နောက်ခံလူ တိုင်ရွန်းမင်းစ်သည် နယူးကာဆယ် နင့်ပွဲစဉ်တွင် ရရှိခဲ့သောဒူးဒဏ်ရာခွဲစိတ်ကုသရမည်ဖြစ်သဖြင့် ကာလရှည်အနားယူရတော့မည်ဖြစ်သည်။
-ဘိုင်ယန်မြူးနစ်အသင်းသည်ဆီဗီက ဂိုးသမား ဘောင်နူးအား ခေါ်ယူရန်ဆန္ဒရှိသော်လည်း ပြောင်းရွှေ့ကြေးမြင့်မားစွာပေးလိုခြင်းမရှိဟု သိရသည်။
#Yangon_Times

#Local_sport #ကမ္ဘာ့ဘောလုံးထူးခြားသတင်းများ
#Local_Sport
Published_ 14 August 2023
ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာ အသင်းက ထွက်ခွာသွားတော့မယ့် ဟူရိလိုရစ်ရဲ့ နေရာမှာ ဆွန်ဟောင်မင်းကို အသင်းခေါင်းဆောင်သစ်အဖြစ်ခန့် အပ်ခဲ့ပါတယ်။
တိုက်စစ်မှူး ဟယ်ရီကိန်းကရာသီကြိုခြေစမ်းပွဲတွေမှာအသင်းခေါင်းဆောင် အဖြစ်ပါဝင်ကစားခဲ့ပြီး သူ့ကို ကပ္ပတိန်ခန့် အပ်ဖို့ နည်းဖြစ်တဲ့ ပို့စတီကိုဂလူး ကရည်ရွယ်ခဲ့ပေမယ့်ကိန်းဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ သွားခဲ့တာပါ။
ဒါကြောင့် အခုအချိန်မှာ စပါးကို၂၀၁၅ ခုနှစ်မှာရောက်ရှိလာခဲ့ပြီး ပွဲစဉ်ပေါင်း ၃၇၂ပွဲမှာ ၁၄ ၅ရိုးအထိ သွင်းယူထားတဲ့ ဆွန်ဟောင်မင်ကို အသင်း ခေါင်းဆောင်အဖြစ်ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှအသင်းကိုရောက်ရှိလာတဲ့မက်ဒီဆင်နဲ့ အာဂျင်တီးနား နောက်ခံလူ ရိုမဲရိုးတို့ကို ဒုတိယအသင်းခေါင်းဆောင်တွေအဖြစ် နည်းပြကခန့်အပ်ခဲ့တယ်လို့လည်းသိရပါတယ်။
အသက် ၃၁နှစ်ရှိ ဆွန်ဟာတောင်ကိုရီးယား လက်ရွေးစင်အသင်းရဲ့အသင်းခေါင်းဆောင်လည်းဖြစ်ပြီး နိုင်ငံအသင်းအတွက် ၁၁၁ပွဲကစားထားပါတယ်။"ကျွန်တော် ဆွန်နဲ့အတူ တွဲပြီးအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။
သူအနေနဲ့ ခေါင်းဆောင်အရည်အသွေးတွေပြသပြီး အသင်းကို အောင်မြင်မှုတွေ ရယူဖို့ မျှော်လင်းထားပါတယ်" လို့စပါးနည်းပြ ပိုစတီကို ဂလူးက ဆိုခဲ့ပါတယ်။
#Local_Sport #ဆွန်ဟောင်မင်း
Ret; The Athletics
Page 8 of 18