#Local_News
Published_ 4 April 2023
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေ (၅) ရက်မှ (၁၇) ရက်အထိ ကျင်းပသွား မည့် ဆီးဂိမ်းပြိုင်ပွဲကြီးတွင် အားကစားနည်း(၃၆)နည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း (၁၉) နည်းကိုသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
ပါဝင်ယှဉ်ပြိုင်မည့် အားကစား နည်းများမှာ ဗိုဗီနမ်(အားနစ်၊ Kun Bokator အပါအဝင်)၊ ပိုက်ကျော်ခြင်း (ခြင်းလုံးအပါအဝင်)၊ ဘိလိယက်/စနူကာ၊ ဝူရှူး၊ ရိုးရာလှေ၊ ပီတန်း၊ ဂျူဒို၊ Kun Khmer (ရိုးရာလက်ဝှေ့)၊ စစ်တုရင်၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ကြက်တောင်၊ E-Sports, ဘောလုံး(ကျား/မ)၊ ဘော်လီဘော (ကျား/မ)၊ အလေးမ၊ ခရစ်ကတ်၊ တင်းနစ် အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း(၁၉)နည်းအနက် ဖနွမ်းပင် မြို့၌ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ စစ်တုရင်၊ ခရစ်ကတ်၊ E-Sports ၊ ဘောလုံး၊ ဂျူဒို၊ ဗိုဗီနမ် (အားနစ်နှင့် Kun Bokator အပါအဝင်)၊ ပီတန်း၊ ပိုက်ကျော်ခြင်း (ခြင်းလုံးအပါအဝင်)၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူး၊ Kun Khmer (ရိုးရာလက်ဝှေ့) စသည့် အားကစားနည်း (၁၇) နည်း ကျင်းပသွားမည်ဖြစ်ပြီး ကမ်ပိုမြို့တွင် ရိုးရာလှေနှင့် ဆီရမ်ရိမြို့တွင် ပြေးခုန်ပစ်အားကစားနည်းမှ (မာရသွန်နှင့် ၂၀ ကီလိုမီတာ လမ်းလျှောက်) တို့ကို ကျင်းပသွားမှာပါ။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) တွင် ပြေးခုန်ပစ်၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်း (ခြင်းလုံး အပါအဝင်)၊ တိုက်ကွမ်ဒို။ ဘော်လီဘော၊ ဗီုဗီနမ် (အားနစ် နှင့် Kun Bokator အပါအဝင်) အလေးမ၊ ဝူရှူး အားကစားနည်းများမှ အုပ်ချုပ်/နည်းပြ(၇၃)ဦး၊ အားကစားသမား(ကျား) (၁၇၇)ဦး၊ (မ) (၁၂၆)ဦး၊ ပေါင်း (၃၀၃) ဦး၊ ပူးတွဲလေ့ကျင့်သည့် အားကစားသမား (၁၇)ဦး အပါအဝင် စုစုပေါင်း (၃၉၃) ဦး ဖြင့် ကြိုတင်ပြင်ဆင် စခန်းသွင်း လေ့ကျင့်လျက်ရှိကြပါတယ်။
ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်အသီးသီးတွင်လည်း ၂၀၂၂ ခုနှစ် မတ်လနှင့် ဇူလိုင်လများမှ စတင်၍ ဘိလိယက်၊ ဘောလုံး (အမျိုးသမီး)၊ ရိုးရာလက်ဝှေ့ (Kun Khmer) ၊ တင်းနစ်၊ ရိုးရာလှေ၊ ခရစ်ကတ်၊ အားကစားနည်းများကိုလည်း အုပ်ချုပ်/နည်းပြ(၂၃)ဦး၊ ကစားသမား(ကျား) (၄၆)ဦး၊ (မ) (၆၉)ဦး၊ ပေါင်း (၁၃၈)ဦး၊ ပူးတွဲလေ့ကျင့်သည့် အုပ်ချုပ်/နည်းပြ(၂)ဦး၊ ကစားသမား (၁)ဦး အပါအဝင်စုစုပေါင်း (၁၄၁)ဦးဖြင့်ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်နေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှ ထည့်သွင်းကျင်းပမည့် အားကစားနည်း(၃၆)နည်းအတွက် ရွှေတံဆိပ် (၅၈၀)ကျော် ပေးအပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း (၁၉)နည်းအတွက် ရွှေတံဆိပ် (၃၃၀)ခန့် ပေးအပ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း (၁၉) နည်းမှ ရွှေတံဆိပ် (၁၇) ခု၊ ငွေတံဆိပ် (၂၉)ခု၊ ကြေးတံဆိပ် (၃၆)ခု၊ စုစုပေါင်း ဆုတံဆိပ် (၈၂)ခု မျှော်မှန်းထားရှိကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News #ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲ #အားကစားနည်း(၃၆)နည်း #မြန်မာနိုင်ငံက(၁၉)နည်းဝင်ရောက်ယှဉ်ပြိုင်မည် #YMG #Yangon_Media_Group



#Local_News
Published-2 April 2023
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ခ)တွင် အိမ်ရှင်မြန်မာ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့ ကျရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်အသင်းတို့ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့်အတွက် အိမ်ရှင်မြန်မာအသင်းနှင့် အီရန်အသင်း (၂)သင်းသာ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သိရသည်။
အာရှဘောလုံးအဖွဲ့ချုပ်မှ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်အသင်းတို့၏ နုတ်ထွက်မှုကို လက်ခံခဲ့ပြီးနောက် အသစ်ပြန်လည် ရေးဆွဲခဲ့သည့် ပွဲစဉ်ဇယားကို ပြန်လည်ပြုပြင်ရေးဆွဲမှုအရ မြန်မာအသင်းနှင့် အီရန်အသင်းတို့ အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် (၂)ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲစဉ် (၂)ပွဲလုံးကို မြန်မာနိုင်ငံတွင်သာ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအသင်းနှင့်အီရန်အသင်းတို့သည် ဧပြီလ (၅)ရက်နှင့် (၈)ရက်၊ မြန်မာ စံတော်ချိန်ညနေ (၄)နာရီ အချိန် သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နှစ်ပွဲပေါင်း ရမှတ်အများဆုံးရရှိသည့်အသင်းအနေဖြင့်၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းတွင် အကယ်၍ ၂ပွဲကစားပြီး ရမှတ်တူခဲ့ပါက ဧပြီလ ၈ ရက်ယှဉ်ပြိုင်မည့်ပွဲစဉ်အပြီး အချိန်ပို ၃၀ မိနစ် ဆက်လက်ကစားမည်ဖြစ်ကာ ပွဲကစားချိန်အတွင်း အနိုင်အရှုံးရလဒ်မပေါ်ခဲ့ပါက ပင်နယ်တီ အဆုံးအဖြတ် ဆက်လက်ခံယူရမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#ပါရီအိုလံပစ် #အမျိုးသမီးဘောလုံးပြိုင်ပွဲ #အာရှဇုန်ခြေစစ်ပွဲ #မြန်မာနှင့်အီရန်
#YMG #Yangon_Media_Group
#Sports_News
Published - 19 March 2023
မြန်မာ့လက်ရွေးစင် အသင်းသည် ရှမ်းယူနိုက်တက်အသင်းမှ မြတ်ကောင်းခန့်အား ထပ်မံအားဖြည့် ခေါ်ယူခဲ့ပြီး ပြည်တွင်းကစားသမားများဖြင့် မတ် ၁၈ ရက် ညပိုင်းတွင် လေ့ကျင့်မှု စတင်ခဲ့ပါတယ်။
အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့် ခြေစမ်းပွဲများအတွက် ပြည်တွင်းကစားသမားများပါဝင်သော လက်ရွေးစင်အသင်း ပထမအသုတ်သည် မနက်ဖြန် မတ်လ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ထိုင်းလိဂ်မှ မြန်မာ့လက်ရွေးစင် ကစားသမားများသည် ဒုတိယအသုတ်အနေဖြင့် မတ်လ ၂၀ ရက်တွင် ဘန်ကောက်မြို့မှ ထွက်ခွာလာမှာ ဖြစ်ပါတယ်။
လိဂ်ပွဲစဉ်များကြောင့် ထိုင်း၊ မလေးရှား တို့မှ လက်ရွေးစင် ကစားသမားများသည် ရန်ကုန်မြို့တွင် လာရောက်ပူးပေါင်း လေ့ကျင့်နိုင်ခြင်းမရှိဘဲ အိန္ဒိယနိုင်ငံသို့ ရောက်ရှိမှသာ အသင်းနှင့်အတူတကွ လေ့ကျင့်မှုပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။
မတ်လ ၂၁ ရက်နေ့တွင် မြန်မာ့လက်ရွေးစင်အသင်း လူစုံလေ့ကျင့်မှုပြုလုပ်ပြီးနောက် မတ်လ ၂၂ ရက်တွင် အိန္ဒိယ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ စတင်ကစားမည်ဖြစ်သည်။ ယင်းနောက် ဒုတိယ ခြေစမ်းပွဲအဖြစ် ကာဂျစ္စတန်အသင်းနှင့် မတ်လ ၂၅ ရက်တွင် ဆက်လက်ခြေစမ်းမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 8 Jan 2023
ပေါ်တူဂီဘောလုံးကြယ်ပွင့် ခရစ်စတီယာနို ရော်နယ်လ်ဒိုက ဆော်ဒီကလပ်မှာကစားရတာကို သူဂုဏ်ယူမိပြီး ဆော်ဒီလိခ်ကို လည်း အင်အားကောင်းပြီးပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိခ်ဖြစ်တယ်လို့ ပြောပါတယ်။ လတ်တလော ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ သူက အဲသလိုပြောကြားခဲ့တာဖြစ်ပါတယ်။
Source AFP
#Cristiano_Ronaldo
#Al_Nassr
#Saudi_soccer_club
Published 20 December 2022
အသင်းခေါင်းဆောင်မက်ဆီဦးဆောင်တဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားအောင်ပွဲရ အာဂျင်တီးနား ဘောလုံးအသင်းကို သယ်ဆောင်လာတဲ့လေယာဉ်ဟာ အမိမြေရဲ့မြို့တော် ဗျုနိုအေးရိစ်ကို ဆိုက်ရောက်လာပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မနက် (၂)နာရီမှာ လေယာဉ်ဆိုက်ရောက်လာပေမယ့် ထောင်ပေါင်းများစွာသော ပရိဿတ်တွေက တစ်ခဲနက်ကြိုဆိုခဲ့ကြပါတယ်။
ပြင်သစ်ကို အနိုင်ယူပြီး ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ လေယာဉ်ဆိုက်တာနှင့် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနှင့် နည်းပြ စကာလိုနီတို့ဦးဆောင်ပြီး လေယာဉ်ကဆင်းလာကြပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ tracksuit ကိုဝတ်ဆင်ထားပြီးလက်ထဲမှာလည်း သူကာလရှည်စောင့်စားခဲ့ရတဲ့ ကမ္ဘာ့ဖလားဆုဖလားကြီးကို ပွေ့ပိုက်ထားပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ အိမ်အပြန်လှုပ်ရှားမှုမှတ်တမ်း ဗွီဒီယိုကို အေအက်ဖ်ပီက ရိုက်ကူးတင် ဆက်ပေးထားတာဖြစ်ပါတယ်။
Source AFP
#Argentina_land_Buenos_Aires
#World_Cup_2022
#Lionel_Messi
Published 19 December 2022
တနင်္ဂနွေညကပြုလုပ်တဲ့ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ပြင်သစ် ကို ပင်နယ်တီနှင့် လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားကြီးကိုရရှိသွားခဲ့ပါတယ်။
ကာတာနိုင်ငံ ဒိုဟာမြို့ရှိ လူဆေးဘောလုံးကွင်းမှာကျင်းပတဲ့ နောက်ဆုံးဗိုလ်လုပွဲဟာ ကမ္ဘာ့ဖလားသမိုင်းမှာ အကြီးကျယ် ဆုံး ဗိုလ်လုပွဲတွေထဲက တစ်ခု ဖြစ်သွားခဲ့ရပါတယ်။
အချိန်ပိုကစားတဲ့အထိ သုံးဂိုးဆီသရေကစားနေရာမှာပင်နယ်တီအဆုံးအဖြတ်နှင့် အာဂျင်တီးနားက ဗိုလ်စွဲခဲ့ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနား ကစားသမားတွေဟာ နှစ်ထပ်ဘတ်စ်ကားကြီးပေါ်လိုက်ပါစီးနင်းပြီး ဒိုဟာရဲ့ လမ်းမတွေအပေါ် စီတန်းလှည့်လည်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။ အဲဒီပုံရိပ်တွေကို တင်ဆက်ပေးလိုက်ရပါတယ်။
Source: AFP
#World_Cup_Final
#Argentina_Victory
#Argentina_playesr_celebrate_victory
Published 13 Dec 2022
မော်ရိုကိုနှင့်ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် နှစ်ရက်အလိုမှာ အမ်ဘာပီရဲ့ ပြင်သစ်အသင်းက ကစားသမားတွေဟာ လေ့ကျင့်နေကြတာကို မြင်တွေ့ကြရပါတယ်။ လေ့ကျင့်တဲ့ ပထမ ၁၅မိနစ်ကို မီဒီယာတွေ သတင်းယူခွင့်ပေးခဲ့စဉ်မှာ Aurélien Tchouaméni နှင့် Dayot Upamecano တို့ လေ့ကျင့်ရာမှာ ရှိမနေခဲ့ကြပါဘူးလို့ အေအက်ဖ်ပီကပြောပါတယ်။
ထိုနည်းတူ ခရိုအေးရှားနှင့် ဆီမီးဖိုင်နယ်ပွဲကစားရမယ့် မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာလည်း ကာတာ တက္ကသိုလ်ကွင်းမှာ လေ့ကျင့်နေကြပါတယ်။
Source: AFP
#Mbappe's_France
#Messi's_Argentina
#World_Cup_2022
Page 12 of 18