Published_ 13 August 2023
လီဗာပူးအသင်းသည်ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒို အားဗြိတိသျှစံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။
လီဗာပူးသည်ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာအား ခေါ်ယူရန်ကြိုးပမ်းလျက်ရှိရာမှ သြဂုတ် ၁၀ ရက်ကကိုင်စီဒိုအား ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ယခုအခါအသင်း ၂သင်း အကြားသဘောတူညီမှုရရှိ သွားပြီဖြစ်သည်။
ကိုင်စီဒိုအား ချယ်လ်ဆီးက နွေရာသီ တလျှောက်လုံး ခေါ်ယူရန်ကြိုးပမ်းခဲ့ပြီး ဘရိုက်တန်က ပေါင်သန်း၁၀၀ သတ်မှတ်ထားပြီး ချယ်လ်ဆီးကကမ်းလှမ်းမှုများအကြိမ်ကြိမ် ပြုလုပ်နေချိန်တွင်လီဗာပူးက ယခုကဲ့သို့ ကမ်းလှမ်းမှုကို ဘရိုက်တန်က လက်ခံခဲ့ခြင်းဖြစ်သည်။
ယခုပြောင်းရွှေ့ကြေးမှာ ချယ်လ်ဆီးသို့ ဇန်နဝါရီလကပြောင်းရွှေ့လာသော ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ကို ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေးပေါင် ၁၀၆ သန်းကို ကျော်လွန်၍စံချိန်သစ် ဖြစ်လာခဲ့သည်။
ကိုင်စီဒို သည် မာဆေးဆိုဒ်သို့သွားရောက်၍ ဆေးစစ်မှုခံယူမည်ဖြစ်ပြီး ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် ချယ်လ်ဆီးနှင့် လီဗာပူးတို့၏ ပရီးမီးယားလိဂ် အဖွင့်ပွဲဝင် မတိုင်မီ အသင်းနှင့်အပြီးသတ်လက်မှတ်ရေးထိုးဖွယ်ရှိနေသည်။
ယခု စံချိန်မှာ လီဗာပူးအတွက်လည်း ကလပ်စံချိန်ဖြစ်ခဲ့ပြီး
ယခင်စံချိန်ဖြစ်သည့် နောက်ခံလူဗန်ဒိုက်၏ ပြောင်းရွှေ့ကြေး ပေါင်း၇၅သန်းကို ကျော်ဖြတ်နိုင်ခဲ့သည်။
ကိုင်စီဒိုသည် လီဗာပူးကွင်းလယ်တွင်ယခုရာသီတွင်ပြောင်းရွှေ့လာခဲ့သည့်ဆဘို့ ဇာလိုင်၊ ဘရိုက်တန်အသင်းဖော်ဟောင်းမက်အယ်လစ်စတာတို့ နှင့် အတူယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ထပ်မံရရှိသော သတင်းများအရ ကိုင်စီဒိုကို ချယ်လ်ဆီးအသင်းကပေါင် ၁၁၅သန်းအထိ တိုးမြှင့် ကမ်းလှမ်းနေ၍ ကိုင်စီဒို၏ အပြောင်းအရွှေ့မှာ အပြီးမသတ်နိုင်သေးကြောင်း သိရသည်။
ref;fotmob.
#World_Sport
#YMG #Yangon_Times
Published_ 11 August 2023
ရီးရဲလ်မက်ဒရစ်အသင်း၏အဓိကရိသမားဖြစ်သောသီဘို ကော်တိုအာသည် လေ့ကျင့်ရေးတွင် ဒူးအရွတ်ကြော ထိခိုက်မှုဒဏ်ရာရရှိမှုကြောင့် ကာလရှည်အနားယူရမည်ဖြစ်ကြောင်း သိရသည်။
အသက် ၃၁နှစ်ရှိ ကော်တိုအာသည် ၂၀၁၈ ခုနှစ်တွင် ချယ်လ်ဆီးမှပြောင်းရွှေ့ကခဲ့ပြီး ရီးရဲလ်အတွက်ပွဲပေါင်း ၂၀၀ ကျော်ကစားထားကာ ဘယ်လ်ဂျီယံလက်ရွေးစင် ဂိုးသမား လည်းဖြစ်သည်။
ကော်တိုအာသည် လေ့ကျင့်ရေးကွင်းတွင် ဘယ်ဖက်ဒူးအရွတ်ကြောထိခိုက်မှုကြောင့် မကြာမီခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင့်ရီးရဲလ်မက်ဒရစ်အသင်း၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင်ဖော်ပြထားသည်။
ကော်တိုအာ သည် ၂၀၂၂ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲတွင် အထူးလက်စွမ်းပြသကာ Man_of_the_Match ဆုရရှိခဲ့ပြီး ၎င်းပွဲစဉ်တွင် ရီးရဲလ်က လီဗာပူးကို အနိုင်ရဗိုလ်စွဲခဲ့သည်။
ယခင်ကရီးရဲလ်သို့ပြောင်းရွှေရန် သတင်းထွက်ပေါ်ခဲ့သည့် ဒေးဗစ်ဒီဂီယာမှာ မန်ယူနှင့်စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် နည်းပြအန်ဆယ်လော့တီက ခေါ်ယူရန်ကြိုးပမ်းလာဖွယ်ရှိနေသည်။
အခြားသတင်းတစ်ရပ်တွင်ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေရန် သတင်းထွက်ပေါ်နေသောတိုက်စစ်မှူး အမ်ဘာပေက ယခုရာသီတွင် ပီအက်စ်ဂျီအသင်း၌ဆက်လက်ကစားများ မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရသည်။
Ref ; Fotmob.
#World_Sport
#Published_ 11 August 2023
#YMG #Yangon_Times
Published_ 10 August 2023
- ဝက်စ်ဟမ်းအသင်းသည် ဟန်ယူနောက်ခံလူ မက်ဂွိုင်းယားအား ပေါင်သန်း၃၀ဖြင့်လည်းကောင်း၊ဆောက်သမ်တန်မှအင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဝပ်ပရောက်စ်အား လည်းကောင်း ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး အေဂျက်ကွင်းလယ်လူ အယ်ဗာရက်ဇ်အားလည်းခေါ်ယူရန် သဘောတူညီခဲ့ပြီဖြစ်သည်။
- အာဆင်နယ်အသင်းသည် ဘရန့်ဖို့ဒ်ရိုးသမားဒေးဗစ်ရာယာအားပေါင်သန်း ၃၀ဖြင့်အပြီးသတ်ခေါ်ယူခဲ့ပြီး အသင်းမှ အရန်ဂိုးသမား မက်တာနာ အားနော့တင်ဟမ်ဖောရက်စ်သို့ ပေါင်၁၀သန်းဖြင့်ရောင်းချခဲ့သည်။
- မန်စီးတီးအသင်းသည် ၀က်စ်ဟမ်းမှ ဘရာဇီးလက်ရွေးစင် ကွင်းလယ်လူပါကေတာ အား ပေါင်း သန်း ၇၀ ဖြင့် ကမ်းလှမ်းခဲ့ပြီးကစားသမားကလည်းမန်စီးတီးသို့ပြောင်းရွှေ့ရန်လိုလားနေသည်ဟုသိရသည်။
-လက်စတာအသင်းသည် ချယ်လ်ဆီးမှ အီတလီလူငယ်ကွင်းလယ်လူ ကာဆာဒိုင်းအား အငှားစာချုပ်ဖြင့်ခေါ်ယူခဲ့သည်။
-မန်ယူအသင်းသည် ထွက်ခွာသွား ပေါနောက်ခံလူ မက်ဂွိုင်းယား၏နေရာတွင် အစားထိုးရန် ဘိုင်ယန်မြူးနစ်နောက်ခံလူပါဗက်၊ လေဗာကူဆင်နောက်ခံလူတက်ဆိုဘာနှင့် နိုက်စ်နောက်ခံလူတိုဒီဘိုတို့ကိုစောင့်ကြည့်လျက်ရှိသည်။
- အာဆင်နယ်တိုက်စစ်မှူး ဂျေဇူးနှင့်ယခုရာသီတွင် အသစ်ပြောင်းရွှေ့လာကြသည့် မန်ယူတိုက်စစ်မှူးဟွိုင်လန်း ချယ်လ်ဆီးတိုက်စစ်ကစားသမား အန်တွန်ကူတို့သည်ဒဏ်ရာပြဿနာများကြောင့် ရာသီအစ ပွဲစဉ်အချို့ကိုလွဲချော်ရတော့မည်ဖြစ်သည်။
- လီဗာပူးအသင်းက ခေါ်ယူရန်ကြိုးပမ်းနေသည့်ဆောက်သမ်တန်မှဘယ်လ်ဂျီယံ ကွင်းလယ်လူ လာဗီယာမှာ ပေါင်သန်း၅၀တန်ကြေးမရှိကြောင်းအသင်းနောက်ခံလူဟောင်းကာရေဂါကဝေဖန်ပြောကြားခဲ့သည်။
- ဘိုင်ယန်မြူးနစ် သည် ချယ်လ်ဆီး ဂိုးသမား ကီပါအား ခေါ်ယူရန် ကမ်းလှမ်းထားပြီး လက်ရှိ ဂိုးသမားကြီးနျူအာမှာ နောက်ထပ်၈ပတ်မှ ၁၀ပတ်အထိ ထပ်မံအနားယူရဦးမည်ဟု ဆိုသည်။
- ဆော်ဒီကလပ် အယ်ဟီလယ်သည် အက်သလက်တီကိုတိုက် စစ်မှူး ယာအိုဖိလစ်အား အငှားဖြင့် ခေါ်ယူရန်စိတ်ဝင်စားနေပြီး ကစားသမားက မူဘာစီလိုနာသို့ ပြောင်းရွှေ့လိုနေသည်။
-မန်စီးတီးအသင်းသည် အဓိကကစားသမားများဖြစ်သော ဘာနာဒိုဆေးလ်ဗားနှင့် ပေါ့တာတို့ကို စာချူပ်သစ်များ သက်တမ်းတိုးနိုင်မည်ဟုယုံကြည်နေသည်။
#World_Sport
#ဥရောပ #ဘောလုံးအပြောင်းအရွှေ့ #နောက်ဆုံးရသတင်းများ
#YMG #Yangon_Times






Published_ 9 August 2023
မိမိမှာဆော်ဒီကလပ်အယ်အီတီဖတ်အသင်း၏နည်းပြဖြစ်နေသော်လည်း လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလာကို လီဗာပူးအသင်းတွင် ဆက်လက်ကစားစေချင်ကြောင်း အင်္ဂလန် ဂန္ထဝင်ကစားသမားစတီဗင်ဂျရတ်ကဖွင့်ဟပြောဆိုခဲ့သည်။
အခြား ဆော်ဒီ ကလပ်တစ်ခုဖြစ်သောအယ်လ်အီတီဟတ်အသင်းက ငွေကြေးမြောက် မြားစွာဖြင့် ကမ်းလှမ်းမည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီးဆာလာအနေဖြင့်ဖာမီနို၊ဟန်ဒါဆင်နှင့် ဖာဘင်ဟိုတို့ကဲ့သို့ဆော်ဒီလိဂ်တွင် သွားရောက် က စားမည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်လျက်ရှိသည်။
ဆော်ဒီအစိုးရက ကျောထောက်နောက်ခံပေးထားသော လိဂ်ပြိုင်ပွဲတွင် ရော်နယ်ဒို၊ ဘင်ဇီးမား တို့ပြီးလျင် ဆာလာမှာလည်း ထိပ်တန်းအဆင့်ကစားသမားအဖြစ်ပြောင်းရွှေ့လာနိုင်သည်ဟု သုံးသပ်နေကြခြင်းဖြစ်သည်။
သို့ရာတွင် အင်တာဗျူးတစ်ရပ်၌ ဆာလာမှာ မိမိအကြိုက်ဆုံးကစားသမားတစ်ဦးဖြစ်ပြီး လီဗာပူးမှာမိမိချစ်မြတ်နိုးသောကလပ်ဖြစ်သဖြင့် လီဗာပူးတွင်ဆက်လက်ကစား စေလိုကြောင်း ဂျရတ်ကဖြေကြားခဲ့သည်။
ဟန်ဒါဆင်ကိုခေါ်ယူခဲ့ခြင်းမှာမူ အယ် အီတီဖက်အသင်းကို ထိပ်တန်းအဆင့်တွင်ဦးဆောင်နိုင်သောခေါင်းဆောင်တစ်ဦး ရှိနေရန်လိုအပ်သဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
အခြားသတင်းတစ်ရပ်တွင်လီဗာပူးအသင်းကခေါ်ယူရန်ချိတ်ဆက်နေသော ကွင်းလယ်လူ လာဗီယာ အား ဆောက်သမ်တန်အသင်း၏လူစာရင်းမှဖယ်ရှားထားလိုက်ပြီး ကစားသမားမှာလည်းအလျင်အမြန်ပြောင်းရွှေ့လိုနေကြောင်းသိရသည်။
Ref ; This is Anfield
#World_Sport
#YMG #Yangon_Times
Published_ 8 August 2023
၂၀၂၃ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာမန်စီးတီးအသင်းကို အနိုင်ရခဲ့တာဟာ ယခုအချိန်အထိသူ့ရဲ့ နည်းပြဘဝမှာ အမြင့်ဆုံးမှတ်တိုင်တစ်ခုဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ဝမ်းမြောက်ဝမ်းသာ ပြောကြားခဲ့ပါတယ်။
သြဂုတ် ၆ ရက်ကယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာဒုတိယပိုင်းထပ်ဆောင်း အချိန်ပို ၁၁မိနစ်အရောက်မှ အာဆင်နယ်က ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရကာကွန်မြူနတီဒိုင်းကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
အခုလိုအနိုင်ရခဲ့တာဟာပြီးခဲ့တဲ့ ၂ ကြိမ်ဝင်ဘလေမှာအနိုင်ရခဲ့တာထက်ပိုကောင်းကြောင်း၊ အနိုင်ရပြီးနောက် အာဆင်နယ်ပရိသတ်၊ မိတ်ဆွေတွေနဲ့ မိသားစုတွေရဲ့ပျော်ရွှင်နေတဲ့ မျက်နှာတွေကို ကြည့်ရတာ အလွန်ကြီးကျယ်ခမ်းနားကြောင်း၊ဝင်ဘလေမှာ ကမ္ဘာ့အကောင်းဆုံးအသင်းကိုအနိုင်ရခဲ့ထက်ပိုကောင်းတာ မရှိနိုင်ကြောင်း အာတီတာကဖွင့်ဟခဲ့ပါတယ်။
ဒါအပြင် ဖိအားပြင်းထန်တဲ့ အခြေအနေတွေမှာအသင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ခံနိုင်ရင်ရှိမှုကိုလဲသူကချီးကျူးပြောကြားခဲ့ပါတယ်။
ဆက်လက် အလုပ်လုပ်ဖို့နဲ့ ခြေစွမ်းကောင်းကိုဆက်လက်ထိန်းသိမ်းဖို့လိုကြောင်း၊ လာမယ့်စနေနေ့မှာ အလွန်ခက်ခဲပြီး ပြင်းထန်တဲ့ပွဲစဉ်တစ်ပွဲကိုယှဉ်ပြိုင်ရဦးမှာဖြစ်ကြောင်း အာတီတာက ပြောကြားခဲ့ပါတယ်။
သြဂုတ် ၁၂ ရက် စနေနေ့မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ်နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်ကစားရမှာပါ။
ဆက်စပ်သတင်းတစ်ရပ်မှာတော့အာဆင်နယ် အသင်းဟာဒီရာသီပရီးမီးယားလိဂ်ဖလားကိုအနိုင်ရဗိုလ်စွဲနိုင်တယ်လို့ အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး ဂယ်ရီလိုင်နီကာက တစ်ကြိုခန့်မှန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
Ref; Daily Cannon
#YMG #Yangon_Times
Published_ 8 August 2023
ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက ဘာစီလိုနာ တိုက်စစ်မှူး အန်ဆူ ဖာတီကို ကမ်းလှမ်း ပြင်ဆင်နေပြီး နည်းပြလူးဝစ်အင်းနရစ်ကလည်း ခေါ်ယူရန်စိတ်အားထက်သန်နေသည်ဟု သိရသည်။
ပီအက်စ်ဂျီသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး အမ်ဘာပေအား ဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး မက်ဆီကိုလည်း ထွက်ခွာခွင့် ပြုခဲ့ရသည့်အပြင် နေမာမှာလည်း ထွက်ခွာမည့် ကောလဟလများ ထွက်ပေါ်လျက်ရှိသည် ။
လက်ရှိတွင် ပီအက်စ်ရီသည် တိုက်စစ်ကစားသမားဒမ်ဘီလီအားဘာစီလိုနာမှခေါ်ယူထားပြီး ဘင်ဖီကာမှ ကွန်ကာလိုရာမို့စ် နှင့် ဖရန့်ဖတ်မှ မူတာနီရို့ကိုလည်းငွေကြေး မြောက်မြားစွာဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေသည်။
ယခုနွေရာသီအစောပိုင်းက အသင်းမှထွက်ခွါရန် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စပိန်လက်ရွေးစင်ဖာတီက အသင်းတွင်ဆက်လက်နေလိုကြောင်း ပြောခဲ့သဖြင့်သတင်းများငြိမ်သက်သွားးခဲ့သည်။
နည်းပြဇာဗီ အနေဖြင့် ဖာတီအား ပွဲထွက်ကစားခွင့် ပိုပေးရန် စီစဉ်နေကြောင်းလည်း ဖွင့်ဟ ပြောကြားခဲ့သည်။
အခြားသတင်းတစ်ရပ်တွင် ဘာစီလိုနာအနေဖြင့် ဘရာဇီးကလပ်အက်သလက်တီကိုပါရန်နီးစ်မှလူငယ်တိုက်စစ်မှူးဗစ်တာရော့ကေးကို ခေါ်ယူရန် လာမည့်ဇန်နဝါရီ အတိစောင့်ဆိုင်းရဖွယ်ရှိနေသည်ဟုသိရသည်။
မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူရန် ပစ်မှတ်ထား နေသော်လည်း မန်စီးတီးက အသင်းတွင်ဆက်လက် ထိန်းသိမ်းထားရှိလိုနေသည်။
Ref: Blaugranes
#YMG #Yangon_Times
#Local_Sport
Published-6-8-2023
ရာသီကြိုခြေစမ်းပွဲစဉ်တွေက အသင်းရဲ့ ခြေစွမ်းကို ကျေနပ်အားရပေမယ့်ကြီးမားတဲ့အားနည်းချက် တွေကိုပြုပြင်ရဦးမယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကဆိုလိုက်ပါတယ်။ရီးရဲလ်အသင်းဟာ ရာသီကြို အဖွင့်ပွဲစဉ်မှာ အေစီမီလန်ကို ၃-၂ နဲ့အနိုင်ရပြီး မန်ယူကို၂-၀နဲ့ ဆက်နိုင်ခဲ့ပေမယ့် နောက်ပွဲစဉ်တွေမှာ ဘာစီလိုနာကို ၀-၃၊ ဂျူဗင်တပ်ကို ၁-၃ ဂိုးတွေနဲ့အသီးသီး ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ နောက်ဆုံး၂ပွဲမှာ ၆ ဂိုးအထိ ပေးခဲ့ရတဲ့အတွက် ခံစစ်ပိုင်းကို အဓိကထားပြင်ဆင်ဖို့လိုကြောင်း နည်းပြ က၀န်ခံပြောဆိုပါတယ်။
"တိုက်စစ်ပိုင်းအလွန်ကောင်းပေမယ့် ခံစစ်ပိုင်းလိုအပ်ချက်တွေရှိနေတဲ့အတွက် ဘာစီလိုနာနဲ့ ဂျူဗင်တပ် တို့ကို ၃ ဂိုးစီ ပေးခဲ့ရတာကိုပြုပြင်ဖို့လိုပါတယ်။နေရာယူမှု၊ အာရုံစူးစိုက်မှုနဲ့ စိတ်ခံယူချက်တွေကို ပြင်ဆင်ရမှာပါ။ဒီအချက်တွေမှာ ဟန်ချက်မညီ ဖြစ်နေပါတယ်"လို့အန်ဆယ်လော့တီက ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာလာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်၁၂ရက် ကျရင်အဝေးကွင်းမှာ ဘီလ်ဘာအိုနဲ့ရင်ဆိုင်ရမှာပါ။အန်ဆယ်လော့တီကတော့ အသစ်ပြင်ဆင်လေ့ကျင့်နေတဲ့ ၄-၁-၂-၁-၂ ကစားကွက်ကို ဆက်သုံးစွဲဦးမယ်လို့ ပြောပါတယ်။အခြားသတင်းတစ်ရပ်မှာတော့ ရီးရဲလ်မက်ဒရစ်ကို ၂၀၂၄ ခုနှစ်မှာပြောင်းရွှေ့လာဖို့ သတင်းထွက်နေတဲ့ နည်းပြဇာဘီ အလွန်ဆိုဟာလေဗာကူဆင်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိစာချုပ်သက်တမ်း တိုးမြှင့်လိုက်တယ်လို့သိရပါတယ်။ရီးရဲကစားသမားဟောင်းဖြစ်တဲ့အလွန်ဆိုဟာ ထိပ်တန်း နည်းပြသက်တမ်း ၁နှစ်သာရှိသေးပေမယ့် လေဗာကူဆင်အသင်းကိုပြီးခဲ့တဲ့ရာသီက အောင်မြင်မှုတွေရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

#Local_Sport #အန်ဆယ်လော့တီ
#Ref: Managing Madrid
Page 9 of 18