Published 5 Feb 2022
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က အမျိုးသားအားကစားရုံကြီးမှာ ၂၄ ကြိမ်မြောက်အိုလံပစ်ဆောင်းရာသီအားကစားပွဲတော်ကြီးဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၄ရက် သောကြာနေ့က ကျင်းပခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲဒီဖွင့်ပွဲအခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင် ဒါဇင်များစွာနှင့်အတူ နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌသောမတ်စ် ဘက်ချ်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့လည်းတက်ရောက်ကြပါတယ်။
Source CCTV Plus
#LocalNews
Published - 3 Feb 2022
ရှမ်းနှင့် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းနိုင်ဖို့ အောင်လအင်န်ဆန်း၏ ဘောင်းဘီနှင့် လက်အိတ်များကို လေလံတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ Kachin Alliance(ကချင်မဟာမိတ်အဖွဲ့ )က ထုတ်ပြန်ထားပါတယ်။
အဆိုပါ လေလံကို ဇန်နဝါရီလ ၂၄ ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်တွင် လေလံရက်ကုန်ဆုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။
လေလံပွဲမှ ရရှိလာမည့် အလှူငွေများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အရေးပေါ်လိုအပ်နေသည့် နေရာများအတွက် လှူဒါန်းသွားမည်ဖြစ်ပြီး ပစ္စည်းတစ်ခုအတွက် ကြမ်းခင်းဈေးသည် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဖြစ်ပြီး အနိမ့်ဆုံးလေလံဈေးတိုးမြင့်ရန်
ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၀၀ ဖြစ်တယ်လို့ Kachin Alliance(ကချင်မဟာမိတ်အဖွဲ့ )ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ရရှိသောငွေများကို စစ်ဘေးတိမ်းရှောင်သူများ၊ ကိုဗစ်ရောဂါကာကွယ်ရေး၊ ကုသရေးများနှင့် အခြေအနေအရပ်ရပ်ကြောင့် ပညာဆက်မသင်နိုင်သည့်သူများကို ပညာရေးထောက်ပံ့စရိတ်များအဖြစ် ကူညီသွားမှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်၊မတ်လ ၃၁ ရက် နေ့က ချန်ပီယံအောင်လအင်န်ဆန်းနှင့် ဂျပန်နိုင်ငံသား Ken Hasegawa တို့၏ပွဲတွင် ဝတ်ဆင်ခဲ့သည့် ဘောင်းဘီ၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ချန်ပီယံ အောင်လအင်န်ဆန်းနှင့် Brandon Vera တို့၏ ပွဲစဉ်တွင် ဝတ်ဆင်ခဲ့သည့် ဘောင်းဘီနှင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် အောင်လအင်န်ဆန်းနှင့် Leandro Alaides တို့ပွဲတွင် ဝတ်ဆင်ခဲ့သည့် လက်ဝှေ့အိတ်တို့ကို လေလံတင် ရောင်းချသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - AungLa Nsang(Burmese Python)
ymg/kg
#Yangon_Media_Group
Page 18 of 18