၁၃ ဇန်နဝါရီ ၂၀၂၄
ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ရည်ရွယ်ချက်ရှိရှိဖျက်ဆီး စော်ကားနေသည့် MNDAA အပါအဝင် ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက် မိစ္ဆာများအားကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီလ ၁၃ ရက် က မြန်မာတစ်နိုင်ငံလုံးရှိမြို့ကြီးအများအပြားတွင် ကျင်းပခဲ့ကြပါတယ်။
အဆိုပါမြို့များအနက် ကော့သောင်း၊ထားဝယ်၊ကျိုင်းတုံ၊မိုင်းဆတ်၊မိုင်းဖြတ်၊နမ့်စန်၊နတ်မောက်၊ မိတ္ထီလာ၊ရမည်းသင်း၊တောင်တွင်းကြီး၊ ပြည်၊သရက်နှင့် ၊ဇမ္ဗူသီရိ(နေပြည်တော်)မြို့နယ်များတွင် ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်နေပုံများကိုစုစည်းတင်ပြပါသည်။ (Photo Credit MOI)


Date: January 13, 2024
Nay Pyi Taw: Senior General Min Aung Hlaing, the Chairman of Myanmar's State Administration Council and Commander-in-Chief of Defence Services, engaged in discussions with General Songwit Noonpackdee, Chief of Defense Forces for the Royal Thai Army, to explore collaborative efforts in combating online gambling and financial fraud in the vicinity of the border town of Myawaddy.
Senior General Min Aung Hlaing and General Songwit Noonpackdee discussed this matter in a video conferencing on the evening of January 12.
Senior General Min Aung Hlaing and General Songwit Noonpackdee expressed their concerns for stability and peace in the border areas of the two countries. They discussed the need for cooperation in the fight against online gambling and financial fraud, particularly given the identified instances of these activities near the border town of Myawaddy. The leaders emphasized the necessity for the two countries to work together to combat this situation.
Discussions centered on conditions aimed at bolstering relations, friendship, and cooperation between Myanmar and Thailand, including their respective armies. The primary focus was on ensuring the security and efficiency of border trade, with considerations for both political and security aspects between the two countries and their armed forces. The leaders underscored efforts in drug prevention and counter-terrorism. Additionally, combating illegal trade and information exchange were key points of discussion, as reported by state media.
Furthermore, the military leaders of both countries have committed to enhancing cooperation in humanitarian and assistance efforts, extending beyond collaboration solely between the two armies to encompass ministries of both nations. Additionally, they engaged in a cordial exchange of perspectives concerning the joint prevention of forest fires and cross-border smog pollution in the border regions spanning Myanmar, Laos, and Thailand. The discussions also touched upon the conditions necessary for the comprehensive and ongoing collaboration between the two governments and their respective armies across all fields, as reported.
The meeting was attended by Lieutenant General Ye Win Oo and officials from the Office of the Commander-in-Chief of Defense, along with Air Chief Marshal Chakorn Tawanjang and officials from the Royal Thai Army.
-ymg/knl
၁၂ ဇန်နဝါရီ ၂၀၂၃
နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee နှင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ ကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရမည့်အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်ကြီး Songwit Noonpackdee တို့ဟာ ယနေ့ ဇန်နဝါရီ ၁၂ရက် ညနေပိုင်းက ် Video Conferencing ဖြင့် ဆွေးနွေးကြရာမှာ အဆိုပါအချက်ကိုထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် ဗိုလ်ချုပ်ကြီး Songwit Noonpackdee တို့သည် နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်း လောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် အခြေအနေများကိုဆွေးနွေးခဲ့ပြီး အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရမည့် အခြေအနေများကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့ အဆင်ပြေစေရေး အတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်သတင်းအချက် အလက်ဖလှယ်ရေးကိုလည်း နှစ်နိုင်ငံတပ်ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြတယ် လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းအပြင် နှစ်နိုင်ငံတပ်မတော်ခေါင်းဆောင်နှစ်ဦးသည် လူသားချင်းစာနာထောက်ထားမှုနှင့် အကူအညီပေးရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားသာမက နှစ်နိုင်ငံ ဝန်ကြီးဌာနများ အချင်းချင်းလည်း တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံ နယ်စပ်ဒေသများ၌ တောမီးလောင်ခြင်းနှင့် နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းကာကွယ် တားဆီးရေးဆိုင်ရာများနှင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။
အဆိုပါဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှ Air Chief Marshal Chakorn Tawanjang နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းထုတ်ပြန်ထားပါတယ်။
-ymg/knl
၁၂ ဇန်နဝါရီ ၂၀၂၄
-မြောက်ပိုင်းသုံးဖွဲ့နှင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုရရှိခဲ့ကြောင်း
_ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာစေရေး မြောက်ပိုင်းသုံးဖွဲ့နှင့် ဆက်လက်ဆွေးနွေးမှုတွေလုပ်ဆောင်သွားမည်ဖြစ်ကြောင်း
-နယ်စပ်ကုန်သွယ်ရေးဂိတ်များပြန်လည်ဖွင့်လှစ်နိုင်ရေး တရုတ်-မြန်မာနှစ်နိုင်ငံဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားချက်များကို ဖော်ပြပေးအပ်ပါတယ်။
၁၂ ဇန်နဝါရီ ၂၀၂၄
မြန်မာတပ်မတော်နှင့် မြန်မာပြည်မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ချက်ခြင်းရပ်စဲရန် သဘောတူညီချက် ရရှိခဲ့ကြပြီဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရရှိသူ မောင်နင်းက ယနေ့ ဇန်နဝါရီ ၁၂ ရက်က အတည်ပြုပြောဆိုပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းတွင်ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးရဲ့ အမေးအပေါ် ပြောရေးဆိုခွင့်ရသူ မောင်နင်းက ယင်းကဲ့သို့အတည်ပြုပြောကြားခဲ့ခြင်းဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့မှာဇန်နဝါရီ ၁၀ရက်မှ ၁၁ရက်အထိ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊TNLA နှင့် AA တို့ရဲ့ ကိုယ်စားလှယ်များအကြား တရားဝင်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ကြတာဖြစ်တယ်လို့ မောင်နင်းကပြောပါတယ်။
နှစ်ဘက်ဟာ ချက်ခြင်းအပစ်အခတ်ရပ်စဲဖို့နှင့် တိုက်ပွဲတွေရပ်တန့်ဖို့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းကြဖို့ သဘောတူခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီအပြင် နယ်စပ်မှာနေထိုင်ကြတဲ့တရုတ်နိုင်ငံသားတွေ၊တရုတ်စီမံကိန်းတွေနှင့် မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံသားတွေကို အန္တရာယ်မဖြစ်စေဖို့ နှစ်ဘက်လုံးက ကတိပြုခဲ့ကြတဲ့အပြင် အပစ်အခတ်ရပ်ရေးသဘောတူညီချက် နှင့်အခြားအရေးကိစ္စတွေကိုလည်း ညိနှိုင်းတိုင်ပင်ခဲ့ကြတယ်လို မောင်နင်းက ဆက်လက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာအပစ်အခတ်ရပ်ရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအရှိန်အဟုန်ကိုဆက်လက်ထိန်းသိမ်းခြင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အားလုံးရဲ့အကျိုးစီးပွားဖြစ်တယ်လို့သူမကပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးထိန်းသိမ်းရာလည်းရောက်တယ်လို့သူမကပြောပါတယ်။
သဘောတူညီမှုရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်တဲ့အဖွဲ့တွေက စိတ်ထက်သန်စွာနှင့် အကောင်အထည်ဖော်ကာ တစ်ဖက်နှင့်တစ်ဖက် အစွမ်းကုန်သည်းခံကြပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာစေ့စပ်ဆွေးနွေးခြင်းဖြင့်ဖြေရှင်းလျက် မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးတိုးတက်မှုကို အတူတကွမြှင့်တင်ကြလိမ့်မယ်လို့ တရုတ်နိုင်ငံက ယုံကြည်မျှော်လင့်တယ်လို့လည်း မောနင်းကပြောပါတယ်။
တရုတ်နိုင်ငံအနေနှင့်လည်း ယခုကိစ္စတွေမှာ တတ်စွမ်းသမျှကူညီပံ့ပို့းမှုတွေပြုလုပ်ပေးသွားမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်သွားမယ်လို့လည်း သူမကပြောဆိုတဲ့အကြောင်းသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
-ymg/knl
၁၂ ဇန်နဝါရီ ၂၀၂၄
မြန်မာ့တပ်မတော်နှင့် ရှမ်း(မြောက်)မဟာမိတ်(၃)ဖွဲ့တို့ ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံကူမင်းမြို့မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ငြိမ်းချမ်းရေးအတွက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်များနှင့် ရှမ်း(မြောက်) ညီနောင်မဟာမိတ်အဖွဲ့(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နှင့် AA ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြရာမှာ ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ကြတာဖြစ်တယ်လို့ အဆိုပါဆွေးနွေးပွဲနှင့် နီးစပ်တဲ့ သတင်းအရင်းအမြစ်များက YMGကိုအတည်ပြုပြောဆိုပါတယ်။
တရုတ်နိုင်ငံအစိုးရဲ့ ကြားဝင်စေ့စပ်မှုနှင့် ပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲမှာ အဆိုပါသဘောတူညီချက်ကို ဇန်နဝါရီ (၁၁)ရက် ဒေသစံတော်ချိန် ည(၁၀)နာရီမှာ ရရှိလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့လည်း သတင်းများကဆိုပါတယ်။
သဘောတူညီချက်များကို နှစ်ဘက်စလုံးက အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးသောလည်း လက်ရှိရောက်ရှိနေတဲ့နေရာကနေ နှစ်ဘက်တပ်တွေ ရှေ့ဆက်မတိုးဘဲ အပစ်ရပ်ထားရန်၊ ညီနောင်(၃)ဖွဲ့ မြို့သိမ်းတိုက်ပွဲတွေမလုပ်ရန်နှင့် တပ်မတော်မှလည်း လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများမလုပ်ရန်မူအားဖြင့် သဘောတူခဲ့ကြတယ်လို့သိရပါတယ်။
အဲဒီ့အပြင် နယ်စပ်ကုန်သွယ်ရေးတွေပြန်လည်ဖွင့်လှစ်ဖို့လည်း နှစ်ဘက်သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအတွက် အပစ်အခတ်တွေရပ်စဲသွားပြီးမှ တရုတ်နိုင်ငံ၊မြန်မာအစိုးရနှင့် ညီနောင်(၃)ဖွဲ့တို့ အသေးစိတ်ပြန်လည်ဆွေးနွေးဖွင့်လှစ်သွားဖို့ သဘောတူခဲ့ကြတာလို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။
ယခုဆွေးနွေးပွဲနှင့်ဆက်စက်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကိစ္စလည်း ဆက်လက်ဆွေးနွေးညှိနှိုင်းသွားဖွယ်ရှိတယ်လို့လည်းသတင်းများထွက်ပေါ်နေပါတယ်။
ယခုဆွေးနွေးပွဲကို မြန်မာဘက်မှ MNSPC ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ MNDAAမှ ဖုန်ခွန်း၊ကျင်းရှင်နှင့် အဖွဲ့ဝင်(၅)ဦး၊ TNLA မှ ဗိုလ်မှူးချုပ်တာဘုန်းကျော်နှင့်အဖွဲ့၊ ULA/AA. မှဒေါက်တာညိုထွန်းအောင်နှင့်အဖွဲ့ဝင်(၇)ဦးတို့တက်ရောက်ကြပြီး တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ် Mr. Deng Xin Junတို့တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
-ymg/knl
Date: January 11, 2024
Nay Pyi Taw: State Administration Council Vice Chairman and Deputy Prime Minister Vice Senior General Soe Win has emphasized the need for comprehensive efforts by officials to expedite the commencement of operations at the Kyauk Phyu Special Economic Zone, according to state media.
Vice Senior General Soe Win, who also serves as the Chairman of the Myanmar SEZ Central Committee, urged committee members to accelerate the project during their meeting yesterday in Nay Pyi Taw.
He also mentioned that, with an outlook toward the friendship between Myanmar and China, the Kyauk Phyu SEZ project will significantly contribute to the economic development of both countries.
Despite encountering challenges that resulted in project delays due to rigorous negotiations by the management committee over two years, the central committee conducted a comprehensive review based on the Win-Win principle. He elaborated that, ultimately, the Addendum to the Concession Agreement for the deep-sea port project was successfully signed on December 26, 2023.
The Vice Senior General also said that the Kyauk Phyu Project could be implemented at the fastest pace if the conditions precedent were carried out systematically and swiftly during the 18-month extended period of the Long Stop Date.
The implementation of this project would provide enhanced employment opportunities for local residents, and the emergence of skilled workers could further contribute to the development of other Special Economic Zones (SEZs), emphasized Vice Senior General.
Situated in the Kyauk Phyu Sea port town in Rakhine State, Myanmar, the Kyauk Phyu Special Economic Zone (SEZ) is a collaborative effort between Myanmar and China. Recognized as a strategically significant project, the long-awaited implementation has recently seen accelerated efforts from both sides.
-ymg/knl
Page 111 of 266