နစ်ကေးအေးရှား မဂ္ဂဇင်းအွန်လိုင်းစာမျက်နှာပါ ဆောင်းပါးရှင် Michael Haack ၏ U.S. 'nonlethal' aid for Myanmar's ethnic armies likely to backfire ဆောင်းပါးကို ဆီလျော်အောင်မြန်မာဘာသာသို့ပြန်ဆိုပါသည်။
၁ မေ ၂၀၂၄
မကြာသေးသော စစ်ပွဲများတွင် မြန်မာခုခံရေးတပ်များ၏ အနိုင်ရမှုတွေက ၂၀၂၁ခုနှစ်တွင် အာဏာရယူခဲ့သော မြန်မာစစ်တပ်သည် ခံစစ်တွင်ရှိနေသည်ကို ညွှန်ပြနေသည်။
ယခုလစောစောပိုင်းက စစ်အစိုးရသည် ထိုင်းနယ်စပ်တလျောက်က ကုန်သွယ်ရေးစင်တာတစ်ခုဖြစ်သည့် မြဝတီမြို့ကို ထိန်းချုပ်မှုဆုံးရှုံးခဲ့သည်။ခုခံရေးအဖွဲ့များသည် နေပြည်တော်ရှိ ပစ်မှတ်များနှင့် မန္တလေးအနီးရှိ စစ်တက္ကသိုလ်တို့ကိုလည်း ဒရုန်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
မြန်မာခုခံရေးအပေါ် အနောက်၏ ထောက်ခံအားပေးမှုကို သုံးသပ်ရန် သင့်တော်သည့်အချိန်တစ်ခုရောက်ပါပြီ။
ပဋိပက္ခသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပို၍အားကောင်းလာစေသည်။ ယင်းတို့ထဲမှ တော်တော်များများသည် ဆယ်စုနှစ်များစွာကတည်းက တည်ထောင်ထားကြပြီး သူတို့သည် ဒီမိုကရေစီရေးထက် လူမျိုးစုအရေတွေက ပိုများသည်။
ဒီမိုကရေစီကိုမြှင့်တင်ရေးထက် သေကြေစေသည့်အကွဲအပြဲများကို ပိုမိုဆိုးရွားစေသည့် အန္တရာယ်ရှိနေသော အကူအညီပေး ရေးမူဝါဒကို အကောင်အထည်ဖော်လုနီးပါးဖြစ်နေသည့် ဝါရှင်တန်အတွက် ဤအဖွဲ့များကို ဘယ်လိုကိုင်တွယ်မည်လဲဆို သည်က အဓိကပြဿနာဖြစ်လာသည်။
အမေရိကန်အနေဖြင့် လူဦးရေအများဆုံးနေထိုင်သည့် နေရာများကို ထိန်းချုပ်ထားသည့် စစ်တပ်ပြိုလဲကျသွားမည့် ဘက်က နေပြီး လောင်းပစ်လိုက်လို့မရပါ။ အထူးသဖြင့် ဝါရှင်တန်သည် ဆီရီးယား ပြည်တွင်းစစ်တွင် အကျိုးမဖြစ်ထွန်းသည့်အတွေ့ အကြုံရရှိပြီးနောက် ခုခံမှုများသို့ စစ်ရေးအကူအညီကမ်းလှမ်ခြင်းကို ပြန်ရုပ်သိမ်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် ဝါရှင် တန်က လက်နက်မဟုတ်သည့် အကူအညီများပေးနေသည်ဆိုသောအခြေအနေများတွင် ယင်းက ရှောင်ရှားရန် ကြိုးစားနေ သည့် ရလာဒ်များကို ဖန်တီးသွားစေနိုင်သည့် အန္တရာယ်တွေရှိလာနေသည်။
ပြီးခဲ့သည့်လက အမေရိကန်ကွန်ဂရက်ကအတည်ပြုခဲ့သော ဒေါ်လာ ၁.၂ ထရီလီယံရန်ပုံငွေအထုပ်ကြီးတွင် မြန်မာနိုင်ငံ အတွက် ယခုဘဏ္ဍာရေးနှစ်၌ ယင်း၏ ၂၃ရာခိုင်နှဒန်းဖြစ်သော ဒေါ်လာ ၁၆၇သန်းပါဝင်နေသည်။ ထိုအထဲတွင် ဒေါ်လာ ၇၅သန်းသည့် နယ်စပ်ဖြတ်ကျော်အကူအညီများအတွက်ဖြစ်ပြီး ဒေါ်လာ ၂၅သန်းမှာ စစ်အစိုးရကိုတိုက်ခိုက်နေသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပီဒီအက်ဖ်များအတွက် လက်နက်မဟုတ်သည့်အကူအညီများအတွက်ဖြစ်သည်။
ဒီလိုမျိုးဝါရှင်တန်က အရင်ရှိခဲ့ဖူးပါသည်။ သူတို့သုံးသည့် ဝေါဟာရက ဆီးရီးယားနှင့်သက်ဆိုင်သည့် ယခင်ရန်ပုံငွေများ အတည်ပြုရာတွင် သုံးခဲ့သည်။ ဆီးရီးယားတွင် သူတို့က ကျည်ကာအင်္ကျီနှင့် ရန်သူတပ်များတည်နေရာနှင့်ပတ်သက်သော ထောက်လှမ်းရေးသတင်းအချက်အလက်များ ပါဝင်သည့်အကူအညီများကို လက်နက်မဟုတ်သော အကူအညီဟူ၍ ပေးခဲ့ သည်။ ယင်းက နောက်ဆုံးမတော့ သေစေလောက်သည့်လက်နက်ကိရိယာများကို ဖြန့်ကျက်ချထားရေးဆီသို့သာ မယောင် မလည်နှင့် ဦးတည်သွားခဲ့သည်သာ ဖြစ်သည်။
အမေရိကန်၏ လှုပ်ရှားမှု လက်ငင်းအကျိုးသက်ရောက်သွားရသည်က မြန်မာ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ သူတို့က ပဋိပက္ခတွင် အမေရိကန်၏ ပါဝင်ပတ်သက်မှု အရှိန်မြှင့်တင်လာခြင်းတစ်ခုဟု အခြေအနေကို ရှုမြင်ကြလိမ့်မည်။
တရုတ်က စစ်အစိုးရနှင့် နယ်စပ်တလျောက်ရှိတိုင်းရင်းသားလက်နက်ကိုင်အုပ်စုနှစ်ဘက်စလုံးကို ကူညီကာ ခြံစည်းရိုးခွထိုင် နေခဲ့သည်။ အိန္ဒိယနှင့်ထိုင်းတို့ကလည်း စစ်တပ်အုပ်ချုပ်မှုကိုလက်ခံ၊ လက်နက်များနှင့် တိုက်ခိုက်ရေးသမားများ သူတို့၏ နယ်စပ်များကိုဖြတ်ကျော်သွားလာနေခြင်းများကိုလည်း ခွင့်ပြုပြီးနေလာခဲ့ကြသည်။ သူတို့အားလုံး ဘယ်သူကမျှ အမေရိကန် ၏ ပိုမိုကြီးမားလာသည့် ပတ်သက်ညိတွယ်မှုကို မြင်တွေ့လိုခြင်းမရှိကြပါ။
လက်နက်မဟုတ်သည့် အကူအညီများပေးရေးအစီအစဉ်သည် အမေရိကန်၏ ဗျူရိုကရက်များကိုလည်း ခေါင်းကိုက်စေ ပါလိမ့်မည်။ အမေရိကန်သည် ပင်လယ်ရပ်ခြား ဒီမိုကရေစီများကို အားပေးထောက်ခံရန်ဟူသည့် အတွေးအခေါ်ဖြင့် မောင်းနှင်နေချိန်တွင် မြန်မာနိုင်ငံသည် (ဒေါ်)အောင်ဆန်းစုကြည် နိုင်ငံတကာဇာတ်ညွှန်းများကို မောင်းနှင်နေသည့် အချိန်တုန်းကထက် ယခုပိုမိုရှပ်ထွေးနေသည်ကို ယခုအခါ ဝါရှင်တန်က နားလည်သဘောပေါက်လာသည်။
အင်အားအကြီးမားဆုံးသော လက်နက်ကိုင်အုပ်စုများသည် လူမျိုးစုအလိုက်ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံ၏ ပိုင်နက်ကို ဘယ်လိုခွဲခြမ်းမလဲဆိုသည်နှင့်ပတ်သက်၍ မတူကွဲပြားမှုများက ကာလရှည်ကြာစွာပင် အမြစ်တွယ်နေသည်။
သူတို့နှင့်အတူရှိနေသည်က စစ်အစိုးရ၏ လမ်းပေါ်ကဆန္ဒပြမှုများနှင့် သပိတ်မှောက်မှုများကို ရက်စက်စွာနှိမ်နှင်းခဲ့မှုအပေါ် ပြန်လည်တုန့်ပြန်ရန် မြို့ပြလူငယ်များဖြင့်ဖွဲ့စည်းထားသည့်ပြည်သူ့ကာကွယ်ရေးတပ်အုပ်စု(ပီဒီအက်ဖ်)များဖြစ်သည်။ သူတို့သည် အစပိုင်းတွက် လက်နက်လည်းမရှိ၊ စစ်သင်တန်းတွေလည်းမရှိဘဲ တိုင်းရင်းသားစစ်တပ်များ၏ အကူအညီတစ်ခု တည်းဖြင့် သမားရိုးကျစစ်ပွဲကို ဆင်နွှဲနိုင်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်းတွင် အစိုးရတပ်များသည် လတ်တလောတွင် နယ်မြေများဆုံးရှုံးခဲ့သည်။ မြို့ပြ ဒေသများရှိ တိုက်ပွဲကြီးများလိုလိုတွင် ကေအိုင်အေ၊ချင်းအမျိုးသားကာကွယ်ရေးတပ်(CNF)နှင့် ၁၉၈၈ လူထုအုံကြွမှုအပြီး ဖွဲ့စည်းခဲ့သည့် ABSDF တို့ ၏ ဦးဆောင်မှု သို့မဟုတ် ပါဝင်ပတ်သက်မှုတွေရှိခဲ့သည်။
အမေရိကန်သည် ခုံခံရေးအဖွဲ့များနှင့် ယခင်ကမရှိခဲ့ဖူးသည့်ထိတွေ့ဆက်ဆံမှုများ လူသိရှင်ကြားရှိလာသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ် ဒါရက် ချိုလက်သည် ကရင်၊ကချင်၊ ကရင်နီနှင့်ချင်းအုပ်စုများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီရေး သူတို့၏ ထူးချွန်စွာကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုခဲ့ကြောင်း ဆိုရှယ် မီဒီယာ ပလက်ဖောင်း အိတ်စ်မှတစ်ဆင့် ကြေညာခဲ့သည်။
ယင်းလုပ်ရပ်က ဝါရှင်တန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို မြန်မာနိုင်ငံ၏ သူရဲကောင်းအသစ်များအဖြစ် မြှောက်စားရန် သွေးဆောင်သိမ်းသွင်းခြင်းဖြစ်သည်။ သို့သော် သူတို့ကို တွန်းအားပေးနေသော သွေးနှင့်မြေ အမျိုးသား ရေးဝါဒက အမေရိကန်ပြည်ထောင်စု၏ မဏ္ဍိုင်များဖြစ်သော ဉာဏ်အမြင်တန်ဖိုးတွေနှင့် အတော့်ကို ဆင်တူခြင်း မရှိလှပါ။
မြန်မာနိုင်ငံ၌ တရုတ်ဩဇာအပေါ်တန်ပြန်သည့်ရည်မှန်းချက်ဆိုလျှင်ပင် ဘေဂျင်းက နှစ်ဖက်စလုံးကို လက်နက်များ ကူညီနေသည့်အတွက် အမေရိကန်၏ အားပေးထောက်ခံမှုက ဘာမှ အကြီးအကျယ်ခြားနားမှုရှိလာနိုင်ဖွယ် မမြင်ပါ။ သို့သော် ခါးသီးဖွယ်ကောင်းလှသည့်အမှန်တရားမှာ လူမျိုးစုအစိတ်စိတ်အပိုင်းပိုင်းနယ်မြေများအဖြစ် မြန်မာနိုင်ငံကိုဦးတည်ရွေ့လျား နေစေခြင်းသာ ဖြစ်ပါသည်။
ပြည်ပမှသာ အဓိကအားဖြင့် လုပ်ငန်းလုပ်ဆောင်နေသော ဒီမိုကရေစီလိုလားသော မျက်နှာစာ၏တစ်ခုဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရသည် သံတမန်ရေးများနှင့် မဟာမိတ်များတည်ဆောက်ရေးအခန်းကဏ္ဍကို လုပ်ဆောင်နေပြီး မြန်မာပြည် တွင်း၌ သူတို့သည် လူမျိုးစုတပ်များ၏ အင်အားကိုသာ အဓိကအားထားနေခဲ့ကြရသည်။မည်သည့် ငြိမ်းချမ်းရေး ပြေငြိမ်းမှုများ မဆို ဤအင်အားချိန်ခွင်လျှာများကို စဉ်းစားသုံးသပ်ကြရလိမ့်မည်ဖြစ်ပြီး ယင်းက လူမျိုးစုအခြေပြုသည့် ဒေသအလိုက် အုပ်ချုပ်ရေးနယ်မြေများဖန်တီးခြင်းကို ဦးတည်သွားနိုင်ဖွယ်ရှိနေသည်။
စစ်ပွဲများတွင်ပတ်သက်နေသည့် လက်နက်ကိုင်အုပ်စုများကို အားပေးထောက်ပံ့ခြင်းဖြင့် အကြမ်းဖက်မှုအခြေအနေများ မြင့် တက်လာမည်ကို အမေရိကန်ရော မြန်မာကပါ မလိုလားကြပါ။ တရုတ်ကို စစ်ပွဲတွေအတွင်း ပိုကျွံသွားအောင် ဆွပေးဖို့ကြိုးစား ခြင်းကလည်း အမေရိကန်အတွက် ဘာအကျိုးမှမရှိပါ။
တရုတ်နှင့်အမေရိကန်အကြား ကစားပြီး အရှေ့တောင်အာရှနိုင်ငံအများစုက အကျိုးဖြစ်ထွန်းနေချိန်တွင် မြန်မာအတွက် ဖြစ်လာနိုင်ဖွယ်အရှိဆုံး ရလာဒ်က အကြမ်းဖက်မှုများနှင့်သေဆုံးမှုများ ပိုမိုများပြားလာခြင်းပဲဖြစ်သည်။ ယင်းက စစ်ပွဲတွေ မရပ်မနားဖြစ်နေဖို့ အခြေအနေတွေကိုသာ ဖန်တိးပေးလိမ့်မည်။ နိုင်ငံကို အစိတ်အပိုင်းအများကြီးအကွဲကွဲဖြစ်သွားစေ ခြင်းက ငြိမ်းချမ်းရေးအဓွန့်ရှည်ဖို့ အကောင်းဆုံးမျှော်လင့်ချက်ကို ဖြစ်စေနိုင်သည်ဟု အချို့က စောဒကတက်ကြသည်။ သို့သော် လတ်တလောတွင် ချင်းပြည်နယ်၌ ပြိုင်ဘက် ဒေသကောင်စီများအကြား အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းက လူမျိုးစုများအတွင်း အကွဲအပြဲများက ရှုပ်ထွေးမှုနောက်အသစ်များကို ဦးတည်သွားနိုင်ဖွယ်ရှိကြောင်း ညွှန်းဆိုပြသနေသည်။
ငြင်းမရသော အမှန်တရားတစ်ခုမှာ ယခုပဋိပက္ခသည် ခပ်မြန်မြန် ခပ်လွယ်လွယ်ဖြေရှင်း၍ရသည့် ပဋိပက္ခတစ်ခု မဟုတ်ခြင်းပင်။ရလာဒ်ကို ဆုံးဖြတ်ဖန်တီးရန် အမေရိကန်၏ မည်သည့်ကြိုးပမ်းမှုမျိုးမဆို ကျရှုံးဖို့များသည်။ မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ အားကောင်းလာစေရန်ဆောင်ရွက်ခြင်းတို့ကို ဝါရှင်တန်က တိုးမြှင့်ဆောင်ရွက်သင့်ပါသည်။ စစ်ပွဲတွေ ပိုဖြစ်လာဖို့ အမေရိကန်က ထောက်ခံအားမပေးသင့်ပါ။
(ဆောင်းပါးရှင် မိုက်ကယ်လ်ဟက်သည် ဝါရှင်တန်အခြေစိုက် မြန်မာမူဝါဒအင်စတီကျူ အဖွဲ့၏ advocacy coordinator အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်)
U.S. 'nonlethal' aid for Myanmar's ethnic armies likely to backfire by Michael Haack published in Nikkei Asia
(မှတ်ချက်။ ယခုဆောင်းပါးကို မူရင်းအင်္ဂလိပ်ဘာသာအတိုင်း မြန်မာသို့ပြန်ဆိုခြင်းဖြစ်၍ မြန်မာနိုင်ငံတွင် တရားဝင်ခေါ်ဝေါ်သုံးစွဲမှုများနှင့်ကွဲလွဲမှုရှိနိုင်ပါသည်။ သို့သော် ဘာသာပြန်သူ၏ မူရင်းကိုသိရှိစေရန် နှင့်အာဘော်ကိုခြုံငုံမိစေရန်ရည်ရွယ်၍ အတတ်နိုင်ဆုံး တိုက်ရိုက်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)
၁ မေ ၂၀၂၄
မြန်မာနိုင်ငံသို့ပေးပို့မည့် ဖောက်ခွဲဖျက်ဆိးရေးပစ္စည်း အမြောက်အများကို အိန္ဒိယ-မြန်မာနယ်စပ် အိုင်ဇိုမြို့ပြင်မှာ စစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့ကပြောတဲ့အကြောင်း အိန္ဒိယမီဒီယာများက သတင်းရေးသားကြပါတယ်။
ဧပြီ ၃၀ ရက် မနက်စောစောမှာ နာသီယယ်လ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေဟာ MZ 01 AA 3655 ယာဉ်အမှတ်ပါ ကက်ဗ် ကားတစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ ကားမောင်းသူဟာ မီဇိုရမ်တောင်ပိုင်း မြန်မာနယ်စပ်အနီး ဆန်ဂိုမြို့ဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၂၄နှစ်အရွယ် အိတ်ချ်ရမ်မိုပူရီယာဆိုသူဖြစ်ပါတယ်။ သူဟာ ဆန်ဂိုမြို့သို့ ဒိုင်းနမိုက် ၈၀၀၀ ခုနှင့် စနက်တံ ၁၅၀၀တို့ကို ကားနှင့် တရားမဝင် သယ်ဆောင်လာစဉ်ဖမ်းမိခဲ့တာလို့သတင်းမှာဖော်ပြထားပါတယ်။
အဆိုပါဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေကို မြန်မာနိုင်ငံက လက်နက်ကိုင်အုပ်စုတွေအတွက် သယ်ဆောင်တာဖြစ်နိုင်တယ်လို့ ရဲက ပြောပါတယ်။ ဒိုင်းနမိုက်တွေကို ကတ်ထူဘူး ၄၀နှင့် စနက်တံတွေကို ဘူး ၅ ဘူးထဲ ဝှက်ထည့်လာတာဖြစ်ပါတယ်။
ယခင်ကလည်း အလားတူ ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေကို မြန်မာနိုင်ငံချင်းပြည်နယ်မှ ဘန်တလန်ရွာသို့ပေးပို့ခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ဖူးကြောင်း မီဒီယာများကရေးသားကြပါတယ်။
ယင်းအပြင် အဲဒီရက်မွန်းလွဲပိုင်းမှာပဲ အဆိုပါဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေကို ပိုင်ဆိုင်တယ်လို့ဆိုသူ မြန်မာနိုင်ငံ ဘန်တလန်ရွာက စထရာလျန်နာကိုလည်း ဆန်ဂိုမြို့မှာဖမ်းဆီးလိုက်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
@ymg/knl
၃၀ ဧပြီ ၂၀၂၄
ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ်များက လွန်ခဲ့သော ၂၄နာရီအတွင်း ယူကရိန်းက ပစ်လွှတ် လိုက်တဲ့ အမေရိကန်ထုတ် ကြည်းတပ်စစ် နည်းဗျူဟာဒုံးကျည် စနစ် Army Tactical Missile Systems (ATACMS) ဒုံးကျည်(၆)စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဧပြီ၃၀ရက်မှာ ရုရှားကထုတ်ဖော်ပြောကြားပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းထံသို့ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာသန်း၃၀၀အတွဲရဲ့ အစိတ် အပိုင်းအဖြစ် တာဝေးပစ်ဒုံးကျည်တွေကို လျှို့ဝှက်စွာပေးပို့ခဲ့ပြီးဖြစ်ပါတယ်။အဆိုပါစစ်ရေးအကူအညီကို ပြီးခဲ့တဲ့မတ် ၁၂ရက်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။
၃၀၀ကီလိုမီတာအထိသွားနိုင်တဲ့ ATACMS ဒုံးကျည်တွေကို ယူကရိန်းသို့တင်ပို့ရေးကိစ္စကို ဘိုင်ဒင်အစိုးရ အတွင်းမှာ ပြီးခဲ့တဲ့လများက အကြိတ်အနယ်ငြင်းခုန်ခဲ့ကြရပါတယ်။ တာလတ် ATACMS ဒုံးကျည်တွေကို တော့ ပြီးခဲ့တဲ့စက်တင်ဘာက ယူကရိန်းသို့တင်ပို့ပေးပြီးပြီလို့သိရပါတယ်။
အဆိုပါ ATACMS ဒုံးကျည်ခြောက်စင်းကို ဘယ်နေရာတွေမှာ ပစ်ချခဲ့တာလဲဆိုတာကိုတော့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်မပြောပါဘူး။
“ ယူကရိန်းရဲ့ ဒရုန်းဆယ်စင်း၊ အမေရိကန်ထုတ် ATACMS ဒုံးကျည် ခြောက်စင်းနှင့် ပြင်သစ်ထုတ် ပဲ့ထိန်းစနစ်သုံး ဟမ်မား လေယာဉ်ဗုံး (၂)လုံးကို ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးက ပစ်ချခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုခြင်းဖြစ်ပါတယ်။
ATACMS ဒုံးျကည်တွေကို ကျွန်းဆွယ် အပေါ်မှာ ပစ်ချခဲ့တာလို့ ရုရှားကျောထောက်နောက်ခံပြုထားတဲ့ ခရိုင်မီးယားဒေသအကြီးအကဲ ဆာဂေးအက်ယိုနော့ဗ်က ပြောပါတယ်။
သူက မပေါက်ကွဲသေးတဲ့ ATACMSဒုံးကျည်ပုံတွေကို သူ့တယ်လီဂရမ်ချယ်နယ်မှာတင်ထားတာဖြစ်ပြီး ဒုံးကျည်ဘယ်နှစင်းဆိုတာလဲတော့ သူကမပြောပါဘူး။
Source Reuters
@ymg/knl
၂၉ ဧပြီ ၂၀၂၄
တည်ငြိမ်အေးချမ်းမှု ရှိပြီးဖြစ်သည့် မြို့/ရွာများအတွင်း အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်ခိုအောင်းမှု မရှိစေရေး လုံခြုံရေး အသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်များမှ ဝန်ကြီးချုပ်များကို မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဧပြီလ ၂၉ရက်နေ့လယ်ပိုင်းက နစက ဒုတိယဥက္ကဋ္ဌ၊ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်ကရင်ပြည်နယ် နှင့် မွန်ပြည် နယ်တို့မှ ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မော်လမြိုင်မြို့၌ တွေ့ဆုံအမှာစကားပြောကြားရာမှာ ယင်းကို ထည့်သွင်းမှာကြားခဲ့တာဖြစ်ပါတယ်။
ကရင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့သည် နယ်စပ်ဒေသများဖြစ်ပြီး အရေးပါသော နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်များရှိသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီးက မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင်လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ သုံးဦးသုံးဖလှယ် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများကို နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးစည်းရုံး ဆောင်ရွက်သွားရန်လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
ကရင်ပြည်နယ်နှင့် မွန်ပြည်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေး နှင့် ဒေသခံပြည်သူများ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရန်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက မှာကြားခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦးနှင့်တာဝန်ရှိသူတွေက နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ ယာယီနေရပ် စွန့်ခွာပြည်သူများနေထိုင်နိုင်ရန် ယာယီတိုက်ပွဲရှောင်စခန်းများ ဖွင့်လှစ်ထား ရှိမှုနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများ၊ အကြမ်းဖက် သမားများ ဖျက်စီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့်မြို့၊ ရွာများတွင်ပြန်လည်ထူထောင်ရေးနှင့် မိုင်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ပြန်လည်တင်ပြခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်မှူးကြီဂသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တပ်နယ်များမှ တပ်မှူးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ များအား ညှိနှိုင်းဆွေးနွေးမှာကြားခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးဟာ မနက်ပိုင်းကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေး နှင့်လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရပါ တယ်။
@ymg/knl


၂၉ ဧပြီ ၂၀၂၄
ဝန်ကြီးအဖွဲ့သစ်စာရင်းမှာ ဒုတိယဝန်ကြီးချုပ်ရာထူးကို သူဆုံးရှုံးသွားတာကို မြင်တွေ့ပြီးနောက် ရာထူးမှ နှုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟီဒါနုကာရာနေရာတွင် အစားထိုးမည့် နိုင်ငံခြားရေး ဝန်ကြီးအသစ်ကိုရွေးချယ်ပြီးပြီလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းက တနင်္လာနေ့ ဧပြီ၂၉ ရက်က ပြောပါတယ်။
အဲဒီသူဘယ်သူလည်းဆိုတာကိုတော့ ဝန်ကြီးချုပ်က ထုတ်မပြေပါဘူး။ နိုင်ငံခြားရေးဝန်ကြီးအသစ်ဟာ ဖွေထိုင်းပါတီအတွက် နိုင်ငံခြားရေးမူဝါဒကို ကန့်လာကာနောက်ကွယ်က လုပ်ပေးနေသူတစ်ဦးဖြစ်တယ် လို့ပဲ ဝန်ကြီးချုပ်ကပြောသွားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးအသစ်အမည်ကို ထိုင်းဘုရင်မင်းမြတ်ဆီမှ အတည်ပြုချက်ရယူဖို့ မတင်သွင်းခင်မှာ သူ့ရဲ့ အရည်အချင်းတွေကို စစ်ဆေးနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ကဆက်ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ ဖွေထိုင်းပါတီဝင်တစ်ဦးဖြစ်တဲ့ မစ္စတာ ပန်ပရီဟာ သူ့ရဲ့နှုတ်ထွက်စာကို တနင်္ဂနွေနေ့က ဝန်ကြီးချုပ်ဆီတင်သွင်းခဲ့တာဖြစ်ပါတယ်။
မစ္စတာပန်ပရီကို နိုင်ငံခြားရေးဝန်ကြီးတာဝန်ပဲပေးတာဟာ သူ့ရဲ့ဒုတိယဝန်ကြီး ဂျက်ကရာပွန် ဆန်ဆာမီ ကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ရွှေ့ပြောင်းလိုက်တဲ့အတွက် သူ့ကို နိုင်ငံခြားရေးတာဝန်ကို အပြည့်အဝ ထိန်းချုပ်ဆောင်ရွက်စေချင်လို့ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ဆရက်သာက ခုခံပြောဆိုပါတယ်။
မစ္စတာပန်ပရီနှုတ်ထွက်မယ်လို့ သူထင်မထားကြောင်းနှင့် အပြောင်းအလဲလုပ်လိုက်တာဟာ သူ့ကို မကျေမနပ်ဖြစ်သွားစေခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်လို့ ဝန်ကြီးချုပ်ဆရက်သာက ပြောကြားလိုက် ပါတယ်။
@bkkpost
@ymg/knl
၂၉ ဧပြီ ၂၀၂၄
ထိုင်းနိုင်ငံမှာ အစိုးရအဖွဲ့အပြောင်းအလဲကြေညာပြီးနောက် ဒုတိယဝန်ကြီးချုပ်ရာထူးမှဖယ်ရှားခံရပြီး နိုင်ငံခြားရေးဝန်ကြီးရာထူးတစ်ခုသာ ပြန်လည်ခန့်အပ်ခံရတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟီဒါ နူကာရာဟာ ရာထူးမှနှုတ်ထွက်သွားပါတယ်။
သူဟာ မြန်မာနိုင်ငံရေးရာနှင့်ပတ်သက်တဲ့အဖွဲ့ကို ဦးဆောင်နေပြီး ပြီးခဲ့တဲ့လက လူသားချင်းဆိုင်ရာ အကူအညီတွေပေးခဲ့ကာ မြန်မာအရေးအတွက် တွေ့ဆုံဆွေးနွေးရေးကိုကြိုးစားနေချိန်မှာ နှုတ်ထွက်ခဲ့ တာဖြစ်ပါတယ်။သူနှုတ်ထွက်မှုကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဦးဆောင်သူမဲ့သွားရပါတယ်လို့ ရိုက်တာကသတင်းရေးပါတယ်။
ပန်ပရီဟာ ဂါဇာမှာ ဟားမာ့းစ်တွေဖမ်းဆီးထားတဲ့ ထိုင်းဓားစာခံ ဒါဇင်များစွာ လွတ်မြောက်ရေးအတွက် လည်း ကြိုးပမ်းခဲ့ပါသေးတယ်။
ပန်ပရီရဲ့ နှုတ်ထွက်စာကို ဝန်ကြီးချုပ် ဆရက်သာ သာဗစ်ဆင်လက်ခံရရှိတယ်လို့ ထိုင်းအစိုးရ ပြောရေး ဆိုခွင့်ရသူ ချိုင်းဝါချာရွန်ကီက ရိုက်တာကိုပြောပါတယ်။
“ ပန်ပရီနှုတ်ထွက်တာဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပေါ် ဘယ်လိုမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါ ဘူး။ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးဌာနမှာ အမြဲတမ်းအတွင်းဝန်နှင့်အရာရှိတွေက သူ့အစား အလုပ်လုပ် နိုင်လို့ဖြစ်ပါတယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။
သူနှုတ်ထွက်မှုအပေါ် တော်တော်များများတော့ အံ့အားသင့်ခဲ့ကြပါတယ်။ ဒုတိယဝန်ကြီးချုပ် ဖမ်သမ် ဝီချာရာချိုင်းက သူမျှော်လင့်မထားဘူးလို့ မီဒီယာတွေကိုပြောပါတယ်။
ပန်ပရီကို ဆက်သွယ်ပြီး မှတ်ချက်ရယူလို့မရသေးပါဘူး။
ဆရက်သာရဲ့ အစိုးရအဖွဲ့အသစ်ကို ထိုင်းဘုရင်က အတည်ပြုပေးပြီး အစိုးရရဲ့ တော်ဝင်ပြန်တမ်းမှာ ထည့် သွင်းထုတ်ပြန်ထားရာမှာ ပန်ပရီဟာ နိုင်ငံခြားရေးဝန်ကြီးရာထူးသီးသန့်သာတွေ့ရပြီး ပူးတွဲရာထူးဖြစ်တဲ့ ဒုတိယဝန်ကြီးချုပ်ရာထူး မပါဝင်တော့တာဖြစ်ပါတယ်။
ကုန်သွယ်ရေးကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ပန်ပရီဟာ သူ့ကို ဒုတိယဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့တာဟာ သူ့ရဲ့ လုပ်ငန်းဆောင်တာမှတ်တမ်းကြောင့်မဟုတ်ကြောင်းနှင့် သူဟာ အလုပ်ကို ကောင်းစွာလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့နိုင်ငံတကာပုံရိပ်ကိုမြှင့်တင်ပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုမှာ ပါရှိတဲ့ သူ့ရဲ့ နှုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။
@ymg/knl
၂၈ ဧပြီ ၂၀၂၄
သူ၏ သမ္မတအုပ်ချုပ်မှုအောက်တွင် အမေရိကန်သည် အခြေခံအားဖြင့် အားလုံးကိုပြန်စဉ်းစားရမည်ဟု ပြောထားပါတယ်။ သူသာ သမ္မတပြန်ဖြစ်ခဲ့ပါက ဥရောပနှင့် ဆက်ဆံရေးကို ပြန်ပြောင်းရန် သူက စီစဉ်ထားပါတယ်။အောက်ပါအချက်အလက်များမှာ သူ သမ္မတပြန်ဖြစ်ခဲ့ပါက ထရမ့်ကျင့်သုံးမည့် နိုင်ငံခြားရေးမူဝါဒအချို့ကို သုံးသပ်ဖော်ပြထားပါတယ်။
နေတိုး၏အဆိုပြုချက်နှင့် မစ်ရှင်
သူသာ သမ္မတဖြစ်ခဲ့လျှင် ယူကရိန်းသို့ အမေရိကန်က ပေးပို့ခဲ့သည့် လက်နက်ခဲယမ်းမီးကျောက်တန်ဖိုး ဒေါ်လာ ၂၀၀ဘီလျံနီးပါးအတွက် ဥရောပထံမှ အမေရိကန်သို့ ပြန်ပေးရန် တောင်းဆိုမည်၊ ယူကရိန်း သို့ နောက်ထပ်အကူအညီပေးဖို့လည်း သူကတိမပေးနိုင်ဟု ထရမ့်ကပြောပါတယ်။
ထရမ့်ဟာ သူပထမအကြိမ် သမ္မတဖြစ်စဉ်က သက်တမ်းကုန်ခါနီးတွင်နေတိုးသို့ကူညီသည့် ကာကွယ်ရေး ရန်ပုံငွေကို ဖြတ်တောက်ခဲ့ပါတယ်။ အမေရိကန်သည် နေတိုးထံ မျှတသည့်ရှယ်ယာထက်ပိုပြီး ပေးနေ သည်ဟု သူက မကြာဏ အပြစ်တင်ခဲ့ပါတယ်။
ယူကရိန်း
အထူးသဖြင့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ စစ်ရှိန်လျှော့ဖို့တောင်းဆိုခဲ့ပါတယ်။ သူ သမ္မတထပ်ဖြစ်ရင် ယင်းပဋိပက္ခကို ၂၄နာရီအတွင်းဖြေရှင်းပေးမယ်လို့လည်း ဆိုပါတယ်။ သူ့တွင် ဆုပ်ကိုင်ပြနိုသည့် အဆိုပြု ချက်ရှိပြီး ငြိမ်းချမ်းရေးသဘောတူညီချက်အရ ယူကရိန်းသည် အချို့သော ပိုက်နက်များကို ပေးအပ်ရ လိမ့်မည်ဟု ပြီးခဲ့တဲ့နှစ်က ရိုက်တာနှင့် အင်တာဗျူးတွင် ထရမ့်ကပြောခဲ့ပါတယ်။
ဧပြီလစောစောပိုင်းကလည်း ယူကရိန်းကို ထပ်မံပေးမည့် အကူအညီများကို ချေးငွေအနေနှင့်သာ သူ ပေးမည်ဟုပြောခဲ့ပါတယ်။ ယခုလနှောင်းပိုင်းက ဒေါ်လာ ၆၁ဘီလျံအကူအညီကိစ္စ ကွန်ဂရက်တွင် စေ့စပ် အပေးအယူလုပ်နေသည့်အပေါ် သူက အတော်ကြီးကို နှုတ်ဆိတ်နေခဲ့ပါတယ်။
တရုတ်၊ ကုန်သွယ်ရေးနှင့် အခွန်အကောက်
တရုတ်နိုင်ငံနှင့် အချို့သော ဥရောပမဟာမိတ်များအပေါ် အခွန်စည်းကြပ်မှုအသစ်များ သို့မဟုတ် ကုန်သွယ်ရေးကန့်သတ်မှုများ အကြီးအကျယ်လုပ်ဆောင်မည်ဟု ထရမ့်က မကြခဏဆိုသလို ခြိမ်း ခြောက်နေပါတယ်။
ကုန်သွယ်ရေး အတားအဆီးတွေလုပ်ဖို့ဆုံးဖြတ်ထာသည့် နိုင်ငံတွေအပေါ် လက်တုန့်ပြန် အခွန်စည်းကြပ် မှုတွေမြှင့်တင်ဆောင်ရွက်မယ်လို့လည်း ထရမ့်ကပြောထားပါတယ်။ နိုင်ငံတကာဈေးကွက်ကြီးကို ဖြတ်တောက်ပစ်နိုင်မည့် ၁၀ရာခိုင်နှုန်း ကမ္ဘာလုံးဆိုင်ရာ အခွန်အကောက်စိတ်ကူးကိုလည်း သူက လူသိရှင်ကြားပြောခဲ့ပါတယ်။
ကုန်သွယ်ရေးဦးစားအပေးဆုံးနိုင်ငံအဆင့်ကနေ တရုတ်ကို အဆုံးသတ်ပစ်မယ်လို့လည်း ထရမ့်က ပြောထားပါတယ်။အမေရိကန်အထဲမှာရှိတဲ့ သန်စွမ်းအားကောင်းတဲ့ တရုတ်ပိုင်ဆိုင်မှုတွေ အပေါ် ကန့်သတ်မှုအသစ်တွေလုပ်မယ်လို့လည်း ထရမ့်ကပြောခဲ့ပါတယ်။
ထရမ့်က ထိုင်ဝမ်ကိစ္စကို ပြောခဲပါတယ်။ တရုတ်က ထိုင်ဝမ်ကိုကျူးကျော်ရင်ဘာလုပ်မလိုဆိုသည့် အပေါ်လည်းတုန့်ပြန်မှုမပေးဘဲ သူသာသမ္မတဖြစ်ရင် တရုတ်ဟာ ဘယ်တော့မှ ထိုင်ဝမ်ကိုကျုးကျော်ရဲမှာ မဟုတ်ဘူးလို့ပဲပြောခဲ့ပါတယ်။
မက္ကဆီကိုနှင့် မူးယစ်ဆေးဝါး
မက္ကဆီကိုမှာ မူးယစ်လုပ်ငန်းတွေလုပ်နေကြတဲ့ မူးယစ်လုပ်ငန်းအုပ်စုတွေကို သူ့အနေနှင့် နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ်သတ်မှတ်ကြေညာမယ်လို့ ထရမ့်ကပြောထားပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်တွေနှင့် အခြေခံအဆောက်အဦတွေကို တိုက်ခိုက်ဖို့ အထူးတပ်ဖွဲ့ကို သင့်လျော်သလို အသုံးပြုဖို့ ပင်တဂွန်ကိုသူညွှန်ကြားမယ်လို့လည်းဆိုပါတယ်။ အဲဒီအစီအစဉ်ကိုတော့ မက္ကဆီကို အစိုးရက ချီးမွမ်းဖို့သိပ်မရှိလှပါ။
အမေရိကန်ရေတပ်ကိုလည်း သူတို့လုပ်ငန်းတွေကို ပိတ်ဆို့တားဆီးဖို့ စေလွှတ်မယ်လို့ သူကပြောပါတယ်။
အစ္စရေးပဋိပက္ခ
အစ္စရေးခေါင်းဆောင်တွေကို သူကစောစောပိုင်းမှာ တိုက်ခိုက်ပြောဆိုမှုတွေလုပ်ခဲ့ပြီး အောက်တိုဘာ ၇ ရက် မှာ အမေရိကန်နိုင်ငံသားတွေ ဟားမာ့စ်ရဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းမှာတော့ သူက ဟားမားကို ချေမှုန်းပစ်ကိုပစ်ရမယ်လို့ပြောလာခဲ့ပါတယ်။ သို့သော် သူသည် မူဝါဒဆိုင်ရာ ဖြေရှင်းမှုအချို့ကို အဆိုပြုခဲ့ပါတယ်။
ဟားမားကိုစာနာကြတဲ့ အမေရိကန်က အမြဲတမ်းနေထိုင်ခွင့်ရသူ(ကတ်အစိမ်းကိုင်ထားကြသူ)တွေကို မိခင်နိုင်ငံပြန်ပို့မယ်လို့လည်း ထရမ့်ကပြောထားပါတယ်။
အာဖဂန်နစ္စတန်
၂၀၂၁ခုနှစ်မှာ အမေရိကန်တပ်တွေပြန်ရုပ်သိမ်းစဉ် ကျန်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို အာဖဂန်က ပြန်လည်ပေးအပ်ဖို့ သူတောင်းဆိုမယ်လို့ မဲဆွယ်ပွဲမှာ ထရမ့်ကပြောခဲ့ပါတယ်။ ၂၀၂၁ခုနှစ်တုန်းကတော့ သူ့အနေနှင့် အဲဒီစစ်ပစ္စည်းတွေကို ဗုံးကြဲပစ်မယ်လို့တစ်ကြိမ်ပြောခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ အဲဒါကို သူထပ်မပြောတော့ပါဘူး။
ရာသီဥတု
သဘာပတ်ဝန်းကျင်ဆိုင်ရာ ပါရီသဘောတူညီချက်ကနေ ထရမ့်သမ္မတဖြစ်စဉ်မှာ နှုတ်ထွက်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၁ မှာ အဲဒီအဖွဲ့ထဲ အမေရိကန်က ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ သူက အဲဒီ အဖွဲ့က ပြန်ထွက်မယ်လို့ မကြာခဏထပ်ပြောနေပါတယ်။
ဒုံးကျည်ကာကွယ်ရေး
အမေရိကန်နိုင်ငံတစ်လွှားမှာ ခေတ်မီဆန်းသစ်တဲ့ ဒုံကျည်ကာကွယ်ရေးစနစ်တည်ဆောက်မယ်လို့ ထရမ့်က ကတိပေးထားပါတယ်။သူက အသေးစိတ်တော့မပြောပါဘူး။ သူ့အစိုးရက တီထွင်ဖွဲ့စည်းခဲ့တဲ့ အာကာသတပ်ဟာ အဆိုပါလုပ်ငန်းစဉ်မှာ ဦးဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်မယ်လို့သူကဆိုပါတယ်။
Source Reuters
@ymg/knl
Page 93 of 268