Published 19 May 2023
မိုခါမုန်တိုင်းကြောင့် IDP Camp များတွင်နေထိုင်သော ဘင်္ဂလီလူမျိုး ၄၀၀သေဆုံးသည်ဟုရေးသားဖော်ပြနေကြသည်များ မှန်ကန်မှုမရှိကြောင်း နစကသတင်းမှန်ပြန်ကြားရေးက ငြင်းဆိုလိုက်ပါတယ်။
စစ်တွေမြို့အပါအဝင် IDP Camp ၁၇ ခုရှိ ခိုလှုံဘင်္ဂါလီလူဦးရေ ၁၂၅၇၈၉ ဦးအနက်ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်လိုအပ်သည့် ၆၃၃၀၂ ဦးခန့်အား ဘေးလွတ်ရာအဆောက်အဦများနှင့်ဆိုင်ကလုန်း Shelter များသို့ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
ဆိုင်ကလုန်း မိုခါဝင်ရောက်ပြီးနောက် မေလ ၁၇ ရက်အထိ မြေပြင်ကောက်ခံရရှိသည့် စာရင်းများအရ တပ်မတော်သား၄ ဦး၊ ဒေသခံတိုင်းရင်းသား ၁၈ ဦးနှင့် ဘင်္ဂါလီ ၂၆ ဦး၊ စုစုပေါင်း ၄၈ ဦး သေဆုံးကြောင်းသတင်းထုတ်ပြန်ခဲ့ပြီး မေလ ၁၈ ရက်နေ့ ထပ်မံရရှိသတင်းအရ ဒေသခံ ၆ ဦးနှင့်ဘင်္ဂါလီ ၉၁ ဦး၊ ပေါင်း ၉၇ ဦး သေဆုံးကြောင်းသိရှိရတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယခုသေဆုံးသူတွေဟာ တာဝန်ရှိသူများမှ ပြောင်းရွှေ့ပေးမှုအပေါ် လိုက်ပါခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့် နေအိမ်များ၌ကျန်ရှိခဲ့သူတွေဖြစ်တယ်လို့လည်းသိရပါတယ်။
အဲဒီအတွက်ကြောင့် လူမှုကွန်ရက်များတွင် ဖော်ပြနေသည့်ဘင်္ဂါလီလူမျိုး သေဆုံးသူဦးရေ ၄၀၀ ကျော် ဆိုသည်မှာ မှန်ကန်မှုမရှိပါ။ ထို့ကြောင့်မမှန်သတင်းများထုတ်လွှင့်ကာ ပြည်သူကို အထိတ်တလန့်ဖြစ်အောင် ထုတ်လွှင့်နေသည့်မီဒီယာစာမျက်နှာအချို့အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်အသိပေးထားပါတယ်။
ပုံမှာ- နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်တွေမြို့နယ်အတွင်း ရှိ IDP စခန်းများမှ မုန်တိုင်းဒဏ်သင့်ဘင်္ဂါလီများနှင့်တွေ့ဆုံ ထောက်ပံ့ပစ္စည်းများပေးအပ်သည့်ပုံဖြစ်ပါတယ်။
-ymg/knl
#မိုခါမုန်တိုင်း
#မိုခါမုန်တိုင်းကြောင့်ဘင်္ဂလီ၄၀၀သေဆုံးသည်မှာမမှန်
#YangonMediaGroup
Published 18 May 2023
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများကို ဒေသတွင်းနိုင်ငံများထဲတွင် ပထမဦးဆုံးအဖြစ်ပေးအပ်ခဲ့ပြီး ဆက်လက်ကူညီဦးမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာက ယနေ့ မေလ ၁၈ ရက်နေ့မှာ တွစ်တာတွင် ရေးသားခဲ့ပါတယ်။
“ ဆိုင်ကလုံး မိုခါ ရဲ့ အကျိုးဆက်ခံစားနေကြရတဲ့ မြန်မာပြည်သူတွေအတွက် အိန္ဒိယနိုင်ငံဟာ မိတ်ဆွေအနေနှင့် ကရုဏာစစ်ဆင်ရေး Operation Karuna အဖြစ် ကူညီမှုတွေ ပြုလုပ်ဆောင်ရွက်နေပါပြီ။ ပြန်လည်ထူထောင်ရေးပစ္စည်းတွေတင်ဆောင်လာတဲ့ အိန္ဒိယရေတပ်စစ်သင်္ဘော (၃)စီးဟာ ဒီကနေ့ ရန်ကုန်ကိုရောက်ရှိလာပါပြီ။ စတုတ္ထမြောက်သင်္ဘောဟာ မနက်ဖန်ဆိုက်ကပ်ပါလိမ့်မယ်။ သင်္ဘောတွေဟာ အရေးပေါ် အစားအသောက်တွေ၊တဲတွေ၊မရှိမဖြစ်ဆေးဝါးတွေ၊ရေပန့်တွေ၊ အပေါ့သုံးမီးစက်တွေ၊အဝတ်အထည်တွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေစသဖြင့် သယ်ဆောင်လာပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက တွစ်တာမှာရေးခဲ့ပြီး ပုံတွေပါတင်ခဲ့ပါတယ်။
Source: twitter
#YangonMediaGroup
#မိုခါဆိုင်ကလုန်း
#မြန်မာ_မိုခါမုန်တိုင်း
Published 15 May 2023
မုန်တိုင်းဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစိုးရအဖွဲ့ဝင်များနှင့်တပ်မတော်မှ ထိပ်တန်းအရာရှိကြီးတွေကို မှာကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးဖြစ်သည့် မြို့၊ ရွာများနှင့် မုန်တိုင်း ဆက်လက်ရွေ့လျားရာ လမ်းကြောင်း တစ်လျှောက်၌ လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲ ခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်နစက ဥက္ကဋ္ဌ ဦးဆောင်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ စုဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာမှာ ဗိုလ်ချူပ်မှူးကြီးက ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်ပါတယ်။
အစည်းအဝေးတွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့်နေရာများ၌ သွပ်နှင့် လျှပ်စစ်ဓာတ်အားများလိုအပ်လျက်ရှိမှု၊ မုန်တိုင်းသင့် ဒေသများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသည့် ယာဉ်အစုအဖွဲ့များမှ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိမှုနှင့် ထပ်မံစေလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု တို့ကို တင်ပြခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကလည်း မုန်တိုင်း တိုက်ခတ်မှု အခြေအနေများ၊ မိုးရွာသွန်းမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်း မြန်မာ နိုင်ငံအတွင်းသို့ ဝင်ရောက် နိုင်မှုအခြေအနေများကို သုံးသပ်၍ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအရ မုန်တိုင်းဖြတ် သန်းဝင်ရောက်နိုင်မည့် လမ်းကြောင်းပေါ်ရှိ မြို့ရွာများကို ဆက်သွယ်မှု မပြတ်တောက် စေရေး ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ယခုမုန်တိုင်း ဖြတ်ကျော်ဝင်ရောက် ခဲ့ပြီးသည့် မြို့၊ ရွာများ၌လည်း ကြိုတင်ပြင်ဆင်ပြောင်းရွေ့ခြင်းများနှင့် အခြားလိုအပ် သည်များကို တပ်မတော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ၏ ဝိုင်းဝန်းစုပေါင်း၍ ကြိုတင်ပြင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သောကြောင့် လူများ သေကြေ ထိခိုက်မှု အနည်းဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့မှုအခြေအနေတို့ကို လည်း ကောင်း ရှင်းလင်းတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတင်ပြချက်တွေနှင့်ပတ်သက်ပြီး တပ်မတော်စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်း ဒဏ် သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင် စုပုံထားရှိသည့် သွပ်နှင့်ဆောက်လုပ်ရေး သုံးပစ္စည်းများကို လေယာဉ်များ၊ မော်တော်ယာဉ် များ၊ တပ်မတော်စစ်ရေယာဉ်များဖြင့် အမြန်ဆုံးပို့ဆောင်ပေးရန်၊ လျှပ်စစ် ဓာတ်အား လိုင်းများပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက်လည်း စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များကို အမြန်ဆုံးစေလွှတ်ပေးရန်၊ အလားတူ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ပို့ဆောင်ပေးရန်၊ မုန်တိုင်းသင့် ဒေသများသို့ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိရာတွင် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စုပုံထားရှိသည့်အချိန်၌ ယာယီတဲများဖြင့် ထားရှိ နိုင်ရေး ဆောင်ရွက်ရန်နှင့် မုန်တိုင်းဒဏ်သင့်ဒေသများသို့ ကူညီရေးပစ္စည်းများ ပေးပို့ လှူဒါန်းလိုသည့် အလှူရှင်များ လှူဒါန်းနိုင်ရေး ဆောင်ရွက်၍ အမြန်ဆုံးပို့ဆောင်ပေးကြရန် ဗိုလ်ချူပ်မှူးကြီးက ပြန်လည်မှာကြားခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက်ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က မုန်တိုင်းသင့်ဒေသများသို့ ပို့ဆောင်နိုင်ရန်အတွက် ဒေသအလိုက်စုပုံထားရှိသည့် အရန် ဆန်များကိုအမြန်ဆုံးပို့ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ကူညီကယ်ဆယ်ရေး ပစ္စည်း များပေးပို့နိုင်ရေးအတွက် တပ်မတော် လေယာဉ်၊ ရဟတ် ယာဉ်များကို အသင့်ပြင်ဆင် ထားရှိပြီး အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးနိုင်ရေး အသင့်ပြုလုပ်ထားရှိမှု၊ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ရေသန့်များ အပါအဝင် စားသောက်ဖွယ်ရာများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် သွပ်နှင့်သွပ်မှိုများ အပါအဝင် ဆောက်လုပ်ရေးသုံး ပစ္စည်းများကို အသင့်ပြင်ဆင်၍ အမြန်ဆုံးပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရခိုင် ပြည်နယ်အတွင်း ဆက်သွယ်မှု ပြတ်တောက်ခဲ့သည့် မုန်တိုင်းသင့်ဒေသများ၌ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ မုန်တိုင်းသင့်ဒေသများ၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို စေလွှတ်လျက်ရှိမှုနှင့် ထပ်မံစေလွှတ်နိုင်ရေး အသင့်ပြင်ဆင်ထားရှိမှု၊ ပုဂံရှေး ဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးအချို့ ထိခိုက်ပျက်စီးမှု၊ မုန်တိုင်းဒဏ်သင့်ဒေသများတွင် ရေဝင်ရောက်မှုကြောင့် ဝမ်းရောဂါ များဖြစ်ပွားလာနိုင်သဖြင့် သောက်သုံးရေများသန့်ရှင်းမှုရှိစေရေး ရေသန့်စင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုအပ်မှု၊ မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများ၊သတိပေးထုတ်ပြန်ချက်များနှင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်ဆီးမှုအခြေ အနေများကို အချိန်နှင့်တပြေး ညီ သတင်းထုတ်ပြန်မှုများဆောင်ရွက်လျက်ရှိမှုအခြေ အနေတွေကိုရှင်းလင်းတင်ပြခဲ့ကြတယ်လို့သတင်းထုတ်ထားပါတယ်။
ရှင်းလင်းတင်ပြမှုတွေနှင့်ပတ်သက်ပြီး ဗိုလ်ချူပ်မှူးကြီး က မိမိတို့အနေဖြင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များကို အချိန်နှင့် တပြေးညီထုတ်ပြန်ပေးနိုင်ခဲ့မှုများကြောင့် မုန်တိုင်းတိုက်ခိုက်ချိန်တွင် လူ့အသက် အန္တရာယ် ထိခိုက်မှုများကို အနည်းဆုံးအခြေ အနေ ဖြင့်ကျော်လွှားနိုင်ခဲ့ကြောင်း၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင် ရွက်နိုင်ရန် ကြိုတင်စုဖွဲ့ထားသည့် ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ခြင်းနှင့် စားသောက်ဖွယ်ရာများ၊ ရေသန့်များ၊ လူသုံး ကုန်ပစ္စည်းများ၊ ဆောက် လုပ်ရေးသုံးပစ္စည်းကိုလည်း အမြန်ဆုံးပို့ဆောင်ပေးရန်လိုကြောင်း၊ ဆက်သွယ်မှုပြတ်တောက်ခဲ့ သည့် ဒေသများတွင် ဆက်သွယ်မှုကွန်ရက်များ ပြန်လည်ကောင်းမွန်စေရေး အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန်လိုကြောင်း၊ မုန်တိုင်း ဆက်လက်ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပျက်ဆီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများကိုလည်း ပြုပြင်ထိန်းသိမ်း ရန်လိုကြောင်းဖြင့် မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) သတိပေးချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ရွေ့လျားဝင်ရောက် ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) "မိုခါ"(MOCHA)သည် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "မိုခါ"(MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရှိရပါတယ်။
-ymg/knl
#YangonMediaGroup
#Mocha_Cyclone_Myanmar
#မိုခါဆိုင်ကလုန်း_မြန်မာ
Published 14 May 2023
မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံးကို တစ်ဦးတစ်ယောက်မျှမကျန်အောင်ကူညီဆောင်ရွက်ပေးဖို့ နှင့် ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ် စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီလိုအပ်ချက်တွေဖြည့်ဆည်းဆောင်ရွက်နေတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ မေလ ၁၄ ရက်မနက်က ပြုလုပ်တဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးမှာ ပြောကြားပါတယ်။
သဘာဝဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ် စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန် များပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နစက ဥက္ကဋ္ဌ ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ရှေးဦးစွာကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း တွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအား နည်းရပ်ဝန်းကြောင့် မိုခါမုန်တိုင်းတိုက်ခတ်မှု ဖြစ်ပေါ်လျက်ရှိပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ပြောင်းလဲလာမှု၊ မုန်တိုင်းလမ်းကြောင်းဖြတ်သန်းမှုတစ်လျှောက်တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊ မိမိတို့နိုင်ငံ အတွင်းသို့ မုန်တိုင်းဝင်ရောက်နိုင်သည့် လမ်းကြောင်းနှင့် လေတိုက်နှုန်းမြင့်တက်လာမှု ကြောင့် ရခိုင်ကမ်းရိုးတန်းသို့ခန့်မှန်းအချိန်ထက် နာရီပိုင်းစော၍ ဝင်ရောက်လာနိုင်မှု ထိခိုက်မှုများဖြစ်ပေါ်နိုင်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ရှင်းလင်းတင်ပြမှုအပေါ် နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစ၍ မုန်တိုင်း သတိပေးချက်များကို ထုတ်ပြန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခန့်မှန်းချက်များအရ မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်း ဝင်ရောက်ရန် ဖြစ်နိုင်ခြေမြင့်တက်လာ၍ လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက အနီရောင် အဆင့် မုန်တိုင်းသတိပေးချက်ကို ဆောလျှင်စွာထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ ကြိုတင် ပြင်ဆင်ရန်လိုအပ်ချက်များကို ဆောလျှင်စွာပြင်ဆင်စေခဲ့ကြောင်း၊ ကမ်းရိုးတန်း ဒေသများ တွင်သာမက ကုန်းတွင်းသို့မုန်တိုင်းဝင်ရောက်ပြီး မုန်တိုင်းဖြတ်သန်းရာ ဒေသ များ၌လည်း ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မုန်တိုင်းဝင်ရောက်နိုင်သည့်ဒေသများတွင် မိုးရွာသွန်းမှုများ ပိုမိုများပြားနိုင်သည်ကိုတွေ့ ရှိရကြောင်း၊ ထို့ကြောင့် မုန်တိုင်းဒဏ်သင့် ဒေသများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် ရေးလုပ်ငန်းမျာဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတတ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများသို့ ပေးပို့နိုင်ရေးအတွက် အရန်ဆန်များဒေသအလိုက် ကြိုတင်စုဆောင်းထားရှိမှု၊ တပ်မတော်မှ ရိက္ခာများနှင့် အမိုးသွပ်များ ကြိုတင်စုဆောင်းထားရှိမှု၊ ခေါက်ဆွဲခြောက်နှင့် ရိက္ခာခြောက်များ၊ စားသုံးဆီများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စုဆောင်း ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ရှင်းလင်းတင်ပြမှုအပေါ် ဗိုလ်ချူပ်မှူးကြီးကမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဆန်နှင့်ရိက္ခာများကို ကြိုတင်စုဆောင်း ထားရှိပြီး အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး တပ်မတော်လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ယနေ့မှ စ၍ ယာဉ်တင်အသင့်ဆောင်ရွက်မှုကို စတင်ပြုလုပ်ထားရန်လိုကြောင်း၊ အရေးပေါ် ရိက္ခာဖြန့်ဝေရာတွင် လျှင်မြန်ထိရောက်မှုရှိစေရေး ရိက္ခာများဖြန့်ဖြူးပေးမှု အဆင်ပြေ စေရေး ထုတ်ပိုးမှုများကို လွယ်ကူစွာသယ်ဆောင်နိုင်သည့် ထုတ်ပိုးမှုများဖြစ်အောင် ပြင်ဆင်ထားရန်လိုကြောင်း၊ အလားတူ ဘုန်းတော်ကြီးကျောင်းများသည် မြို့၊ ရွာများ၏ အစွန်းအဖျားနေရာများတွင် တည်ရှိကြခြင်းကြောင့် လေပြင်းများတိုက်ခတ်ပြီး ပျက်စီးမှု များဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မုန်တိုင်းဒဏ်ထိ ခိုက်သည့် ဒေသများ၌ ပြင်ဆင်မှုများ ဆောင်ရွက်ပေးရာတွင် ဘုန်းတော်ကြီးကျောင်း များနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားခဲ့တယ်လို့သိရှိရပါတယ်။
အဲဒီနောက်စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး က တပ်မတော်မှ ဆေးဝါး များနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ရှင်းလင်းတင်ပြမှုအပေါ်နစက ဥက္ကဋ္ဌက ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများရှိ ပြည်သူများကို ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး ဆေးဝါးများကို ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိရန်လိုကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့များကို ကြိုတင်ဖွဲ့စည်းဆောင်ရွက်ထား ရန်လိုသကဲ့သို့ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်များကိုလည်း ယနေ့မှစတင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ၎င်းရေယာဉ်များအပေါ်၌ အရေးပေါ် စားနပ်ရိက္ခာ များနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း အသင့်တင်ဆောင်ထားရှိရန်လိုကြောင်း၊ ဆေးဝန် ထမ်းတပ်ဖွဲ့များ ဖွဲ့စည်းစေလွှတ်ရာတွင် မုန်တိုင်းဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲရောဂါများကို ကုသပေးနိုင်ရေး ဖွဲ့စည်းစေလွှတ်ရန်လိုကြောင်းပြန်လည်မှာကြားခဲ့ပါတယ်။
အဲဒီနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ စစ်ထောက် ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦး တို့က အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် လိုအပ် သည့် အသုံးအဆောင်ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီပို့ဆောင်နိုင်ရေး လေယာဉ် ၊ ရဟတ်ယာဉ်များ အသင့်ပြင်ဆင်ထားရှိမှု၊ လေယာဉ်၊ ရဟတ်ယာဉ်များ၏စွမ်းဆောင်နိုင်မှု နှင့်လိုအပ်ချက်များ၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ဒေသများတွင် ပြောင်းရွှေ့ ရေးလုပ်ငန်းများဆောင်ရွက်ရန် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆေးဝန်ထမ်း တပ်ဖွဲ့များ၊ အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်များ ပါဝင်သည့် မော်တော်ယာဉ်အစုအဖွဲ ၁၀ ဖွဲ့ ဖွဲ့စည်း ထားရှိပြီး စေလွှတ်ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေးမပြတ်တောက်စေရန်အတွက် အရေးပေါ်သုံး၊ စစ်သုံးဘေလီတံတားများ ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိမှု၊ အရေးပေါ်ရဟတ်ယာဉ် ကွင်းများတည်ဆောက်နိုင်ရေး Helipad များ ပြင်ဆင်ပို့ဆောင်ထားရှိမှု၊ ရေသန့်ယာဉ်များ၊ မီးစက်များဆောင် ရွက်ထား ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မုန်တိုင်းတိုက်ခတ်နေချိန်အတွင်း လေယာဉ်၊ ရဟတ်ယာဉ်များ ပျံသန်း ခြင်းမပြုလုပ်နိုင်သော်လည်း မုန်တိုင်းဝင်ရောက်ပြီးချိန်တွင် အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေး စစ်တွေလေယာဉ်ကွင်းအား ညအချိန်တွင်ပါ ဆင်းသက်နိုင်ရန် ပြေးလမ်းမီးများအပါအဝင် အခြားလိုအပ်သည်များကို ကြိုတင်ပြင် ဆင်ထားရှိရန်လိုကြောင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေး ယာဉ်အစုအဖွဲ့ ၁၀ ဖွဲ့ အပြင် အဖွဲ့ ၂ ဖွဲ့ကိုလည်းထပ်မံ ဖွဲ့စည်းထားရှိရန်လိုကြောင်း၊ လိုအပ်သည့်နေရာသို့ လိုအပ် သည့်အချိန်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများ အချိန်မီပို့ဆောင်နိုင်ရေး ကြိုတင် တွက်ချက်ဆောင်ရွက်ထားရန်လိုကြောင်းမှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်း တို့က ဒေသအလိုက် ဖြစ်ပွားနေသည့် မုန်တိုင်းနှင့်သက်ဆိုင်သည့်အခြေအနေများကို အမြဲမပြတ်သတင်းရရှိရေးနှင့် ထုတ်လွှင့်နိုင်ရေး ကျောပိုးဂြိုလ်တု ဆက်သွယ်ရေးစနစ်ဖြင့် ဆောင်ရွက်နေမှု၊ မုန်တိုင်းအသိပေးချက်နှင့် သတိပေးချက်များ၊ အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲလျက်ရှိသည့် မုန်တိုင်းသတင်းများနှင့်ပတ်သက်၍ ပြည်သူများအချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေး ရုပ်မြင်သံကြားအစီအစဉ်များ၊ ရေဒီယိုအသံလွှင့်အစီအစဉ်များနှင့် Website များ၌ အမြဲမပြတ် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ဗိုလ်ချူပ်မှူးကြီးက မုန်တိုင်းဝင်ရောက်နိုင်သည့် ကမ်းရိုးတန်းဒေသများပါမက မုန်တိုင်း သက်ရောက်နိုင်သည့် ကုန်းတွင်း ပိုင်းဒေသများသည်လည်း ရေကြီးခြင်း၊ မြေပြို ခြင်း စသည့် အန္တရာယ်များအတွက် သတိစေရေး လှုံ့ဆော် ပြန်ကြားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မုန်တိုင်းသတိပေးချက် လှုံ့ဆော်မှုများကို မည်သူတစ်ဦး တစ်ယောက်မျှ မကျန် ရှိစေဘဲသိရှိစေရေး နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သတင်းများ အချိန်နှင့် တစ်ပြေးညီရရှိရေးအတွက်လည်း ဆောင်ရွက်နေရန်လိုကြောင်းပြောကြားခဲ့ပါတယ်။
ယင်းနောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က မုန်တိုင်းဒဏ်ကြောင့်ဖြစ်ပွားမည့် သဘာဝဘေးဒဏ်သင့် ဒေသများ တွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေတွေ ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် နစကဥက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာနတို့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်း ဆောင်ရွက် သွားရန်လိုကြောင်း၊ (AHA Center) နှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက် လျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။
အဲဒီနောက် ဗိုလ်ချူပ်မှူးကြီးက သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တပ်မတော်အရာရှိကြီးများကို တစ်ဦး ချင်း လိုအပ်ချက်များ၊ အကြံပြုချက်များကိုမေးမြန်းပြီး ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာပစ္စည်းများကို လျှင်မြန်ထိရောက်စွာ ပို့ဆောင် နိုင်ရေး လေယာဉ် ယာဉ်ပေါ်အသင့်၊ ရေယာဉ် ယာဉ်ပေါ်အသင့်၊ မော်တော်ယာဉ် ယာဉ်ပေါ်အသင့်ဖြစ်စေရေး ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော်(ကြည်း၊ ရေ၊လေ)နှင့် တိုင်းစစ်ဌာနချုပ်များ အားလုံးတက်ညီလက်ညီဖြင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊
မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦး တစ်ယောက်မှ ကျန်ရှိမှု မရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်မှု အနည်းဆုံးဖြင့် မုန်တိုင်း အန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ်စောင့် ကြည့်ပြီး အချိန်နှင့် တစ်ပြေး ညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းဖြင့်ပြောကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Ymg/knl
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#မိုခါဆိုင်ကလုန်းမုန်တိုင်း
#YangonMediaGroup
Published 14 May 2023
ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ယနေ့ မေလ ၁၄ ရက် တနင်္ဂနွေနေ့မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ဝေဖန်မှုတွေခံနေရတဲ့ လက်ရှိ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာဦးဆောင်တဲ့ အစိုးရရဲ့ ကံကြမ္မာကို ယခုရွေးကောက်ပွဲက ဆုံးဖြတ်ပေးပါလိမ့်မယ်။
ဘန်ကောက်စံတော်ချိန်မနက်၈နာရီကစပြီး မဲရုံတွေစတင်ဖွင့်လှစ်ခဲ့တဲ့အခါ ရွေးကောက်ပွဲအရာရှိတွေက မဲလာပေး မယ့်သူတွေ များပြားလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ လွှတ်တော်နှစ်ရပ်စနစ်အတွက် မဲပေးခွင့်ရှိသူ ၅၂သန်းက လွှတ်တော်အမတ် ၅၀၀ကိုရွေးချယ်မဲပေးကြပါလိမ့်မယ်။ မဲပေးသူတစ်ဦးဟာ မဲပြားနှစ်ခုပေးစရာလိုပြီး တစ်ခုက မဲဆန္ဒနယ်အလိုက်ကိုယ်စားလှယ်လောင်းကိုပေးဖို့ဖြစ်ပြီး နောက်တစ်ခုက ပါတီအလိုက်စာရင်းလုပ်ထားတဲ့ လွှတ်တော်အမတ်တွေကိုမဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်လောင်း (၃)နေရာပြိုင်ထားတဲ့ အတိုက်အခံဖြူထိုင်းပါတီ Pheu Thai က အနည်းဆုံး လုပ်ခလစာတွေတိုးမြှင့်ဖို့၊လူမှုဖူလုံရေးငွေကြေးတွေပံ့ပိုးဖို့၊စစ်တပ်ကို နိုင်ငံရေးကထုတ်ပယ်ဖို့ ဆိုတာတွေတောင်းဆိုထား ပြီး လက်ရှိမှာ ဦးဆောင်နေတယ်လို့ စစ်တမ်းများအရသိရပါတယ်။
အဲဒီဖြူထိုင်းပါတီမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့ သမီးအငယ်ဆုံး အသက်၃၆နှစ်အရွယ် ပေတွန်တမ်က ဝန်ကြီးချုပ်လောင်းအဖြစ်စာရင်းသွင်းထားပါတယ်။အဲဒီအပြင် အသက်၅၉နှစ်အရွယ် အိမ်ခြံမြေလုပ်ငန်းသူဋ္ဌေးကြီး ဆရက်သာ သာဝီဇင်ကလည်း နောက်ထပ်ဝန်ကြီးချုပ်လောင်းအဖြစ် အတူတူယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။သက်ဆင်ရဲ့ သမီးငယ်က လူငယ်တွေအကြားရေပန်းစားနေပါတယ်။
ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ်နှင့် ပါလီမန်စနစ်ကျင့်သုံးပါတယ်။ ရွေးကောက်ပွဲကိုလေးနှစ်တစ်ကြိမ်ကျင်းပပြီး ၂၀၁၉ခုနှစ်က နောက်ဆုံးရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန်-
✅Website>>>>
✅Telegram>>>>>
Source WION
#ထိုင်းနိုင်ငံရွေးကောက်ပွဲ
#ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာ
#YangonMediaGroup
Published 14 May 2023
အမေရိကန်ပြည်ထောင်စုရဲ့ နံပါတ်(၂) သံတမန်တစ်ဦးဖြစ်တဲ့ လက်ထောက် နိုင်ငံခြားရေဝန်ကြီး ဝင်ဒီရှာမန်းဟာ ဝါရှင်တန်မှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဆယ်စုနှစ်သုံးစုအထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လာမယ့်ဇွန်လကုန် မှာ အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။
ရှာမန်းဟာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို အမျိုးသမီးတွေထဲမှာ ပထမဆုံးထမ်းဆောင်တာပါ။ သူဟာ ဘိုင်ဒင်အစိုးရနှင့် တရုတ်နှင့်သံတမန်ဆက်ဆံရေးကို ဦးဆောင်ခဲ့ပြီး ရုရှားနှင့် မအောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ရှာမန်းဟာ အမျိုးသမီးတွေအတွက် အတားအဆီးတွေကို ဖောက်ထွက်နိုင်ခဲ့သူဖြစ်ပြီး ကျွန်တော်တို့ရဲ့ခေတ်မှာ အခက်ခဲဆုံး နိုင်ငံခြားရေးမူဝါဒရဲ့ စိန်ခေါ်မှုတွေထဲက အချို့ကို လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ချီးကျူးပြောဆိုပါတယ်။
“ ကျွန်တော်တို့နိုင်ငံဟာ သူမရဲ့ ခေါင်းဆောင်မှုကြောင့်ပိုပြီးလုံခြုုံစိတ်ချလာရတယ်။ မိတ်ဖက်ဖွဲ့စည်းမှုတွေလည်း သန်စွမ်းခဲ့တယ်” လို့ ဘလင်ကန်က ပြောပါတယ်။
၂၀၂၁ခုနှစ်မှာ အစိုးရထဲရောက်ပြီးနောက် သူမရဲ့ နောက်ဆုံးတာဝန်က ပထဝီနိုင်ငံရေးဒီရေတွေကို ရွှေ့ပစ်ခဲ့တာဖြစ်တယ် လို့ သူမက အာဖဂန်ကနေ အမေရိကန်တပ်တွေရုပ်သိမ်းခဲ့တာ၊တရုတ်နှင့်ယှဉ်ပြိုင်မှုမြင့်တက်ခဲ့တာနှင့် ယူကရိန်းစစ်ပွဲတွေကို ထောက်ပြကိုးကားပြီး ရှာမန်းက နိုင်ငံခြားရေးဌာနဝန်ထမ်းတွေကို သူမရဲ့အသိပေးကြေညာ ချက်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
Source Reuters
#အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဝင်ဒီရှာမန်း
#ဝင်ဒီရှားမန်းတာဝန်မှအနားယူ
#YangonMediaGroup
Published_ 12 May 2023
နိုင်ငံမတည်ငြိမ်ခြင်းနှင့် ကုန်ထုတ်လုပ်မှုများနည်းပါးခြင်းကြောင့် အာရှနိုင်ငံများအတွင်းရှိသည့် မြန်မာနိုင်ငံ နှင့် Level တူနိုင်ငံများတွင် မြန်မာနိုင်ငံ ၏ ဂျီဒီပီမှာ နိမ့်ကျလျက်ရှိကြောင်း နစက ဥက္ကဌက ပြောသည်။
မေလ ၁၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တွေ့ဆုံစဉ် ဗိုလ်ချူပ်မှူးကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
MSME လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ အရေးကြီးပြီး ကုန်ကြမ်းများရှိမှသာ ကုန်ထုတ်လုပ်မှုကိုဆောင်ရွက်နိုင်မည်ဖြစ်၍ သွင်းအားစုများဖြစ်ကြသည့် လျှပ်စစ်၊ စက်မောင်းဆီ၊ ပိုးသတ်ဆေးနှင့် အခြား ပစ္စည်းများ လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံရန်ငွေကြေးများ၊လူသားအရင်းအမြစ်များ မဖြစ်မနေလိုအပ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ကြောင်း၊ နှစ်ရှည်သီးနှံများဖြစ်သည့် ကော်ဖီ၊ ရာဘာ၊ လက်ဖက် စသည့် စက်မှုသီးနှံများကိုစိုက်ပျိုးကြရာကော်ဖီနှင့် လက်ဖက် အပါအဝင် ဒေသတွင်းဖြစ်ထွန်းသည့်သီးနှံများကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း သူက ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင် စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ပိုင်ဆိုင်ထားကြောင်း၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်သည့် နေရာများစွာရှိသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
ယင်းအပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များအနေဖြင့်လည်း တည်းခိုရန်နေရာများ၊ စားသောက်ဖွယ်ရာများ၊ ဒေသ ထွက်အစားအသောက်များကို အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်လိုကြောင်း၊ ကျိုင်းတုံလေဆိပ်နှင့် တာချီလိတ်လေဆိပ်တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အိမ်နီးနားချင်းနိုင်ငံများမှ လေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီးသွားများဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌ က ပြောကြားခဲ့သည်။
ymg/pl
Page 86 of 202