၃၀ နိုဝင်ဘာ ၂၀၂၃
နှစ်ဆယ်ရာစုရဲ့ အငြင်းပွားဖွယ်ရာအကောင်းဆုံးအမေရိကန်တွေထဲကတစ်ဦးဖြစ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ ဟာ ယနေ့ နိုဝင်ဘာ ၃၀ရက်နေ့မှာ ကွန်နက်တီကပ်မှာ ကွယ်လွန်သွားပါတယ်။ ကစ်ဆင်ဂျာကွယ်လွန်ကြောင်းကို Kissinger Associates က သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
သူ့ရဲ့ အမွေအနှစ်တွေအဖြစ် ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ရဲ့ရက်စက်မှုတွေကြောင့် လူသန်းပေါင်းများစွာ သေဆုံးခဲ့ရတာနှင့် ပြည်သူချင်းဆက်ဆံထိတွေ့မှုတွေမှ တစ်ဆင့် ဝါရှင်တန်နှင့်ဘေဂျင်းဆက်ဆံရေးကို တည်ထောင်နိုင်တဲ့အရည်အချင်းတွေအကြား ရောယှက်ကျန်ရစ်ခဲ့ပါတယ်။
ကစ်ဆင်ဂျာဟာ ကွန်နက်တီကပ်က သူ့နေအိမ်မှာကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူဟာ ၁၉၇၃ခုနှစ်က ဗီယက်နမ်စစ်ပွဲ စစ်ပြေငြိမ်းဖို့ စေ့စပ်ညှိနှိုင်းခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့ပါတယ်။
ကစ်ဆင်ဂျာဟာ ပြီးခဲ့တဲ့လပိုင်းများအတွင်း အတော်လေးကို တက်တက်ကြွကြွလှုပ်ရှားခဲ့ပါတယ်။ သူဟာ အိမ်ဖြူတော်မှာ အစည်းအဝေးတွေတက်ခဲ့ပါတယ်။ ၂၀၂၃ခုနှစ် ဇူလိုင်လတုန်းက သူဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ဆုံဖို့ ဘေဂျင်းကို မျှော်လင့် မထားတဲ့ ခရီးတစ်ခုသွားရောက်ခဲ့ပါတယ်။
ပညာရှင်ကနေ သံတမန်ဖြစ်လာတဲ့သူဟာ ဂျွန်အက်ဖ်ကနေဒီကနေ ယခုလက်ရှိသမ္မတ ဂျိုးဘ်ိုင်ဒင်အထိ အမေရိကန်သမ္မတ ဒါဇင်ခန့်ကို အကြံပေးခဲ့ပါတယ်။
ကစ်ဆင်ဂျာဟာ အမေရိကန်ပြည်ထောင်စုကို ခိုလှုံလာခဲ့တဲ့ ဂျာမန်-ဂျူး ဒုက္ခသည်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။
Source WION
၂၉ နိုဝင်ဘာ ၂၀၂၃
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စင်း ရှိ စစ်သည်များ ရန်ကုန်မြို့အတွင်း ချစ်ကြည်ရေး ခရီးလည်ပတ်မှု
နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်မှုအနေဖြင့် တရားမဝင် ဝင်ရောက်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ
ဖမ်းဆီးခံထားရသောလွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား ၁၉၃ ဦးထပ်မံ လွတ်မြောက်မှု
၂၉-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများ
ရှမ်းပြည်နယ်အတွင်းရှိ (RCSS/SSA) နှင့် (SSPP) EAO အဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှု ရပ်စံမှု
တို့နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
၂၉ နိုဝင်ဘာ ၂၀၂၃
အမေရိကန် စစ်လေယာဉ် အော့စ်ပရေး လေယာဉ်သည် နိုဝင်ဘာ ၂၉ ရက် ဂျပန်နိုင်ငံ ယူကူရှီမားကျွန်းအနီး သမုဒ္ဒရာထဲ ပျက်ကျသွားပြီး လေယာဉ်ပေါ် လူ (၆) ဦးလိုက်ပါသွားပြီး အနည်းဆုံးတစ်ဦးသေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
ရေထဲက နှစ်ဦးကိုဆွဲထုတ်လိုက်တယ်ဆိုပေမယ့် အဲဒီလူတွေရဲ့အခြေအနေကိုမသိရပါဘူး။
စစ်လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီ ၄၇ မိနစ်ခန့်မှာည ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ရဲ့ ဘက်ဖက်အင်ဂျင်ကနေ မီးတောက်လောင်ပြီး ပင်လယ်ထဲ ထိုးကျသွားတာတွေ့ရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောတဲ့အကြောင်း အမ်ဘီစီက သတင်းပေးပို့ပါတယ်။
အဆိုပါ လေယာဉ်ပျက်ရဲ့ အစိတ်အပိုင်းအချို့ကို ယူကူရှီးမားကျွန်းမှ နှစ်မိုင်ခန့်အကွာရေပြင်တွင် ရှာတွေ့ရတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ကပြောပါတယ်။
လေယာဉ်ဟာ ရေဒါကနေ ပျောက်သွားခဲ့တာဟာ မွန်းလွဲ ၂နာရီ ၄၀ မိနစ်ခန့်ကဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ဟီရိုကာဇူ မတ်ဆူနိုကပြောပါတယ်။
ဩဂုတ်လတုန်းက အမေရိကန် အော့စ်ပရေးလေယာဉ်တစ်စီးဟာ ဩစတြေလျမြောက်ပိုင်းကမ်းခြေအနီးမှာ ပုံမှန်စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တပ်တွေကိုပို့ဆောင်ပေးနေစဉ်ပျက်ကျခဲ့ပြီး မရင်းတပ်သား (၃)ဦးသေဆုံးခဲ့ရပါတယ်။
၂၀၁၆ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ဂျပန်တောင်ပိုင်း အိုကီနာဝါကျွန်းအနီးမှာ အဆိုပါအမျိုးအစား လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် အမေရိကန်တပ်က လေယာဉ်တွေ ပျံသန်းတာယာယီရပ်တန့်ခဲ့ပါတယ်။
ရဟတ်ယာဉ်လိုရော လေယာဉ်တစ်စီးလိုပါ ပျံသန်းနိုင်တဲ့ အဆိုပါလေယာဉ်ကို အမေရိကန်မရင်းတပ်၊ အမေရိကန်ရေတပ် နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်တွေက စီမံလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
အော့စ်ပရေးလေယာဉ်တွေ ဂျပန်မှာ နေရာချထားတာဟာ အငြင်းပွားစရာဖြစ်နေခဲ့ပါတယ်။ အဆိုပါ နှစ်မျိုးသုံးလေယာဉ်ဟာ စိတ်မချရဘူးလို့ ဝေဖန်ပြောဆိုနေခဲ့ကြပြီး အမေရိကန်နှင့်ဂျပန်စစ်တပ်နှစ်ခုစလုံးက အဲဒါကို ငြင်းဆိုထားပါတယ်။
Source Reuters
၂၈ နိုဝင်ဘာ ၂၀၂၃
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စင်း၏ ချစ်ကြည်ရေးခရီးစဉ်
မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်နှစ်ရပ်အကြားနှင့် နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်နေမှုအခြေအနေများ၊
၂၈-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေများ-
နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
၂၈ နိုဝင်ဘာ ၂၀၂၃
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်းစစ်နယ်ဝန်းဌာနချုပ်ရဲ့မြေပြင်တပ်တွေဟာ တရုတ်-မြန်မာနယ်စပ်တလျောက်မှာ နိုဝင်ဘာ ၂၅ရက်မှ ၂၇ ရက်အထိ တကယ့်စစ်မြေပြင်လက်တွေ့လေ့ကျင့်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။
Source CCTV+
၂၇ နိုဝင်ဘာ ၂၀၂၃
#တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စစ်သင်္ဘော ၃ စင်း မြန်မာနိုင်ငံရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိမှု
#နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု
#အမေရိကန်အစိုးရ၏ ကျောထောက်နောက်ခံ USIP (United States Institute of Peace) အဖွဲ့အစည်း၏ သုတေသန စာတမ်းများအားအမှီပြု၍ အနောက်နိုင်ငံမီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေမှုများ
#၂၇-၁၁-၂၀၂၃ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)နှင့်ကယားပြည်နယ်တွင် စစ်ရေးနှင့် မသက်ဆိုင်သော ကယားပြည်နယ် ယဉ်ကျေးမှုအဆောက်အဦနှင့်အကျဉ်းထောင်သို့ လာရောက် တိုက်ခိုက်မှုများ၊ရခိုင်ပြည်နယ်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု များ
#မြန်မာနိုင်ငံ၏ ရှေ့မြောက်ဘက်ဒေသတွင်ဖြစ်ပေါ်နေသောအခြေအနေများကို အခွင့်ကောင်းယူ၍ အချက်ပေးလှုံ့ဆော်မှုများ
တို့နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်ကို အပြည့်အစုံပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
၂၆ နိုဝင်ဘာ ၂၀၂၃
#အကြမ်းဖက်သောင်းကျန်းသူများနှင့် အချို့သော EAO အဖွဲ့များမှ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအား ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား တိုက်ခိုက်လျက်ရှိသည့် အခြေအနေများ
#၂၆-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများကို
နစကသတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက် အပြည့်အစုံကိုပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
Page 56 of 202