၂၉ အောက်တိုဘာ၊၂၀၂၃
မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀ ဦးဟာ စနေနေ့(အောက်တိုဘာ ၂၈)ရက်က ထိုင်းနိုင်ငံ ဟတ်ယိုင်ခရိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ဟာ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ဖြစ်ကြပါတယ်။
သူတို့ဟာ နိုင်ငံကူးလက်မှတ်မှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ရဲ့ လူဝင်မှု ကြီးကြပ်ရေး အဝင်တံဆိပ် တုံးတွေကို အတုထုပြီး တရားမဝင် ရောက်ရှိလာခဲ့လို့ သူတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက် ပို့စ်သတင်းမှာရေးသားထားပါတယ်။
စနေနေ့ မွန်းလွဲတစ်နာရီခွဲခန့်မှာ ဟတ်ယိုင်မြို့ ချိုတီဝစ်သရာကူ (၁)လမ်းမှာ သူတို့အုပ်စုလိုက် ထိုင်နေကြတာကို ကင်းလှည့်လာတဲ့ လူဝင်မှုကြီးကြပ်ရေးရဲတွေကတွေ့ရှိပြီး မေးမြန်းစစ်ဆေးခံခဲ့ကြရ တာဖြစ်ပါတယ်။
အရာရှိတွေက သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို စစ်ဆေးကြည့်တဲ့အခါ သုဝဏ္ဏဘူမိလေဆိပ်အဝင်တုံး အတုတွေထုထားတာတွေ့ရှိခဲ့ကြရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဆက်လက်စစ်ဆေးကြည့်တဲ့အခါ သူတို့ဟာ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ အလုပ်ပွဲစားထံ တစ်ဦးလျှင် ဘတ်ငွေ ၁၂၀,၀၀၀ ပေးခဲ့ကြရတယ်လို့သိရပါတယ်။
ပွဲစားတွေက သူတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုယူုပြီး ထိုင်းနိုင်ငံအဝင်တုံးတွေထုပေးခဲ့တာဖြစ်တယ်လို့ သူတို့ကပြောပါတယ်။
လမ်းပြတစ်ဦးလိုက်ပါပြီး သူတို့ဟာ ကန်ချနာပူရီက သဘာဝအရတည်ရှိနေတဲ့ နယ်စပ်ကိုဖြတ်ကျော်က ထိုင်းနိုင်ငံထဲဝင်ရောက်ခဲ့ကြပြီး သူတို့ဟာ ဘန်ကောက်ကိုဆက်သွားခဲ့ကြကာ အဲဒီက အပန်းဖြေစခန်း တစ်ခုမှာ နေခဲ့ကြပါတယ်။
သောကြာနေ့မွန်းလွဲပိုင်းမှာတော့ သူတို့ဟာ ဆွန်ခလာ၊ဟတ်ယိုင်ကိုသွားဖို့ ဘတ်စ်ကားစီးခဲ့ကြပါတယ်။ အဲဒီမှာ သူတို့ဟာမလေးရှားနယ်စပ်သွားဖို့ စောင့်ဆိုင်းနေတုန်း ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။
သူတို့ကို လူဝင်မှုကြီးကြပ်ရေးရုံးကိုခေါ်ဆောင်သွားပြီး တရားမဝင် ဝင်ရောက်မှု၊ အတုပြုလုပ်မှုနှင့် အဝင်တံဆိပ်တုံးအတုအသုံးပြုမှုတွေနှင့် အမှုဖွင့်ထိန်းသိမ်းထားပါတယ်။
Source; bangkokpost
29 October,2023
The former information minister Ye Htut was detained yesterday night, The SAC’s information team confirmed.
The SAC’s information team has said that the reports that former Information Minister Ye Htut has been detained are true.
"64 years old U Ye Htut, Myanmar/Buddhist, who is resident of 11 ward, Alon Township and son of U Shwe Than, owner of Ye Htut Facebook account was found to have spread false news on the social media platforms, and on October 28th at 8:30 p.m, a case against him was opened under Section 505-a of the Penal Code.” said SAC’s information team.
U Ye Htut served as the Minister of Information during the government led by U Thein Sein. Before the Minister of Information, he was the Deputy Minister of Information. He is a former military officer and then joined MOI served as the Director General of the Department of information and public relations department.
၂၇ အောက်တိုဘာ ၂၀၂၃
ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားနေသော ချင်းရွှေဟော်နှင့်အနီးတစ်ဝိုက် တိုက်ပွဲများကိစ္စနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို YMG. ကဆက်သွယ်မေးမြန်းခဲ့မှုအပေါ် ပြန်လည် ဖြေကြားချက် အပြည့်အစုံ။
၂၇ အောက်တိုဘာ ၂၀၂၃
တရုတ်ဝန်ကြီးချုပ်ဟောင်း လီကာချန်း Li Keqiang သည် သောကြာနေ့က နှလုံးဖောက်ပြီး ကွယ်လွန်သွားပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၆၈နှစ်ရှိပြီဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းလီကာချန်းဟာ ဆယ်စုနှစ်တစ်စုအထိ ဝန်ကြီးချုပ် လုပ်ခဲ့ရာ မှ အနားယူပြီး ၁၀လခန့်အကြာမှာ နှလုံးရောဂါကြောင့်သေဆုံးခဲ့ရတာလို့ ရိုက်တာကသတင်းဖော်ပြပါတယ်။
တစ်ကြိမ်တစ်ခါက တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်မှုမှာ အပြိုင်ဖြစ်ခဲ့တယ်လို့ မြင်ခဲ့ကြတဲ့ လီဟာ ပြီးခဲ့တဲ့နှစ်များအတွင်း သမ္မတရှီကျင့် ဖျင်နှင့် ဘေးချင်းကပ်အတူရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။
ပီကင်းတက္ကသိုလ်မှ စီးပွားရေးဘွဲ့ရ လီကာချန်းကို လစ်ဘရယ်ဈေးကွက်စီးပွားရေးကို ထောက်ခံသူတစ်ဦးအဖြစ်မြင်ခဲ့ရပေမယ့် ရှီနှစ်သက်တဲ့ နိုင်ငံတော်ကထိန်းချုပ်တဲ့စနစ်ကို ညွတ်တိမ်းခဲ့ရသူဖြစ်တယ်လို့လည်း သတင်းကရေးသားပါတယ်။
“ ရှန်ဟိုင်းတွင် ယခုရက်များအတွင် အနားယူနေသည့် ရဲဘော်ကြီးလီကာရှန်းသည် အောက်တိုဘာ ၂၆ ရက်တွင် ရုတ်တရက် နှလုံးဖောက်လာခဲ့ပါတယ်။ သူ့ကိုအစွမ်းကုန်ကြိုးစားကုသသော်လည်း နောက်ဆုံးတွင် အောက်တိုဘာ ၂၇ ရက် ညသန်းခေါင်ယံ၌ ရှန်ဟိုင်းတွင်ကွယ်လွန်ခဲ့ပါတယ်” လို့ နိုင်ငံပိုင်ရုပ်သံ CCTV က သတင်းထုတ်ပြန်သွားပါတယ်။
မတ်လတွင် ရာထူးမှမဆင်းမီအထိ လီသည် တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့အကြီးအကဲအဖြစ် ရှီ၏ လက်အောက်တွင် ဆယ်စုနှစ်တစ်စု တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
“ ယန်စီမြစ်နှင့် မြစ်ဝါမြစ်တို့သည် ဘယ်တော့မှနောက်ပြန်စီးဆင်းမည်မဟုတ်” လို့ သူ့ကို လူအများရှေ့နောက်ဆုံးတွေ့ရတဲ့ မတ်လ သတင်းစာရှင်းလင်းပွဲမှာ သူကပြောခဲ့ပါတယ်။
သူ့ကို တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်း အန်ဟွေးပြည်နယ်တွင် မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်ဟာ အစိုးရအရာရှိတစ်ဦးဖြစ်ပြီး လီဟာ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း လယ်ကွင်းတွေထဲ အလုပ်ကြမ်းလုပ်ဖို့ စေလွှတ်ခံခဲ့ရသူဖြစ်ပါတယ်။
Source Reuters
၂၆ အောက်တိုဘာ ၂၀၂၃
ယနေ့ကာလအထိ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအားရန်သူသဖွယ်သဘောထားခြင်းမှာ ကြီးမားသောနောက်ခံ အကြောင်း ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
အောက်တိုဘာ ၂၆ ရက်ယနေ့နံနက်က နေပြည်တော် နစက ဥက္ကဋ္ဌရုံးတွင် ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး(၅/၂၀၂၃) ၌ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကား ပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသတွင် အမေရိကန်ဦးဆောင်သော SEATO အဖွဲ့ကို ၁၉၅၄ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး အဓိကရည်ရွယ်ချက်မှာ အရှေ့တောင် အာရှဒေသအတွင်း ကွန်မြူနစ်စနစ်မပြန့်ပွားရေးပင်ဖြစ်ကြောင်းနှင့် ၁၉၇၇ ခုနှစ်၊ ဇွန်လ မှ ၎င်းအဖွဲ့ကိုဖျက်သိမ်းခဲ့ကြောင်းဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါ ပြည်နယ် များခွဲထွက်ခွင့်၊ ၎င်းအပေါ်မူတည်၍ ၁၉၆၁ -၁၉၆၂ ခုနှစ် တွင် ဖြစ်လာသည့် ပြည်နယ် များ၏ တောင်းဆိုမှုများကို SEATO ဖြစ်စဉ်နှင့် ဆက်စပ်ကြည့်ပါက မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးမှုကို သဘောပေါက်နိုင်မည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ထောက်ပြပြောဆိုတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန်ဟာ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သည့်အခါ ယင်းကဲ့သို့မဖြစ်အောင် ကာကွယ်နိုင်သည့် အင်အားစုများကို ရန်ပြုခြင်းမှာ မြင်သာသည့် အကြောင်းအရာပင်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက သုံးသပ်ပြောဆိုပါတယ်။
မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုမှ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့မှုများ ရှိကြောင်း၊ မြန်မာနှင့်အမေရိကန်သည် ရန်ဘက်နိုင်ငံများ မဟုတ်ကြောင်း၊ စစ်ဖြစ်ပွားဖူးခြင်းလည်း မရှိကြောင်း၊ ယုတ်ဆွအဆုံး အရှေ့တောင် အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သော ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာ တို့ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက အတိတ်သမိုင်းကို ပြန်ပြောင်းပြောဆို ပါတယ်။
ယခုလက်ရှိအခြေအနေတွင်လည်း အမေရိကန်ဦးဆောင်သော အုပ်စု၏ ရည်မှန်းချက် မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး (China Containment Policy) ပင်ဖြစ်လို့ မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စု အာဏာရရှိရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းဖြစ်ပြီးမရရှိခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ် မသက်ဖြစ်အောင် ဆောင်ရွက်နေတာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဝေဖန်ပြောဆိုပါတယ်။
ယင်းအပြင် အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြင့် ကူညီနေကြောင်း၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသောနိုင်ငံများသည် သမိုင်းအစဉ်အလာအရ ရင်းနှီးသောမိတ်ဆွေ နိုင်ငံများဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ဩဇာလွှမ်းမိုးမှုကိုမလွန်ဆန်နိုင်သော နိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုများ ပြုလုပ် ခဲ့ကြတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုတာကို သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နစကအနေနှင့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာ သည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းထားပြီး ပါတီစုံဒီမိုကရေစီစနစ်အတွက် တိုင်းသိပြည်သိ အာမခံ ထားတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထပ်လောင်းပြောဆိုပါတယ်။
နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေကို ယခုထက်ပိုမို ကောင်းမွန်စေ လိုလျှင်ပိုမိုပူးပေါင်းဆောင်ရွက် သင့်ပြီးအကြမ်းဖက်အဖွဲ့အစည်းများကို တိုက် ရိုက်(သို့မဟုတ်)သွယ်ဝိုက်အားပေးနေခြင်းသည် ပြည်သူတို့၏ဆန္ဒဖြစ်သော ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် နှောင့်နှေးသွားနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွင် ကောင်စီဝင်များက တိုင်ဒေသကြီးနှင့် ပြည်နယ်အလိုက် နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး
ကောင်စီတွဲဖက်အတွင်းရေးမှူး က ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင်း နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#ymg/knl
၂၃ အောက်တိုဘာ ၂၀၂၃
ရုရှားနှင့် ငြိမ်းချမ်းရေးကို ၂၀၂၂ခုနှစ်မတ်လက စေ့စပ်ဆွေးနွေးမှုဆောင်ရွက်ရေးမှာ အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို ဟန့်တားခဲ့တယ်လို့ ဂျာမန်အဓိပတိဟောင်း ဂါးဟတ်ရှိုးဒါက ဖွင့်ချပြောဆိုပါတယ်။ အဲဒီအချိန်တုန်းက ပဋိပက္ခချုပ်ငြိမ်းဖို့ နှစ်ဖက်သဘောတူတော့မယ့်ဆဲဆဲမှာ အမေရိကန်က ယူကရိန်းကို ခွင့်မပြုခဲ့တာဖြစ်တယ်လို့သူကပြောဆိုပါတယ်။
ဂျာမန်သတင်းစာ Berliner Zeitung နှင့်သောကြာနေ့ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရှိုးဒါက ဖွင့်ချခဲ့တာဖြစ်ပြီး ယူကရိန်း နေတိုးအဖွဲ့ထဲ မဝင်ရောက်ဖို့ကဲ့သို့သော အဓိက ပြဿနာတွေပေါ် ယူကရိန်းသမ္မတ ဗလာဒီမာဇီလင်စကီးရဲ့ကိုယ်စားလှယ် တွေက လိုက်လျောဖို့ ရှိလာတဲ့အခါ အမေရိကန်နိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို သဘောမတူခဲ့တာဖြစ်တယ်လို့ သူက အင်တာဗျူးမှာပြောပြပါတယ်။
“ ယူကရိန်းတွေဟာ သူတို့အနေနှင့်ခွင့်ပြုချက်မရလို့ ငြိမ်းချမ်းရေးအပေါ်သဘောမတူဖြစ်ခဲ့ကြတယ်။ သူတို့ဟာ သူတို့ဆွေးနွေးခဲ့ သမျှတွေအားလုံးကို အမေရိကန်တွေဆီကနေ အရင်မေးကြရတယ်” လို့ ရှိုးဒါကပြောပါတယ်။ သူဟာ ၂၀၂၂ခုနှစ်တုန်းက မော်စကိုက ယူကရိန်းအပေါ်စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် ယူကရိန်းနှင့်ရုရှားအရာရှိတွေအကြား အီစတန်ဘူမှာ စေ့စပ်ဆွေး နွေးကြတဲ့အခါ ကြားဝင်စေ့စပ်ကူညီခဲ့သူတစ်ဦးဖြစ်ပါတယ်။
“ အရာခပ်သိမ်းကို ဝါရှင်တန်ကဆုံးဖြတ်နေတာကြောင့် ကျွန်တော့်အနေနှင့်တော့ ဘာတစ်ခုမှဖြစ်လာမယ်လို့ မထင်မိဘူး” လို့ သူကဆက်ပြောပါတယ်။
ဝါရှင်တန်ရဲ့ မဟာဗျူဟာက ပျက်စီးဆုံးရှုံစေနိုင်ပြီး တရုတ်နှင့်ရုရှားအကြး ပိုမိုနီးကပ်တာအဖတ်တင်သွားတယ်” လို့ သူကပြောပါတယ်။
“ အခုအမေရိကန်က ကန့်သတ်ထားတာခံနေရတဲ့ ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့တရုတ်နှင့်ရုရှားဟာ တပ်တွေလက်တွဲလိုက်ကြပြီ။ အမေရိကန်က သူတို့ဟာ နှစ်ဘက်စလုံးကို ကောင်းကောင်းထိန်းထားနိုင်လောက်အောင် အင်အားကောင်းတယ်လို့ယုံထားကြ တယ်။ ကျွန်တော့်အနေနှင့်တော့ ဒါဟာ အမှားတစ်ခုလို့မြင်မိတယ်။ အခုကြည့်လေ အမေရိကန်ဘက်မှာ ဘာတွေဖြစ်နေပြီလဲ ဆိုတာ။ ကွန်ဂရက်မှာ ဝရုန်းသုန်းကားဖြစ်နေတာ” လို့သူကဝေဖန်ပါတယ်။
သူက ၂၀၂၂ခုနှစ်မတ်လတုန်းက ငြိမ်းချမ်းရေးကို တွန်းတွန်းတိုက်တိုက်လုပ်ဖို့ အခွင့်အရေးတွေ မရယူခဲ့နိုင်တဲ့ ဝါရှင်တန်ရဲ့ မဟာမိတ် အနောက်ဥရောနိုင်ငံတွေကိုလည်းပြစ်တင်လိုက်ပါတယ်။
“ အဲဒီအချိန်တုန်းက ဇီလင်စကီးဟာ ခရိုင်းမီးယားနှင့် ခွဲထွက်ဒွန်းဘတ်စ်နယ်မြေကိစ္စ အပေးအယူလုပ်ဖို့ လမ်းဖွင့်ပေးခဲ့တယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။အဲဒီအချိန်ကတည်းက အနောက်ရဲ့ စစ်ရေးအထေက်အပံ့တွေက ပဋိပက္ခကိုသက်ဆိုးရှည်စေခဲ့ပြီး ယူကရိန်းစစ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။
“ လက်နက်တွေပံ့ပိုးတာဟာ ထာဝရငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်ဘဲ ဘယ်သူမှ မစေ့စပ်ချင်တော့တာတွေ ဖြစ်လာတယ်” လို့ ရှိုးဒါက ပြောပါတယ်။ ဂျာမန်အဓိပတိအိုလက်ရှိုးနှင့်ပြင်သစ်သမ္မတမာခရွန်တို့ဟာတကယ်တမ်းတော့ ငြိမ်းချမ်းရေးကို ထောက်ခံပေးဖို့ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အမေရိကန်ကိစ္စတင်မက ဥရောပရဲ့ကိစ္စပါဖြစ်နေတာကြောင့် လို့ သူကဆိုပါတယ်။
ယူကရိန်းကို လက်နက်တွေတပ်ပေးတာဟာ ရုရှားချဲ့ထွင်ရေးဝါဒကြောင့်လို့ သူတို့က စွပ်စွဲတယ်။ဒါပေမယ့် ဒီအကြောင်း ပြချက်က သဘာဝမကျဘူး လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
“ ရုရှားတွေလာမှာကိုကြောက်တဲ့စိတ်က ကိုးရိုးကားရာနိုင်လှတယ်” လို့ ရှိုးဒါကပြောပါတယ်။
“ မော်စကိုမှာ ဘယ်သူပဲအာဏာရရ၊ရုရှားအနေနှင့် ယူကရိန်း ဒါမှမဟုတ် ဂျော်ဂျီယာတို့ကို နေတိုးကဆွဲယူမှာကို ခွင့်ပြုလိမ့်မှာ မဟုတ်ဘူးဆိုတာ အနောက်ခေါင်းဆောင်တွေနားလည်ရမယ်။ ဒီအချက်ကိုလက်မခံနေသမျှတော့ ငြိမ်းချမ်းရေးကိုရဖို့ ခက်ခဲ နေဦးမှာပဲ” လို့ သူကဖြည့်စွက်ပြောပါတယ်။
Source:parstoday
၂၂ အောက်တိုဘာ ၂၀၂၃
ယခုတလော ဒေသအတွင်း အမေရိကန်တပ်များကို တိုက်ခိုက်နေသည့်အပေါ် တုန့်ပြန်သည့်အနေဖြင့် အမေရိကန်က အရှေ့ အလယ်ပိုင်းကို နောက်ထပ် ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်များ ဖြန့်ကျက်နေရာချထားလျှက်ရှိနေပါတယ်။ အစ္စရေး-ဟာမတ် ပဋိပက္ခအတွင်း ဒေသဆိုင်ရာတင်းမာမှုတွေမြင့်တက်လာတဲ့အပေါ် အမေရိကန်အစိုးရက စိုးရိမ်ပူပန်မှုတွေ ထုတ်ဖော်ပြောကြား ပြီးနောက် ယခုလို ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်တွေထပ်တိုးချလာတာဖြစ်ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်အနေနှင့် တာမင်နယ်မြင့်မားဧရိယာကာကွယ်ရေးစနစ် Terminal High Altitude Area Defence (THAAD) နှင့် နောက်ထပ် ပတ်ထရီရော့လေကြောင်းဒုံးကျည်ကာကွယ်ရေးစနစ်ဘက်တဲလီယမ် Patriot air defence missile system battalions တို့ကို အရှေ့အလယ်ပိုင်းဒေသသို့ပေးပို့မှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။အဆိုပါစနစ်တွေဟာ ဒုံးကျည်ခြိမ်းခြောက် မှုတွေကို ကာကွယ်ဖို့အတွက် အရေးပါတဲ့စနစ်တွေလို့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။
အင်အားကြီးမားလှတဲ့ ရေဒါစနစ်တွေကြောင့် ထင်ရှားတဲ့ THAAD စနစ်ဟာ ဒေသဆိုင်ရာကာကွယ်ရေးမြှင့်တင်ဖို့ ဖြန့်ကျက်နေရာချထားခဲ့ပြီးစနစ်ပါ။
မကြာသေးခင်က ရက်သတ္တပတ်များအတွင်း အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရေတပ်တည်ရှိမှုတွေ တိုးချဲ့ခဲ့ပြီး လေယာဉ်တင်သင်္ဘောနှစ်စီးကိုယင်းတို့ရဲ အထောက်အကူပြု သင်္ဘောတွေနှင့် မရင်းတပ်သား နှစ်ထောင်နီးပါးကို နေရာချထားခဲ့ပြီးဖြစ်ပါတယ်။ သိသာထင်ရှားလှတဲ့ ရေတပ်ဖြန့်ကျက်ထားရှိမှုဟာ ဒေသဆိုင်ရာတင်းမာမှုတွေအပေါ် အမေရိကန်ရဲ့ တုန့်ပြန်မှုတွေထဲက တစ်ခုပါ။
ယခုလိုစစ်အင်အားဖြန့်ကျက်မှုတွေမှာ ရည်ရွယ်ချက်များစွာရှိနေပါတယ်။ ဒေသတွင်း အခြိမ်းအခြောက်အဟန့်အတားတွေ တိုးမြှင့်ဖို့၊ ဒေသထဲက အမေရိကန်တပ်တွေကာကွယ်ရေးတိုးမြှင့်ဖို့နှင့် အစ္စရေးရဲ့ကာကွယ်ရေးကို ပံ့ပိုးပေးဖို့စတာတွေပဲ ဖြစ်ပါတယ်။
Source WION
Page 57 of 193