နေပြည်တော်၊ မေ - ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့မကြာမီ ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မော်စကိုမြို့တော်တွင်ကျင်းပပြုလုပ်မည့်၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်မယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီအပြင်အခမ်းအနားသို့ တက်ရောက်လာကြသည့်နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံဆွေးနွေး  ခြင်းများကိုဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံ တွင်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ    ကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင်  ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြူကြူလှ သည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ Ms. Valentina Matvienko ၏ ဖိတ်ကြားချက်အရ ခရီးစဉ်မှာ တစ်ပါတည်း သွားရောက်မည်ဖြစ်ပြီးခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

ခရီးစဉ်တွင် နစက အဖွဲ့ဝင်များ၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမှာ ဖြစ်ပါတယ်။

#ymg/knl