Published 28 September 2022
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်တို့အပါ ငါးဦးကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)ဖြင့် ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် တစ်ဦးစီထောင် ၃ နှစ် ချမှတ် လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဟောင်းများ ဖြစ်သည့် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း နှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင် တို့ ၄ ဦးအား ပုဒ်မ ၃ (၁) (ဂ)/၉ (အားပေးကူညီမှု) ဖြင့် စွဲချက်တင်ထားခဲ့ကြောင်း၊ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)ဖြင့် စွဲချက်တင်ထားခဲ့သော အမှုများ ဖြစ်ကြောင်း သိရသည်။
"နေပြည်တော်အချုပ်ထောင်အထူးတရားရုံးက နေ ဒီနေ့ တစ်ယောက်စီ ထောင် ၃ နှစ် ချလိုက်တယ်"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
မစ္စတာရှောင်တာနယ်အနေဖြင်လ.ဝ.က အက်ဥပဒေဖြင့်လည်း ထပ်မံ စွဲဆိုခံထားရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စွဲဆိုထားခြင်းခံရသည့် အမှုများထဲမှ စစ်ဆေးပြီးစီးသွားသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံပြီး ဖြစ်ကြောင်း သိရသည်။
ymg/mt
Yangon_Media_Group
Published 29 Sept 2022
အလှမယ်ဟန်လေးလို့သိကြတဲ့ သော်နန္ဒအောင်ဟာ ကနေဒါနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့တာ ရရှိသွားတဲ့အတွက် ဗုဒ္ဓဟူးနေ့မနက်က ဘန်ကောက်လေဆိပ်ကနေ ကနေဒါနိုင်ငံ တိုရွန်တိုလေဆိပ်ကို ရောက်ရှိသွားပြီလို့ နိုင်ငံတကာ သတင်းအေဂျင်စီတွေက သတင်းဖော်ပြကြပါတယ်။
ဟန်လေးဟာ ထိုင်းနိုင်ငံမှာ မနှစ်က နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်က ပြည်ပခရီး ဗီယက်နမ်ကနေ ထိုင်းနိုင်ငံပြန်အဝင်မှာ ပြည်ဝင်ခွင့်ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက်သူမဟာ လေဆိပ်ထဲမှာပဲ တစ်ပတ်ခန့် နေထိုင်ခဲ့ရင်း အခြေအနေကိုစောင့်ဆိုင်းခဲ့တာဖြစ်ကြောင်း သတင်းတွေကဆိုပါတယ်။
“ ကျွန်မလေယာဉ်ဆိုက်ပြီဆိုတော့ လုံခြုံစိတ်ချရပါပြီ။စိတ်ပူတာတွေ ပျောက်သွားပြီ” လို့ ဟန်လေးက တိုရွန်တို နိုင်ငံတကာလေဆိပ်ကေန ရိုက်တာ သတင်းဌာနကို ဖုန်းနှင့်ပြောတဲ့အကြောင်း သတင်းမှာဖော်ပြထားပါတယ်။
သူမဟာ ကနေဒါနိုင်ငံအရှေ့ပိုင်း Charlottetown ကို လေယာဉ်ပြောင်းစီးရမှာဖြစ်ပါတယ်။ အဲဒီအရှေ့ပိုင်းက အတ္တလန်တစ်ကျွန်းတစ်ကျွန်းဖြစ်တဲ့ Prince Edward ကျွန်းမှာ နေထိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီမှာ ဘယ်လောက်ကြာကြာနေမယ်။ ကနေဒါမှာ သူမဟာ ဘယ်အဆင့်အတန်းနှင့်နေခွင့်ရတယ်ဆိုတာကိုတော့ သူမကမပြောဘူးလို့ သတင်းကဆိုပါတယ်။ ဟန်လေးဟာ တိုရွန်တိုကို ကိုရီးယားလေကြောင်းလိုင်းနှင့် ဆိုးလ်ကနေ တစ်ဆင့်ပျံသန်းရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
သူမဟာ အဲဒီမှာပဲ အခြေချနေထိုင်မယ်လို့ အေအက်ဖ်ပီက သတင်းရေးသားပါတယ်။
ကနေဒါလူဝင်မှုကြီးကြပ်ရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကလည်း ဟန်လေးရဲ့ခွင့်ပြုချက်မရှိဘဲ ဟန်လေးရဲ့ကိစ္စကို ထုတ်ပြောခွင့်မရှိဘူးလို့ ရိုက်တာရဲ့အမေးကိုငြင်းပယ်ခဲ့ပါတယ်။
Source AFP/AP
#Han_Lay
#Myanmar
#Canada_Prince_Edward_Island

Published 28 Sept 2022
လူနေမှုစရိတ်တွေ မြင့်တင်လာတာနှင့်အတူ မီလျံနာတွေဟာ အလုပ်ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနှင့် ရင်းနှီးစွာပြောဆိုဆက်ဆံတတ်ပြီး ချမ်းသာကြွယ်ဝတဲ့ ပင်လယ်ကွေ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံက ဒူဘိုင်းမြို့မှာ ဆင်းရဲသားတွေအတွက် ပေါင်မုန့်တွေကို အခမဲ ဖြန့်ဖြူးပေးနေပါတယ်။
သဲကန္တာရပေါ် မိုးမြင့်အဆောက်အအုံတွေရဲ့ မြို့ဒူဘိုင်းမှာအစားအစာအားလုံးဟာ ပြည်ပကတင်သွင်းရတာပါ။ ရုရှားရဲ့ ယူကရိန်းအပေါ်ကျူးကျော်မှုကြောင့်တစ်ကမ္ဘာလုံးဖြစ်နေရတဲ့ လူသုံးကုန်ပစ္စည်းတွေ ဈေးတွေခပ်မြန်မြန်မြင့်တက်တဲ့ ရိုက်ခတ်မှုကို ဒူဘိုင်းမှာလည်း ခံစားနေကြရပါတယ်။
စူပါမားကက်တွေမှာ ပြီးခဲ့တဲ့ အပတ်က ပေါင်မုန့်ရောင်းတဲ့ vending machines စက် ၁၀လုံးတပ်ဆင်ပေးထားပါတယ်။ ကွန်ပျူတာ မြင်ကွင်းပေါ်ကနေ လက်နှင့်ထိပြီး လူတွေဟာ ပေါင်မုန့်အမျိုးမျိုးကို အခမဲ့ရယူနိုင်ကြပါတယ်။အသားညှပ်ပေါင်မုန့်လုံးတွေ၊ အဆာညှပ်ပေါင်မုန့်ပြားတွေနှင့် အိန္ဒိယပုံစံ ချာပါတီပြားတွေကို နှစ်သက်ရာ ခလုပ်နှိပ်ရယူနိုင်ကြတာဖြစ်ပါတယ်။ စက်မှာ အကြွေးဝယ်ကတ်ဖတ်တဲ့စက်လည်းပါပါတယ်။ ဒါပေမယ့် ပေါင်မုန့်ဝယ်ဖို့မဟုတ်ဘဲ ငွေလှူချင်သူတွေ လှူနိုင်အောင်တပ်ထားပေးတာပါ။
ဒီပေါင်မုန့်စက်တွေကို ဒူဘိုင်းရဲ့ အုပ်စိုးသူ ရှိတ်မိုဟာမက်ဘင် ရာရှစ် အယ်လ် မက်တုမ်ရဲ့ ဖောင်ဒေးရှင်းက ကမကထပြု တပ်ဆင်ပေးတာဖြစ်ပါတယ်။
သူငယ်ချင်းတစ်ယောက်က ကျွန်မကို ပေါင်မုန့်အလကားရတယ်ပြောလို့ လာတာပါ လို့ ကားရေဆေးလုပ်ငန်းလုပ်နေတဲ့ နီပေါသူ အမျိုးသားတစ်ဦးဖြစ်တဲ့ ဘီဂန်ဒါက ပြောပါတယ်။
အာရှက ရွှေ့ပြောင်းလာကြသူတွေလိုပဲ သူဟာ ယူအေအီးမှာ အခွင့်အလမ်းကောင်းတွေ အိပ်မက်နေသူပါ။
ဒူဘိုင်းကိန်းဂဏန်းဌာနရဲ့ အစိုးရကိန်းဂဏန်းတွေအရ စားသောက်ကုန် ဈေးတွေဟာ ဇူလိုင်မှာ မနှစ်ကဇူလိုင်နှင့်ယှဉ်ရင် ၈.၇၅ ရာခိုင်နှုန်းတက်လာပါတယ်။သယ်ယူပို့ဆောင်စရိတွေကတော့ ၃၈ ရာခိုင်နှုန်းမြင့်တက်နေပါတယ်။
စိတ်ကူးကတော့ ဒီကို ရောက်မလာခင်မှာ ချို့ငဲ့ကြတဲ့ မိသားစုတွေနှင့် အလုပ်သမားတွေအတွက်ပါ။ ဒူဘိုင်းက နေရာအနှံ့မှာတပ်ဆင်ထားတဲ့ စမတ်စက် ၁၀လုံးနေက ပေါင်မုန့်တွေ အခမဲ့ပံ့ပိုးတာပါ။ တစ်ခါနှိပ်လိုက်ရုံနှင့် ပေါင်မုန့်ကိုရမှာပါ လို့ မိုဟာမက်ဘင်ရာရှစ်စင်တာရဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ဇင်နက်ဂျူမာ အယ်လ်တာမီမီ ကပြောပါတယ်။
ဒီစက်တွေကို ပြည်သူတွေက ကြိုဆိုကြပြီး အလွန်လူကြိုက်များပါတယ်။ ဒီလှုပ်ရှားမှုအတွက် ပံ့ပိုးကူညီမှုတွေလည်း အများကြီးလက်ခံရရှိထားလို့ ဒူဘိုင်းနှင့် ယူအေအီးမှာ နေရာအသစ်တွေမှာ စက်အသစ်တွေထပ်တပ်ဆင်ပေးမယ် လို့လည်း သူမကပြောပါတယ်။
ဒီစက်တစ်လုံးမှာ ဗူးကလေးတွေ ၆၈ဘူးပါတယ်။ တစ်ဘူးကို ပေါင်မုန့်လေးလုံးထည့်ထားတယ်။ ပေါင်မုန့်က သုံးမျိုးလုပ်ထားတယ်။ ပေါင်မုန့်လုံး၊အာရပ်ပေါင်မုန့်နှင့် ချာပါတီတို့ပဲဖြစ်တယ်။ ကျွန်တော်တို့ အက်ရှ်ဝက်မားကက်ကစက်တွေထဲမှာ အေးခဲထားတဲ့ပေါင်မုန့်တွေ ထည့်ပေးထားတယ်။နေ့စဉ်လိုအပ်ချက်အရ တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက် ပေါင်မုန့်တွေပြန်ပြန်ဖြည့်ပေးရတယ် လို့ အက်ရှ်ဝက် အဆောက်အဦရဲ့ စီအီးအို မိုဟာမက် ဖာရိုင်ဒိုနီက ပြောပါတယ်။
ငွေကြေးဖောင်းပွမှုတွေနှင့် အတိုးနှုန်းတွေမြင့်မားနေတဲ့ စီးပွားရေးအခြေအနေတစ်ခုမှာ ကျွန်တော်တို့နေထိုင်နေကြရတယ်။ လစာနည်းတဲ့သူတွေ အများကြီးရှိတယ်။ သူတို့ဩာ သူတို့လိုအပ်ချက်တွေပြည့်မီဖို့ ဖြည့်ဆည်းနိုင်စွမ်းမရှိကြဘူး။ ဒီလိုလုပ်ပေးတာဟာ ဒေသခံပဲဖြစ်ဖြစ် နိုင်ငံသားဖြစ်ဖြစ် အားလုံးအတွက် အကျိုးရှိတယ် လို့လည်း ဒူဘိုင်းမှာ နေထိုင်တဲ့ ဂျော်ဒန်စီးပွားရေးသမား ဖာဒီရာရှစ်က ပြောပါတယ်။
ယူအေအီးနိုင်ငံမှာ လူဦးရေက ၁၀သန်းနီးပါးရှိပါတယ်။ အဲဒီထဲက ၉၀ ရာခိုင်နှုန်းဟာ နိုင်ငံခြားသားတွေဖြစ်ပြီး အများစုဟာ အာရှနှင့်အာဖရိကကလာကြတဲ့ အလုပ်သမားတွေဖြစ်ကြပါတယ်၊
ယူအေအီးရဲ့ စီးပွားရေးအချက်အခြာကျတဲ့ ဒူဘိုင်းမြို့ဟာ မိုးမြင့်မျှော်စင်ကြီးတွေတည်ဆောက်တာ ၊ ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ကိုင်တာ၊ အိမ်ခြံမြေလုပ်ငန်းမှသည် ဇိမ်ခံ ခရီးသွားလုပ်ငန်းတွေအထိ နိုင်ငံခြားသားလုပ်သားအုံလိုက်အင်လိုက်အပေါ် မှီခိုနေရပါတယ်။
ဒူဘိုင်းမှာ အလုပ်လုပ်တာ (၃)နှစ်ရှိပြီဖြစ်တဲ့ ဘီဂန်ဒါက သူကားတစ်စီးရေဆေးပေးတိုင်း အမေရိကန်ဒေါ်လာ ၈၁ ဆင့်နှင့်ညီမျှတဲ့ ဒူဘိုင်းငွေ ၃ ဒိုင်ဟမ်ရရှိတယ်လို့ပြောပါတယ်။ အလုပ်ကြိုးစားလုပ်ပြီး ကားဆေးသူတွေဆီက ရတဲ့ ဘောနပ်စ်တွေနှင့်ပေါင်းရင် တစ်လတစ်လကို ဒီဟမ်၇၀၀ကနေ ၁၀၀၀အကြား( အမေရိကန်ဒေါ်လာ ၁၉၀ကနေ ၂၇၀ အကြား) ရတယ်လို့ သူကပြောပါတယ်။
ကျွန်တော့်အလုပ်ရှင်က နေစရာနှင့် အသွားအလာစီစဉ်ပေးတယ်။အစားအသောက်တော့ မကျွေးဘူး လို့ သူကပြောပါတယ်။
ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများအစီရင်ခံစာအရ ယူအေအီးမှာ ရွှေ့ပြောင်းလာသူ ၈.၇သန်းခန့်နေထိုင်ကြပြီး အများစုဟာ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့မှဖြစ်တယ်လို့သိရပါတယ်။ ဒူဘိုင်းမှာ မီလျံနာ ခြောက်သောင်းရှစ်ထောင်နှင့် ဘီလျံနာ ၁၃ ဦးနေထိုင်ပြီး ကမ္ဘာပေါ်မှာ ၂၃ခုမြောက် အချမ်းသာဆုံးမြို့ဖြစ်ပါတယ်။
Source AFP
#Dubai
#UAE
#Free_Bread_Vending Machine
Published 28 Sept 2022
အသေးစား၊အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း (MSME)တွေဟာ နိုင်ငံအတွက်အရေးကြီးတဲ့လုပ်ငန်းတွေဖြစ်လို့ လိုအပ်တဲ့ငွေကြေးတွေကို နိုင်ငံတော်မှ ထုတ်ချေးပေးမယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က စက်မှုလုပ်ငန်းရှင်တွေကို ပြောကြားပါတယ်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဖွဲ့ဝင်တွေလိုက်ပါလျက် ယနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ စက်မှုဇုန်ရှိ စက်မှုဇုန်ခန်းမ တွင် မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံရာမှာ နစက ဥက္ကဋ္ဌက ယခုလို ပြောကြား လိုက်တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
“နိုင်ငံတော်အနေဖြင့် လိုအပ်ချက်များအရသာ အချို့သော စီးပွားရေးလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်နေရခြင်းဖြစ် ကြောင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ ချေးငွေများကို သက်သာသော အတိုးနှုန်းများ ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လုပ်ငန်း (MSME) များသည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သဖြင့် လိုအပ်သည့်ငွေကြေးများကို နိုင်ငံတော်မှ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ကို ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မိတ္ထီလာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းရှင်များက စက်မှုဇုန်တွင် အရင်းအမြစ်ကောင်းများပြည့်စုံမှုနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှု၊ စက်မှုဇုန်နည်းဥပဒေအတည်ပြုပေးရန်လိုအပ်မှု၊ လျှပ်စစ်ဓာတ်အား လိုအပ်မှု၊ ဝါသီးနှံကိုအခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ ဝါစိုက်ပျိုး တောင်သူများ ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ ဝါမျိုးကောင်းမျိုးသန့်များရရှိရေးအတွက် နိုင်ငံ တော်မှ ဆောင်ရွက်ပေးရန်၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ဆောင်ရွက်လျက်ရှိမှု၊ ဆီကောင်းဆီသန့်များရရှိအောင် ဆောင်ရွက်ရန်လိုအပ်မှု၊ နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ခွဲရောင်းချပေးသည့် စားသုံးဆီများကို ပြည်သူများထံ သက်သာ သောဈေးနှုန်းများ ဖြင့်ပြန်လည် ရောင်းချပေးလျက်ရှိမှု၊ ရက္ကန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဆန်စက်လုပ်ငန်းတွင် အသုံးပြုသည့်ပစ္စည်းများ ဈေးနှုန်းများ မြင့်တက်မှု များ ကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိမှု အခြေအနေများနှင့် စက်မှုဇုန်အတွင်း လိုအပ်ချက်များကို အသီးသီး တင်ပြခဲ့ကြပါတယ်။
အဲဒီဆွေးနွေးတင်ပြချက်တွေအပေါ် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးတင်ထွဋ်ဦး၊ဦးလှမိုး၊ဒေါက်တာချာလီသန်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမောင်ကိုတို့က ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြပါတယ်၊
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မတည်ငွေများလွှဲအပ်ပေးခဲ့ပြီဖြစ်၍ ကျန်ရှိသည့် ရန်ပုံငွေများမှလည်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ အတွက် မတည်ငွေများလွှဲအပ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ဝါစိုက်ပျိုးတောင်သူ များအတွက်လည်း မတည်ငွေများ ထုတ်ပေးသွားရန် စီမံလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ဒေသတွင်းစက်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဆန်၊စပါး လုပ်ငန်း၊ ဆီထွက်သီးနှံကိုအခြေခံသည့် စက်မှုလုပ်ငန်း၊ ပဲ ကို အခြေခံသည့် စက်မှုလုပ်ငန်းများကိုဆောင်ရွက်၍ရပြီး မိတ္ထီလာစက်မှုဇုန်အတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားများ ရရှိစေရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောငးနှင့် နိုင်ငံတော်မှလည်း လျှပ်စစ်ဓာတ်အားများလုံလောက်စွာ ရရှိရေး ဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြောတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
နစကဥက္ကဋ္ဌနှင့်အဖွဲ့ဟာ မိတ္ထီလာမြို့ရှိ တပ်မတော် ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း လည်း သတင်းရရှိပါတယ်။
Source SAC’s Info
#SAC
#SG_Min_Aung_Hlaing
#Myanmar_Politics


Published 27 Sept 2022
အစိုးရတစ်ရပ်ဆိုတာ အလုပ်လုပ်ပြဖို့ဖြစ်ပြီး တီဗွီထဲပါနေဖို့ သတင်းထဲပါနေဖို့ ဟန်ပြမဟုတ်ဘူးဟု နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က နစက ကောင်စီဝင်တွေကို ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၂၇ ရက်က နေပြည်တော်မှာ လစဉ်ပုံမှန်ကျင်းပတဲ့ နစကအဖွဲ့ရဲ့ အစည်းအဝေးအတွင်းမှာ ဗိုလ်ချူပ်မှူးကြီးက ယခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ အစိုးရတွေက ဒါတော့ လုပ်ရင်ဖြစ်တယ်ဆိုတာပြတာ။ အစိုးရတစ်ရပ်ဆိုတာ လုပ်ပြဖို့ပဲ။ဟန်ပြ တီဗွီထဲပါနေဖို့ သတင်းထဲပါနေဖို့မဟုတ်ဘူး။ တကယ်တော့ တိုင်းပြည်ဒေသကို တိုးတက်အောင်လုပ်ပေးရမှာ။ ကျွန်တော်တို့ အစိုးရသည်လည်း တိုင်းပြည်တိုးတက်အောင်လုပ်ရမယ်။ ဒေသအစိုးရကလည်း ဒေသကို တိုးတက်အောင် သူက လုပ်ရမယ်ဂ ဒါ လက်တွေကျတဲ့ နိုင်ငံရေးပဲ” ဟု သူကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
“ စီပွားရေးလုပ်လာပြီဆိုရင် ဒေသတွေရဲ့ဘတ်ဂျက်တွေ တက်လာလိမ့်မယ်။ သူ့ဘတ်ဂျက်နဲ့သူလည်ပတ်လို့ရအောင် ကျွန်တော်တို့က ဒါကိုမတည်ပေးလိုက်တာ။ ၁၀ဘီလီယံဆီထောက်ပံ့ပေးတယ်။၅ ဘီလီယံစီပေးတယ်။ သူတို့ကို ဒါတွေ လိုအပ်တာသုံးဖို့ ဖက်ဒရယ်အခွင့်အရေးတွေပေးလိုက်တာပဲဖြစ်တယ်” လို့လည်း ဗိုလ်ချူပ်မှူးကြီးက ဒေသအလိုက် မြစိမ်းရောင်စီမံကိန်းဖြင့် မတည်ငွေများ ထုတ်ပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် စက်မှုဇုန်တွေလုပ်ဆောင်ကြရာတွင် ချင်းပြည်နယ်တွင် စက်မှုဇုန်မရှိသေး၊စက်မှုရပ်ကွက်လည်းမရှိသေးသည့်အတွက် ချင်းပြည်နယ်တွင်စက်မှုဇုန်တည်ထောင်ရန် စီစဉ်နေကြောင်းလည်းသိရပါတယ်။ ချင်းပြည်နယ်စက်မှုဇုန်ဟာ ကော်ဖီ၊ ဝ ဥနှင့် နွားနောက်ကိုအခြေခံ၍ ဖော်ဆောင်မည်ဟုလည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်ထောင်စုနိုင်ငံတော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့် NCA ကိုအခြေခံပြီးတည်ဆောက်သွားရမည် ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲဥပဒေနှင့် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခွင် ဥပဒေတွေကို ပြင်ဆင်နိုင်ရေးလုပ်ဆောင်မှာမို့ အဆိုပါဥပဒေတွေ လေ့လာထားရှိကြဖို့ နစက ဥက္ကဋ္ဌက ကောင်စီဝင်တွေကို တိုက်တွန်းခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Source{ SAC’s info
#SG_Min_Aung_Hlaing
#SAC
#Myanmar
Published 27 Sept 2022
နာဆာရဲ့ DART အာကာသယာဉ်(ဒုံး)ဟာ တနင်္လာနေ့က Dimorphos ဂြိုဟ်သိမ် ဂြိဟ်ငယ်ကလေးတစ်လုံးကို ဝင်တိုက်ဖျက်ဆီးပစ်ခဲ့နိုင်ပါတယ်။
ငွေအကြွေဖြင့်ပစ္စည်းဝယ်စက် vending machine စက်တစ်လုံးအရွယ်အစားခန့်သာရှိတဲ့ အဆိုပါ နာဆာရဲ့ DART အာကာသယာဉ်ဟာ ဘောလုံးကွင်းတစ်ကွင်းစာအရွယ်ရှိတဲ့ Dimorphos ဂြိုဟ်သိမ်ကို အောင်မြင်စွာ ဝင်တိုက်ဖျက်ဆီးလိုက်နိုင်တာကို DART မစ်ရှင်မှာ တပ်ဆင်ပေးလိုက်တဲ့ DRACO ကင်မရာကနေတစ်ဆင့် မြင်တွေ့ကြရပါတယ်။
ဒါဟာ ကမ္ဘာပေါ်က သက်ရှိတွေ ဂြိုဟ်သိမ်ဂြိုဟ်မွှားကျရောက်မှုကြောင့် သေကြေပျက်စီးရမယ့် အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ဖြစ်ပါတယ်။
“ ကမ္ဘာ့ပထမဆုံး ကမ္ဘာ့လေ ကာကွယ်ရေးစမ်းသပ်မစ်ရှင်အတွက် အကျိူးသက်ရောက်မှု အတည်ပြုခဲ့ပါပြီ” လို့ နာဆာရဲ့ တိုက်ရိုက်ရုပ်သံထုတ်လွှင့်တဲ့ဗွီဒီယိုဂရပ်ဖစ်မှာ ဖော်ပြထားပါတယ်။စောင့်ကြပ်ကြည့်ရှုနေကြတဲ့အင်ဂျင်နီယာတွေနှင့် သိပ္ပံပညာတွေဟာ အောင်မြင်မှုကို လက်ခုပ်လက်ဝါးတီး ဂုဏ်ပြုခဲ့ကြပါတယ်။
Source: AFP/NASA
#Moonlet_asteroid
#Dimorphos
#DART_spaceship_NASA
Published_ 27 September 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပန အခမ်းအနား ကို စက်တင်ဘာ (၂၇) ရက် နေ့လည် (၂) နာရီက တိုကျိုမြို့ရှိ Nippon Budokan ခန်းမ ကြီး၌ ပြုလုပ်ခဲ့ရာ မြန်မာအစိုးရကိုယ်စား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် နှင့်ဇနီး ပါဝင်တက်ရောက်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ ဦးဆောင်သော အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ဥက္ကဋ္ဌများ၊ တရားရုံးချုပ် တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော် အမတ်များ၊ ပြည်ပနိုင်ငံပေါင်း (၂၀၀) ကျော်မှ အစိုးရအဖွဲ့အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ တိုကျိုမြို့ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၃၀၀) ခန့် တက်ရောက်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေးနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြုစကား များကို နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပရေးကော်မတီ ၊ ဥက္ကဋ္ဌ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟီရိုယူကီ ဟိုဆိုဒါ၊ အထက် လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟီဒေဟီဆာ အော့ဆုဂျိ၊ တရားရုံးချုပ် တရားသူကြီးချုပ် မစ္စတာ ဆာဘူရို တိုဂူရာ နှင့် ဝန်ကြီးချုပ် ဟောင်း ရှင်ဇိုအာဘေး၏ မိတ်ဆွေများကိုယ်စား ဝန်ကြီးချုပ် ဟောင်း ယိုရှီဟီဒေး ဆူဂမှ အသီးသီး ပြောကြား ခဲ့ကြပါတယ်။
ထို့နောက် ဂျပန်ဧကရာဇ် နာရူဟီတိုနှင့်မိဘုရားတို့၏ ကိုယ်စားလှယ်များ၊ ဂျပန်ဧကရာဇ်ဟောင်း အာကီဟီတိုနှင့် မိဘုရားတို့၏ ကိုယ်စားလှယ်များမှ ဂါရဝပြုခဲ့ ကြပြီးနောက် တော်ဝင်မိသားစုအဖွဲ့ဝင်များ၊ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း၏ မိသားစုဝင်များမှ ပန်းစည်းချ ဂါရဝပြုခဲ့ကြပါတယ်။
ဆက်လက်၍ နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပရေးကော်မတီ ၊ ဥက္ကဋ္ဌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ၊ အထက် လွှတ်တော် ဥက္ကဋ္ဌ၊ တရားရုံးချုပ်တရားသူကြီးချုပ်၊ ဝန်ကြီးချုပ်ဟောင်း၏ မိတ်ဆွေများ၊ ပြည်ပနိုင်ငံများမှ တက်ရောက်လာကြသော အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ တိုကျိုမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များမှ ပန်းစည်းချ ဂါရဝပြုခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group


Page 179 of 257