#Local_News
Published_ 1 February 2023
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ပန်းတုန်းပိတ်ကျေးရွာမှာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့ပြီး အိမ်ထောင်စု(၈)စုကိုအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အဖျောက်နယ်မြေမီးသတ်စခန်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 1 February 2023
ယခုနှစ် စက်တင်ဘာလတွင်ကုန်ဆုံးမည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး - GDP (၃) ရာခိုင်နှုန်း တိုးတက်မှုရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွာရေးစောင့်ကြည့်အစီရင်ခံစာတွင် မြန်မာ့စီးပွားရေးသည် သိသာထင်ရှားသည့် မတည်ငြိမ်မှုများနှင့် မသေချာ မရေရာမှုတွေရှိနေပြီး လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်များ၊ အဓိကသွင်းအားစု အချို့ ပြတ်တောက်မှုနှင့် မကြာခဏပြောင်းလဲနေသည့် စည်းမျဉ်း၊ စည်းကမ်းတွေကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်နားခဲ့ရကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့ဈေးနှုန်း မြင့်တက်မှုနှင့်အတူ ထောက်ပံ့ပို့ဆောင်ရေးကန့်သတ်ချက်တွေ ပေါင်းစပ်လိုက်ခြင်းကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်တွင် (၂၀) ရာခိုင်နှုန်းအထိ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားသည်။
လာမယ့်နှစ်တွင် ငွေကြေးဖောင်းပွမှု ဖိအားများလျော့ပါးသွားခြင်းကြောင့် ဝန်ဆောင်မှုကဏ္ဍ အလယ်အလတ် တိုးတက်မည်ဟု ခန့်မှန်းထားပြီး နိုင်ငံတကာခရီးသွားလုပ်ငန်း တိုးတက်မှု အနည်းငယ် ရှိလာနိုင်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
ယင်းအပြင် အထည်ချုပ်ထုတ်လုပ်သူများနှင့် အစားအစာထုတ်လုပ်သူများအနေဖြင့် ပို့ကုန်ဝယ်လိုအား နှေးကွေးခြင်းနှင့် ပြည်တွင်းဝယ်လိုအား လျော့နည်းခြင်းတို့ကြောင့် စက်မှုကဏ္ဍတိုးတက်မှု နှေးကွေးမည်ဟု မျှော်လင့်ရပြီး ဆန်၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှု အားကောင်းနေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published 1 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်ယာမြို့နယ် ကန်ရိပ်သာလမ်း ဟော်ကီကွင်းအရှေ့လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ထား၍ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိကြောင်း ဆက်သွယ်လာသည့်အတွက် မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁ရက် (ယနေ့) နံနက် ၆နာရီခွဲအချိန်တွင် ကန်ရိပ်သာလမ်း ဟော်ကီကွင်း အရှေ့လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ထား၍ သေဆုံးသူရှိကြောင်း ဆက်သွယ်လာကြောင်း သိရသည်။
"ဒဏ်ရာတွေကတော့ တစ်ကိုယ်လုံးကျိုးကြေနေတာလေ။ ဘာမှအကောင်းမရှိဘူး။ အကုန်လုံးပွန်းပဲ့ပြီးတော့ အဝေးကြီးကနေ ဆွဲပါလာတာဆိုတော့လေ"ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်း၏တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ဆက်သွယ်လာ၍ မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ အသင့်ရောက်ရှိနေသော ဒီဃာယုကအသင်းရှမာရီအသင်း ရင်ဘတ်တူညီကိုများ ပရဟိတတို့နှင့် ပူးပေါင်းချိတ်ဆက်၍ မှတ်တမ်းရယူပြီး တောင်ညွန့်လူငယ်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူမိသားစုဝင်များနှင့် ယခုအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်းလည်း ယင်းအသင်းကသိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _1 February 2023
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာအမျိုးသား ၁ဦးသည် အလုပ်ရမည်ဟုဆိုပြီး မြန်မာပွဲစားမှကားဖြင့်လွှတ်လိုက်ရာမှ ဒုက္ခရောက်၍ နှလုံးလှပရဟိတလူငယ်များအသင်းမှ ကူညီပေးခဲ့ကြောင်းသိရသည်။
မလေးရှားနိုင်ငံ ဂျိုဟိုးမြို့သို့ ရောက်ရှိသည်မှာ ( ၃ )လသာရှိသေးသည့်မြန်မာမလုပ်သမားတစ်ဦး အလုပ်အဆင်မပြေဖြစ်ကာ အဆင်မပြေ၍ နောက်ထပ်အလုပ်ပြောင်းရန်ပွဲစားဖြင့် စီစဉ်ခဲ့စဉ်အထက်ပါအတိုင်း အဆင်မပြေမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအား ပွဲစားက ဆလန်ကောပြည်နယ် ဘန်တင်းဘက်၌ အလုပ်ရမည်ဆို၍ ပွဲစားခ ရင်းဂစ် ( ၃၀၀ ) ကားခက ရင်းဂစ် ( ၃၅၀ ) ပေးပြီးလာခဲ့ရကြောင်း၊ကားသမားကချထားခဲ့ကာ ပြန်သွားခဲ့သည့်နောက် ဒုက္ခ ကြုံရကြောင်း လိုက်ပါဆောင်ရွက်ပေးသည့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )ကသိရသည်။
"စက်ရုံတွေတော့တွေ့ပါတယ် လူကလည်းမရှိ တခြားလူမျိုးတွေမေးရအောင်လည်း မလေးစကားက မတတ်ရောက်တဲ့အချိန်ကလည်း ည ( ၉ )နာရီဆိုတော့ ဒုက္ခရောက်ပြီပေါ့။ ဒီညီလေးက သူ့ရဲ့ဖုန်းထဲမှာ ကျွန်တော်တို့ နှလုံးလှအသင်းရဲ့ ဖုန်းနံပါတ်တွေကိုအရင်ကတည်းက Save ထားပြီးဖြစ်လို့ ဆက်သွယ်အကူအညီတောင်းခံလာခဲ့ပါတယ်။
အကူအညီတောင်းခံတဲ့နေရာကြည့်လိုက်တော့ နှလုံးလှရုံး ( KL ) နဲ့ ( ၁ )နာရီကျော်ဝေးသည့်အတွက် ရုံးအဖွဲ့မှမသွားတော့ပဲ ဘန်တင်းမြို့နယ်က နှလုံးလှညီငယ်တွေကို သွားရောက်ခေါ်ယူထားပေးပါလို့ ပြောခဲ့ပါတယ်။ ဘန်တင်း နှလုံးလှညီငယ်တွေက ချက်ချင်းပဲသွားရောက်ခေါ်ယူခဲ့တာ။ သူတို့နေတဲ့အဆောင်များတွင် ထားရှိခဲ့ပြီး ( ၂ )ရက်အကြာမှာ ရုံးကိုခေါ်ဆောင်လာခဲ့တာပါ"ဟု အဆိုပါ အသင်းတာဝန်ရှိသူက ပြောသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 1 February 2023
နေပြည်တော်စည်ပင်သာယာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေပြဌာန်းလိုက်ပြီဖြစ်ပြီး ဥပဒေအသစ်တွင် ငွေဒဏ်၊ ထောင်ဒဏ်ပြောင်းလဲမှုများရှိသလို ရရှိလာသည့်ဒဏ်ကြေးငွေများကို သက်ဆိုင်ရာဌာနအသီးသီးကို ရာခိုင်နှုန်းသတ်မှတ်၍ ဆုကြေးငွေအဖြစ်ပြန်လည်ပေးအပ်ရန်ဆိုသည့်အချက်လည်းပါဝင်လာကြောင်း သိရသည်၊၊
ယင်းဥပဒေကို ဇန်နဝါရီလ(၃၁)ရက်တွင်ထုတ်ပြန်ပြဌာန်းလိုက်ပြီး ဖြည့်စွက်စာသားများပြုပြင်ခြင်း အပြင်ယခင်ဒဏ်ကြေးငွေများထက်ပိုသည့် ငွေဒဏ်၊ ထောင်ဒဏ်များကို ပြဌာန်းလိုက်ခြင်းဖြစ်သည်၊၊
နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၄ တွင် ပါဝင်သောငွေဒဏ်နှစ်သိန်းအထက်မပိုသော စကားရပ်အစား ငွေဒဏ်ခုနှစ်သိန်းအထက်မပိုသော ငွေဒဏ်အဖြစ်လည်းကောင်း၊ ပုဒ်မ ၂၆ ပါ ထောင်ဒဏ်သုံးလထက် မပိုသောစကားရပ်အစားထောင်ဒဏ်ခြောက်လ အထက်မပိုသောထောင်ဒဏ်ဖြစ်စေဟုလည်းကောင်း ကျပ်တစ်သိန်းမပိုသောငွေဒဏ်အစား ကျပ်ငါးသိန်းထက်မပိုသောငွေဒဏ်ဟုလည်းကောင်း ပြင်ဆင်ထားခြင်းဖြစ်သည်၊၊
ဒီ့အပြင် ကော်မတီသည် ဤဥပဒေအရထုတ်ပြန်ထားသည့် နည်းဥပဒေ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များပါယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်သူများကို တပ်ရိုက်သည့်ဒဏ်ကြေးငွေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအသီးသီးသို့ ရာခိုင်နှုန်းသတ်မှတ်၍ ဆုကြေးငွေချီးမြှင့်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_31 January 2023
ပုဂံခေတ်လွန်ခဲ့တဲ့ နှစ်သက်ပေါင်း (၉၀၀)ကတည်းက ကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို နိုင်ငံတော်အဆင့်အမွေအနှစ်အဖြစ် အမျိုးသားအဆင့်ဒြပ်မဲ့ အမွေအနှစ်စာရင်းထဲမှာ ထည့်သွင်းဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_31 January 2023
ဒီရက်ပိုင်းထဲမှာ အခြေခံစားသောက်ကုန်စည်ဈေးနှုန်းတွေဟာ ပြန်လည်မြင့်လာတယ်လို့ ဝယ်ယူသုံးစွဲသူတွေနဲ့ ရောင်းချသူတွေထံကနေ သိရပါတယ်။
#Yangon_Media_Group
Page 1227 of 1973