#Local_News
Published_ 28 March 2023
သင်္ကြန်ကာလမှာ ရန်ကုန်နဲ့အနီးဆုံးနေရာဖြစ်တဲ့ လှည်းကူးမြို့နယ်ထဲက သူဌေးကျွန်း Resortနဲ့အခြားResortတွေကို လာရောက်မယ့်သူတွေပိုများလာနိုင်တယ်လို့ လှည်းကူးမြို့နယ်၊ခရီးသွားလမ်းညွှန်တွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#DailyNews
Published_ 28 March 2023
၁။သင်္ကြန်ကာလအတွင်းရန်ကုန်နှင့်အနီးဆုံးဖြစ်သည့်လှည်းကူးရှိသူဌေးကျွန်းနှင့်Resortများသို့လာရောက်လည်ပတ်မည့်သူပိုများလာနိုင်
၂။သင်္ကြန်ရေကစားပစ္စည်းများဝယ်သူများပေမယ့် ပစ္စည်းရှားပါးနေ
၃။ ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းမှအားကောင်းပြီးမုန်တိုင်းငယ်ဖြစ်နိုင်၊နွေကာလမိုးဆက်ရွာဦးမည်
၄။တရုတ်ဂြိုဟ်တုစနစ်နှင့်အပြန်အလှန်ချိတ်ဆက်နိုင်မည့် P60 စီးရီးစမတ်ဖုန်းအသစ်များအားဟွာဝေးမိတ်ဆက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 28March 2023
ကျုံးဒိုး၊ကော့ကရိတ်၊မြဝတီအာရှလမ်းမှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် ခရီးသည်မော်တော်ယာဉ်တချို့ ထီလုံ၊နဘူး၊ထိုကော်ကုန်းကျေးရွာများကနေ မော်တော်ယာဉ်များသွားလာနေရကြောင်းဒေသခံ များရဲ့ပြောပြချက်အရသိရပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 28 March 2023
စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုမြို့၊ရွှေဘို ကားကွင်းအနီး ယနေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် လူ၂၀ဒဏ်ရာရသည့်အထဲက တစ်ဦးသေဆုံးသွားပြီး ၆ ဦးမှာ စိုးရိမ်ရကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရွှေဘိုခရိုင် က သိရသည်။
"ရွှေဘိုကားကြီးကွင်းအနီးတံတားပေါ်မှာ မိုင်းကွဲပြီးကလေးငယ်တစ်ဦးအပါဝင် ထိခိုက်သူတွေ ရှိတယ်လို့ ဖုန်းဆက်အကူညီတောင်းခံတာကြောင့် မြန်မာနိုင်ငံ Rescueလူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင်က ထွက်ခွာပြီးလူနာတွေကို ကူညီပြီးတဲ့ အချိန် ကားကြီးကွင်းမြောက်ဘတ် လမ်းပေါ်မှာ တွင် ဒုတိယအကြိမ်ထပ်မံ မိုင်းကွဲတာကြောင့် နှစ်ခုပေါင်း လူနာအရေတွက် အယောက် ၂၀ ကို လူနာတင်ယာဉ် ၃ စီးထောက်ကူပြုယာဉ် ၁ စီးနဲ့ ရွှေဘိုဆေးရုံကြီးOPDကို ပို့ခဲ့တယ်။ကလေးငယ် ၂ ယောက်အပါဝင် အမျိုးသား ၁၂ ယောက် ၊ အမျိုးသမီးလူနာ ၈ ယောက် ဒဏ်ရာ ရတဲ့အထဲက အနီရောင်အဆင့်(စိုးရိမ်ရ) ၇ ယောက် ရှိတယ်၊အဲဒီထဲမှာ ၆ ယောက်ကို မန္တလေးဆေးရုံကို လွဲပြောင်းပေးခဲ့တယ်။ ဆေးရုံရောက်တော့ တစ်ယောက် သေဆုံး ခဲ့တယ်။သေဆုံးတာက အမျိုးသားပါ၊မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပါပြီ"ဟု အဆိုပါ အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပေါက်ကွဲမှု ဖြစ်သည့်အတွက် ဒဏ်ရာ ရရှိသွားသူ၊သေဆုံးသူနှင့် စိုးရိမ်ရသူများမှာ လမ်းသွားလမ်းလာ အရပ်သား ခရီးသည်များ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 28March 2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်း၊ ဇဗ္ဗူရတနာဘုန်းကြီးကျောင်းဘေး၊ ရထားသံလမ်းတွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံးကို ယနေ့ မတ်လ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်က တွေ့ရှိခဲ့သောကြောင့် သက်ဆိုင်ရာက ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း သိရသည်။
ဝါယာကြိုးများပါသော သုံးဆင့်စတီးချိုင့်ကို ရထားလမ်းအနီးတွင် မသင်္ကာဖွယ်တွေ့ရှိခဲ့ရာ သုံးဆင့်စတီးချိုင့်အတွင်း ယမ်း၊ ဒီတိုနေတာ၊ ဆားကစ်ပြား၊ ဓါတ်ခဲ၊ ဝါယာကြိုးတို့ချိတ်ဆက်ထားသည့် လက်လုပ်ဗုံးဖြစ်ကြောင်းသိခဲ့ကြခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ယင်းကြောင့် လုံခြုံရေးတပ်ဖွဲ့က အဆိုပါ လက်လုပ်ဗုံးကို တွေ့ရှိသည့် နေရာအနီးမြေကွက်လပ်တွင် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 28 March 2023
ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ မလွှကုန်းရပ်ကွက် မီးရထားဝင်းအတွင်း လိုင်းခန်းတစ်ခုအတွင်း ပုပ်ပွနေသဖြင့် အမျိုးသားရုပ်အလောင်း ကို မတ်လ ၂၇ ရက်က တွေ့ရှိခဲ့ကြောင်းမင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းက သိရသည်။
အဆိုပါ မီးရထားဝင်းတွင် အပုပ်နံ့များထွက်နေသဖြင့် ရပ်ကွက်နေပြည်သူများက အကြောင်းကြားသဖြင့်ပရဟိတအဖွဲ့များက သွားရောက်ကူညီပေးခဲ့ရာ လူမရှိသည့်အိမ်ခန်းအတွင်း သေဆုံးနေသည့် အဆိုပါ ပုတ်ပွနေသည့် အမျိုးသားရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည့်အတွက် ရန်ကုန်ဆေးရုံကြီး၊ရေခဲတိုက်အပုပ်ဆောင်သို့ သယ်ယူပို့ဆောင်ပေးခဲ့ရကြောင်း ယင်းအသင်းတာဝန်ရှိသူကပြောသည်။
သေဆုံးသူအမျိုးသားမှာ အသက် ၅၉ နှစ် အရွယ်ရှိ ဦးမျိုးညွှန့် ဆိုသူ ဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးသည်ကို မသိရသော်လည်း ပြင်ပဒဏ်ရာများ မတွေ့ရကြောင်း၊ သေဆုံးနေသည်မှာ လေးရက်ခန့် ရှိနိုင်ပြီ ဖြစ်ကြောင်း လိုက်ပါကူညီသူများက ဆိုသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 28March 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် ယနေ့ မတ်လ ၂၈ ရက် မွန်းလွဲ ၁နာရီ ၂၃ မိနစ်ခန့်က လှုပ်ခတ်ခဲ့သည့် ငလျင်ကို ရန်ကုန်နေပြည်သူများ သိသိသာသာ ခံစားခဲ့ကြရကြောင်း သိရသည်။
ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက်(၂၁)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မှော်ဘီမြို့၏ အနောက်မြောက်ဘက် (၁၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇ ဒသမ ၂၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅ ဒသမ ၈၅) ဒီဂရီ၊ အနက် (၁၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
ယင်းငလျင် လှုပ်ခတ်သည်ကို မြို့နယ်အများအပြားတွင် ခံစားရကြောင်း လူမူကွန်ယက်စာမျက်နှာတွင် ပြောဆိုရေးသားနေကြသည်များလည်း ရှိနေသည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်ကလည်း စစ်ကိုင်းဒေသကြီးဖောင်းပြင်မြို့အနီးတွင် အင်အား ရစ်စချ်စတာစကေး ၄ ဒဿမ ၆အဆင့် ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမူဦးစီးဌာနမှသိရသည်။
ymg/ynzw
#Yangon_Media_Group
Page 1225 of 2063