Published_ 21 October 2023

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ ရေကြီးနစ်မြှုပ်ခဲ့သည့် စပါးစိုက်ဧကများမှ တစ်ထောင်ကျော်အားပြန်လည်စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုလအတွင်း ရန်ကုန်တိုင်းအတွင်းရေကြီးနစ်မြှုပ်မှုကြောင့် တိုက်ကြီး၊လှည်းကူး၊မှော်ဘီ၊မဂ်လာဒုံ၊ဒဂုံမြို့သစ်၊ကျောက်တန်း၊တံတား၊သုံးခွ၊ခရမ်း၊တွံတေး၊ကော့မှုး၊ကွမ်းခြံကုန်း စသည့်မြို့နယ်များ၌ စုစုပေါင်းစပါးစိုက်ဧက
62458 ရေကြီးနစ်မြှုပ်ခဲ့ပြီးအောက်တိုဘာ 17ရက် အထိ 1236 ဧက ကို ပြန်လည်စိုက်ပျိုးပြီးဖြစ်ကာ စာရင်းများ ဆက်လက်‌ကောက်ယူ‌ နေကြောင်းသိရသည်။

2023_2024ခုနှစ် မိုးစပါးဧက 1,145,000 လျာထားကာ လက်ရှိတွင် ဧက1,148,137 ဧက စိုက်ပျိုးထားရာ
လျာထားချက်ထက် ကျော်လွန် စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးထားသည့် စုစုပေါင်းဧကများမှ မြို့နယ်အချို့၌ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ရန်ကုန်တိုင်းအတွင်း၌ ပြည်တွင်းစားဆန်များအပြင် ပြည်ပတင်ပို့သည့် ဆန်များကိုပါ စိုက်ပျိုးလေ့ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group