ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်းလက်ကားဈေးကြီးမှာ ဆိုင်ခန်းပေါင်း ၁၂၀၀ကျော် ပါဝင်မယ့် ဈေးရုံအမှတ် ၇ကို လာမယ့် ၂၀၂၄ ခုနှစ် ဧပြီလ လောက်မှာဖွင့်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ Myanmar Argo Echange published Co.ltd မှ သိရပါတယ်။
#Local_News
Published 25 December 2023
#ဆိုင်ခန်းပေါင်း၁၂၀၀ကျော် #တညင်းကုန်းလက်ကားဈေးကြီး
#YMG/LW #Yangon_Times
"ပုဂံအလှကို ထိန်းသိမ်းဖို့ Reborn Bagan" projectကိုဆောင်ရွက်ခဲ့ပြီး ရှေ့ဆက်ပြီးလည်း
ပုဂံရှေးဟောင်းဇုန်ထဲမှာ ဘုရားဖူးနှင့်ဈေးသည်တွေ ပလတ်စတစ်သုံးစွဲမှုလျော့ကျအောင်၊အမှိုက်ကင်းစင်အောင် ပရော်ဂျက်နဲ့ဆောင်ရွက်ဖို့ရှိတယ်" Heritage TRUST Team- Bagan အသင်းမှကိုမြင့်နိုင်
#Local_News
Published 25 December 2023
#ပလတ်စတစ်လျော့ချရေး #အမှိုက်ကင်းစင်ရေးစီမံချက်
#tthl #Yangon_Times
#Local_News
Published 25 December 2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း၊ ၃၈x၃၉လမ်းကြား၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ အကွက်အမှတ် (၅၂၄) မင်းစံရပ်ရှိ Grand Park Hotel အပေါ်ဆုံးထပ်မှခုန်ချရန်ကြံစည်သည့် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို မီးသတ်တပ်ဖွဲ့၀င်များက ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။
ဒီဇင်ဘာ ၂၄ ရက် ည ၆ နာရီခန့်က စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးသည် Hotel အပေါ်ဆုံး ၃၁ ထပ်မြောက်ရှိ ရေကူးကန်တွင် ရေကူးရန်ဟုဆိုကာ လာရောက်ခဲ့ပြီး မှန်တံခါးများ လဲလှယ်ရာတွင် စတီးကြိုးတပ် အသုံးပြုသည့် မောင်းတံပေါ်တွင် မတ်တပ်ရပ်၍ ခုန်ချရန် ကြံစည်ခဲ့ကြောင်း သိရသည်။
ထိုသို့ခုန်ချရန် ကြံစည်နေကြောင်း သတင်းရရှိသဖြင့်မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မဟာအောင်မြေ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားကို ကယ်ဆယ်ရန်အတွက် မီးသတ်တပ်ဖွဲ့၀င်များက ပြောဆိုစည်းရုံး၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ခုန်ချရန်ကြံစည်နေသူအား ၇နာရီ ၂၀မိနစ်ခန့် အချိန်တွင် ဘေးကင်းရာသို့ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
#Local_News #ဟိုတယ်ပေါ်မှ ခုန်ချရန်ကြံစည် #စိတ်ဝေဒနာရှင်အမျိုးသားတစ်ဦး #YMG/LW #Yangon_Times
#Local_News
Published_24 Dec 2023
မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်ကိုကာကွယ်မည့် စစ်ရေယာဉ်များ တပ်တော်ဝင်၍ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ စစ်ရေယာဉ်များ လွှဲပြောင်း ခြင်းကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက် က ပြုလုပ်သော တပ်မတော်(ရေ)၏ (၇၆)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ် လည် နေ့တွင် ပြုလုပ်ခဲ့သည်။
ယင်းကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တပ်မတော်(ရေ)အတွက် ၃၃ မီတာ ကမ်းထိုးတိုက်ရေယာဉ် ၂ စီး၊ ပြည်ပမှ နည်းပညာလွှဲပြောင်းခဲ့ပြီး တပ် မတော် (ရေ)က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် သတ္တမ မြောက်နှင့် အဌမမြောက် ၂၇ မီတာ Super Dvora အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး၊ မြစ်တွင်းသွားကင်းလှည့်ရေယာဉ် ၁ စီးတို့ တပ်တော်ဝင်ခဲ့ကြပြီး ကမ်းခြေ စောင့်တပ်ဖွဲ့ကို ကမ်းလွန်ကင်းလှည့်ရေယာဉ် ၁ စီး၊ ကမ်းခြေစောင့် တိုက်ရေယာဉ် ၂ စီး လွှဲပြောင်းပေးခဲ့ ကြောင်းသိရသည်။
တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွား ဇုန်ကို အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင် (Three Dimensional Combat Ready Navy) တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ် ပင်လယ်ပြင်များ သို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy/ Regional Navy) ဖြစ်ရန် ပင်လယ်ပြင်တွင် ရေရှည်ရပ်တည်နိုင်စွမ်းရှိပြီး တိုက်စွမ်းအား ပြည့်ဝသည့် စစ်ရေ ယာဉ်ကြီးများရှိမှသာ အကောင်အထည်ဖော် တည်ဆောက်နိုင် မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။
ဒုတိယအဆင့်ရည်မှန်းချက်ကို ပြည့်မီရန် ဒေသတွင်းအင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တတိယအဆင့် ရေရှည်မျှော်မှန်းချက် အနေဖြင့် မိမိအကျိုးစီးပွားများ ဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အား ပို့လွှတ်နိုင်သည့် ရေတပ် အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၊ခေတ်မီစွမ်းအားကြီးမားပြီး အသွားထက်သည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် အတွေ့အကြုံနှင့် ကျွမ်းကျင်သည့် တည်ဆောက်ရေးစွမ်းရည်များကို ဆက်လက်အသုံးချပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လွန်းကျင်းကြီးများနှင့် ရေယာဉ်တည်ဆောက်နိုင်မှု စွမ်းရည်များ ပေါင်းစပ်တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ စွမ်းအားကြီးမားသည့် စစ်ရေယာဉ်ကြီးများအပြင် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများနှင့် ဆီတင်ရေယာဉ်ကြီးများကိုလည်း တည်ဆောက်ပေးနိုင်ခြင်းဖြင့် ရေတပ်စွမ်းအား (Naval Power) ရရှိရန် တစ်ခုတည်းသာမကဘဲနိုင်ငံ၏ ရေကြောင်းစွမ်းအား(National Maritime Power) ကိုပါ တိုးတက်မြှင့်တင်နိုင်မည်ပင်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရသည်။





#Local_News #စစ်ရေယာဉ်များတပ်တော်ဝင် #စစ်ရေယာဉ်များလွှဲပြောင်း #Yangon Times/PP
#Local_News
Published_24 Dec 2023
ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် မိမိတို့နေထိုင်ရာဒေသ၊ မိမိ တို့နေထိုင်ရာနိုင်ငံတော် ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှ နည်း လမ်းများဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြရန် နစက ဥက္ကဌက မတ္တာရပ်ခံလိုက်သည်။
ယနေ့ ဒီဇင်ဘာလ ၂၄ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင်(၁)ရပ်ကွက် ရှိ စိန့်မိုင်ကယ်ကက် သလစ်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သော ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူး တော်ချီးမွမ်းခြင်း အခမ်းအနားတွင် ယင်းက အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
ဘာသာတရား တိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားခြင်းဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတိုင်းတွင် လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နစက အနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထား သကဲ့သို့ တပ်မတော်အနေဖြင့် လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ် ကြိုဆိုနေကြောင်းပြောကြားခဲ့သည်။
၂ဝ၂၃ ခုနှစ်အတွက် ကျင်းပသည့် ခရစ္စမတ်နေ့ထူးနေ့မြတ် အခါသမယမှစ၍ မြန်မာနိုင်ငံတွင် အဓိကလို အပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ အမြန်ရောက်ရှိနိုင်ရေးနှင့် ဘာသာတရား အားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေး ဟူသည့် ကောင်းမြတ်သောအခွင့်အရေးများကို မိမိတို့နိုင်ငံ သားများအားလုံး ရရှိနိုင်စေရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံတွင် အများဆုံးကိုးကွယ်မှုရှိနေသည့် ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြားသော ဘာသာဝင်များသည် ရှေးနှစ်ပေါင်းပဝေသဏီကတည်းက အတူတကွ နေထိုင် ခဲ့ကြကာ မည်သည့် ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး အပြန်အလှန် လေးလေးစားစား၊ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် နိုင်ငံတော်၏ ကောင်းကျိုးများကို တည်ဆောက်ခဲ့ကြပြီး ဆက်လက်ပြီး တည်ဆောက်ကြရန် လိုကြောင်းလည်း ယင်းကဆိုသည်။
၎င်းအပြင် ဘာသာရေးကို အလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများအချင်းချင်း အကြားတွင် စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်၊ လေးစား ယုံကြည်မှု လျော့ပါးပြီးမသင့်မြတ်အောင် လုပ်ဆောင်နေမှုများကိုလည်း အစဉ်သတိ ပြု ကာကွယ်ကြရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
#Local_News #ခရစ်ယာန်ဘာသာဝင် #နစကဥက္ကဌကမေတ္တာရပ်ခံ #Yangon_Times/PP
#Local_News
Published 24 December 2023
အခုရက်ပိုင်းတွင်ဧရာဝတီမြစ်ရေသည် ကျဆင်းလာပြီး မန္တလေးမြို့တွင် စိုးရိမ်ရေနည်းအမှတ်အောက်သို့ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
ဧရာဝတီမြစ်ရေသည်မန္တလေးမြို့တွင် စိုးရိမ်ရေနည်း အမှတ် ၃၆၀စင်တီမီတာအောက် ရောက်ရှိနေပြီး ဒီဇင်ဘာ၂၄ရက်တွင် ၃၂၀ စင်တီမီတာသာရှိနေသည်။
နောက်(၇)ရက်အတွင်း တစ်ပေကျဆင်းနိုင်သည့် အတွက် ဧရာဝတီမြစ်ရေသည်မန္တလေးမြို့၏ စိုးရိမ်ရေနည်း အမှတ် ၃၆၀ စင်တီမီတာအောက်မှာပဲရှိနေဦးဖြစ်သည်ဟု ဆိုသည်။
မြစ်ရေနည်းသတိပေးချက်သည် မြစ်အတွင်းသွားလာသည့် ရေယျာဉ်၊ သင်္ဘော ၊သဗ္ဗာန် ၊လှေများ သောင်တင်ခြင်း မြစ်ကြမ်းပြင်နှင့်တိုက်မိခြင်းများမရှိအောင် သတိပေးထားခြင်းဖြစ်သည်။
ဧရာဝတီမြစ်ရေနှင့်ချင်းတွင်းမြစ်ရေသည် ယခုဆောင်းကာလတွင် တစ်ဖြည်းဖြည်းကျဆင်းလာပြီး နွေကာလ၌လည်းဆက်လက်ကျဆင်းရန်ရှိသဖြင့် မြစ်ကြောင်းတွင်းသွားလာသောရေယာဉ်များအထူးသတိပြုသွားလာရန်လိုအပ်ကြောင်းသိရသည်။
#Local_News #ရေယာဉ်များသောင်မတင်အောင်သတိပြု #tthl #Yangon_Times
#Local_News
Published 24 December 2023
၂၀၂၄ခုနှစ်အတွင်း ဗိုလ်တထောင်စေတီတော်ကြီးနှင့်အရံစေတီများကိုလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် အတွက် တင်ဒါခေါ်ယူထားကြောင်း ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်ဂေါပက အဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။
ရွှေသင်္ကန်းကပ်လှူရန် အတွက် တင်ဒါခေါ်ယူထားပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂ရက်အထိဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ဂေါပကအဖွဲ့ရုံး၌ ရုံးချိန်းအတွင်း တင်ဒါတစ်စောင် ကျပ်တစ်သောင်းနှုန်းဖြင့် လာရောက်ဝယ်ယူနိုင်သည်ဟုဆိုသည်။
လုပ်ငန်းလုပ်ကိုင်လိုသူတွေအနေနဲ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၃ရက် မနက်၁၁နာရီ နောက်ဆုံးထားပြီး ဘဏ္ဍထိန်း ဂေါပကအဖွဲ့ရုံးကို တင်ဒါတင်သွင်းနိုင်မည်ဖြစ်သည်။
တင်ဒါခေါ်ယူထားသည့်လုပ်ငန်းများကတော့(၁)နှစ်ထပ်ငြမ်းဆင်သည့်လုပ်ငန်း၊ (၂)ရွှေမိုက်ဟောင်းချွတ်ယူသည့်လုပ်ငန်း၊ (၃)၂လက် မပတ်လည်အရွယ် ရွက်ရေ(၁၀၀)ပါ ရွှေဆိုင်း ၇ထောင်တင်သွင်းသည့်လုပ်ငန်းတွေ၊ (၄)ကြာမှောက်ကြာလှန် ၉လက်မပတ်လည် ရွှေစင်ရွှေပြား ကပ်လှူသည့်လုပ်ငန်း၊ (၅)ရွှေဆိုင်းကပ်လှူသည့်လုပ်ငန်း၊ (၆)ကြေးဖရိန်း ကြေးပြားတင်သွင်းသည့်လုပ်ငန်းများနှင့် (၇)ကြေးဖရိန်းကြေးပြားကပ်လှူသည့်လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။
#Local_News #ဗိုလ်တထောင်စေတီတော် #ရွှေသင်္ကန်းကပ်လှူရန်တင်ဒါခေါ် #tthl #Yangon_Times
Page 1154 of 2472