#LocalNews
Published_ 20 March 2023
ဗြိတိသျှကောင်စီအနေဖြင့် ယခုနှစ်နွေရာသီတွင် မြန်မာကလေးငယ်များအတွက် နွေရာသီအင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
အဆိုပါသင်တန်းကို အသက်(၇)နှစ်မှ(၁၅)နှစ်အတွင်း ကလေးငယ်များ တက်ရောက်နိုင်မည်ဖြစ်ကာ ကျောင်းစတင်အပ်နှံနိုင်ပြီဖြစ်ပြီး မတ်လ(၂၉ )ရက်နေ့တွင် အတန်းများ စတင်မည်ဖြစ်သည်ဟုဆိုသည်၊၊
ယင်းနွေရာသီအင်္ဂလိပ်စာသင်တန်းသည် အခြေခံများထက်ကျော်လွန်ပြီး စိတ်ဝင်စားဖွယ်ကောင်းသောသင်ခန်းစာများနှင့် လုပ်ဆောင်မှုများဖြင့် ဖန်တီးထားခြင်းကြောင့် ကလေးများ၏ အင်္ဂလိပ်စာလေ့လာမှု ခရီးစဉ်ကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်၊၊
သင်တန်းတက်လိုသူများအနေဖြင့် Levels သုံးခုရှိပြီးသင်ကြားချိန်တစ်ရက်ကို(၂)နာရီ စုစုပေါင်း(၁၆)နာရီသင်ကြားပေးမည်ဖြစ်ကာ သင်တန်းကြေး Course Feesကျပ်၂၉၀၀၀၀ကျသင့်မည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 20 March 2023
မတ်လ 20 ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂,၀၃၅ ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်လီရောင်းချဈေးမှာ တစ်လီတာ ၁၉၃၁ အကျနှုန်းထားဖြင့် ဈေးကျဆင်းလာကြောင်းစက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ်ဈေးနှုန်းအ ပြောင်းအလဲများအရ သိရပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 20 March 2023
ကိုဗစ်ကာလမှာ မဖွင့်ဖြစ်ခဲ့တဲ့ သင်္ကြန်တွင်းတရားစခန်းတွေကို အခုနှစ်မှာ ပြန်ဖွင့်သွားဖို့ရှိပြီး ရန်ကုန်၊မန္တလေး၊ထိုင်းနိုင်ငံနဲ့ နယ်ဒေသအချို့မှာ ပြန်ဖွင့်သွားဖို့ရှိတယ်လို့ တရားရိပ်သာစခန်းတွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#LocalNews
Published_ 20 March 2023
'မြန်မာချိုးလင်းပြာငှက်ပုံ'(၂၀၀ကျပ်တန်)တံဆိပ် ခေါင်းသစ်ကို မတ်လ(၂၂)ရက်တွင်စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့စာတိုက်လုပ်ငန်းမှသိရသည်၊၊
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ၌သာ ကျက်စားသည့် ဒေသရင်းမျိုးစိတ်အဖြစ်မှတ်တမ်းတင်ထားသော မြန်မာ့ဒေသရင်း 'မြန်မာချိုးလင်းပြာငှက်ပုံ'ကို မတ်လ(၂၂)ရက်မနက်(၉)ခွဲမှစတင်ရောင်းချမည်ဖြစ်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက် ကြီး၊မန္တလေးစာတိုက်ကြီးနှင့်တိုင်းနှင့် ပြည်နယ်များရှိစာတိုက်ကြီးများတွင်တစ်ပြိုင်နက်ထဲရောင်းချပေးသွားမည်ဖြစ်သည်ဟုဆိုသည်၊၊
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက် ကြီး၊မန္တလေးစာတိုက်ကြီးတို့တွင်မတ်လ(၂၂)ရက်တွင်ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 20 March 2023
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လအတွင်း ပြည်တွင်းက စိုက်ပျိုးထွက်ရှိတဲ့ ကြက်သွန်နီ ပြည်ပနိုင်ငံတွေထံ တင်ပို့ရောင်းချခြင်းကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၁.၃၈၈) သန်း ရရှိထားကြောင်းကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရှိရပါတယ်။
ကြက်သွန်နီ မက်ထရစ်တန်ချိန် (၉၄,၀၀၀) တန် တင်ပို့ရောင်းချခြင်းမှတဆင့်ကန်ဒေါ်လာ (၄၁) သန်းကျော် ရရှိထားခြင်းဖြစ်ပြီး တန်ချိန်အများစုက နယ်စပ်ကုန်သွယ်ရေးကတဆင့် တင်ပို့ရောင်းချခဲ့တာလို့ အသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
‘‘ပင်လယ်ရေကြောင်းကနေ မက်ထရစ်တန် (၂,၃၀၀) လောက်ပဲ တင်ပို့ထားပါတယ်။ ကျန်ပမာဏဖြစ်တဲ့ တန်ချိန် (၉၁,၇၀၀) ကိုတော့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ တင်ပို့နိုင်ခဲ့ပါတယ်’’လို့ ဆိုပါတယ်။
ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းကနေ စင်ကာပူ၊ ဗီယက်နမ် နဲ့ မလေးရှားနိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ဝယ်ယူမှုအတွက် ကြက်သွန်နီကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ရောင်းချခဲ့ကြောင်းသိရသည်။
ဘုရင့်နောင်ပွဲရုံတန်း(ရန်ကုန်)ဈေးကွက်အတွင်း လက်ငင်းဈေး ဆိပ်ဖြူ(ပင်လေး) ရှယ် တစ်ပိဿာ (၁၁၀၀) ကျပ်၊ မြင်းခြံရှယ် (သစ်) တစ်ပိဿာ ကျပ် (၁၀၀၀)၊ မြစ်သား(သစ်)ရှယ် တစ်ပိဿာ (၁၇၀၀) ကျပ်၊ မုံရွာ(သစ်)ရှယ် တစ်ပိဿာ (၁၁၀၀) ကျပ်၊ တောင်တွင်း(သစ်)ရှယ် တစ်ပိဿာ (၉၅၀) ကျပ် ဈေးရှိနေပါတယ်။
ymg/ppk
#Yangon-Media-Group
#LocalNews
Published_ 20 March 2023
ပြည်တွင်းရွှေဈေးဟာ မတ်လ ၁၁ရက်နေ့ကတည်းက ဆက်တိုက်မြင့်လာပြီး မတ်လ ၁၈ရက်နေ့ ၂၈သိန်း၉သောင်း အထိပေါက်ဈေးရှိခဲ့ပါတယ်။ဒီနေ့ မတ်လ ၂၀ရက်နေ့ မနက်ပိုင်းမှာ အကယ်ဒမီမီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ်၃၀သိန်းနီးပါး ရှိနေတယ်လို ရွှေဈေးကွက်ထဲကသိရပါတယ်။
#YMG#Yangon_Media_Group
#DailyNews
Published_ 20 March 2023
၁။ ရန်ကုန်ရွှေဈေး အကယ်ဒမီအခေါက်ရွှေ သိန်း ၃၀ နီးပါး ရှိလာ
၂။ ရန်ကုန်၊ မန္တလေးနှင့် ထိုင်းနိုင်ငံများတွင် သင်္ကြန်တွင်းတရားစခန်းများ ပြန်ဖွင့်မည်
၃။ ဓာတ်ဆီဈေး တစ်လီတာ ၂၀၃၅ ကျပ်အထိ ပြန်လည်ကျဆင်းလာ
၄။ သန့်စင်စွမ်းအင်ကဏ္ဍကိုဦးစားပေးလာသော်ငြား လျှပ်စစ်ကျွမ်းကျင်ပညာရှင်များ အမေရိကန်တွင် ရှားပါးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1150 of 1971